1 00:00:01,315 --> 00:00:04,362 သင်ဟာ မိုက်လိုက်တာ (Awesome) ဆိုတဲ့စကားလုံးကို ဘယ်နှစ်ကြိမ် သုံးခဲ့ပြီးပြီလဲ 2 00:00:04,362 --> 00:00:08,497 တစ်ကြိမ်၊ နှစ်ကြိမ်လား ? ဒါမှမဟုတ် ဆယ့်ခုနှစ်ခေါက်လား? 3 00:00:08,497 --> 00:00:09,863 သင် ဘာအတွက်သုံးခဲ့တယ် 4 00:00:09,863 --> 00:00:11,213 ဘယ်တုန်းကး သုံးခဲ့တယ်ဆိုတာကော မှတ်မိလား? 5 00:00:11,213 --> 00:00:14,453 မှတ်မိမယ် မထင်ပါဘူး .. ခင်ဗျားတို့ သုံးရုံသုံးလိုက်တာပါ 6 00:00:14,453 --> 00:00:16,355 ဒီစကားလုံးကို တလွဲသုံးနေကြတာပါ 7 00:00:16,355 --> 00:00:18,424 ဒါကြောင့် ဒီနေ့ ခင်ဗျားတို့ကို 8 00:00:18,424 --> 00:00:21,506 မိုက်လိုက်တာ (awesome) ဆိုတဲ့စကားလုံး သုံးပုံကို ရှင်းပြချင်တယ် 9 00:00:21,506 --> 00:00:24,330 မကြာခင်တုန်းက ကော်ဖီဆိုင်လေးတစ်ခုမှာ ကျွန်မ ညစာစားနေတုန်း 10 00:00:24,330 --> 00:00:26,243 စားပွဲထိုးမလေးက ကျွန်မစားပွဲဆီကို လာမေးတယ် 11 00:00:26,243 --> 00:00:27,790 ဒီမှာ အရင်တုန်းက ညစာစားဖူးလားဆိုပြီး 12 00:00:27,790 --> 00:00:29,739 ဒါနဲ့ ကျွန်မက "အေးအေး စားဖူးတယ်" လို့ဖြေလိုက်တယ် 13 00:00:29,739 --> 00:00:32,519 အဲ့ဒီတော့ သူမက "သိပ်မိုက်လိုက်တာပဲ" တဲ့ 14 00:00:32,519 --> 00:00:34,754 စဉ်းစားကြည့်လိုက်တယ်.. တကယ်ကြီးလား 15 00:00:34,754 --> 00:00:37,376 တကယ့်ကို မိုက်စရာကြီးများလား.. 16 00:00:37,376 --> 00:00:42,040 ဒါမှမဟုတ် သူ့စားသောက်ဆိုင်မှာ ပြန်လာစားတာကို သဘောကျသွားတာလား 17 00:00:42,040 --> 00:00:44,400 နောက်တစ်နေ့မှာ ကျတော့ ကျွန်မလုပ်ဖော်ကိုင်ဖက်က မေးတယ် 18 00:00:44,400 --> 00:00:46,880 ဒီ ဖိုင်ကို PDF အဖြစ် သိမ်းဆည်းလို့ရလားတဲ့။ ဒါနဲ့ ကျွန်မက 19 00:00:46,880 --> 00:00:50,621 "အေး ရတာပေါ့" လို့ဖြေလိုက်တော ့သူက "မိုက်လိုက်တာ"တဲ့.. 20 00:00:50,621 --> 00:00:56,848 တကယ်ပါပဲ? PDF အဖြစ်နဲ့ ဘာမဆို သိမ်းနိုင်ခြင်းဟာ 21 00:00:56,848 --> 00:00:59,796 မိုက်စရာအချက်များလား? 22 00:00:59,796 --> 00:01:02,956 ကျွန်မတို့က မိုက်ုလိုက်တာ ဆိုတဲ့ စကးလုံးကို မကြာခဏ သုံးလာကြခြင်းက 23 00:01:02,956 --> 00:01:07,123 သိပ်ကောင်း" နဲ့ "ကျေးဇူးတင်ပါတယ်" စကားလုံးတွေကို အစားထိုး နေရာယူလာခြင်းဟာ ဝမ်းနည်းစရာပါပဲ။ 24 00:01:07,123 --> 00:01:11,495 Webster's အဘိဓာန်ထဲ ရှာကြည့်ကြမယ်ဆိုရင် "မိုက်လိုက်တာ"ဆိုတဲ့ စကားလုံးဟာ 25 00:01:11,495 --> 00:01:15,623 ချီးကျူးခြင်း နဲ့ ကြည်ညိုခြင်း ရောစပ်နေတေဲ့ 26 00:01:15,623 --> 00:01:19,019 ကြီးကျယ်ခမ်းနားဖွယ် စိတ်ခံစားမှုလို့ ဆိုထားပါတယ်။ 27 00:01:19,019 --> 00:01:20,943 ဒီတော့ အဲဒါ့ကို ဦးနှောက်ထဲ ထည့်ထားလျက်၊ 28 00:01:20,943 --> 00:01:24,240 ခင်ဗျားတို့ရဲ့ Quiznos အသားညှပ်ပေါင်မု့န်ရော မိုက်ခဲ့ပါသလား? 29 00:01:24,240 --> 00:01:26,510 ကားကို ထိုးထားခဲ့တဲ့ နေရာကျတော့ကော? အဲဒါကရော မိုက်ခဲ့ပါသလား? 30 00:01:26,510 --> 00:01:29,056 ဒါမှမဟုတ် တစ်နေ့တုန်းက ဂိမ်းကော? အဲဒါကရော မိုက်ခဲ့ပါသလား? 31 00:01:29,056 --> 00:01:31,440 အဖြေမှာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ 32 00:01:31,440 --> 00:01:33,113 အသားညှပ်ပေါင်မုန့်ဟာ စားလို့ အရမ်းကို ကောင်းနိုင်ပါတယ်၊ 33 00:01:33,113 --> 00:01:35,415 ကားထားတဲ့ရုံဟာ နီးနီးလေး ဖြစ်နိုင်ပါတယ်၊ 34 00:01:35,415 --> 00:01:38,155 ပြီးတော့ ခုနက ဂိမ်းဟာလည်း သောက်ရမ်း ကောင်းနိုင်ခဲ့ပါတယ်၊ 35 00:01:38,155 --> 00:01:42,380 ဒါပေမဲ့ အားလုံးဟာ မိုက်စရာကြီး မဖြစ်နိုင်ပါ။ 36 00:01:42,380 --> 00:01:44,010 (ရယ်မောသံများ) 37 00:01:44,010 --> 00:01:45,659 အဲဒါကြောင့်မို့လို့ ခင်ဗျားတို့က "မိုက်လိုက်တာ" စကားလုံးကို သုံးပြီး 38 00:01:45,659 --> 00:01:48,977 သာမည ကိစ္စတွေကို ဖေါ်ပြဖို့ သုံးမယ်ဆိုရင်၊ 39 00:01:48,977 --> 00:01:51,880 ခင်ဗျားတို့ဟာ အဲဒီစကားလုံးရဲ့ စွမ်းပကားကို ထုတ်ပစ်လိုက်တာနဲ့တူပါတယ်။ 40 00:01:51,880 --> 00:01:54,298 စာရေးဆရာ တစ်ယောက်က၊ "ဆီးနှင်းနေ့များ 41 00:01:54,298 --> 00:01:58,573 ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဘောင်းဘီထဲ ငွေကို ရှာတွေ့ခြင်းဟာ မိုက်လှတဲ့ အရာတွေပါ"လို့ ဆိုပါတယ်။ 42 00:01:58,573 --> 00:01:59,451 (ရယ်မောသံများ) 43 00:01:59,451 --> 00:02:01,433 မဟုတ်ပါဘူး၊ အဲဒါ မမှန်ပါဘူး။ 44 00:02:01,433 --> 00:02:07,831 ကျွန်မတို့ဟာ အဲဒီငနဲကြီးအတွက် စံနှုန်းကို မြှင့်ပေးကြရပါမယ်။ (ရယ်မောသံများ) 45 00:02:07,831 --> 00:02:11,401 နောက်တစ်မျိုး ပြောရရင်၊ တစ်ယောက်ဆီမှာ အားလုံးရှိနေရင်၊ ထိုသူရဲ့ တန်ဖိုးဟာ ဘာမှမရှိတဲ့ သဘောပါပဲ။ 46 00:02:11,401 --> 00:02:13,771 အဲဒါက ဒီမှာ မြင်နေရတဲ့ jackass ဂိမ်းလိုပဲ 47 00:02:13,771 --> 00:02:17,719 မီးသတ်ပိုက်ထဲက ရေကို သောက်နေရသလိုပါပဲ။ 48 00:02:17,719 --> 00:02:20,138 အရာရာတိုင်းက မိုက်စရာကြီး ဖြစ်နေရင်၊ 49 00:02:20,138 --> 00:02:22,000 အတက်အကျတွေဆိုတာ ဘယ်လိုလုပ် ရှိနိုင်တော့မလဲ။ 50 00:02:22,000 --> 00:02:24,165 လူကြီးမင်းတို့ကို တကယ့်ကို စစ်မှန်တဲ့ မိုက်စရာ အချက်ကြီး 51 00:02:24,165 --> 00:02:26,083 ၁၀ ချက်ကို ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။ 52 00:02:26,083 --> 00:02:28,766 ခင်ဗျားတို့ဟာ ရှိသမျှ အရာတွေအားလုံးကို 53 00:02:28,766 --> 00:02:30,227 ကိုယ့်ကျောပေါ်မှာ ထမ်းသယ်နေရတာကို စိတ်ကူးကြည့်လိုက်ပါ။ 54 00:02:30,227 --> 00:02:32,220 အဲဒီလိုထမ်းနေမယ့်အစား ဘီးဖြင့် လှိမ့်ဆွဲယူသွားနိုင်ရင် 55 00:02:32,220 --> 00:02:34,188 ပိုပြီး လွယ်ကူအဆင်ပြေခဲ့မယ် မဟုတ်ပါလား? 56 00:02:34,188 --> 00:02:36,517 ဟုတ်ကဲ့၊ ကျွန်မကလည်း ဘီးကို တီထွင်ဖို့ စဉ်းစားမခဲ့မှာပါ။ 57 00:02:36,517 --> 00:02:39,389 အဲဒီဘီးကရော၊ မိုက်စရာကြီး မဟုတ်ဘူးလားရှင်? 58 00:02:39,389 --> 00:02:42,186 လူကြီးမင်းတို့ အားလုံး ကျွန်မနဲ့အတူ ဖြေကြပါ။ 59 00:02:42,186 --> 00:02:45,809 ဟုတ်ကဲ့၊ ဘီးဟာ တကယ့်ကို မိုက်တဲ့အရာပါပဲ! 60 00:02:45,809 --> 00:02:47,870 မဟာ ပီရမစ်တွေဟာလည်း နှစ်ပေါင်း ၄၀၀၀ ကြာတဲ့အထိကို 61 00:02:47,870 --> 00:02:49,488 လူသားတို့ ဆောက်လုပ်နိုင်ခဲ့ကြတဲ့ 62 00:02:49,488 --> 00:02:51,872 ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးတွေပါ။ 63 00:02:51,872 --> 00:02:55,411 ဖာရိုဘုရင်ဟာ သူ့ကျွန်တွေကို သန်းပေါင်းများစွာသော ကျောက်တုံးကြီးတွေကို 64 00:02:55,411 --> 00:02:59,427 အဲဒီနေရာဆီကို သယ်ခိုင်းခဲ့ပြီး ဧရာမ အထိမ်းအမှတ်တွေကို ဆောက်လုပ်ခဲ့တယ်။ 65 00:02:59,427 --> 00:03:00,780 ဒီတော့ အဲဒီဧရာမ ပီရမစ်တွေကော မိုက်ခဲ့ကြတယ် မဟုတ်လား? 66 00:03:00,780 --> 00:03:03,030 မှန်ပါတယ်၊ ပီရမစ်တွဟာ မိုက်ခဲ့ကြတာ အမှန်ပါပဲ။ 67 00:03:03,030 --> 00:03:05,176 Grand Canyon ဆိုရင်ကော။ စဉ်းစားကြည့်ကြပါ။ 68 00:03:05,176 --> 00:03:08,404 ၎င်းဟာ နှစ်ပေါင်း သန်း ၈၀ နီးပါး သက်တမ်းရှိပါပြီ။ 69 00:03:08,404 --> 00:03:10,171 Grand Canyon ကကော မိုက်တယ် မဟုတ်လား?? 70 00:03:10,171 --> 00:03:11,712 ဟုတ်ကဲ့၊ Grand Canyon လည်း မိုက်လှပါတယ်။ 71 00:03:11,712 --> 00:03:16,470 Louis Daguerre ဟာ ၁၈၂၉ ခုနှစ်မှာ ဓာတ်ပုံကို တီထွင်ခဲ့ပါတယ်၊ 72 00:03:16,470 --> 00:03:17,989 ဒီနေ့ စောစောပိုင်းတုန်းက၊ 73 00:03:17,989 --> 00:03:19,954 ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ စမတ်တုန်းတွေကို ထုတ်ယူလိုက်ကြကာ 74 00:03:19,954 --> 00:03:22,566 မိုက်လှတဲ့ အသားညှပ်ပေါင်မုန့်ကို ဓာတ်ပုံ ရိုက်ယူခဲ့ကြတာက၊ 75 00:03:22,566 --> 00:03:24,311 ခင်ဗျားတို့ ဘာနဲ့တူတယ် ထင်ကြလဲ — 76 00:03:24,311 --> 00:03:26,527 (ရယ်မောသံများ) — 77 00:03:26,527 --> 00:03:28,867 အဲဒါဟာ အိုင်အိုဒိုက် ငွေဖြင့် အရောင်တင်ထားတဲ့ ကြေးနီပြားဆီကို 78 00:03:28,867 --> 00:03:31,443 ပုံတစ်ပုံကို အလင်းထိုးပေး ရိုက်ယူခြင်းနဲ့စာရင် များစွာမှ လွယ်ခဲ့တယ် မဟုတ်ပါလား? 79 00:03:31,443 --> 00:03:33,515 ကျွန်မ ဆိုလိုချင်တာက ဓာတ်ပုံပညာကရော မိုက်တဲ့အရာ မဟုတ်ပါလား? 80 00:03:33,515 --> 00:03:35,405 ဟုတ်ကဲ့၊ ဓာတ်ပုံပညာဟာ အရမ်းကို မိုက်တဲ့အရာပါပဲ။ 81 00:03:35,405 --> 00:03:37,818 D-Day လို့ အားလုံး ခေါ်ကြတဲ့ ၁၉၄၄ ခု၊ ဇွန် ၆ ရက်၊ 82 00:03:37,818 --> 00:03:40,186 မဟာမိတ်တပ်တွေက Normandy ဒေသမှာ ကမ်းပေါ်ကို တက်ခဲ့ကြတဲ့နေ့၊ 83 00:03:40,186 --> 00:03:44,282 ကမ္ဘာ့သမိုင်းထဲက အကြီးကျယ်ဆုံး ကျူးဝင်ထိုးဖောက်တိုက်ခိုက်မှုကြီးပါပဲ။ 84 00:03:44,282 --> 00:03:47,422 အဲဒီ D-Day ကကော မိုက်လှတဲ့ ဖြစ်ရပ်မဟုတ်ပါလား? ဟုတ်ကဲ့၊ မိုက်လှပါတယ်။ 85 00:03:47,422 --> 00:03:49,973 ခင်ဗျားတို့ ဒီနေ့ တစ်ခုခု စားခဲ့ကြတယ် မဟုတ်လား? စားခဲ့ကြသလား? 86 00:03:49,973 --> 00:03:52,301 စားခဲ့ကြတယ်ဆိုရင် ပျားကောင်းတွေကို ကျေးဇူးတင်ကြပါ၊ 87 00:03:52,301 --> 00:03:55,395 သီးနှံတွေကို ဝတ်မှုန်ကူးပေးသူ မရှိခဲ့ရင်၊ ကျွန်မတို့ဟာ သီးနှံတွေ ဖြစထွန်းလာခဲ့မှာ မဟုတ်ပါ၊ 88 00:03:55,395 --> 00:03:57,217 သီးနှံတွေ မရှိရင်၊ ကျွန်မတို့ အားလုံး သေကြရမှာပါ။ 89 00:03:57,217 --> 00:03:58,337 တကယ့်ကို အဟုတ်ပြောနေတာ။ 90 00:03:58,337 --> 00:04:00,682 ပန်းတစ်ပွင့်ဟာ သူ့ဘာသာသူ 91 00:04:00,682 --> 00:04:03,154 နောက်ပန်းပွင့် တစ်ပွင့်ဆီကို သွားပြီး ကာမစပ်ယှက် မရနိုင်ပါ၊ 92 00:04:03,154 --> 00:04:05,485 အဲဒီလို လုပ်ရနိုင်ခဲ့ရင် တကယ်မိုက်ခဲ့မှာ အမှန်ပါပဲ။ 93 00:04:05,485 --> 00:04:08,304 (ရယ်မောသံများ) 94 00:04:08,304 --> 00:04:11,242 ဒီတော့ ပျားတွေဟာ မိုက်ကြပါတယ်။ ခင်ဗျားတို့ သဘောမတူချင်ကြဘူးလား? 95 00:04:11,242 --> 00:04:15,198 လပေါ်ကို လူသား ဆင်းနိုင်ခဲ့ခြင်းကကော! စဉ်းစားကြည့်ကြစမ်းပါ! 96 00:04:15,198 --> 00:04:18,171 Apollo ၁၁ကို ခင်ဗျားတို့ မှတ်မိကြတယ် မဟုတ်လား? 97 00:04:18,171 --> 00:04:20,995 Wright ညီအကိုတို့က ကာရိုလီနား မြောက်ပိုင်း၊ Kitty Hawk မြို့မှာ 98 00:04:20,995 --> 00:04:23,605 ပျံသန်းနိုင်ခဲ့ကြတဲ့နောက်၊ ၆၆ နှစ်အကြာမှာ 99 00:04:23,605 --> 00:04:26,934 Neil Armstrong ဟာ မိုင် 240,000 ဝေးအောင်ပျံသန်းနိုင်ခဲ့ပါတယ်။ 100 00:04:26,934 --> 00:04:28,959 အဲဒါက ဒီနေရာမှနေပြီး လအထိ အကွာအဝေးပါ။ 101 00:04:28,959 --> 00:04:31,195 (ရယ်မောသံများ) 102 00:04:31,195 --> 00:04:33,549 တကယ်ပါပဲ လူသား တစ်ယောက်ရဲ့ ခြေလှမ်းလေး တစ်လှမ်းမျှသာဖြစ်ခဲ့ပေမဲ့ 103 00:04:33,549 --> 00:04:36,131 တကယ့်ကို မိုက်လှတဲ့ ခုန်ပျံမှုကြီးပါ! 104 00:04:36,131 --> 00:04:38,152 ဟုတ်ပါတယ်၊ ခင်ဗျားတို့ ထင်ကြတဲ့အတိုင်း အဲဒါဟာ မိုက်ခဲ့ပါတယ်။ 105 00:04:38,152 --> 00:04:41,928 Woodstock၊ ၁၉၆၉၊ Rolling Stone Magazine ရဲ့ အဆိုအရ 106 00:04:41,928 --> 00:04:45,097 ဒီအချက်က rock and roll ရဲ့ သမိုင်းတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်ပါတယ်။ 107 00:04:45,097 --> 00:04:47,707 ထိုခေတ်တုန်းက လက်မှတ်ခဟာ ၂၄ ဒေါ်လာမျှပါ။ 108 00:04:47,707 --> 00:04:51,339 အခုဆိုရင် ခင်ဗျားတို့ဟာ အဲဒီလိုငွေဖြင့် တီရှပ်ကိုတောင် ဝယ်မရနိုင်ပါ။ 109 00:04:51,339 --> 00:04:54,459 "The Star-Spangled Banner"ကို Jimi Hendrix ကနေပြီး 110 00:04:54,459 --> 00:04:56,690 တီးမှုတ်ပြခဲ့တာဟာ တကယ့်ကို သမိုင်းဝင်ကြီးပါ။ 111 00:04:56,690 --> 00:04:59,238 အဲဒီ Woodstock ကကော မိုက်ခဲ့ပါသလား? ဟုတ်တယ်၊ မိုက်ခဲ့ပါတယ်။ 112 00:04:59,238 --> 00:05:01,987 ငါးမန်းကောင်တွေ! သူတို့ဟာ အစားအစာ ကွင်းဆက်ရဲ့ထိပ်ဆုံးမှာ ရှိနေကြပါတယ်။ 113 00:05:01,987 --> 00:05:04,424 ငါးမန်းတွေဆီမှာ သွားတွေဟာ အတန်းလိုက် အများအပြား ရှိပါတယ်၊ 114 00:05:04,424 --> 00:05:05,669 မေးရိုး တစ်လျှောက်မှာ ပေါက်နေတာပါ၊ 115 00:05:05,669 --> 00:05:09,067 အဲဒီသွားတွေဟာ သယ်ပတ်ကြိုးလိုပဲ ရွေ့လျားနိုင်ကြပါတယ်။ 116 00:05:09,067 --> 00:05:12,760 တစ်ချို့ငါးမန်းတွေများဆိုရင် သူတို့ တစ်သက်တာမှာ သွားပေါင်း ၃၀၀၀၀ အထိကို ဆုံးရှုံးပြောင်းလဲကြရပါတယ်။ 117 00:05:12,760 --> 00:05:15,357 အဲဒီအချက်က ကြောက်စရာ မိုက်လှတဲ့ အချက် မဟုတ်ပါကလား? 118 00:05:15,357 --> 00:05:19,103 ဟုတ်လိုက်တာ၊ ငါးမန်းတွေဟာ မိုက်လှပါတယ်! 119 00:05:19,103 --> 00:05:21,930 အင်တာနက်ဟာ ၁၉၈၂ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ကာ 120 00:05:21,930 --> 00:05:25,695 ချက်ချင်းဆိုသလို ကမ္ဘာ့ဆက်သွယ်မှု ယန္တရာကြီး ဖြစ်လာလို့ 121 00:05:25,695 --> 00:05:27,798 PowerPoint လို တီထွင်မှုတွေက အဲဒါတွေအားလုံးကို 122 00:05:27,798 --> 00:05:29,756 အင်တာနက်ဆီ တွန်းတင်ပေးလိုက်ကြတဲ့ နောက်မှာ 123 00:05:29,756 --> 00:05:32,580 ဆိုက်ဘေးရီးယားမှာတောင် ရှိနေသူတစ်ဦးဟာ အရက်ကိုဇိမ်ခံနေရင်း 124 00:05:32,580 --> 00:05:35,549 ကျွန်မတို့ရဲ့ ဟောပြောခန်းကို ကြည့်ရှုလို့ ရနိုင်ပါပြီ၊ 125 00:05:35,549 --> 00:05:38,303 အင်တာနက်ဟာလည်း မိုက်တဲ့ အရာတစ်ခုပါ။ 126 00:05:38,303 --> 00:05:40,790 နောက်ဆုံး ကျန်နေသေးတာက၊ ခင်ဗျားတို့က ဒီကိုလာပြီး 127 00:05:40,790 --> 00:05:43,952 အရမ်းပြောလိုကြတာက၊ ကျွန်မရဲ့ PowerPoint မိုက်တဲ့ အကြောင်းပါပဲ။ 128 00:05:43,952 --> 00:05:45,620 ကျွန်မက ခင်ဗျားတို့ရဲ့ အချိန်ကို ချွေတာပေးပါမယ်။ 129 00:05:45,620 --> 00:05:48,282 အဲဒါဟာ အမိုက်ဆုံးအရာ မဟုတ်ခဲ့ပါ၊ ဒါပေမဲ့ မှန်တဲ့အချက်က 130 00:05:48,282 --> 00:05:50,060 ကျွန်မ မျှော်လင့်လိုတဲ့ အချက်က အဲဒါဟာ စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ၊ 131 00:05:50,060 --> 00:05:53,407 ပြီးတော့ ကျွန်မတွေ့ကြုံခဲ့ဘူးသမျှ ပရိသတ်တွေထဲမှာ 132 00:05:53,407 --> 00:05:56,107 ခင်ဗျားတို့ဟာ နောက်ဆုံး တွေ့ဆုံခဲ့ရတဲ့ သူတွေပါပဲ။ ကျေးဇူးတင်ပါတယ်၊ မင်္ဂလာညခင်းဖြစ်ပါစေ။ 133 00:05:56,107 --> 00:06:00,107 (လက်ခုပ်တီးသံများ)