သင့်အနီးဝန်းကျင်၊ သင်မြို့(သို့)
သင့်တစ်နိုင်ငံလုံးမှာတောင်ရှိတဲ့
လူဦးရေရဲ့ ထက်ဝက်ဟာ
ပျောက်သွားတယ်လို့ စိတ်ကူးကြည့်ပါ။
ကမ္ဘာပျက်ကိန်း ထိတ်လန့်ဖွယ် ရုပ်ရှင်
တစ်ကားကလာတဲ့ တစ်ခုခုလို့ထင်စရာပါ။
ဒါပေမဲ့ ဒါက ၁၄ ရာစုမှာ
Black Death လို့ သိကြတဲ့
ရောဂါဖြစ်ပွားမှု တစ်ခုအတွင်းမှာ
တကယ်ပဲ ဖြစ်ပျက်ခဲ့တာပါ။
တရုတ်ကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊
အာဖရိကနဲ့ ဥရောပကို ဖြတ်ကာ ပျံ့နှံ့လာတဲ့
ဖျက်ဆီးတဲ့ ကပ်ရောဂါက ကမ္ဘာ့လူဦးရေရဲ့
ငါးပုံတစ်ပုံလောက်ကို ဖျက်ဆီးခဲ့တယ်။
လေးနှစ်အတွင်းမှာပဲ ဥရောပသား
၅၀% နီးပါးကို သေစေခဲ့တယ်။
Black Death နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာနဲ့
အတွေးရ အခက်ဆုံးတစ်ခုက
နာမကျန်းမှုကိုယ်၌ကကို
ဖြစ်စဉ်အသစ် မဟုတ်တာတင်မက
ရာစုတွေချီပြီး လူတွေကို
ထိခိုက်စေခဲ့တဲ့ရောဂါပါ။
ဒီကာလအတွင်းက အရိုးနဲ့ သွား နမူနာတွေရဲ့
DNA စိစစ်ချက်က ခရစ်နှစ် ၅၄၁ က
Plague of Justinian လို့
သိကြတဲ့ အစောပိုင်း ကပ်ရောဂါတစ်ခုလိုပဲ
နှစ်ခုစလုံးဟာ ယနေ့ခေတ် ရှေးပလိပ်ရောဂါကို
ဖြစ်စေတဲ့ အလားတူ ဘက်တီးရီးယား
Yersinia pestis ကြောင့် ဖြစ်ခဲ့တာကို
ဖော်ပြခဲ့တယ်။
ဆိုလိုတာက တူညီတဲ့ ရောဂါဖြစ်ပစ္စည်းကြောင့်
ဖြစ်တဲ့ တူညီတဲ့ ရောဂါက
သမိုင်းတစ်လျှောက်မှာ ခြားနားစွာ
ပြုမူ၊ ပျံ့နှံ့နိုင်တယ်ဆိုတာပါ။
ပဋိဇီဝဆေးတွေ အသုံးမပြုခင်ကတောင်
ခေတ်သစ် ကာလတွေထဲက
ကြောက်စရာ အကောင်းဆုံး ရောဂါ
ဖြစ်ပွားမှုတွေဖြစ်တဲ့ ၂၀ ရာစု အစောပိုင်း
အိန္ဒိယမှာ ဖြစ်ခဲ့တဲ့ ရောဂါမျိုးတွေက
လူဦးရေရဲ့ ၃% နှုန်းကို သေစေခဲ့တယ်။
ပလိပ်ရောဂါရဲ့ ခေတ်သစ် သာဓကတွေဟာလည်း
ကွက်ပြီးဖြစ်ပွားဆဲ(သို့) လှေးတွေ၊
သန်းတွေ ပျံ့နှံ့သလို
နှေးကွေးစွာ ရွေ့လျားဆဲပါ။
ဒါပေမဲ့ တောမီးလို ပျံ့နှံ့တဲ့
အလယ်ခေတ် Black Death က
လူတစ်ဦးကနေ အခြားတစ်ဦးဆီ ဖြစ်နိုင်ခြေ
အရှိဆုံး တိုက်ရိုက် ဆက်သွယ်ခဲ့တယ်။
Yersinia pestis ရဲ့ ခေတ်ဟောင်းနဲ့ ခေတ်သစ်
စရိုက်တွေရဲ့ ဗီဇဆိုင်ရာနှိုင်းယှဉ်မှုတွေဟာ
လက်တွေ့ကျတဲ့ ဗီဇဆိုင်ရာ ခြားနားချက်တွေကို
သိသိသာ မဖော်ပြတာကြောင့်
ဘာကြောင့် အစောပိုင်း ဖြစ်ပွားမှုဟာ
ပိုကြောက်စရာကောင်းတာအတွက်
အဖြေက ကပ်ပါးကောင် မဟုတ်ဘဲ
လက်ခံကောင်မှာ တည်ရှိရမှာပါ။
High Middle Ages အတွင်း
နှစ်ပေါင်း ၃၀၀ ခန်ကြာ
ပိုနွေးတဲ့ ရာသီဥတုနဲ့
စိုက်ပျိုးရေးတိုးတက်မှုတွေက
ဥရောပအနှံ့မှာ ပေါက်ကွဲနိုင်တဲ့ လူဦးရေး
တိုးတက်မှုကို ဖြစ်ပေါ်စေခဲ့တယ်။
ဒါပေမဲ့ ကျွေးဖို့ ပါးစပ်ပေါက်သစ်တွေနဲ့
ဒီနွေးထွေးတဲ့ ကာလရဲ့ နိဂုံးက
ကပ်ဆိုက်မှုကို သက်ရောက်စေခဲ့တယ်။
လုပ်ခတွေကို နှိမ့်ထားစဉ်
လျော့ကျတဲ့ ရိတ်သိမ်းမှုနဲ့
ပေါင်းစပ်ထားတဲ့ မြင့်မားတဲ့
ပေါက်ဖွားမှုနှုန်းတွေက
လယ်ယာမြေဟာ ၎င်းရဲ့လူဦးရေကို
မပံ့ပိုးနိုင်တော့ဘူးဆိုတဲ့ သဘောပါ။
အကျိုးဆက်အနေနဲ့ ၁၄ ရာစု အစောပိုင်း
ဥရောပသား အများစုဟာ
နေထိုင်မှု အဆင့်အတန်းတွေမှာ ပုံမှန်
ကျဆင်းမှုတစ်ခု ကြုံခဲ့ရတယ်။
အငတ်၊ ဆင်းရဲမှု၊ ညံ့တဲ့ ကျန်းမာရေးက
ခုခံအားမဲ့စေပြီးကူးစက်ခြင်းဖြစ်စေခဲ့တယ်။
အမှန်တကယ်ပဲ လန်ဒန်မှာ တွေ့ရတဲ့
Black Death သားကောင်တွေရဲ့ အရိုးစု
အကြွင်းတွေက အဟာရချို့တဲ့မှုနဲ့ ကြိုတင်
မကျန်းမာမှုရဲ့ သဲလွန်လက္ခဏာတွေကို ပြသတယ်။
Black Death ကြောင့် ဖြစ်တဲ့ ပျက်ဆီးမှုဟာ
လောကကို အရေးပါတဲ့ နှစ်နည်းနဲ့ပြောင်းတယ်။
လူမှု အဆင့်တစ်ခုမှာ
လူဦးရေ ရုတ်ခြည်း ဆုံးပါးမှုက
ဥရောပ စီးပွားရေး အခြေအနေတွေမှာ
အရေးပါတဲ့ ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တယ်။
လှည့်လညဖို့ ပိုများတဲ့ အစားအစာရယ်
လယ်သမား၊ အလုပ်သမားတွေ ရှင်ကျန်ရေးအတွက်
ပိုများတဲ့ မြေ၊ ပိုကောင်းတဲ့ လုပ်ခနဲ့ဆို
လန်ဒန် သုသာန်လေ့လာမှုတွေအရ လူတွေဟာ ပို
ကောင်းကောင်းစား၊ အသက်ပိုရှည်ရှည်နေခဲ့တယ်။
ပိုမြင့်တဲ့ လူနေမှု အဆင့်အတန်းတွေကပါ
လူမှု ရွေ့လျားနိုင်မှုမှာ တိုးမြင့်စေတယ်။
ပဒေသရာဇ်စနစ်ကို အားနည်းစေပြီး နောက်ဆုံး
နိုင်ငံရေး ပြပြင်မှုတွေကိုဖြစ်စေတယ်။
ဒါပေမဲ့ ပလိပ်ရောဂါကလည်း အရေးပါတဲ့
ဇီဝဆိုင်ရာ သက်ရောက်မှတစ်ခု ရှိတယ်။
အထိမခံဆုံးနဲ့ အားအနည်းဆုံး လူများစွာရဲ့
ရုတ်တရက် သေဆုံးမှုက
သိသာစွာ ခြားနားတဲ့ ဗီဇ တစ်စုနဲ့
လူဦးရေတစ်စုကို ချန်ထားခဲ့တယ်။
ရောဂါ ခုခံစွမ်းရှိဖို့ ကျန်သူတွေကို
ကူညီလောက်မယ့် ဗီဒတွေအပါအဝင်ပါ။
ဒီလို သန္ဓေပြောင်းလဲမှုတွေက
အလားတူ နည်းလမ်းတွေနဲ့ လုပ်ဆောင်တဲ့
ရောဂါဖြစ် ပစ္စည်းတွေကို ဆပွားဖို့
ကိုယ်ခံအားတွေ ပေးတဲ့အတွက်
Black Death ရဲ့ ဗီဇဆိုင်ရာ အကျိုးဆက်တွေကို
ရှာဖွေဖို့ သုတေသန ကြီးမားစွာ
အကျိုးရှိစေဖို့ အလားအလာရှိပါတယ်။
ယနေ့ Black Death ရဲ့ ပမာဏ
ပေါ်က ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုကို
ပဋိဇီဝဆေးတွေရဲ့ ကျေးဇူးကြောင့်
ကျယ်ပြန့်စွာ ရှင်းပစ်နိုင်ခဲ့ပါပြီ။
ဒါပေမဲ့ ရှေး ပလိပ်ရောဂါက နှစ်စဉ် အသက်
ထောင်အနည်းငယ်ကိုဆက်လက် သေကြေစေပြီး
ဆေးဝါး ခုံခံနိုင်တဲ့
စရိုက်တစ်ခု အသစ် ပေါ်ထွက်မှုဟာ
ပိုမှောင်မဲတဲ့ ကာလတွေရဲ့
ပြန်အလာကို နိမိတ်ပြနေတယ်။
Black Death ရဲ့ အကြောင်း၊ အကျိုးတွေ
အကြောင်းပိုနားလည်ခြင်းက
ကမ္ဘာကို အတိတ်က ပုံဖော်ပေးခဲ့ပုံကို
နားလည်းခြင်း သက်သက် မဟုတ်ဘဲ
အနာဂတ်ထဲက အလားတူ အိပ်မက်ဆိုးတစ်ခု
ကနေလည်း ကျွန်ုပ်တို့ကို ကယ်တင်လောက်တယ်။