ခေါင်းကိုက်ရင် ရှင်တို့ ဘာလုပ်ကြသလဲ။ အက်စ်ပရင် တစ်လုံး မျိုချလိုက်တာပေါ့။ ဒါပေမဲ့ ကိုက်ခဲ့နေတဲ့ ခေါင်းဆီ ကို ဒီဆေးလုံး ရောက်ဖို့ကျတော့ ဝမ်းဗိုက်၊ အူတွေနဲ့ အခြားအင်္ဂါအမျိုးမျိုးကို အရင်ဖြတ်သွားရတယ်လေ။ ဆေးလုံးတွေ မျိုချခြင်းဟာ ခန္ဓကိုယ်ထဲကို ဆေးဝါးတွေပို့ရာမှာ အထိရောက်ဆုံးနဲ့ နာကျင်ခြင်းမရှိတဲ့ နည်းလမ်းပါ။ ဒါပေမဲ့၊ မကောင်းတာက ဆေးကို မျိုချတာဟာ ပြယ်စေပါတယ်။ ဒါဟာ ပြဿနာကြီးပါ၊ အထူးသဖြင့် HIV လူနာတွေပေါ့။ သူတို့ HIV ကာကွယ်ဆေးတွေ သောက်တဲ့အခါ ဒီဆေးတွေက သွေးထဲက ဗိုင်းရပ် လျှော့ချဖို့နဲ့ CD4 အရေအတွက် တိုးစေဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကလည်းနာမည်ကြီးပဲနော်၊ အများစုကတော့ ဆိုးပါတယ် သူတို့သွေးဆီ မရောက်ခင် ပျယ်ကုန်တာကြောင့်ပါ။ ပြီးပိုဆိုတာက ဒီနေရာတွေကို မရောက်ခင်မှာ အရးပါဆုံးဖြစ်တဲ့ HIV ဗိုင်းရပ်တွေ သိုမှီးတဲ့နေရာတွေပေါ့။ ကိုယ်တွင်းကဒီနေရာတွေ သွေးဖြူဥအဖုတွေ၊ အာရုံကြောစနစ် စတာလို အဆုတ်တွေလိုမျိုး ဗိုင်းရပ်တွေ အောင်းနေတဲ့နေရာမျိုးတွေ၊ အမြဲ HIV ကုထုံးအောက်မှာရှိတဲ့ လူနာရဲ့သွေးထဲကို လွယ်လင့်တကူ ရောက်အောင်မပို့နိုင်ပါဘူး။ ဒါပေမဲ့ ကုထုံးပြတ်တောက်ခြင်းကနေ ဗိုင်းရပ်ဟာ နိုးထနိုင်ပြီး သွေးထဲက ဆဲလ်အသစ်တွေကို ကူးဆက်နိုင်ပါတယ်။ ကဲ လက်ရှိ ဆေးဝါးကုသမှုတွေနဲ့ HIV ကိုကုသနေတာဟာ ပြဿနာကြီးပါ။ ဒါက တစ်သက်တာလုံး ကုသမှုဖြစ်ပြီး လူနာတွေက မျိုချရမှာလေ။ တစ်ရက်တော့ ကျွန်မထိုင်ပြီး၊ တွေးမိတာက ဆေးအာနိသင်မပျယ်ပဲ HIV သိုလှောင်တဲ့နေရာတွေကို တိုကိရိုက် ရောက်အောင် ပို့ပေးနိုင်မလားပေါ့။ လေဆာ သိပ္ပံပညာရှင် တစ်ယောက်အနေနဲ့ အဖြေက ကျွန်မမျက်စေ့ ရှေ့မှောက်မှာပါ။ လေဆာရောင်ခြည်၊ ရတာပေါ့ရှင်၊ ဒါတွေကို သွားဘက်ဆိုင်ရာ၊ ဆီးချိုဆိုင်ရာနဲ့ ဒဏ်ရာကုသ ခွဲစိတ်ရာမှာ သုံးလို့ရရင် ဆေးတွေကို ဆဲလ်တွေဆီကို ပို့ဆောင်ခြင်းအပါအဝင် စိတ်ကူးရသမျှအရာတိုင်းမှာ သုံးနိုင်တာပေါ့။ တကယ်တမ်းက လက်ရှိမှာ ကျွန်မတို့ အင်မတန်သေးတဲ့ အပေါက်လေးတွေကို ဆွဖို့၊ ဖောက်ဖို့ လေဆာရဲ့ တုန်ခါမှုကို သုံးနေပါတယ်။ ဒါကဆေးဝါးတွေကို သူတို့နဲ့အတူ ပို့ပေးဖို့ HIV ကူးစက်ခံရတဲ့ ဆဲလ်တွေကို ချက်ချင်းနီးပါး အဖွင့်၊ အပိတ်လုပ်တယ်။ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မေးချင်မေးကြမယ်။ ကောင်းပြီ၊ ဆေးပါတဲ့ အရည်ထဲ ဆဲလ်တွေနစ်ထားတုန်း HIV ကူးစက်ခံရတဲ့ဆဲလ် အလွှာပါးပေါ် အရမ်းအားကောင်းပေမဲ့ အလွန်ကို သေးမျှင်တဲ့ လေဆာ ရောင်ခြည် ထိုးလိုက်ပါတယ်။ ဆဲလ်က ဆေးကိုမျိုတဲ့လိုက်စဉ် လေဆာက ဆဲလ်ကို အလွန်တိုတောင်းတဲ့ ကာလအတွင်း ထိုးဖောက်လိုက်ပါတယ်။ ဒါကို သိတောင်မှ မသိလိုက်ခင် ဆေးထိုးထားတဲ့အပေါက်ဟာ ချက်ချင်း အနာကျက်ပြီးသား ဖြစ်လာတယ်။ အခုလောလောဆယ် ဒီနည်းပညာကို စမ်းသပ်ပြွန်တွေ ဒါမှမဟုတ် ဖန်ပြားတွေထဲမှာ စမ်းသပ်နေပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်က ဒီနည်းပညာကို လူ့ကိုယ်ခန္ဓာထဲကို ထည့်ပြီး အသုံးချဖို့ပါ။ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မေးချင်မေးမယ်။ ကောင်းပြီ၊ အဖြေကတော့ ခေါင်း ၃ လုံးပါကိရိယာကနေပါ။ လေဆာဖြစ်တဲ့ ပထမခေါင်းကိုသုံးပြီး ကူးစက်တဲ့နေရာထဲမှာ ခွဲစိပ်မှု ၁ ခုလုပ်ပါမယ်။ ဒုတိယခေါင်း ကင်မရာကိုသုံးပြီး ကူးစက်တဲ့နေရာကို ကွေ့ကောက်လျက် သွားပါတယ်။ နောက်ဆုံး တတိယခေါင်း ဆေးဖျန်း ကိရိယာသုံးပြီး ကူးစက်တဲ့နေရာကို ဆေးကို တိုက်ရိုက် ပို့ပေးပါတယ်။ တစ်ချိန်တည်းမှာ လေဆာကိုပဲထပ်ပြီး ဆဲလ်တွေကို ဆွဖွင့်ပေးပါတယ်။ ကောင်းပြီ၊ လောလောဆယ် ဒီလောက် ကြီးဖြစ်မယ့်ပုံ မပေါ်လောက်ပါဘူး။ ဒါပေမဲ့ တစ်နေ့ အောင်မြင်သွားရင် ဒီနည်းပညာက ကိုယ်တွင်းက HIV ကို အပြီးတိုင် အမြစ်ဖြတ်ဖို့ ဦးဆောင်နိုင်ပါတယ်။ ဟုတ်ပါတယ် HIV ရောဂါအတွက် ကုသနည်းတစ်ခုပါ။ ဒါဟာHIV သုသေသီတိုင်းရဲ့ အိပ်မက်ပါ၊ ကျွန်မတို့ကိစ္စမှာတော့ လေဆာနည်းနဲ့ ကုသမှုပါ။ ကျေးဇူးတင်ပါတယ်ရှင်။ (လက်ခုပ်သံများ)