လူအများစုဟာ ဆေးလုံးသောက်ကြမယ်၊
ဆေးထိုးခံကြမယ်၊
ဒါမှမဟုတ် သူတို့ရဲ့ အသက်တာအတွင်းမှာ
ဆေးတစ်မျိုးမျိုးကို သောက်ကြမယ်ပေါ့။
ဒါပေမဲ့ အများစုဟာ ဒီအရာတွေ ဘယ်လို
လုပ်ဆောင်တယ်ဆိုတာ တစ်ခုမှမသိကြပါဘူး။
ဒီဒြပ်ပေါင်းအမျိုးမျိုးဟာ ကျွန်ုပ်တို့
ရုပ်ပိုင်း ခံစားပုံ၊ တွေးတောပုံနဲ့
ပြုမူပုံကိုတောင်
ဘယ်လို သက်ရောက်စေနိုင်ပါသလဲ။
အများစုကတော့ ဒါက ဦးနှောက်အတွင်းက
ဆဲလ်တွေအကြားက ဆက်သွယ်ရေးကို
ဆေးဝါးက ပြောင်းလဲပုံကို မူတည်ပါတယ်။
ဒါဖြစ်ပေါ်စေနိုင်တဲ့ များစွာသော
နည်းလမ်းစုံရှိပါတယ်။
ဒါပေမဲ့ ဦးနှောက်ထဲကို မရောက်ခင်
ဆေးတိုင်းဟာ ဆေးတိုက်ပုံလို
အကြောင်းအရင်းတွေကို
မူတည်ကာ စက္ကန့်ကနေ နာရီချီကြာနိုင်တဲ့
ခရီးတစ်ခုပေါ်မှာရှိတဲ့
သွေးကြောကို ပထမရောက်ရှိပါတယ်။
အနှေးဆုံးနည်းကတော့ ဆေးကို
မျိုချတာပါ၊
အကြောင်းက အစွမ်းမပြခင်
ကျွန်ုပ်တို့ရဲ့ အစာခြေအင်္ဂါစုကနေ
စုတ်ယူရမှာဖြစ်လို့ပါ။
ဆေးဝါးကို ရှုခြင်းက သွေးကြောထဲကို
ပိုလျင်မြန်စွာ ရောက်စေပါတယ်။
ဆေးကို အကြောထဲထိုးခြင်းကတော့
အမြန်ဆုံး လုပ်ဆောင်ပါတယ်၊
အကြောင်းက ဓါတုပစ္စည်းတွေကို
သွေးထဲကို တိုက်ရိုက် ထိုးသွင်းလို့ပါ။
အဲဒီရောက်တာနဲ့ ဆေးဟာ ၎င်းရဲ့ခရီးဆုံး
ဂိတ်ဝတွေ၊ ဦးနှောက်ဆီရောက်သွားတယ်။
ဒီအင်္ဂါဆီ အဝင်လမ်းကို ဦးနှောက် သွေး
အကာအရံနဲ့စောင့်ကြပ်ထားပါတယ်၊
ဒါက ဘေးဖြစ်နိုင်တဲ့
ပစ္စည်းတွေကိုတားဆီးဖို့
သွေးကို အာရုံကြောအဖွဲ့အစည်းကနေ
ခွဲခြားပေးတာပါ။
ဒီတော့ ဆေးဝါးအားလုံးမှာ ဒီအတားအဆီးကို
ဖွင့်ဖို့ သော့ပေးကာ
ဖြတ်ကျော်စေတဲ့ တိကျတဲ့
ဓါတုဖွဲ့စည်းမှုတစ်ခု ရှိရပါမယ်။
အတွင်းရောက်တာနဲ့ ဆေးဝါးတွေဟာ
Neurons နဲ့
Synapses တွေရဲ ကွန်ရက်ကို ဦးတည်ကာ
ဦးနှောက်ရဲ့ပုံမှန် လုပ်ဆောင်မှုတွေကို
စတင်စွက်ဖက်ပါတယ်
Neurons ဟာ ဗဟိုချက်၊ ဆဲလ်ကိုင်းခွဲတွေနဲ့
ဆဲလ်မျှင်တွေပါတဲ့ ဦးနှောက်ဆဲလ်တွေပါ။
Synapses ကတော့ ဆဲလ်ကိုင်းခွဲတွေနဲ့ ဆဲလ်
မျှင်တွေတစ်လျှောက်က တည်ဆောက်မှုတွေပါ။
ဒါက နျူရွန်းတွေကြားက လျှပ်စစ်ဓာတု
အချက်ပြတွေရဲ့ ဖလှယ်မှုကို ခွင့်ပေးပါတယ်။
ဒီအချက်ပြတွေဟာ neurotransmitters
ခေါ်တဲ့ ဓာတုပစ္စည်းတွေရဲ့ ပုံစံကိုယူတယ်။
neurotransmitter တိုင်းဟာ အပြုအမူတွေကို
ထိန်းညှိရာမှာ ကဏ္ဍစုံပါဝင်တယ်
စိတ်ခံစားမှုတွေ၊
ပြီးတော့ သိမှတ်မှုပါ။
ဒါပေမဲ့ အားလုံးဟာ နည်းနှစ်ခုထဲက
တစ်ခုနဲ့ လုပ်ပါတယ်။
ကွန်ရက်တစ်ခုလုံး ပျံ့နှံ့တဲ့လျှစ်စစ်ဓာတု
အချက်ပြအသစ်တစ်ခု ဖန်တီးရင်း
နျူရွန်းလက်ခံခြင်းကို (သို့)
၎င်းရဲ့ လှုပ်ရှားမှုကို ကန့်သတ်ခြင်းကို
ချုပ်ချယ်တာ (သို့) ၎င်းကို နိုးကြွစေတာပါ။
ကျန်တဲ့ neurotransmitter တိုင်းဟာ
နျူရွန်း သယ်ဆောင်မှုထဲကို
အမြဲလို အဆင့်ကျလာတယ် (သို့)
ပြန်စုပ်ယူသွားပါတယ်။
ဆေးဝါးတစ်ခုရဲ့ သက်ရောက်မှုဟာ
ဖြစ်စဉ်ရဲ့ အဆင့်မျိုးစုံမှာ
ဆဲလ်ပိုင်းပေးပို့ခြင်းတွေကို ခြယ်လှယ်ဖို့
၎င်းရဲ့ အစွမ်းကနေ အရင်းခံပါတယ်။
ဒီရလဒ်တွေက ပျံ့နှံခြင်းခံရတဲ့
neurotransmitters
ပမာဏအလိုက် တိုးတာ (သို့)
လျော့တာရှိပါတယ်။
ဥပမာ SSRIs လို့ အသုံးများတဲ့
စိတ်ကျမှု ကာကွယ်ဆေးတွေဟာ
စိတ်သဘောထားတွေ ညှိပေးတဲ့
neurotransmitter တစ်ခုဖြစ်တဲ့
serotonin ရဲ့ ပြန်လည်စုပ်ယူမှုကို
တားဆီးပါတယ်။
ဒါက နာဗ်ကြောဆိုင်ရာ ကွန်ရက်ထဲကို
ထိရောက်စွာ ပိုပြီးတွန်းပို့တယ်။
တစ်ချိန်တည်းမှာ မော်ဖင်းလို
အကိုက်အခဲပျောက်ဆေးတွေက
စွမ်းအင်ကို ထိန်းညှိပေးတဲ့ serotonin
နဲ့ noradrenaline
အဆင့်တွေကို မြှင့်ပေးတယ်။
နိုးကြွမှု၊
နိုးကြားမှုနဲ့
သာယာမှုပါ။
ဒီအလားတူ neurotransmitters ကလည်း
နာကျင်မှုသိစိတ် လျှော့ချကာ ဟိုမုန်းထွက်တဲ့
တုံ့ပြန်မှုတွေကို သက်ရောက်စေပါတယ်။
စိတ်ငြိမ်ဆေးတွေကတော့ အာရုံကြော
ဆိုင်ရာ လှုပ်ရှားမှုကို ကန့်သတ်ဖို့
လူကို အေးဆေးဖို့ (သို့) စိတ်ငြိမ်အောင်
လုပ်ပေးရင်း GABA ထုတ်လုပ်မှုကို
တိုးပွားခြင်းနဲ့ အလုပ်လုပ်ပါတယ်။
တရားမဝင် (သို့) စိတ်ကြွဆေးတွေကရော။
၎င်းတို့မှာ ဦးနှောက်အပေါ် ပြင်းထန်တဲ့ သက်
ရောက်မှုတွေရှိပြီး နားလည်ဖို့ကြိုးစားဆဲပါ။
Crystal meth စိတ်ကြွဆေးဟာ
ဆုလာဘ်နဲ့ သာယာမှုရဲ့ သိမြင်မှုနဲ့
ဆက်နွယ်တဲ့ neurotransmitter
ဒိုပါမင်ရဲ့ ရှည်ကြာတဲ့ လွှတ်ထုတ်မှုကို
ဆွဲဆောင်ပါတယ်။
နိုရာအန်ဒရီနလင်း တုံ့ပြန်မှုတွေကိုလည်း
အသက်ဝင်စေပါတယ်၊
ဒါက နှလုံးခုန်မြန်စေ၊
သူငယ်အိမ်ကျယ်လာစေပြီး
ကိုယ်ခန္ဓာရဲ့ တိုက်၊ မတိုက်ရင်ပြေးဆိုတဲ့
တုံ့ပြန်မှုကို အစပျိုးတယ်။
ကိုကင်းဟာ ဒိုပါမင်နဲ့ ဆီရိုတိုနင်ရဲ့
စုပ်ယူမှုကို ပိတ်စေတယ်၊
စွမ်းအင်တိုးမြှင့်တဲ့နေရာက
ကွန်ရက်ထဲကို ပိုတွန်းပို့ကာ
ဝမ်းသာပီတိခံစားမှုကို ဖန်တီးကာ
စားချင်စိတ်ကို ချုပ်ထိန်းပါတယ်။
စိတ်ချောက်ချားစေတဲ့ဆေးတွေမှာ စိတ်ရှုပ်စရာ
အကောင်းဆုံး အာနိသင်တွေရှိပါတယ်။
LSD လို အရာတွေ၊
ရှားစောင်းဆေးနဲ့
DMT တို့အားလုံးဟာ
စိတ်ထားနဲ့ စိတ်လိုက်မာန်ပါဖြစ်မှုကို
ထိန်းညှိတဲ့
ဆီရိုတိုနင် ထုတ်လုပ်မှုကို တားဆီးပါတယ်။
၎င်းတို့ဟာ သိမြင်ခြင်း၊ သင်ယူခြင်းနဲ့
အပြုအမူ
ထိန်းသိမ်းမှုတွေပါဝင်တဲ့ အာရုံကြော
ပတ်လမ်းတွေပေါ်ကိုပါ သက်ရောက်မှုရှိပါတယ်၊
ဒါက ဒီဆေးဝါးတွေ ဒီလောက်အားပြင်းတဲ့ သက်
ရောက်မှုတွေ ရှိတာကို ရှင်းပြနိုင်လောက်တယ်။
ဒီအာနိသင်တစ်ချို့ဟာ စိတ်လှုပ်ရှားစရာ
ဆိုတာတောင်
ဆေးတစ်ချို့ကို အလွန်ထိန်းချုပ်ကာ မကြာခဏ
တရားမဝင်ဖြစ်စေတဲ့ အကြောင်းတွေ အများကြီးပါ။
ဆေးတွေဟာ ဦးနှောက် ဓာတုဗေဒကို
ပြောင်းဖို့ အစွမ်းရှိကာ
အထပ်ထပ်သုံးတာဟာ စဉ်းစားဖို့၊ဆုံးဖြတ်ဖို့၊
သင်ယူဖို့
အရာတွေကို မှတ်စေနိုင်ဖို့
ထောက်ပံ့တဲ့အာရုံကြော
ကွန်ရက်တွေကို
အမြဲ ပြန်သွယ်ပါတယ်။
ဆေးဝါးတွေနဲ့ ၎င်းတို့ရဲ့ အာနိသင်တွေ
အကြောင်း အကောင်းရော၊ အဆိုးပါ
မသိသေးတာတွေ အများကြီးပါ။
ဒါပေမဲ့ ကျွန်ုပ်တို့ သိတာတွေဟာ
အသေးစိပ် လေ့လာထားပြီး
ထိရောက်တဲ့ ဆေးဝါးတွေအဖြစ်
ပြောင်းထားတာပါ။
ဆေးဝါးနဲ့ ဦးနှောက်အကြောင်းကျွန်ုပ်တို့ရဲ့
အသိတိုးလာတာနဲ့အမျှ
ယနေ့ သုတေသီတွေ အကြံအိုက်စေတဲ့
ဆေးဘက်ဆိုင်ရာ
ပြဿနာတွေကို ကုသရေးအတွက် ဖြစ်နိုင်ခြေ
တွေလည်း တိုးလာပါလိမ့်မယ်။