1 00:00:07,451 --> 00:00:10,221 ကျုပ်တို့ရဲ့ အနာဂတ်မှာ ဘယ်လိုများရှိမလဲ သင် သိချင်လား။ 2 00:00:10,221 --> 00:00:14,724 မနက်ဖြန်၊နောက်နှစ်(သို့)ယခုမှ နှစ်တစ်ထောင် မှာတောင် လူ့လောကမှာ ဘာတွေဖြစ်လာမလဲ။ 3 00:00:14,724 --> 00:00:16,276 သင်တစ်ဦးတည်း မဟုတ်ပါဘူး။ 4 00:00:16,276 --> 00:00:20,620 အစိုးရတွေကနေ စစ်တပ်၊လုပ်ငန်းခေါင်းဆောင်တွေ အပါအဝင် လူတိုင်းဟာ သူတို့အနာဂတ်ကို 5 00:00:20,620 --> 00:00:23,285 ဟောကိန်းထုတ်ဖို့ ကြိုးစားသူတွေဖြစ်တဲ့ အနာဂတ်ဝါဒီလို့ 6 00:00:23,285 --> 00:00:26,163 ခေါ်သူတွေကို ခန့်ထားပါတယ်။ 7 00:00:26,163 --> 00:00:29,120 တချို့က အံ့ဖွယ်တိကျမှုနဲ့ ဒါကို လုပ်နိုင်စွမ်းရှိတယ်။ 8 00:00:29,120 --> 00:00:30,790 ၂၀ ရာစုအလယ်မှာ 9 00:00:30,790 --> 00:00:33,402 RAND Corporation လို့ခေါ်တဲ့ အကြံပေးအဖွဲ့တစ်ခုဟာ 10 00:00:33,402 --> 00:00:36,459 ကိုယ်အင်္ဂါအတုတွေ၊ သန္ဓေတားဆေး အသုံးပြုမှုနဲ့စာဖတ်သူအတွက် 11 00:00:36,459 --> 00:00:38,945 သုတေသန စာတမ်းတွေကို ရှာပေးနိုင်တဲ့ စာကြည့်တိုက်တွေ 12 00:00:38,945 --> 00:00:41,136 အပါအဝင် ကျွန်ုပ်တို့ ဒီနေ့ အလေးမမူကြတဲ့ 13 00:00:41,136 --> 00:00:42,575 နည်းပညာများစွာကို 14 00:00:42,575 --> 00:00:44,532 အတူတကွဟောကိန်းထုတ်ခဲ့သူ 15 00:00:44,532 --> 00:00:49,333 ဒါဇင်ချီတဲ့ သိပ္ပံပညာရှင်တွေနဲ့ အနာဂတ် ဝါဒီတေွကို တိုင်ပင်ဆွေးနွေးခဲ့တယ်။ 16 00:00:49,333 --> 00:00:52,288 အနာဂတ်ဝါဒီတွေ သူတို့ရဲ့ ဟောကိန်းတွေကို ရစေတဲ့ နည်းလမ်းတစ်ခုက 17 00:00:52,288 --> 00:00:55,961 လူ့အဖွဲ့အစည်းအတွင်းက လှုပ်ရှားမှုတွေနဲ့ အလားအလာတွေကို စိစစ်ခြင်းနဲ့ 18 00:00:55,961 --> 00:00:59,605 အနာဂတ်ထဲမှာ ၎င်းတို့ လိုက်နာဖွယ်ရှိတဲ့ လမ်းကြောင်းတွေကို ဖြစ်နိုင်ခြေ ပမာဏ 19 00:00:59,605 --> 00:01:01,852 အမျိုးမျိုးနဲ့ မှတ်သားခြင်းပါ။ 20 00:01:01,852 --> 00:01:06,522 သူ့တို့အလုပ်က မူဝါဒချသူတွေ၊ ကမ္ဘာ့ခေါင်း ဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကိုသတင်းပေးတယ်။ 21 00:01:06,522 --> 00:01:09,324 ဒီလိုနက်နဲပြီး၊ အသေးစိတ် စိတ်ကူးလို့ မရနိုင်တဲ့ 22 00:01:09,324 --> 00:01:13,758 အနာဂတ်တွက် ရွေးချယ်မှုတွေကို ချိန်ဆဖို့သူတို့ကို ထောက်ကူရင်းပါ။ 23 00:01:13,758 --> 00:01:18,495 တကယ်တမ်း အနာဂတ်နဲ့ပတ်သက်ပြီး လူတစ်ယောက် သေချာပုံက သိသာတဲ့ ကန့်သတ်ချက်တွေရှိတယ်။ 24 00:01:18,495 --> 00:01:21,131 လက်ရှိမှာ လူတိုင်းအတွက် ယုတ္တိတန်မှာမဟုတ်တဲ့ ပေါ်လာတဲ့ 25 00:01:21,131 --> 00:01:24,805 စိတ်ကူးမရနိုင်တဲ့ ရှာဖွေတွေ့ရှိမှုတွေက အမြဲရှိနေပါတယ်။ 26 00:01:24,805 --> 00:01:25,831 ဥပမာ ၁၉ ရာစု အလယ်က 27 00:01:25,831 --> 00:01:30,426 ရူပဗေဒပညာရှင်တစ်ဦးကို ၂၁ ရာစုဆီ ပို့ဆောင်တာကို 28 00:01:30,426 --> 00:01:33,142 စိတ်ကူးကြည့်ပါ။ 29 00:01:33,142 --> 00:01:37,774 ထူးဆန်းတဲ့ အရာဝတ္ထု တည်ရှိတာကို သင် သူ့ကို ရှင်းပြတယ်။ 30 00:01:37,774 --> 00:01:42,215 ၎င်းသဘောအလျောက် တစ်မြို့လုံးကို ဓာတ်အားပေးနိုင်တဲ့(သို့) တစ်ချက်တည်းနဲ့ 31 00:01:42,215 --> 00:01:45,463 မြို့ကို ဖျက်ဆီးနိုင်လောက်တဲ့စွမ်းအင် ထုတ်နိုင်တဲ့ယူရေနီယမ် ၂၃၅ ပါ။ 32 00:01:45,463 --> 00:01:48,911 "ဒီလို စွမ်းအင်က ဘယ်နေက လာနိုင်လို့လဲ" လို့ သိဖို့ သူ မေးမိမှာပါ။ 33 00:01:48,911 --> 00:01:51,064 "ဒါဟာ သိပ္ပံပညာ မဟုတ်ဘူး၊ မှော်အတတ်ပါ။" 34 00:01:51,064 --> 00:01:53,995 ဒီအကြံနဲ့ ရည်ရွယ်ချက်အားလုံးအတွက် သူမှန်ပါလိမ့်မယ်။ 35 00:01:53,995 --> 00:01:55,728 သူ့ရဲ့ ၁၉ ရာစု သိပ္ပံရဲ့နားလည်မှုမှာ 36 00:01:55,728 --> 00:02:00,021 ရေဒီယိုသတ္တိကြွမှုနဲ့ အဏုမြူ ရူပဗေဒရဲ့ အသိသုတ မပါဝင်သေးလို့ပါ။ 37 00:02:00,021 --> 00:02:04,108 သူ့ခေတ်တုန်းက နှိုင်းအရ သီအိုရီတို့ ကွမ်တမ် မက္ကင်းနစ်တို့ အသာထားဦး၊ 38 00:02:04,108 --> 00:02:05,582 အိတ်စရေး ရောင်ခြည် (သို့) 39 00:02:05,582 --> 00:02:07,420 အဏုမြူ ဗုံး ဖြစ်နိုင်ခဲ့လောက်တဲ့ 40 00:02:07,420 --> 00:02:09,504 အနာဂတ် ဟောကိန်းမရှိဘူး။ 41 00:02:09,504 --> 00:02:11,037 Arthur C. Clarke ပြောခဲ့သလို 42 00:02:11,037 --> 00:02:15,754 "အသင့်အတင့် အဆင့်မြင့်တဲ့ နည်းပညားတိုင်းဟာ မှော်ဆန်မှုကနေ ခွဲခြားလို့မရနိုင်ဘူး။" 43 00:02:15,754 --> 00:02:19,842 ဒါဆို ကျွန်ပ်တိုရဲ့ လက်ရှိဟာ ၁၉ ရာစုက တစ်ဦးဦး ထင်မှတ်စရာ ဖြစ်နိုင်သလို 44 00:02:19,842 --> 00:02:23,674 ကျွန်ုပ်တို့ကို မှော်ဆန်စေမယ့် အနာဂတ် တစ်ခုအတွက် ဘယ်လို ပြင်ဆင်နိုင်လဲ။ 45 00:02:23,674 --> 00:02:27,695 ခေတ်မီ နည်းပညာနဲ့ အဆင့်မြင့် ဒေတာ စိစစ်မှု နည်းစနစ်တွေက 46 00:02:27,695 --> 00:02:31,167 အဆင့်တူ ၁၉ ရာစုက ဟာတွေထက် အနာဂတ်ကို ပိုတိကျမှုနဲ့ခန့်မှန်းခွင့် 47 00:02:31,167 --> 00:02:33,492 ပေးလောက်တယ်လို့ ထင်ချင်ထင်ကြမယ်။ 48 00:02:33,492 --> 00:02:34,971 အဲဒါက သဘာဝကျပါတယ်။ 49 00:02:34,971 --> 00:02:38,058 သို့ပေမည့် နည်းပညာ တိုးတက်မှုက တိုးတိုးလာနေတဲ့ ရှုပ်ထွေးပြီး 50 00:02:38,058 --> 00:02:43,376 ကြိုခန့်မှန်းမရနိုင်တဲ့စိန်ခေါ်မှုတွေကို ယူဆောင်လာခဲ့တာလည်း မှန်ပါတယ်။ 51 00:02:43,376 --> 00:02:47,491 စိတ်ကူးမရနိုင်တာကို စိတ်ကူးကြည့်ဖို့ အနာဂတ် မျိုးဆက်တွေအတွက် လောင်းကြေးတွေက 52 00:02:47,491 --> 00:02:49,682 အရင်ကထက် ပိုမြင့်မားပါတယ်။ 53 00:02:49,682 --> 00:02:51,348 ဒီတော့ ကျန်ရှိနေတဲ့ မေးခွန်းက 54 00:02:51,348 --> 00:02:53,091 ဒါကို ဘယ်လို လုပ်ကြသလဲ။ 55 00:02:53,091 --> 00:02:56,796 ၁၉ ရာစုကတည်းက အလားအလာရှိတဲ့ အဖြေက ကျွန်ုပ်တို့နဲ့အတူ ရှိခဲ့ပြီး 56 00:02:56,796 --> 00:02:58,760 ဒါကတော့ ခေတ်မီ လောကအတွက် 57 00:02:58,760 --> 00:03:01,525 အုတ်မြစ်ချပေးခဲ့တဲ့ စက်မှုတော်လှန်ရေးပါ။ 58 00:03:01,525 --> 00:03:04,326 ဒီတစ်ဟုန်ထိုး တိုးတက်မှုနဲ့ တီထွင်မှု ကာလအတွင်းမှာ 59 00:03:04,326 --> 00:03:08,992 စာပေ ပုံစံသစ်၊ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းလည်း ပေါ်ထွန်းခဲ့တယ်။ 60 00:03:08,992 --> 00:03:12,918 ခေတ်ရဲ့ ဆန်းသစ်မှုတွေရဲ့ စေ့ဆော်မှုနဲ့ Jules Verne၊ H.G. Wells နဲ့ 61 00:03:12,918 --> 00:03:16,784 အခြားအရေးသွက်တွေးခေါ်သူတွေဟာ လူ့ ကြိုးပမ်း မှုရဲ့ နယ်ပယ်သစ်တွေကိုသရုပ်ဖော်ရင်း 62 00:03:16,784 --> 00:03:19,552 ဆန်းပြားတဲ့ စိတ်မှန်း ဖြစ်နိုင်ခြေတွေကို စူးစမ်းခဲ့တယ်။ 63 00:03:19,552 --> 00:03:22,418 ၂၀ ရာစု တစ်လျှောက်လုံးနဲ့ ၂၁ ရာစုထဲမှာ 64 00:03:22,418 --> 00:03:26,211 ပုံပြောသူတွေဟာ သူတို့ရဲ့ အနာဂတ် အမြင်တွေကို ဆက်လက်မျှဝေခဲ့ပြီး 65 00:03:26,211 --> 00:03:31,338 နောက်ဆယ်စုနှစ်တွေမှာ နေထိုင်တဲ့ ကမ္ဘာ့သွင် ပြင်တွေကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့တယ်။ 66 00:03:31,338 --> 00:03:32,799 "Brave New World" မှာ 67 00:03:32,799 --> 00:03:37,217 Aldous Huxleyက ၁၉၃၂ မှာ စိတ်ကျကာကွယ်ဆေး သုံးတာကို 68 00:03:37,217 --> 00:03:40,310 ဒီလိုဆေးမျိုး ရေပန်းမစားခင် အချိန်အတော်ကြာက ကြိုပြောခဲ့တယ်။ 69 00:03:40,310 --> 00:03:45,971 ၁၉၅၃ မှာ Ray Bradbury ရဲ့"Fahrenheit 451" မှာ နားကြပ်အသေးစားကို ကြိုခန့်မှန်းတယ်။ 70 00:03:45,971 --> 00:03:48,293 သူ့စကားအရတော့ "အပ်ထောက် ရေဒီယို"ပါ။ 71 00:03:48,293 --> 00:03:50,997 "2001: A Space Odyssey" မှာ 72 00:03:50,997 --> 00:03:58,076 Arthur C. Clarke က သယ်လို့ရတဲ့ သတင်းပြ မှန်ပြားသစ်ကို ၁၉၆၈ မှာသရုပ်ဖော်ပြခဲ့တယ်။ 73 00:03:58,076 --> 00:04:01,524 မကြာခဏတော့ ဖျော်ဖြေရေးနဲ့ လူမှု အစီအရင်ခံချက်ကို တွဲထားတဲ့ စက်တွေမှာ 74 00:04:01,524 --> 00:04:05,418 မယုံကြည်မှုကို ဆိုင်းထားပြီး ရင်းနှီး နက်နဲစွာ အမြစ်တွယ်နေတဲ့အဖွဲ့အစည်းတွေထဲက 75 00:04:05,418 --> 00:04:10,628 အခြေခံကျတဲ့ ပြောင်းလဲမှု အကျိုးဆက်တွေကို စဉ်းစားဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်တယ်။ 76 00:04:10,628 --> 00:04:11,497 ဒီသဘောမှာ 77 00:04:11,497 --> 00:04:15,882 အကောင်းဆုံး သိပ္ပံဇာတ်လမ်းဟာ ဒဿနပညာရှင် Michel Foucault ရဲ့စကားကို ဖြည့်ဆည်းတယ်။ 78 00:04:15,882 --> 00:04:20,867 "ကျုပ်က ရှေ့ဖြစ်ဟောသူ မဟုတ်ပါ။ အလုပ်က နံရံရှိဖူးတဲ့နေရာမှာ ပြတင်းတွေ လုပ်တာပါ။ 79 00:04:20,867 --> 00:04:25,699 လက်ရှိ အကန့်အသတ်တွေနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ ထင်မြင်ချက်တွေမှ ကင်းကွာကာ 80 00:04:25,699 --> 00:04:30,466 သိပ္ပံဇာတ်လမ်းက ဖောက်ထွက်တွေးခေါ်ရေးအတွက် အသုံးဝင်တဲ့ ကိရိယာအဖြစ် ဖြည့်ဆည်းပေတယ်။ 81 00:04:30,466 --> 00:04:32,331 အနာဂတ်ဝါဒီ အများအပြား အသိအမှတ်ပြုပြီး 82 00:04:32,331 --> 00:04:36,452 တချို့ဆို သိပ္ပံဇာတ်လမ်းရေးသူတွေကို သူတို့ရဲ့ အသင်းတွေမှာ စတင် ခန့်ထားနေတယ် 83 00:04:36,452 --> 00:04:40,765 သိပ်မကြာခင်က iKnow လို့ခေါ်တဲ့ ပရောဂျက်တစ်ခုက သိပ္ပံဇာတ်လမ်းတွေနဲ့ 84 00:04:40,765 --> 00:04:43,464 အတော်ဆင်တူတဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေကို တင်ပြခဲ့တယ်။ 85 00:04:43,464 --> 00:04:45,941 ၎င်းတို့မှာ ဂြိုဟ်သား ယဉ်ကျေးမှုတစ်ခု ရှာဖွေတွေ့မှု၊ 86 00:04:45,941 --> 00:04:50,352 ချို့ယွင်းချက်မရှိ လူသားနဲ့ တိရစ္ဆာန်တွေ ဆက်သွယ်တဲ့ နည်းလမ်းတစ်ခု ဖန်တီးမှုနဲ့ 87 00:04:50,352 --> 00:04:52,921 အခြေခံကျတဲ့ လူ့သက်တမ်းတိုးမှုတို့ပါတယ်။ 88 00:04:52,921 --> 00:04:55,116 ဒီတော့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။ 89 00:04:55,116 --> 00:04:57,210 တကယ်တမ်း အသေအချာ မသိနိုင်ပေမဲ့ 90 00:04:57,210 --> 00:05:00,808 စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းက ဖြစ်နိုင်များစွာကို ပြသပါတယ်။ 91 00:05:00,808 --> 00:05:02,781 အဆုံးမှာတော့ ဒီဌအဖြစ်တစ်ခု ဖန်တီးခြင်းဆီ 92 00:05:02,781 --> 00:05:06,084 ကျွန်ုပ်တို့ လုပ်ဆောင်မယ်ဟာကို သတ်မှတ်ဖို့က ကျွန်ုပ်တို့ရဲ့ တာဝန်ပါ။