ကျုပ်တို့ရဲ့ အနာဂတ်မှာ ဘယ်လိုများရှိမလဲ
သင် သိချင်လား။
မနက်ဖြန်၊နောက်နှစ်(သို့)ယခုမှ နှစ်တစ်ထောင်
မှာတောင် လူ့လောကမှာ ဘာတွေဖြစ်လာမလဲ။
သင်တစ်ဦးတည်း မဟုတ်ပါဘူး။
အစိုးရတွေကနေ စစ်တပ်၊လုပ်ငန်းခေါင်းဆောင်တွေ
အပါအဝင် လူတိုင်းဟာ သူတို့အနာဂတ်ကို
ဟောကိန်းထုတ်ဖို့
ကြိုးစားသူတွေဖြစ်တဲ့ အနာဂတ်ဝါဒီလို့
ခေါ်သူတွေကို ခန့်ထားပါတယ်။
တချို့က အံ့ဖွယ်တိကျမှုနဲ့
ဒါကို လုပ်နိုင်စွမ်းရှိတယ်။
၂၀ ရာစုအလယ်မှာ
RAND Corporation လို့ခေါ်တဲ့
အကြံပေးအဖွဲ့တစ်ခုဟာ
ကိုယ်အင်္ဂါအတုတွေ၊ သန္ဓေတားဆေး
အသုံးပြုမှုနဲ့စာဖတ်သူအတွက်
သုတေသန စာတမ်းတွေကို
ရှာပေးနိုင်တဲ့ စာကြည့်တိုက်တွေ
အပါအဝင် ကျွန်ုပ်တို့ ဒီနေ့ အလေးမမူကြတဲ့
နည်းပညာများစွာကို
အတူတကွဟောကိန်းထုတ်ခဲ့သူ
ဒါဇင်ချီတဲ့ သိပ္ပံပညာရှင်တွေနဲ့ အနာဂတ်
ဝါဒီတေွကို တိုင်ပင်ဆွေးနွေးခဲ့တယ်။
အနာဂတ်ဝါဒီတွေ သူတို့ရဲ့ ဟောကိန်းတွေကို
ရစေတဲ့ နည်းလမ်းတစ်ခုက
လူ့အဖွဲ့အစည်းအတွင်းက လှုပ်ရှားမှုတွေနဲ့
အလားအလာတွေကို စိစစ်ခြင်းနဲ့
အနာဂတ်ထဲမှာ ၎င်းတို့ လိုက်နာဖွယ်ရှိတဲ့
လမ်းကြောင်းတွေကို ဖြစ်နိုင်ခြေ ပမာဏ
အမျိုးမျိုးနဲ့ မှတ်သားခြင်းပါ။
သူ့တို့အလုပ်က မူဝါဒချသူတွေ၊ ကမ္ဘာ့ခေါင်း
ဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကိုသတင်းပေးတယ်။
ဒီလိုနက်နဲပြီး၊
အသေးစိတ် စိတ်ကူးလို့ မရနိုင်တဲ့
အနာဂတ်တွက် ရွေးချယ်မှုတွေကို
ချိန်ဆဖို့သူတို့ကို ထောက်ကူရင်းပါ။
တကယ်တမ်း အနာဂတ်နဲ့ပတ်သက်ပြီး လူတစ်ယောက်
သေချာပုံက သိသာတဲ့ ကန့်သတ်ချက်တွေရှိတယ်။
လက်ရှိမှာ လူတိုင်းအတွက်
ယုတ္တိတန်မှာမဟုတ်တဲ့ ပေါ်လာတဲ့
စိတ်ကူးမရနိုင်တဲ့ ရှာဖွေတွေ့ရှိမှုတွေက
အမြဲရှိနေပါတယ်။
ဥပမာ ၁၉ ရာစု အလယ်က
ရူပဗေဒပညာရှင်တစ်ဦးကို
၂၁ ရာစုဆီ ပို့ဆောင်တာကို
စိတ်ကူးကြည့်ပါ။
ထူးဆန်းတဲ့ အရာဝတ္ထု တည်ရှိတာကို
သင် သူ့ကို ရှင်းပြတယ်။
၎င်းသဘောအလျောက် တစ်မြို့လုံးကို
ဓာတ်အားပေးနိုင်တဲ့(သို့) တစ်ချက်တည်းနဲ့
မြို့ကို ဖျက်ဆီးနိုင်လောက်တဲ့စွမ်းအင်
ထုတ်နိုင်တဲ့ယူရေနီယမ် ၂၃၅ ပါ။
"ဒီလို စွမ်းအင်က ဘယ်နေက လာနိုင်လို့လဲ"
လို့ သိဖို့ သူ မေးမိမှာပါ။
"ဒါဟာ သိပ္ပံပညာ မဟုတ်ဘူး၊ မှော်အတတ်ပါ။"
ဒီအကြံနဲ့ ရည်ရွယ်ချက်အားလုံးအတွက်
သူမှန်ပါလိမ့်မယ်။
သူ့ရဲ့ ၁၉ ရာစု သိပ္ပံရဲ့နားလည်မှုမှာ
ရေဒီယိုသတ္တိကြွမှုနဲ့ အဏုမြူ ရူပဗေဒရဲ့
အသိသုတ မပါဝင်သေးလို့ပါ။
သူ့ခေတ်တုန်းက နှိုင်းအရ သီအိုရီတို့
ကွမ်တမ် မက္ကင်းနစ်တို့ အသာထားဦး၊
အိတ်စရေး ရောင်ခြည် (သို့)
အဏုမြူ ဗုံး ဖြစ်နိုင်ခဲ့လောက်တဲ့
အနာဂတ် ဟောကိန်းမရှိဘူး။
Arthur C. Clarke ပြောခဲ့သလို
"အသင့်အတင့် အဆင့်မြင့်တဲ့ နည်းပညားတိုင်းဟာ
မှော်ဆန်မှုကနေ ခွဲခြားလို့မရနိုင်ဘူး။"
ဒါဆို ကျွန်ပ်တိုရဲ့ လက်ရှိဟာ ၁၉ ရာစုက
တစ်ဦးဦး ထင်မှတ်စရာ ဖြစ်နိုင်သလို
ကျွန်ုပ်တို့ကို မှော်ဆန်စေမယ့် အနာဂတ်
တစ်ခုအတွက် ဘယ်လို ပြင်ဆင်နိုင်လဲ။
ခေတ်မီ နည်းပညာနဲ့ အဆင့်မြင့် ဒေတာ စိစစ်မှု
နည်းစနစ်တွေက
အဆင့်တူ ၁၉ ရာစုက ဟာတွေထက်
အနာဂတ်ကို ပိုတိကျမှုနဲ့ခန့်မှန်းခွင့်
ပေးလောက်တယ်လို့ ထင်ချင်ထင်ကြမယ်။
အဲဒါက သဘာဝကျပါတယ်။
သို့ပေမည့် နည်းပညာ တိုးတက်မှုက
တိုးတိုးလာနေတဲ့ ရှုပ်ထွေးပြီး
ကြိုခန့်မှန်းမရနိုင်တဲ့စိန်ခေါ်မှုတွေကို
ယူဆောင်လာခဲ့တာလည်း မှန်ပါတယ်။
စိတ်ကူးမရနိုင်တာကို စိတ်ကူးကြည့်ဖို့
အနာဂတ် မျိုးဆက်တွေအတွက် လောင်းကြေးတွေက
အရင်ကထက် ပိုမြင့်မားပါတယ်။
ဒီတော့ ကျန်ရှိနေတဲ့ မေးခွန်းက
ဒါကို ဘယ်လို လုပ်ကြသလဲ။
၁၉ ရာစုကတည်းက အလားအလာရှိတဲ့
အဖြေက ကျွန်ုပ်တို့နဲ့အတူ ရှိခဲ့ပြီး
ဒါကတော့ ခေတ်မီ လောကအတွက်
အုတ်မြစ်ချပေးခဲ့တဲ့ စက်မှုတော်လှန်ရေးပါ။
ဒီတစ်ဟုန်ထိုး တိုးတက်မှုနဲ့ တီထွင်မှု
ကာလအတွင်းမှာ
စာပေ ပုံစံသစ်၊ စိတ်ကူးယဉ်
သိပ္ပံဇာတ်လမ်းလည်း ပေါ်ထွန်းခဲ့တယ်။
ခေတ်ရဲ့ ဆန်းသစ်မှုတွေရဲ့ စေ့ဆော်မှုနဲ့
Jules Verne၊ H.G. Wells နဲ့
အခြားအရေးသွက်တွေးခေါ်သူတွေဟာ လူ့ ကြိုးပမ်း
မှုရဲ့ နယ်ပယ်သစ်တွေကိုသရုပ်ဖော်ရင်း
ဆန်းပြားတဲ့ စိတ်မှန်း
ဖြစ်နိုင်ခြေတွေကို စူးစမ်းခဲ့တယ်။
၂၀ ရာစု တစ်လျှောက်လုံးနဲ့
၂၁ ရာစုထဲမှာ
ပုံပြောသူတွေဟာ သူတို့ရဲ့ အနာဂတ်
အမြင်တွေကို ဆက်လက်မျှဝေခဲ့ပြီး
နောက်ဆယ်စုနှစ်တွေမှာ နေထိုင်တဲ့ ကမ္ဘာ့သွင်
ပြင်တွေကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့တယ်။
"Brave New World" မှာ
Aldous Huxleyက ၁၉၃၂ မှာ
စိတ်ကျကာကွယ်ဆေး သုံးတာကို
ဒီလိုဆေးမျိုး ရေပန်းမစားခင်
အချိန်အတော်ကြာက ကြိုပြောခဲ့တယ်။
၁၉၅၃ မှာ Ray Bradbury ရဲ့"Fahrenheit 451"
မှာ နားကြပ်အသေးစားကို ကြိုခန့်မှန်းတယ်။
သူ့စကားအရတော့ "အပ်ထောက် ရေဒီယို"ပါ။
"2001: A Space Odyssey" မှာ
Arthur C. Clarke က သယ်လို့ရတဲ့ သတင်းပြ
မှန်ပြားသစ်ကို ၁၉၆၈ မှာသရုပ်ဖော်ပြခဲ့တယ်။
မကြာခဏတော့ ဖျော်ဖြေရေးနဲ့ လူမှု
အစီအရင်ခံချက်ကို တွဲထားတဲ့ စက်တွေမှာ
မယုံကြည်မှုကို ဆိုင်းထားပြီး ရင်းနှီး
နက်နဲစွာ အမြစ်တွယ်နေတဲ့အဖွဲ့အစည်းတွေထဲက
အခြေခံကျတဲ့ ပြောင်းလဲမှု အကျိုးဆက်တွေကို
စဉ်းစားဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်တယ်။
ဒီသဘောမှာ
အကောင်းဆုံး သိပ္ပံဇာတ်လမ်းဟာ ဒဿနပညာရှင်
Michel Foucault ရဲ့စကားကို ဖြည့်ဆည်းတယ်။
"ကျုပ်က ရှေ့ဖြစ်ဟောသူ မဟုတ်ပါ။ အလုပ်က
နံရံရှိဖူးတဲ့နေရာမှာ ပြတင်းတွေ လုပ်တာပါ။
လက်ရှိ အကန့်အသတ်တွေနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့
ထင်မြင်ချက်တွေမှ ကင်းကွာကာ
သိပ္ပံဇာတ်လမ်းက ဖောက်ထွက်တွေးခေါ်ရေးအတွက်
အသုံးဝင်တဲ့ ကိရိယာအဖြစ် ဖြည့်ဆည်းပေတယ်။
အနာဂတ်ဝါဒီ အများအပြား
အသိအမှတ်ပြုပြီး
တချို့ဆို သိပ္ပံဇာတ်လမ်းရေးသူတွေကို
သူတို့ရဲ့ အသင်းတွေမှာ စတင် ခန့်ထားနေတယ်
သိပ်မကြာခင်က iKnow လို့ခေါ်တဲ့
ပရောဂျက်တစ်ခုက သိပ္ပံဇာတ်လမ်းတွေနဲ့
အတော်ဆင်တူတဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေကို
တင်ပြခဲ့တယ်။
၎င်းတို့မှာ ဂြိုဟ်သား ယဉ်ကျေးမှုတစ်ခု
ရှာဖွေတွေ့မှု၊
ချို့ယွင်းချက်မရှိ လူသားနဲ့ တိရစ္ဆာန်တွေ
ဆက်သွယ်တဲ့ နည်းလမ်းတစ်ခု ဖန်တီးမှုနဲ့
အခြေခံကျတဲ့ လူ့သက်တမ်းတိုးမှုတို့ပါတယ်။
ဒီတော့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ။
တကယ်တမ်း အသေအချာ မသိနိုင်ပေမဲ့
စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းက
ဖြစ်နိုင်များစွာကို ပြသပါတယ်။
အဆုံးမှာတော့ ဒီဌအဖြစ်တစ်ခု ဖန်တီးခြင်းဆီ
ကျွန်ုပ်တို့ လုပ်ဆောင်မယ်ဟာကို
သတ်မှတ်ဖို့က ကျွန်ုပ်တို့ရဲ့ တာဝန်ပါ။