စိတ်ကူး တဒင်္ဂကာလ...
၁၈၁၆ ခုနှစ်ပါ။
အသက် ၃၅ နှစ်အရွယ် René Laennec
ဆိုသူ ဆရာဝန်တစ်ယောက်ဟာ
ပါရီမြို့ထဲ လမ်းလျှောက်နေခဲ့တယ်။
ကလေးနှစ်ယောက် သစ်သားပျဉ်ချပ်ရှည်ကို
ဖြတ်ပြီး အချင်းချင်း အချက်ပြတာကို
စောင့်ကြည့်ဖို့ ခဏရပ်လိုက်တယ်။
ကလေးတစ်ယောက်က ပျဉ်ချပ်ကို
နားမှာကပ်ထားတယ်။
အခြားကလေးက ဆန့်ကျင်ဘက် အစွန်းကနေ
ကုတ်ခြစ်ကာ သစ်သားအရှည်အတိုင်း
ချဲ့ထားတဲ့ အသံကို ပို့ပေးနေတယ်။
နောက်မှာ Laennec ဟာ အမျိုးသမီးငယ်ရဲ့
နှလုံးအခြေအနေကို အကဲဖြတ်ဖို့ အခေါ်ခံရတယ်။
လူနာဟာ တော်တော်လေး ဝဖြိုးသူ ဖြစ်နေလို့
Laennec ဟာ သူမရဲ့ ရင်အုံကို
သူ့နားနဲ့ ကပ်ဖို့ ချီတုံချတုံဖြစ်နေခဲ့တယ်။
ပျဉ်ချပ်နဲ့ ကလေးတွေကို အမှတ်ရသွားပြီး
Laennec ဟာ စိတ်ကူးတဒင်္ဂကာလမှာ
တည်ကြည်စွာ
သတင်းစာတစ်ရွက်ကို ယူလိုက်ကာ
ကျစ်ကျစ်လိပ်ပြီး
တစ်ဖက်ကို သူ့နားမှာကပ်
အခြားဖက်ကို နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့
အမျိုးသမီးရဲ့ ရင်ဘတ်မှာ ကပ်ထားလိုက်တယ်။
သူဟာ အသံရဲ့ ကြည်လင်မှုကို
နှစ်ခြိုက်သွားတယ်။
Laennec ဟာ နောက်သုံးနှစ်လုံးလုံး
ပစ္စည်းစုံ၊ စက်မျိုးစုံကို
တီထွင်စမ်းသပ်နေ့ခဲ့တယ်။
အရှင်ဖြုတ်တပ်နိုင်တဲ့ အပိုင်းပါတဲ့
သစ်သားပြွန်တစ်ခုကို ရွေးမိတဲ့အထိပါ။
သူ့ရဲ့ ကိရိယာဟာ သတ္ထု၊ ပလပ်စတစ်၊
ရာဘာနဲ့ ယနေ့တိုင်သုံးနေတဲ့
နားကြပ်ရဲ့ ရှေ့ပြေးပုံစံ ဖြစ်လာခဲ့ပါတယ်။