[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.88,0:00:02.41,Default,,0000,0000,0000,,ဒီတော့ ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေနဲ့ ချီးကျူးထောပနာပြုခြင်း Dialogue: 0,0:00:02.41,0:00:05.54,Default,,0000,0000,0000,,ဂုဏ်အင်္ဂါတွေရဲ့ ခြားနားခြင်းကို ကျွန်တော် စဉ်းစားပြီးနေနေခဲ့ပါတယ်။ Dialogue: 0,0:00:05.54,0:00:08.44,Default,,0000,0000,0000,,ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေဆိုတာက သင့်ရဲ့ကိုယ်ရေးအကျဉ်းချုပ်မှာ သင်ထည့်သွင်းတဲ့ အရာတွေပေါ့၊ Dialogue: 0,0:00:08.44,0:00:11.91,Default,,0000,0000,0000,,ဈေးကွက်ထဲကို သင်ယူဆောင်လာတဲ့ တတ်ပွန်မှုတွေဆိုပါတော့။ Dialogue: 0,0:00:11.91,0:00:13.65,Default,,0000,0000,0000,,ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဆိုတာကတော့ ကွယ်လွန်သူကို Dialogue: 0,0:00:13.65,0:00:15.13,Default,,0000,0000,0000,,ချီးမွန်းထောပနာပြုတဲ့အခါမှာ ထုတ်ဖော်ပြောဆိုတဲ့အကြောင်းအရာတွေပေါ့။ Dialogue: 0,0:00:15.13,0:00:18.07,Default,,0000,0000,0000,,ဒါတွေက ပိုပြီး နက်နဲတာပေါ့။သင်ဟာ ဘယ်သူလဲ။ နက်နက်နဲနဲပြောရရင်တော့ Dialogue: 0,0:00:18.07,0:00:19.84,Default,,0000,0000,0000,,သင့်ရဲ့ နှီးနွယ်ဆက်စပ်မှုတွေရဲ့ သဘောသဘာက ဘာလဲ၊ Dialogue: 0,0:00:19.84,0:00:23.41,Default,,0000,0000,0000,,သင်ဟာ ရဲရင့်လား၊ ယုံကြည်အားထားလောက်ရဲ့လား၊တည်ကြည်ပါရဲ့လား။ Dialogue: 0,0:00:23.41,0:00:24.90,Default,,0000,0000,0000,,ကျွန်တော်အပါအဝင် ကျွန်တော်တို့ အများစုကတော့ ဂုဏ်အင်္ဂါတွေထဲမှာ Dialogue: 0,0:00:24.90,0:00:28.12,Default,,0000,0000,0000,,ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဟာဖြင့်ပိုပြီး အရေးပါတယ်လို့ ဆိုမိကြပါလိမ့် မလားပဲ။ Dialogue: 0,0:00:28.13,0:00:30.20,Default,,0000,0000,0000,,ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့ ကိစ္စမှာဆိုရင် ဒါတွေဟာ ကျွန်တော် အများဆုံး စဉ်းစားမိတဲ့ Dialogue: 0,0:00:30.20,0:00:33.00,Default,,0000,0000,0000,,အကြောင်းတွေများလားပေါ့။ အဖြေကတော့ မဟုတ်ပါဘူးလို့ပေါ့။ Dialogue: 0,0:00:33.00,0:00:35.30,Default,,0000,0000,0000,,ဒီလိုနဲ့ ကျွန်တော် အဲဒီ ပြဿနာ အကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်။ Dialogue: 0,0:00:35.30,0:00:36.46,Default,,0000,0000,0000,,ပြီးတော့ ကျွန်တော့ကို ဒီအကြောင်းကို စဉ်းစားတွေးခေါ်ဖို့ကူညီပေးသူကတော့ Dialogue: 0,0:00:36.46,0:00:38.08,Default,,0000,0000,0000,,ဂျိုးဇက် ဆိုလိုဗေ့(တ်)ချစ်(ခ်)လို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ သူဟာ ဂျူးဓမ္မဆရာတစ်ယောက်ဖြစ်ပြီး၊ Dialogue: 0,0:00:38.08,0:00:41.45,Default,,0000,0000,0000,,၁၉၆၅ ခုနှစ်မှာ "The Lonely Man Of Faith" ဆို့တဲ့စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူပါ။ Dialogue: 0,0:00:41.45,0:00:44.77,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့သဘာဝဗီဇတွေမှာ အခြမ်း(၂)ခြမ်းရှိတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)ပြောပါတယ်။ Dialogue: 0,0:00:44.77,0:00:47.16,Default,,0000,0000,0000,,ဒါတွေကိုသူက အာဒံ(၁)နဲ့ အာဒံ(၂)လို့သူကခေါ်ပါတယ်။ Dialogue: 0,0:00:47.16,0:00:48.89,Default,,0000,0000,0000,,အာဒံ(၁) ကတော့ကျွန်တော်တို့ သဘာဝဗီဇရဲ့ Dialogue: 0,0:00:48.89,0:00:51.11,Default,,0000,0000,0000,,လောကီရေးရာ၊ရည်မှန်းချက်ကြီးတာတွေနဲ့ဆိုင်တဲ့ အပြင်ဘက်ခြမ်းပါ။ Dialogue: 0,0:00:51.11,0:00:53.18,Default,,0000,0000,0000,,သူက တည်ဆောက်ချင်တယ်၊ဖန်တီးချင်တယ်၊ကုမ္ပဏီတွေကို ဖန်တီးချင်တယ် Dialogue: 0,0:00:53.18,0:00:54.73,Default,,0000,0000,0000,,၊အသစ်အဆန်းတွေကို ဖန်တီးချင်တယ်။ Dialogue: 0,0:00:54.73,0:00:57.47,Default,,0000,0000,0000,,အာဒံ(၂)ကတော့ သဘာဝဗီဇရဲ့ ထောင်လွှားမှုမရှိတဲ့ အခြမ်းပဲပေါ့။ Dialogue: 0,0:00:57.47,0:01:00.28,Default,,0000,0000,0000,,အာဒံ(၂)က ကောင်းကျိုးဆောင်ချင်ရုံမက ကောင်းအောင်လည်းနေချင်တယ်။ Dialogue: 0,0:01:00.28,0:01:02.23,Default,,0000,0000,0000,,စိတ်ထဲကနေပြီးတော့ ဘုရားသခင်၊ဖန်ဆင်ခြင်းနဲ့ ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေကို Dialogue: 0,0:01:02.23,0:01:06.04,Default,,0000,0000,0000,,ကြည်ညိုလေးစားတဲ့ နေထိုင်ပုံနဲ့ရှင်သန်ချင်တယ်။ Dialogue: 0,0:01:06.04,0:01:07.92,Default,,0000,0000,0000,,အာဒံ(၁)က လောကကြီးကို စိုးမိုးချင်တယ်။ Dialogue: 0,0:01:07.92,0:01:10.69,Default,,0000,0000,0000,,အာဒံ(၂)တော့ စိတ်အားထက်သန်မှုတွေကို ကြားသိချင်တယ်။လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်ချင်တယ်။ Dialogue: 0,0:01:10.69,0:01:13.18,Default,,0000,0000,0000,,အာဒံ(၁)က အောင်မြင်မှုကို တစိမ့်စိမ့်အရသာခံတယ်။ Dialogue: 0,0:01:13.18,0:01:15.86,Default,,0000,0000,0000,,အာဒံ(၂)ကတော့ စိတ်အတွင်းမှာ သိုဝှက်ထားတဲ့ တည်ငြိမ်မှုနဲ့ စွမ်းအားကို တစိမ့်စိမ့်အရသာခံတယ်။ Dialogue: 0,0:01:15.86,0:01:18.60,Default,,0000,0000,0000,,အာဒံ(၁)က အရာဝတ္ထုတွေ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို စုံစမ်းတယ်။ Dialogue: 0,0:01:18.60,0:01:20.92,Default,,0000,0000,0000,,အာဒံ(၂)ကတော့ ဘာကြောင့် ကျွန်တော်တို့ ဒီမှာရှိနေရတာလဲဆိုတာကို စုံစမ်းတယ်။ Dialogue: 0,0:01:20.92,0:01:23.02,Default,,0000,0000,0000,,အာဒံ(၁)ရဲ့ ဆောင်ပုဒ်က "အောင်မြင်မှု"ပါ။ Dialogue: 0,0:01:23.02,0:01:27.27,Default,,0000,0000,0000,,အာဒံ(၂)ရဲ့ဆောင်ပုဒ်ကတော့ "ချစ်ခြင်းမေတ္တာ၊ပေးဆပ်ခြင်းနဲ့ တုံပြန်မှု"ပေါ့။ Dialogue: 0,0:01:27.27,0:01:29.12,Default,,0000,0000,0000,,ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းဟာ တစ်ခုနဲ့ တစ်ခု Dialogue: 0,0:01:29.12,0:01:31.77,Default,,0000,0000,0000,,တိုက်ခိုက်နေကြတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)က ဆွေးနွေးငြင်းခုံထားပါတယ်။ Dialogue: 0,0:01:31.77,0:01:33.83,Default,,0000,0000,0000,,ကျွန်တော်တို့တွေဟာ အပြင်ပန်း အောင်မြင်မှုနဲ့ အတွင်းဖက်က တန်ဖိုးထားမှု အကြားမှာရှိတဲ့ Dialogue: 0,0:01:33.83,0:01:37.09,Default,,0000,0000,0000,,မိမိကိုယ်ကို အမြဲမပြတ် ထိ်ပ်တိုက်ရင်ဆိုင်မှုဆိုတာရဲ့ အလယ်မှာ နေထိုင်နေကြတာပါ။ Dialogue: 0,0:01:37.09,0:01:39.58,Default,,0000,0000,0000,,ဒီတော့ ကျွန်တော်ပြောချင်တဲ့ ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းနဲ့ ပတ်သက်တဲ့ Dialogue: 0,0:01:39.58,0:01:41.27,Default,,0000,0000,0000,,လှည့်စားတတ်တဲ့ အရာကတော့ သူတို့တွေဟာ Dialogue: 0,0:01:41.27,0:01:43.68,Default,,0000,0000,0000,,သဘောတရား အမျိုးမျိုးနဲ့ အလုပ်လုပ်လုပ်ကြတယ် ဆိုတာပါ။ Dialogue: 0,0:01:43.68,0:01:45.91,Default,,0000,0000,0000,,အပြင်ပန်း သဘောထားကတော့ စီးပွားရေးဆိုင်ရာ သဘောထားပေါ့။ Dialogue: 0,0:01:45.91,0:01:49.38,Default,,0000,0000,0000,,ဖြည့်သွင်းလိုက်တဲ့ အရာတွေကို ထုတ်ပေးမှုဖြစ်စေတယ်။ စွန့်စားခြင်းက ဆုလာဒ် ဖြစ်သွားတယ်။ Dialogue: 0,0:01:49.38,0:01:51.16,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ သဘာဝဗီဇ အတွင်းဘက်ကတော့ Dialogue: 0,0:01:51.16,0:01:54.58,Default,,0000,0000,0000,,ကိုယ်ကျင့်ဆိုင်ရာ သဘောထားတစ်ခု ဖြစ်ပြီးတော့ မကြာခဏဆိုသလို ပြောင်းပြန်သဘောထား တစ်ခုလည်း ဖြစ်နေတာပေါ့။ Dialogue: 0,0:01:54.58,0:01:56.45,Default,,0000,0000,0000,,လက်ခံရရှိဖို့ သင်ဟာ ပေးလှူရပါမယ်။ Dialogue: 0,0:01:56.45,0:01:58.17,Default,,0000,0000,0000,,သင့် ကိုယ်တွင်းစွမ်းအားရရှိဖို့အတွက် Dialogue: 0,0:01:58.17,0:02:00.45,Default,,0000,0000,0000,,သင့်ရဲ့ပြင်ပက တစ်ခုခုကို စွန့်လွှတ်ဖို့လိုတာပေါ့။ Dialogue: 0,0:02:00.45,0:02:02.77,Default,,0000,0000,0000,,သင်လိုချင်တာရဖို့အတွက် လိုအင်ဆန္ဒကို အောင်နိူင်ဖို့လိုတာပေါ့။ Dialogue: 0,0:02:02.77,0:02:05.56,Default,,0000,0000,0000,,ကိုယ့်ကိုကိုယ် ဖြည့်ဆည်းနိူင်ဖို့ ကိုယ့်ကိုကိုယ် မေ့ထားရမယ်။ Dialogue: 0,0:02:05.56,0:02:09.87,Default,,0000,0000,0000,,ကိုယ့်ကိုကိုယ် ရှာတွေ့နိူင်ဖို့ ကိုယ့်ကိုကိုယ် ဖျောက်ဖျက် ရမှာပါ။ Dialogue: 0,0:02:09.87,0:02:12.81,Default,,0000,0000,0000,,ကျွန်တော်တို့တွေဟာ အာဒံ(၂)ကို လျစ်လျူရှုပြီး တော့ အာဒံ(၁)ကို အားပေးထောက်ခံတဲ့ Dialogue: 0,0:02:12.81,0:02:15.05,Default,,0000,0000,0000,,လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်ဖို့ ကြုံကြိုက်နေပါတယ်။ Dialogue: 0,0:02:15.05,0:02:18.28,Default,,0000,0000,0000,,ပြဿနာက ဒီအခြေအနေကသင့်ကို ဘဝကို ကစားပွဲတစ်ခုလို မျို း ပြု မူတဲ့ Dialogue: 0,0:02:18.28,0:02:19.84,Default,,0000,0000,0000,,ပါးနပ်တဲ့ တိရိစ္ဆာန် တစ်ကောင် အသွင်ကိုပြောင်းလဲပေးလိုက်ပြီး၊ Dialogue: 0,0:02:19.84,0:02:22.56,Default,,0000,0000,0000,,သင်ဟာ\Nသင့်ရဲ့ လိုချင်တပ်မက်တဲ့ အတ္တနဲ့ အစစ်အမှန် အတ္တတို့ကြားမှာ Dialogue: 0,0:02:22.56,0:02:23.98,Default,,0000,0000,0000,,ခြားနာခြင်းတစ်ခုရှိနေတယ်ဆိုတာကို Dialogue: 0,0:02:23.98,0:02:25.41,Default,,0000,0000,0000,,သင်နားလည်သဘောပေါက်တဲ့\Nသာမညောင်ည အဆင့်ထဲကို Dialogue: 0,0:02:25.41,0:02:26.83,Default,,0000,0000,0000,,လှစ်ကနဲ ဝင်ရောက်သူ Dialogue: 0,0:02:26.83,0:02:29.40,Default,,0000,0000,0000,,သွေးအေးပြီး အပိုင်ကြံတတ်တဲ့ သတ္တဝါတစ်ကောင် ဖြစ်လာပါတယ်။ Dialogue: 0,0:02:29.40,0:02:33.37,Default,,0000,0000,0000,,တစ်ယောက်ယောက်က သင်ကိုပေးမှာပဲလို့ဆိုပြီး သငိ်လိုချင်တဲ့၊ Dialogue: 0,0:02:33.37,0:02:34.93,Default,,0000,0000,0000,,သင်မျှော်လင့်တဲ့ ချီးမွမ်းထောပနာပြုမှူမျိုးသင်ရမှာမဟုတ်ဘူး။ Dialogue: 0,0:02:34.93,0:02:36.66,Default,,0000,0000,0000,,သင့်မှာက နက်ရှိုင်းတဲ့ ယုံကြည်မှုမျိုးမရှိဘူးလေ။ Dialogue: 0,0:02:36.66,0:02:39.20,Default,,0000,0000,0000,,သင့်မှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဩဇာနဲ့ ပြည့်စုံခြင်းမရှိဘူး။ Dialogue: 0,0:02:39.20,0:02:40.97,Default,,0000,0000,0000,,သင့်မှာ ဘဝတစ်သက်တာထက်ပိုပြီးအချိန်ကြာနိူင်မယ့် Dialogue: 0,0:02:40.97,0:02:44.18,Default,,0000,0000,0000,,လုပ်ဆောင်စရာတွေကိုလုပ်ဖို့ ရည်စူးနှစ်မြှပ်ထားခြင်း မရှိဘူး။ Dialogue: 0,0:02:44.18,0:02:47.63,Default,,0000,0000,0000,,သင်ဟာ အာဒံ(၂)စစ်စစ် တစ်ယောက် ဘယ်လိုတည်ဆောက်သလဲ၊ Dialogue: 0,0:02:47.63,0:02:50.39,Default,,0000,0000,0000,,ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခုကို ဘယ်လိုတည်ဆောက်သလဲဆိုတဲ့ အတိတ်သမ်ိုင်းကနေပြီး Dialogue: 0,0:02:50.39,0:02:52.40,Default,,0000,0000,0000,,ဖြစ်နေကျ တုံ့ ပြန်မှု တစ်ခုကို ကျွန်တော် သတိရသွားတယ်။ Dialogue: 0,0:02:52.40,0:02:55.12,Default,,0000,0000,0000,,အတိတ်သမိုင်း ကနေတစ်ဆင့် လူတွေဟာ Dialogue: 0,0:02:55.12,0:02:57.01,Default,,0000,0000,0000,,သူတို့ရဲ့ကိုယ်ပိုင် အတိတ်ဖြစ်ရပ်တွေထဲကို ပြန်သွားလိုက်ကြပါတယ်။ Dialogue: 0,0:02:57.01,0:02:59.26,Default,,0000,0000,0000,,တစ်ခါတစ်လေကျတော့ သူတို့ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချိန်၊ Dialogue: 0,0:02:59.26,0:03:00.72,Default,,0000,0000,0000,,သူတို့ရဲ့ ကလေးဘဝ၊ Dialogue: 0,0:03:00.72,0:03:04.68,Default,,0000,0000,0000,,ပြီးတော့ မကြာခဏတော့ စိတ်ဆိုတာက အတိတ်မှာဖြစ်ခဲ့တဲ့ အရှက်ရစရာ တဒင်္ဂတစ်ခု၊ Dialogue: 0,0:03:04.68,0:03:06.07,Default,,0000,0000,0000,,ကျူးလွန်မိတဲ့ အကုသိုလ်၊ တစ်ကိုယ်ကောင်းဆန်မိလိုက်တဲ့ လုပ်ရပ်၊ Dialogue: 0,0:03:06.07,0:03:09.00,Default,,0000,0000,0000,,ထိန်ချန်လိုက်တဲ့၊ပေါ့တန်တဲ့လုပ်ရပ်၊ Dialogue: 0,0:03:09.00,0:03:11.29,Default,,0000,0000,0000,,ဒေါသရဲ့ဒုစရိုက်၊မိမိကိုယ်ကို ဂရုဏာသက်မိခြင်းရဲ့ အပြစ်၊ Dialogue: 0,0:03:11.29,0:03:14.03,Default,,0000,0000,0000,,လူတကာကို စိတ်ကျေနပ်သူဖြစ်အောင် ကြိုးစားနေမိခြင်း၊ Dialogue: 0,0:03:14.03,0:03:17.62,Default,,0000,0000,0000,,သတ္တိကင်းမဲ့ခြင်း စတာတွေဆီကို ဆွဲခေါ်သွားပါတယ်။ Dialogue: 0,0:03:17.62,0:03:22.31,Default,,0000,0000,0000,,အာဒံ(၁)ကို သင့်စွမ်းအားတွေကို ပျိုးထောင်ခြင်းနဲ့တည်ဆောက်ပါတယ်။ Dialogue: 0,0:03:22.31,0:03:26.41,Default,,0000,0000,0000,,အာဒံ(၂)ကိုတော့ သင့်ရဲ့အားနည်းချက်တွေကို တွန်းလှန်ခြင်းနဲ့ တည်ဆောက်ပါတယ်။ Dialogue: 0,0:03:26.41,0:03:29.27,Default,,0000,0000,0000,,သင့် ကိုယ်တွင်းအဇ္စျတ္တ ထဲကို သင်ဝင်လိုက်ပါ။ Dialogue: 0,0:03:29.27,0:03:30.94,Default,,0000,0000,0000,,သင့်ဘဝတစ်လျှောက် သင် အကြိမ်ကြိမ် ကျူးလွန်မိထားတဲ့ မကောင်းမှု၊ Dialogue: 0,0:03:30.94,0:03:32.74,Default,,0000,0000,0000,,အခြား ပေါ်ထွက်လာတာတွေထဲက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ မကောင်းမှု ကိုသင်တွေ့ရပါတယ်။ Dialogue: 0,0:03:32.74,0:03:35.43,Default,,0000,0000,0000,,သင်က အဲဒီ မကောင်းမှုကို တိုကိခိုက်ပြီး၊ Dialogue: 0,0:03:35.43,0:03:38.30,Default,,0000,0000,0000,,အဲဒီ မကောင်းမှုနဲ့ ထွေးလုံးသတ်ပုတ်ပါတယ်။ Dialogue: 0,0:03:38.30,0:03:41.43,Default,,0000,0000,0000,,အဲဒီ ထွေးလုံးသတ်ပုတ်ခြင်းကနေ၊အဲဒီဝေဒနာခံစားခြင်းကနေပြီးတော့ Dialogue: 0,0:03:41.43,0:03:45.05,Default,,0000,0000,0000,,ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခု ကိုတည်ဆောက်လိုက်ပါတယ်။ Dialogue: 0,0:03:45.05,0:03:46.95,Default,,0000,0000,0000,,နောက်ပြီးတော့မကြာခဏဆိုသလို ကျွန်တော်တို့ကို Dialogue: 0,0:03:46.95,0:03:48.09,Default,,0000,0000,0000,,ကိုယ်တွင်းမှာရှိတဲ့ မကောင်းမှုကို အသိအမှတ်ပြုဖို့သင်ကြားပေးထားခြင်းမရှိပါဘူး။ Dialogue: 0,0:03:48.09,0:03:49.94,Default,,0000,0000,0000,,ဒါကို ဘယ်လို ယှဉ်ပြိုင်သတ်ပုတ်ရမလဲ၊ Dialogue: 0,0:03:49.94,0:03:51.88,Default,,0000,0000,0000,,ဘယ်လို ရင်ဆိုင်ရမလဲ၊ ဒါကို ဘယ်လို ထိုးစစ်ဆင်ရမလဲ ဆိုတာကို Dialogue: 0,0:03:51.88,0:03:54.56,Default,,0000,0000,0000,,ဒီယဉ်ကျေးမှုမှာ သင်ထားပေးခြင်း မရှိပါဘူး။ Dialogue: 0,0:03:54.56,0:03:57.88,Default,,0000,0000,0000,,အာဒံ(၁)တစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ယဉ်ကျေးမှုတစ်ခု အတွင်းမှာ ကျွန်တော်တို့နေထိုင်နေပြီး၊ Dialogue: 0,0:03:57.88,0:04:01.05,Default,,0000,0000,0000,,အဲဒီမှာ အာဒံ(၂)အကြောင်းကို ကျွန်တော်တို့ မဖွင့်ဟတတ်ပါဘူး။ Dialogue: 0,0:04:01.05,0:04:02.71,Default,,0000,0000,0000,,နောက်ဆုံးအနေနဲ့ ရင်း(န်)ဟိုး နီးဘား ကနေပြီး Dialogue: 0,0:04:02.71,0:04:04.84,Default,,0000,0000,0000,,ပြီးပြည့်စုံတဲ့ နေထိုင်မှုနဲ့အာဒံ(၁)နဲ့ အာဒံ(၂)ရဲ့ ဘဝ Dialogue: 0,0:04:04.84,0:04:08.40,Default,,0000,0000,0000,,ထိပ်တိုက်ရင်ဆိုင်ခြင်းကို ဒီလို အနှစ်ချုပ်ခဲ့တယ်။ Dialogue: 0,0:04:08.40,0:04:11.66,Default,,0000,0000,0000,,"လုပ်သင့်လုပ်သင့်လုပ်ထိုက်သော မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ ဘဝတစ်သင်တာတွင် အောင်မြင်ပြီးမြောက်နိူင်မည် မဟုတ်ချေ။ Dialogue: 0,0:04:11.66,0:04:14.04,Default,,0000,0000,0000,,ထို့ကြောင့် မျှော်လင့် ခြင်းအားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ Dialogue: 0,0:04:14.04,0:04:17.15,Default,,0000,0000,0000,,စစ်မှန်သော၊လှပသော၊ကောင်းမွန်သော မည်သည့်အရာကမျှ Dialogue: 0,0:04:17.15,0:04:20.10,Default,,0000,0000,0000,,သမိုင်း၏ လတ်တလော\Nအခြေအနေမှာ ပြည့်စုံသော အဓိပ္ပါယ်ကို မပေါ်လွင်စေပါ။ Dialogue: 0,0:04:20.10,0:04:22.78,Default,,0000,0000,0000,,ထို့ကြောင့် ယုံကြည်မှုဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ Dialogue: 0,0:04:22.78,0:04:26.67,Default,,0000,0000,0000,,မည်သို့ပင် ကောင်းမြတ်စေကာမူ ကျွန်ုပ်တို့ပြုလုပ်သော မည်သည့်အရာမျှ တစ်ယောက်တည်းဖြင့် ပြီးမြောက်နိူင်မည် မဟုတ်ချေ။ Dialogue: 0,0:04:26.67,0:04:29.72,Default,,0000,0000,0000,,ထို့ ကြောင့် မေတ္တာတရားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ Dialogue: 0,0:04:29.72,0:04:32.16,Default,,0000,0000,0000,,ဘယ်ကောင်းမြတ်သော လုပ်ဆောင်မှုမျှ ကျွန်ုပ်တို့၏ရန်သူရဲ့ ရှုထောင့်လောက်၊ Dialogue: 0,0:04:32.16,0:04:36.14,Default,,0000,0000,0000,,ကျွန်ုပ်တို့၏ မိတ်ဆွေရဲ့ ရှုထောင့်လောက် မကောင်းမြတ်နိူင်ပါ။ Dialogue: 0,0:04:36.14,0:04:38.97,Default,,0000,0000,0000,,ထို့ကြောင့် ဒီ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံး အသွင်အပြင်ဖြစ်တဲ့ Dialogue: 0,0:04:38.97,0:04:40.60,Default,,0000,0000,0000,,ခွင့်လွတ်ခြင်းဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။" Dialogue: 0,0:04:40.60,0:04:42.68,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ်။ Dialogue: 0,0:04:42.68,0:04:44.40,Default,,0000,0000,0000,,(လက်ခုပ်သံများ)