1 00:00:00,885 --> 00:00:02,407 ဒီတော့ ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေနဲ့ ချီးကျူးထောပနာပြုခြင်း 2 00:00:02,407 --> 00:00:05,541 ဂုဏ်အင်္ဂါတွေရဲ့ ခြားနားခြင်းကို ကျွန်တော် စဉ်းစားပြီးနေနေခဲ့ပါတယ်။ 3 00:00:05,541 --> 00:00:08,443 ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေဆိုတာက သင့်ရဲ့ကိုယ်ရေးအကျဉ်းချုပ်မှာ သင်ထည့်သွင်းတဲ့ အရာတွေပေါ့၊ 4 00:00:08,443 --> 00:00:11,909 ဈေးကွက်ထဲကို သင်ယူဆောင်လာတဲ့ တတ်ပွန်မှုတွေဆိုပါတော့။ 5 00:00:11,909 --> 00:00:13,647 ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဆိုတာကတော့ ကွယ်လွန်သူကို 6 00:00:13,647 --> 00:00:15,129 ချီးမွန်းထောပနာပြုတဲ့အခါမှာ ထုတ်ဖော်ပြောဆိုတဲ့အကြောင်းအရာတွေပေါ့။ 7 00:00:15,129 --> 00:00:18,067 ဒါတွေက ပိုပြီး နက်နဲတာပေါ့။သင်ဟာ ဘယ်သူလဲ။ နက်နက်နဲနဲပြောရရင်တော့ 8 00:00:18,067 --> 00:00:19,843 သင့်ရဲ့ နှီးနွယ်ဆက်စပ်မှုတွေရဲ့ သဘောသဘာက ဘာလဲ၊ 9 00:00:19,843 --> 00:00:23,407 သင်ဟာ ရဲရင့်လား၊ ယုံကြည်အားထားလောက်ရဲ့လား၊တည်ကြည်ပါရဲ့လား။ 10 00:00:23,407 --> 00:00:24,901 ကျွန်တော်အပါအဝင် ကျွန်တော်တို့ အများစုကတော့ ဂုဏ်အင်္ဂါတွေထဲမှာ 11 00:00:24,901 --> 00:00:28,117 ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဟာဖြင့်ပိုပြီး အရေးပါတယ်လို့ ဆိုမိကြပါလိမ့် မလားပဲ။ 12 00:00:28,127 --> 00:00:30,200 ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့ ကိစ္စမှာဆိုရင် ဒါတွေဟာ ကျွန်တော် အများဆုံး စဉ်းစားမိတဲ့ 13 00:00:30,200 --> 00:00:33,002 အကြောင်းတွေများလားပေါ့။ အဖြေကတော့ မဟုတ်ပါဘူးလို့ပေါ့။ 14 00:00:33,002 --> 00:00:35,295 ဒီလိုနဲ့ ကျွန်တော် အဲဒီ ပြဿနာ အကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်။ 15 00:00:35,295 --> 00:00:36,463 ပြီးတော့ ကျွန်တော့ကို ဒီအကြောင်းကို စဉ်းစားတွေးခေါ်ဖို့ကူညီပေးသူကတော့ 16 00:00:36,463 --> 00:00:38,076 ဂျိုးဇက် ဆိုလိုဗေ့(တ်)ချစ်(ခ်)လို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ သူဟာ ဂျူးဓမ္မဆရာတစ်ယောက်ဖြစ်ပြီး၊ 17 00:00:38,076 --> 00:00:41,446 ၁၉၆၅ ခုနှစ်မှာ "The Lonely Man Of Faith" ဆို့တဲ့စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူပါ။ 18 00:00:41,446 --> 00:00:44,766 ကျွန်တော်တို့ရဲ့သဘာဝဗီဇတွေမှာ အခြမ်း(၂)ခြမ်းရှိတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)ပြောပါတယ်။ 19 00:00:44,766 --> 00:00:47,156 ဒါတွေကိုသူက အာဒံ(၁)နဲ့ အာဒံ(၂)လို့သူကခေါ်ပါတယ်။ 20 00:00:47,156 --> 00:00:48,888 အာဒံ(၁) ကတော့ကျွန်တော်တို့ သဘာဝဗီဇရဲ့ 21 00:00:48,888 --> 00:00:51,111 လောကီရေးရာ၊ရည်မှန်းချက်ကြီးတာတွေနဲ့ဆိုင်တဲ့ အပြင်ဘက်ခြမ်းပါ။ 22 00:00:51,111 --> 00:00:53,184 သူက တည်ဆောက်ချင်တယ်၊ဖန်တီးချင်တယ်၊ကုမ္ပဏီတွေကို ဖန်တီးချင်တယ် 23 00:00:53,184 --> 00:00:54,730 ၊အသစ်အဆန်းတွေကို ဖန်တီးချင်တယ်။ 24 00:00:54,730 --> 00:00:57,468 အာဒံ(၂)ကတော့ သဘာဝဗီဇရဲ့ ထောင်လွှားမှုမရှိတဲ့ အခြမ်းပဲပေါ့။ 25 00:00:57,468 --> 00:01:00,285 အာဒံ(၂)က ကောင်းကျိုးဆောင်ချင်ရုံမက ကောင်းအောင်လည်းနေချင်တယ်။ 26 00:01:00,285 --> 00:01:02,232 စိတ်ထဲကနေပြီးတော့ ဘုရားသခင်၊ဖန်ဆင်ခြင်းနဲ့ ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေကို 27 00:01:02,232 --> 00:01:06,035 ကြည်ညိုလေးစားတဲ့ နေထိုင်ပုံနဲ့ရှင်သန်ချင်တယ်။ 28 00:01:06,035 --> 00:01:07,923 အာဒံ(၁)က လောကကြီးကို စိုးမိုးချင်တယ်။ 29 00:01:07,923 --> 00:01:10,687 အာဒံ(၂)တော့ စိတ်အားထက်သန်မှုတွေကို ကြားသိချင်တယ်။လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်ချင်တယ်။ 30 00:01:10,687 --> 00:01:13,175 အာဒံ(၁)က အောင်မြင်မှုကို တစိမ့်စိမ့်အရသာခံတယ်။ 31 00:01:13,175 --> 00:01:15,857 အာဒံ(၂)ကတော့ စိတ်အတွင်းမှာ သိုဝှက်ထားတဲ့ တည်ငြိမ်မှုနဲ့ စွမ်းအားကို တစိမ့်စိမ့်အရသာခံတယ်။ 32 00:01:15,857 --> 00:01:18,600 အာဒံ(၁)က အရာဝတ္ထုတွေ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို စုံစမ်းတယ်။ 33 00:01:18,600 --> 00:01:20,918 အာဒံ(၂)ကတော့ ဘာကြောင့် ကျွန်တော်တို့ ဒီမှာရှိနေရတာလဲဆိုတာကို စုံစမ်းတယ်။ 34 00:01:20,918 --> 00:01:23,022 အာဒံ(၁)ရဲ့ ဆောင်ပုဒ်က "အောင်မြင်မှု"ပါ။ 35 00:01:23,022 --> 00:01:27,268 အာဒံ(၂)ရဲ့ဆောင်ပုဒ်ကတော့ "ချစ်ခြင်းမေတ္တာ၊ပေးဆပ်ခြင်းနဲ့ တုံပြန်မှု"ပေါ့။ 36 00:01:27,268 --> 00:01:29,118 ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းဟာ တစ်ခုနဲ့ တစ်ခု 37 00:01:29,118 --> 00:01:31,766 တိုက်ခိုက်နေကြတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)က ဆွေးနွေးငြင်းခုံထားပါတယ်။ 38 00:01:31,766 --> 00:01:33,830 ကျွန်တော်တို့တွေဟာ အပြင်ပန်း အောင်မြင်မှုနဲ့ အတွင်းဖက်က တန်ဖိုးထားမှု အကြားမှာရှိတဲ့ 39 00:01:33,830 --> 00:01:37,094 မိမိကိုယ်ကို အမြဲမပြတ် ထိ်ပ်တိုက်ရင်ဆိုင်မှုဆိုတာရဲ့ အလယ်မှာ နေထိုင်နေကြတာပါ။ 40 00:01:37,094 --> 00:01:39,578 ဒီတော့ ကျွန်တော်ပြောချင်တဲ့ ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းနဲ့ ပတ်သက်တဲ့ 41 00:01:39,578 --> 00:01:41,270 လှည့်စားတတ်တဲ့ အရာကတော့ သူတို့တွေဟာ 42 00:01:41,270 --> 00:01:43,680 သဘောတရား အမျိုးမျိုးနဲ့ အလုပ်လုပ်လုပ်ကြတယ် ဆိုတာပါ။ 43 00:01:43,680 --> 00:01:45,914 အပြင်ပန်း သဘောထားကတော့ စီးပွားရေးဆိုင်ရာ သဘောထားပေါ့။ 44 00:01:45,914 --> 00:01:49,380 ဖြည့်သွင်းလိုက်တဲ့ အရာတွေကို ထုတ်ပေးမှုဖြစ်စေတယ်။ စွန့်စားခြင်းက ဆုလာဒ် ဖြစ်သွားတယ်။ 45 00:01:49,380 --> 00:01:51,156 ကျွန်တော်တို့ရဲ့ သဘာဝဗီဇ အတွင်းဘက်ကတော့ 46 00:01:51,156 --> 00:01:54,577 ကိုယ်ကျင့်ဆိုင်ရာ သဘောထားတစ်ခု ဖြစ်ပြီးတော့ မကြာခဏဆိုသလို ပြောင်းပြန်သဘောထား တစ်ခုလည်း ဖြစ်နေတာပေါ့။ 47 00:01:54,577 --> 00:01:56,451 လက်ခံရရှိဖို့ သင်ဟာ ပေးလှူရပါမယ်။ 48 00:01:56,451 --> 00:01:58,167 သင့် ကိုယ်တွင်းစွမ်းအားရရှိဖို့အတွက် 49 00:01:58,167 --> 00:02:00,449 သင့်ရဲ့ပြင်ပက တစ်ခုခုကို စွန့်လွှတ်ဖို့လိုတာပေါ့။ 50 00:02:00,449 --> 00:02:02,770 သင်လိုချင်တာရဖို့အတွက် လိုအင်ဆန္ဒကို အောင်နိူင်ဖို့လိုတာပေါ့။ 51 00:02:02,770 --> 00:02:05,561 ကိုယ့်ကိုကိုယ် ဖြည့်ဆည်းနိူင်ဖို့ ကိုယ့်ကိုကိုယ် မေ့ထားရမယ်။ 52 00:02:05,561 --> 00:02:09,872 ကိုယ့်ကိုကိုယ် ရှာတွေ့နိူင်ဖို့ ကိုယ့်ကိုကိုယ် ဖျောက်ဖျက် ရမှာပါ။ 53 00:02:09,872 --> 00:02:12,809 ကျွန်တော်တို့တွေဟာ အာဒံ(၂)ကို လျစ်လျူရှုပြီး တော့ အာဒံ(၁)ကို အားပေးထောက်ခံတဲ့ 54 00:02:12,809 --> 00:02:15,049 လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်ဖို့ ကြုံကြိုက်နေပါတယ်။ 55 00:02:15,049 --> 00:02:18,281 ပြဿနာက ဒီအခြေအနေကသင့်ကို ဘဝကို ကစားပွဲတစ်ခုလို မျို း ပြု မူတဲ့ 56 00:02:18,281 --> 00:02:19,838 ပါးနပ်တဲ့ တိရိစ္ဆာန် တစ်ကောင် အသွင်ကိုပြောင်းလဲပေးလိုက်ပြီး၊ 57 00:02:19,838 --> 00:02:22,563 သင်ဟာ သင့်ရဲ့ လိုချင်တပ်မက်တဲ့ အတ္တနဲ့ အစစ်အမှန် အတ္တတို့ကြားမှာ 58 00:02:22,563 --> 00:02:23,985 ခြားနာခြင်းတစ်ခုရှိနေတယ်ဆိုတာကို 59 00:02:23,985 --> 00:02:25,407 သင်နားလည်သဘောပေါက်တဲ့ သာမညောင်ည အဆင့်ထဲကို 60 00:02:25,407 --> 00:02:26,829 လှစ်ကနဲ ဝင်ရောက်သူ 61 00:02:26,829 --> 00:02:29,401 သွေးအေးပြီး အပိုင်ကြံတတ်တဲ့ သတ္တဝါတစ်ကောင် ဖြစ်လာပါတယ်။ 62 00:02:29,401 --> 00:02:33,374 တစ်ယောက်ယောက်က သင်ကိုပေးမှာပဲလို့ဆိုပြီး သငိ်လိုချင်တဲ့၊ 63 00:02:33,374 --> 00:02:34,934 သင်မျှော်လင့်တဲ့ ချီးမွမ်းထောပနာပြုမှူမျိုးသင်ရမှာမဟုတ်ဘူး။ 64 00:02:34,934 --> 00:02:36,660 သင့်မှာက နက်ရှိုင်းတဲ့ ယုံကြည်မှုမျိုးမရှိဘူးလေ။ 65 00:02:36,660 --> 00:02:39,197 သင့်မှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဩဇာနဲ့ ပြည့်စုံခြင်းမရှိဘူး။ 66 00:02:39,197 --> 00:02:40,966 သင့်မှာ ဘဝတစ်သက်တာထက်ပိုပြီးအချိန်ကြာနိူင်မယ့် 67 00:02:40,966 --> 00:02:44,180 လုပ်ဆောင်စရာတွေကိုလုပ်ဖို့ ရည်စူးနှစ်မြှပ်ထားခြင်း မရှိဘူး။ 68 00:02:44,180 --> 00:02:47,627 သင်ဟာ အာဒံ(၂)စစ်စစ် တစ်ယောက် ဘယ်လိုတည်ဆောက်သလဲ၊ 69 00:02:47,627 --> 00:02:50,389 ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခုကို ဘယ်လိုတည်ဆောက်သလဲဆိုတဲ့ အတိတ်သမ်ိုင်းကနေပြီး 70 00:02:50,389 --> 00:02:52,399 ဖြစ်နေကျ တုံ့ ပြန်မှု တစ်ခုကို ကျွန်တော် သတိရသွားတယ်။ 71 00:02:52,399 --> 00:02:55,124 အတိတ်သမိုင်း ကနေတစ်ဆင့် လူတွေဟာ 72 00:02:55,124 --> 00:02:57,010 သူတို့ရဲ့ကိုယ်ပိုင် အတိတ်ဖြစ်ရပ်တွေထဲကို ပြန်သွားလိုက်ကြပါတယ်။ 73 00:02:57,010 --> 00:02:59,260 တစ်ခါတစ်လေကျတော့ သူတို့ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချိန်၊ 74 00:02:59,260 --> 00:03:00,719 သူတို့ရဲ့ ကလေးဘဝ၊ 75 00:03:00,719 --> 00:03:04,685 ပြီးတော့ မကြာခဏတော့ စိတ်ဆိုတာက အတိတ်မှာဖြစ်ခဲ့တဲ့ အရှက်ရစရာ တဒင်္ဂတစ်ခု၊ 76 00:03:04,685 --> 00:03:06,073 ကျူးလွန်မိတဲ့ အကုသိုလ်၊ တစ်ကိုယ်ကောင်းဆန်မိလိုက်တဲ့ လုပ်ရပ်၊ 77 00:03:06,073 --> 00:03:09,000 ထိန်ချန်လိုက်တဲ့၊ပေါ့တန်တဲ့လုပ်ရပ်၊ 78 00:03:09,000 --> 00:03:11,290 ဒေါသရဲ့ဒုစရိုက်၊မိမိကိုယ်ကို ဂရုဏာသက်မိခြင်းရဲ့ အပြစ်၊ 79 00:03:11,290 --> 00:03:14,033 လူတကာကို စိတ်ကျေနပ်သူဖြစ်အောင် ကြိုးစားနေမိခြင်း၊ 80 00:03:14,033 --> 00:03:17,618 သတ္တိကင်းမဲ့ခြင်း စတာတွေဆီကို ဆွဲခေါ်သွားပါတယ်။ 81 00:03:17,618 --> 00:03:22,313 အာဒံ(၁)ကို သင့်စွမ်းအားတွေကို ပျိုးထောင်ခြင်းနဲ့တည်ဆောက်ပါတယ်။ 82 00:03:22,313 --> 00:03:26,409 အာဒံ(၂)ကိုတော့ သင့်ရဲ့အားနည်းချက်တွေကို တွန်းလှန်ခြင်းနဲ့ တည်ဆောက်ပါတယ်။ 83 00:03:26,409 --> 00:03:29,267 သင့် ကိုယ်တွင်းအဇ္စျတ္တ ထဲကို သင်ဝင်လိုက်ပါ။ 84 00:03:29,267 --> 00:03:30,939 သင့်ဘဝတစ်လျှောက် သင် အကြိမ်ကြိမ် ကျူးလွန်မိထားတဲ့ မကောင်းမှု၊ 85 00:03:30,939 --> 00:03:32,740 အခြား ပေါ်ထွက်လာတာတွေထဲက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ မကောင်းမှု ကိုသင်တွေ့ရပါတယ်။ 86 00:03:32,740 --> 00:03:35,431 သင်က အဲဒီ မကောင်းမှုကို တိုကိခိုက်ပြီး၊ 87 00:03:35,431 --> 00:03:38,295 အဲဒီ မကောင်းမှုနဲ့ ထွေးလုံးသတ်ပုတ်ပါတယ်။ 88 00:03:38,295 --> 00:03:41,431 အဲဒီ ထွေးလုံးသတ်ပုတ်ခြင်းကနေ၊အဲဒီဝေဒနာခံစားခြင်းကနေပြီးတော့ 89 00:03:41,431 --> 00:03:45,049 ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခု ကိုတည်ဆောက်လိုက်ပါတယ်။ 90 00:03:45,049 --> 00:03:46,951 နောက်ပြီးတော့မကြာခဏဆိုသလို ကျွန်တော်တို့ကို 91 00:03:46,951 --> 00:03:48,087 ကိုယ်တွင်းမှာရှိတဲ့ မကောင်းမှုကို အသိအမှတ်ပြုဖို့သင်ကြားပေးထားခြင်းမရှိပါဘူး။ 92 00:03:48,087 --> 00:03:49,935 ဒါကို ဘယ်လို ယှဉ်ပြိုင်သတ်ပုတ်ရမလဲ၊ 93 00:03:49,935 --> 00:03:51,882 ဘယ်လို ရင်ဆိုင်ရမလဲ၊ ဒါကို ဘယ်လို ထိုးစစ်ဆင်ရမလဲ ဆိုတာကို 94 00:03:51,882 --> 00:03:54,555 ဒီယဉ်ကျေးမှုမှာ သင်ထားပေးခြင်း မရှိပါဘူး။ 95 00:03:54,555 --> 00:03:57,885 အာဒံ(၁)တစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ယဉ်ကျေးမှုတစ်ခု အတွင်းမှာ ကျွန်တော်တို့နေထိုင်နေပြီး၊ 96 00:03:57,885 --> 00:04:01,054 အဲဒီမှာ အာဒံ(၂)အကြောင်းကို ကျွန်တော်တို့ မဖွင့်ဟတတ်ပါဘူး။ 97 00:04:01,054 --> 00:04:02,710 နောက်ဆုံးအနေနဲ့ ရင်း(န်)ဟိုး နီးဘား ကနေပြီး 98 00:04:02,710 --> 00:04:04,845 ပြီးပြည့်စုံတဲ့ နေထိုင်မှုနဲ့အာဒံ(၁)နဲ့ အာဒံ(၂)ရဲ့ ဘဝ 99 00:04:04,845 --> 00:04:08,398 ထိပ်တိုက်ရင်ဆိုင်ခြင်းကို ဒီလို အနှစ်ချုပ်ခဲ့တယ်။ 100 00:04:08,398 --> 00:04:11,660 "လုပ်သင့်လုပ်သင့်လုပ်ထိုက်သော မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ ဘဝတစ်သင်တာတွင် အောင်မြင်ပြီးမြောက်နိူင်မည် မဟုတ်ချေ။ 101 00:04:11,660 --> 00:04:14,042 ထို့ကြောင့် မျှော်လင့် ခြင်းအားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 102 00:04:14,042 --> 00:04:17,148 စစ်မှန်သော၊လှပသော၊ကောင်းမွန်သော မည်သည့်အရာကမျှ 103 00:04:17,148 --> 00:04:20,103 သမိုင်း၏ လတ်တလော အခြေအနေမှာ ပြည့်စုံသော အဓိပ္ပါယ်ကို မပေါ်လွင်စေပါ။ 104 00:04:20,103 --> 00:04:22,782 ထို့ကြောင့် ယုံကြည်မှုဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 105 00:04:22,782 --> 00:04:26,672 မည်သို့ပင် ကောင်းမြတ်စေကာမူ ကျွန်ုပ်တို့ပြုလုပ်သော မည်သည့်အရာမျှ တစ်ယောက်တည်းဖြင့် ပြီးမြောက်နိူင်မည် မဟုတ်ချေ။ 106 00:04:26,672 --> 00:04:29,718 ထို့ ကြောင့် မေတ္တာတရားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 107 00:04:29,718 --> 00:04:32,155 ဘယ်ကောင်းမြတ်သော လုပ်ဆောင်မှုမျှ ကျွန်ုပ်တို့၏ရန်သူရဲ့ ရှုထောင့်လောက်၊ 108 00:04:32,155 --> 00:04:36,141 ကျွန်ုပ်တို့၏ မိတ်ဆွေရဲ့ ရှုထောင့်လောက် မကောင်းမြတ်နိူင်ပါ။ 109 00:04:36,141 --> 00:04:38,968 ထို့ကြောင့် ဒီ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံး အသွင်အပြင်ဖြစ်တဲ့ 110 00:04:38,968 --> 00:04:40,604 ခွင့်လွတ်ခြင်းဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။" 111 00:04:40,604 --> 00:04:42,680 ကျေးဇူးတင်ပါတယ်။ 112 00:04:42,680 --> 00:04:44,398 (လက်ခုပ်သံများ)