0:00:00.885,0:00:02.407 ဒီတော့ ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေနဲ့ ချီးကျူးထောပနာပြုခြင်း 0:00:02.407,0:00:05.541 ဂုဏ်အင်္ဂါတွေရဲ့ ခြားနားခြင်းကို ကျွန်တော် စဉ်းစားပြီးနေနေခဲ့ပါတယ်။ 0:00:05.541,0:00:08.443 ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေဆိုတာက သင့်ရဲ့ကိုယ်ရေးအကျဉ်းချုပ်မှာ သင်ထည့်သွင်းတဲ့ အရာတွေပေါ့၊ 0:00:08.443,0:00:11.909 ဈေးကွက်ထဲကို သင်ယူဆောင်လာတဲ့ တတ်ပွန်မှုတွေဆိုပါတော့။ 0:00:11.909,0:00:13.647 ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဆိုတာကတော့ ကွယ်လွန်သူကို 0:00:13.647,0:00:15.129 ချီးမွန်းထောပနာပြုတဲ့အခါမှာ ထုတ်ဖော်ပြောဆိုတဲ့အကြောင်းအရာတွေပေါ့။ 0:00:15.129,0:00:18.067 ဒါတွေက ပိုပြီး နက်နဲတာပေါ့။သင်ဟာ ဘယ်သူလဲ။ နက်နက်နဲနဲပြောရရင်တော့ 0:00:18.067,0:00:19.843 သင့်ရဲ့ နှီးနွယ်ဆက်စပ်မှုတွေရဲ့ သဘောသဘာက ဘာလဲ၊ 0:00:19.843,0:00:23.407 သင်ဟာ ရဲရင့်လား၊ ယုံကြည်အားထားလောက်ရဲ့လား၊တည်ကြည်ပါရဲ့လား။ 0:00:23.407,0:00:24.901 ကျွန်တော်အပါအဝင် ကျွန်တော်တို့ အများစုကတော့ ဂုဏ်အင်္ဂါတွေထဲမှာ 0:00:24.901,0:00:28.117 ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဟာဖြင့်ပိုပြီး အရေးပါတယ်လို့ ဆိုမိကြပါလိမ့် မလားပဲ။ 0:00:28.127,0:00:30.200 ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့ ကိစ္စမှာဆိုရင် ဒါတွေဟာ ကျွန်တော် အများဆုံး စဉ်းစားမိတဲ့ 0:00:30.200,0:00:33.002 အကြောင်းတွေများလားပေါ့။ အဖြေကတော့ မဟုတ်ပါဘူးလို့ပေါ့။ 0:00:33.002,0:00:35.295 ဒီလိုနဲ့ ကျွန်တော် အဲဒီ ပြဿနာ အကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်။ 0:00:35.295,0:00:36.463 ပြီးတော့ ကျွန်တော့ကို ဒီအကြောင်းကို စဉ်းစားတွေးခေါ်ဖို့ကူညီပေးသူကတော့ 0:00:36.463,0:00:38.076 ဂျိုးဇက် ဆိုလိုဗေ့(တ်)ချစ်(ခ်)လို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ သူဟာ ဂျူးဓမ္မဆရာတစ်ယောက်ဖြစ်ပြီး၊ 0:00:38.076,0:00:41.446 ၁၉၆၅ ခုနှစ်မှာ "The Lonely Man Of Faith" ဆို့တဲ့စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူပါ။ 0:00:41.446,0:00:44.766 ကျွန်တော်တို့ရဲ့သဘာဝဗီဇတွေမှာ အခြမ်း(၂)ခြမ်းရှိတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)ပြောပါတယ်။ 0:00:44.766,0:00:47.156 ဒါတွေကိုသူက အာဒံ(၁)နဲ့ အာဒံ(၂)လို့သူကခေါ်ပါတယ်။ 0:00:47.156,0:00:48.888 အာဒံ(၁) ကတော့ကျွန်တော်တို့ သဘာဝဗီဇရဲ့ 0:00:48.888,0:00:51.111 လောကီရေးရာ၊ရည်မှန်းချက်ကြီးတာတွေနဲ့ဆိုင်တဲ့ အပြင်ဘက်ခြမ်းပါ။ 0:00:51.111,0:00:53.184 သူက တည်ဆောက်ချင်တယ်၊ဖန်တီးချင်တယ်၊ကုမ္ပဏီတွေကို ဖန်တီးချင်တယ် 0:00:53.184,0:00:54.730 ၊အသစ်အဆန်းတွေကို ဖန်တီးချင်တယ်။ 0:00:54.730,0:00:57.468 အာဒံ(၂)ကတော့ သဘာဝဗီဇရဲ့ ထောင်လွှားမှုမရှိတဲ့ အခြမ်းပဲပေါ့။ 0:00:57.468,0:01:00.285 အာဒံ(၂)က ကောင်းကျိုးဆောင်ချင်ရုံမက ကောင်းအောင်လည်းနေချင်တယ်။ 0:01:00.285,0:01:02.232 စိတ်ထဲကနေပြီးတော့ ဘုရားသခင်၊ဖန်ဆင်ခြင်းနဲ့ ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေကို 0:01:02.232,0:01:06.035 ကြည်ညိုလေးစားတဲ့ နေထိုင်ပုံနဲ့ရှင်သန်ချင်တယ်။ 0:01:06.035,0:01:07.923 အာဒံ(၁)က လောကကြီးကို စိုးမိုးချင်တယ်။ 0:01:07.923,0:01:10.687 အာဒံ(၂)တော့ စိတ်အားထက်သန်မှုတွေကို ကြားသိချင်တယ်။လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်ချင်တယ်။ 0:01:10.687,0:01:13.175 အာဒံ(၁)က အောင်မြင်မှုကို တစိမ့်စိမ့်အရသာခံတယ်။ 0:01:13.175,0:01:15.857 အာဒံ(၂)ကတော့ စိတ်အတွင်းမှာ သိုဝှက်ထားတဲ့ တည်ငြိမ်မှုနဲ့ စွမ်းအားကို တစိမ့်စိမ့်အရသာခံတယ်။ 0:01:15.857,0:01:18.600 အာဒံ(၁)က အရာဝတ္ထုတွေ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို စုံစမ်းတယ်။ 0:01:18.600,0:01:20.918 အာဒံ(၂)ကတော့ ဘာကြောင့် ကျွန်တော်တို့ ဒီမှာရှိနေရတာလဲဆိုတာကို စုံစမ်းတယ်။ 0:01:20.918,0:01:23.022 အာဒံ(၁)ရဲ့ ဆောင်ပုဒ်က "အောင်မြင်မှု"ပါ။ 0:01:23.022,0:01:27.268 အာဒံ(၂)ရဲ့ဆောင်ပုဒ်ကတော့ "ချစ်ခြင်းမေတ္တာ၊ပေးဆပ်ခြင်းနဲ့ တုံပြန်မှု"ပေါ့။ 0:01:27.268,0:01:29.118 ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းဟာ တစ်ခုနဲ့ တစ်ခု 0:01:29.118,0:01:31.766 တိုက်ခိုက်နေကြတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)က ဆွေးနွေးငြင်းခုံထားပါတယ်။ 0:01:31.766,0:01:33.830 ကျွန်တော်တို့တွေဟာ အပြင်ပန်း အောင်မြင်မှုနဲ့ အတွင်းဖက်က တန်ဖိုးထားမှု အကြားမှာရှိတဲ့ 0:01:33.830,0:01:37.094 မိမိကိုယ်ကို အမြဲမပြတ် ထိ်ပ်တိုက်ရင်ဆိုင်မှုဆိုတာရဲ့ အလယ်မှာ နေထိုင်နေကြတာပါ။ 0:01:37.094,0:01:39.578 ဒီတော့ ကျွန်တော်ပြောချင်တဲ့ ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းနဲ့ ပတ်သက်တဲ့ 0:01:39.578,0:01:41.270 လှည့်စားတတ်တဲ့ အရာကတော့ သူတို့တွေဟာ 0:01:41.270,0:01:43.680 သဘောတရား အမျိုးမျိုးနဲ့ အလုပ်လုပ်လုပ်ကြတယ် ဆိုတာပါ။ 0:01:43.680,0:01:45.914 အပြင်ပန်း သဘောထားကတော့ စီးပွားရေးဆိုင်ရာ သဘောထားပေါ့။ 0:01:45.914,0:01:49.380 ဖြည့်သွင်းလိုက်တဲ့ အရာတွေကို ထုတ်ပေးမှုဖြစ်စေတယ်။ စွန့်စားခြင်းက ဆုလာဒ် ဖြစ်သွားတယ်။ 0:01:49.380,0:01:51.156 ကျွန်တော်တို့ရဲ့ သဘာဝဗီဇ အတွင်းဘက်ကတော့ 0:01:51.156,0:01:54.577 ကိုယ်ကျင့်ဆိုင်ရာ သဘောထားတစ်ခု ဖြစ်ပြီးတော့ မကြာခဏဆိုသလို ပြောင်းပြန်သဘောထား တစ်ခုလည်း ဖြစ်နေတာပေါ့။ 0:01:54.577,0:01:56.451 လက်ခံရရှိဖို့ သင်ဟာ ပေးလှူရပါမယ်။ 0:01:56.451,0:01:58.167 သင့် ကိုယ်တွင်းစွမ်းအားရရှိဖို့အတွက် 0:01:58.167,0:02:00.449 သင့်ရဲ့ပြင်ပက တစ်ခုခုကို စွန့်လွှတ်ဖို့လိုတာပေါ့။ 0:02:00.449,0:02:02.770 သင်လိုချင်တာရဖို့အတွက် လိုအင်ဆန္ဒကို အောင်နိူင်ဖို့လိုတာပေါ့။ 0:02:02.770,0:02:05.561 ကိုယ့်ကိုကိုယ် ဖြည့်ဆည်းနိူင်ဖို့ ကိုယ့်ကိုကိုယ် မေ့ထားရမယ်။ 0:02:05.561,0:02:09.872 ကိုယ့်ကိုကိုယ် ရှာတွေ့နိူင်ဖို့ ကိုယ့်ကိုကိုယ် ဖျောက်ဖျက် ရမှာပါ။ 0:02:09.872,0:02:12.809 ကျွန်တော်တို့တွေဟာ အာဒံ(၂)ကို လျစ်လျူရှုပြီး တော့ အာဒံ(၁)ကို အားပေးထောက်ခံတဲ့ 0:02:12.809,0:02:15.049 လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်ဖို့ ကြုံကြိုက်နေပါတယ်။ 0:02:15.049,0:02:18.281 ပြဿနာက ဒီအခြေအနေကသင့်ကို ဘဝကို ကစားပွဲတစ်ခုလို မျို း ပြု မူတဲ့ 0:02:18.281,0:02:19.838 ပါးနပ်တဲ့ တိရိစ္ဆာန် တစ်ကောင် အသွင်ကိုပြောင်းလဲပေးလိုက်ပြီး၊ 0:02:19.838,0:02:22.563 သင်ဟာ[br]သင့်ရဲ့ လိုချင်တပ်မက်တဲ့ အတ္တနဲ့ အစစ်အမှန် အတ္တတို့ကြားမှာ 0:02:22.563,0:02:23.985 ခြားနာခြင်းတစ်ခုရှိနေတယ်ဆိုတာကို 0:02:23.985,0:02:25.407 သင်နားလည်သဘောပေါက်တဲ့[br]သာမညောင်ည အဆင့်ထဲကို 0:02:25.407,0:02:26.829 လှစ်ကနဲ ဝင်ရောက်သူ 0:02:26.829,0:02:29.401 သွေးအေးပြီး အပိုင်ကြံတတ်တဲ့ သတ္တဝါတစ်ကောင် ဖြစ်လာပါတယ်။ 0:02:29.401,0:02:33.374 တစ်ယောက်ယောက်က သင်ကိုပေးမှာပဲလို့ဆိုပြီး သငိ်လိုချင်တဲ့၊ 0:02:33.374,0:02:34.934 သင်မျှော်လင့်တဲ့ ချီးမွမ်းထောပနာပြုမှူမျိုးသင်ရမှာမဟုတ်ဘူး။ 0:02:34.934,0:02:36.660 သင့်မှာက နက်ရှိုင်းတဲ့ ယုံကြည်မှုမျိုးမရှိဘူးလေ။ 0:02:36.660,0:02:39.197 သင့်မှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဩဇာနဲ့ ပြည့်စုံခြင်းမရှိဘူး။ 0:02:39.197,0:02:40.966 သင့်မှာ ဘဝတစ်သက်တာထက်ပိုပြီးအချိန်ကြာနိူင်မယ့် 0:02:40.966,0:02:44.180 လုပ်ဆောင်စရာတွေကိုလုပ်ဖို့ ရည်စူးနှစ်မြှပ်ထားခြင်း မရှိဘူး။ 0:02:44.180,0:02:47.627 သင်ဟာ အာဒံ(၂)စစ်စစ် တစ်ယောက် ဘယ်လိုတည်ဆောက်သလဲ၊ 0:02:47.627,0:02:50.389 ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခုကို ဘယ်လိုတည်ဆောက်သလဲဆိုတဲ့ အတိတ်သမ်ိုင်းကနေပြီး 0:02:50.389,0:02:52.399 ဖြစ်နေကျ တုံ့ ပြန်မှု တစ်ခုကို ကျွန်တော် သတိရသွားတယ်။ 0:02:52.399,0:02:55.124 အတိတ်သမိုင်း ကနေတစ်ဆင့် လူတွေဟာ 0:02:55.124,0:02:57.010 သူတို့ရဲ့ကိုယ်ပိုင် အတိတ်ဖြစ်ရပ်တွေထဲကို ပြန်သွားလိုက်ကြပါတယ်။ 0:02:57.010,0:02:59.260 တစ်ခါတစ်လေကျတော့ သူတို့ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချိန်၊ 0:02:59.260,0:03:00.719 သူတို့ရဲ့ ကလေးဘဝ၊ 0:03:00.719,0:03:04.685 ပြီးတော့ မကြာခဏတော့ စိတ်ဆိုတာက အတိတ်မှာဖြစ်ခဲ့တဲ့ အရှက်ရစရာ တဒင်္ဂတစ်ခု၊ 0:03:04.685,0:03:06.073 ကျူးလွန်မိတဲ့ အကုသိုလ်၊ တစ်ကိုယ်ကောင်းဆန်မိလိုက်တဲ့ လုပ်ရပ်၊ 0:03:06.073,0:03:09.000 ထိန်ချန်လိုက်တဲ့၊ပေါ့တန်တဲ့လုပ်ရပ်၊ 0:03:09.000,0:03:11.290 ဒေါသရဲ့ဒုစရိုက်၊မိမိကိုယ်ကို ဂရုဏာသက်မိခြင်းရဲ့ အပြစ်၊ 0:03:11.290,0:03:14.033 လူတကာကို စိတ်ကျေနပ်သူဖြစ်အောင် ကြိုးစားနေမိခြင်း၊ 0:03:14.033,0:03:17.618 သတ္တိကင်းမဲ့ခြင်း စတာတွေဆီကို ဆွဲခေါ်သွားပါတယ်။ 0:03:17.618,0:03:22.313 အာဒံ(၁)ကို သင့်စွမ်းအားတွေကို ပျိုးထောင်ခြင်းနဲ့တည်ဆောက်ပါတယ်။ 0:03:22.313,0:03:26.409 အာဒံ(၂)ကိုတော့ သင့်ရဲ့အားနည်းချက်တွေကို တွန်းလှန်ခြင်းနဲ့ တည်ဆောက်ပါတယ်။ 0:03:26.409,0:03:29.267 သင့် ကိုယ်တွင်းအဇ္စျတ္တ ထဲကို သင်ဝင်လိုက်ပါ။ 0:03:29.267,0:03:30.939 သင့်ဘဝတစ်လျှောက် သင် အကြိမ်ကြိမ် ကျူးလွန်မိထားတဲ့ မကောင်းမှု၊ 0:03:30.939,0:03:32.740 အခြား ပေါ်ထွက်လာတာတွေထဲက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ မကောင်းမှု ကိုသင်တွေ့ရပါတယ်။ 0:03:32.740,0:03:35.431 သင်က အဲဒီ မကောင်းမှုကို တိုကိခိုက်ပြီး၊ 0:03:35.431,0:03:38.295 အဲဒီ မကောင်းမှုနဲ့ ထွေးလုံးသတ်ပုတ်ပါတယ်။ 0:03:38.295,0:03:41.431 အဲဒီ ထွေးလုံးသတ်ပုတ်ခြင်းကနေ၊အဲဒီဝေဒနာခံစားခြင်းကနေပြီးတော့ 0:03:41.431,0:03:45.049 ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခု ကိုတည်ဆောက်လိုက်ပါတယ်။ 0:03:45.049,0:03:46.951 နောက်ပြီးတော့မကြာခဏဆိုသလို ကျွန်တော်တို့ကို 0:03:46.951,0:03:48.087 ကိုယ်တွင်းမှာရှိတဲ့ မကောင်းမှုကို အသိအမှတ်ပြုဖို့သင်ကြားပေးထားခြင်းမရှိပါဘူး။ 0:03:48.087,0:03:49.935 ဒါကို ဘယ်လို ယှဉ်ပြိုင်သတ်ပုတ်ရမလဲ၊ 0:03:49.935,0:03:51.882 ဘယ်လို ရင်ဆိုင်ရမလဲ၊ ဒါကို ဘယ်လို ထိုးစစ်ဆင်ရမလဲ ဆိုတာကို 0:03:51.882,0:03:54.555 ဒီယဉ်ကျေးမှုမှာ သင်ထားပေးခြင်း မရှိပါဘူး။ 0:03:54.555,0:03:57.885 အာဒံ(၁)တစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ယဉ်ကျေးမှုတစ်ခု အတွင်းမှာ ကျွန်တော်တို့နေထိုင်နေပြီး၊ 0:03:57.885,0:04:01.054 အဲဒီမှာ အာဒံ(၂)အကြောင်းကို ကျွန်တော်တို့ မဖွင့်ဟတတ်ပါဘူး။ 0:04:01.054,0:04:02.710 နောက်ဆုံးအနေနဲ့ ရင်း(န်)ဟိုး နီးဘား ကနေပြီး 0:04:02.710,0:04:04.845 ပြီးပြည့်စုံတဲ့ နေထိုင်မှုနဲ့အာဒံ(၁)နဲ့ အာဒံ(၂)ရဲ့ ဘဝ 0:04:04.845,0:04:08.398 ထိပ်တိုက်ရင်ဆိုင်ခြင်းကို ဒီလို အနှစ်ချုပ်ခဲ့တယ်။ 0:04:08.398,0:04:11.660 "လုပ်သင့်လုပ်သင့်လုပ်ထိုက်သော မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ ဘဝတစ်သင်တာတွင် အောင်မြင်ပြီးမြောက်နိူင်မည် မဟုတ်ချေ။ 0:04:11.660,0:04:14.042 ထို့ကြောင့် မျှော်လင့် ခြင်းအားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 0:04:14.042,0:04:17.148 စစ်မှန်သော၊လှပသော၊ကောင်းမွန်သော မည်သည့်အရာကမျှ 0:04:17.148,0:04:20.103 သမိုင်း၏ လတ်တလော[br]အခြေအနေမှာ ပြည့်စုံသော အဓိပ္ပါယ်ကို မပေါ်လွင်စေပါ။ 0:04:20.103,0:04:22.782 ထို့ကြောင့် ယုံကြည်မှုဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 0:04:22.782,0:04:26.672 မည်သို့ပင် ကောင်းမြတ်စေကာမူ ကျွန်ုပ်တို့ပြုလုပ်သော မည်သည့်အရာမျှ တစ်ယောက်တည်းဖြင့် ပြီးမြောက်နိူင်မည် မဟုတ်ချေ။ 0:04:26.672,0:04:29.718 ထို့ ကြောင့် မေတ္တာတရားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။ 0:04:29.718,0:04:32.155 ဘယ်ကောင်းမြတ်သော လုပ်ဆောင်မှုမျှ ကျွန်ုပ်တို့၏ရန်သူရဲ့ ရှုထောင့်လောက်၊ 0:04:32.155,0:04:36.141 ကျွန်ုပ်တို့၏ မိတ်ဆွေရဲ့ ရှုထောင့်လောက် မကောင်းမြတ်နိူင်ပါ။ 0:04:36.141,0:04:38.968 ထို့ကြောင့် ဒီ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံး အသွင်အပြင်ဖြစ်တဲ့ 0:04:38.968,0:04:40.604 ခွင့်လွတ်ခြင်းဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။" 0:04:40.604,0:04:42.680 ကျေးဇူးတင်ပါတယ်။ 0:04:42.680,0:04:44.398 (လက်ခုပ်သံများ)