ဒီတော့ ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေနဲ့ ချီးကျူးထောပနာပြုခြင်း
ဂုဏ်အင်္ဂါတွေရဲ့ ခြားနားခြင်းကို ကျွန်တော် စဉ်းစားပြီးနေနေခဲ့ပါတယ်။
ကိုယ်ရေးရာဇဝင် ဂုဏ်အင်္ဂါတွေဆိုတာက သင့်ရဲ့ကိုယ်ရေးအကျဉ်းချုပ်မှာ သင်ထည့်သွင်းတဲ့ အရာတွေပေါ့၊
ဈေးကွက်ထဲကို သင်ယူဆောင်လာတဲ့ တတ်ပွန်မှုတွေဆိုပါတော့။
ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဆိုတာကတော့ ကွယ်လွန်သူကို
ချီးမွန်းထောပနာပြုတဲ့အခါမှာ ထုတ်ဖော်ပြောဆိုတဲ့အကြောင်းအရာတွေပေါ့။
ဒါတွေက ပိုပြီး နက်နဲတာပေါ့။သင်ဟာ ဘယ်သူလဲ။ နက်နက်နဲနဲပြောရရင်တော့
သင့်ရဲ့ နှီးနွယ်ဆက်စပ်မှုတွေရဲ့ သဘောသဘာက ဘာလဲ၊
သင်ဟာ ရဲရင့်လား၊ ယုံကြည်အားထားလောက်ရဲ့လား၊တည်ကြည်ပါရဲ့လား။
ကျွန်တော်အပါအဝင် ကျွန်တော်တို့ အများစုကတော့ ဂုဏ်အင်္ဂါတွေထဲမှာ
ချီးကျူးထောပနာပြုခြင်း ဂုဏ်အင်္ဂါတွေဟာဖြင့်ပိုပြီး အရေးပါတယ်လို့ ဆိုမိကြပါလိမ့် မလားပဲ။
ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော့ ကိစ္စမှာဆိုရင် ဒါတွေဟာ ကျွန်တော် အများဆုံး စဉ်းစားမိတဲ့
အကြောင်းတွေများလားပေါ့။ အဖြေကတော့ မဟုတ်ပါဘူးလို့ပေါ့။
ဒီလိုနဲ့ ကျွန်တော် အဲဒီ ပြဿနာ အကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်။
ပြီးတော့ ကျွန်တော့ကို ဒီအကြောင်းကို စဉ်းစားတွေးခေါ်ဖို့ကူညီပေးသူကတော့
ဂျိုးဇက် ဆိုလိုဗေ့(တ်)ချစ်(ခ်)လို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ သူဟာ ဂျူးဓမ္မဆရာတစ်ယောက်ဖြစ်ပြီး၊
၁၉၆၅ ခုနှစ်မှာ "The Lonely Man Of Faith" ဆို့တဲ့စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူပါ။
ကျွန်တော်တို့ရဲ့သဘာဝဗီဇတွေမှာ အခြမ်း(၂)ခြမ်းရှိတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)ပြောပါတယ်။
ဒါတွေကိုသူက အာဒံ(၁)နဲ့ အာဒံ(၂)လို့သူကခေါ်ပါတယ်။
အာဒံ(၁) ကတော့ကျွန်တော်တို့ သဘာဝဗီဇရဲ့
လောကီရေးရာ၊ရည်မှန်းချက်ကြီးတာတွေနဲ့ဆိုင်တဲ့ အပြင်ဘက်ခြမ်းပါ။
သူက တည်ဆောက်ချင်တယ်၊ဖန်တီးချင်တယ်၊ကုမ္ပဏီတွေကို ဖန်တီးချင်တယ်
၊အသစ်အဆန်းတွေကို ဖန်တီးချင်တယ်။
အာဒံ(၂)ကတော့ သဘာဝဗီဇရဲ့ ထောင်လွှားမှုမရှိတဲ့ အခြမ်းပဲပေါ့။
အာဒံ(၂)က ကောင်းကျိုးဆောင်ချင်ရုံမက ကောင်းအောင်လည်းနေချင်တယ်။
စိတ်ထဲကနေပြီးတော့ ဘုရားသခင်၊ဖန်ဆင်ခြင်းနဲ့ ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေကို
ကြည်ညိုလေးစားတဲ့ နေထိုင်ပုံနဲ့ရှင်သန်ချင်တယ်။
အာဒံ(၁)က လောကကြီးကို စိုးမိုးချင်တယ်။
အာဒံ(၂)တော့ စိတ်အားထက်သန်မှုတွေကို ကြားသိချင်တယ်။လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်ချင်တယ်။
အာဒံ(၁)က အောင်မြင်မှုကို တစိမ့်စိမ့်အရသာခံတယ်။
အာဒံ(၂)ကတော့ စိတ်အတွင်းမှာ သိုဝှက်ထားတဲ့ တည်ငြိမ်မှုနဲ့ စွမ်းအားကို တစိမ့်စိမ့်အရသာခံတယ်။
အာဒံ(၁)က အရာဝတ္ထုတွေ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို စုံစမ်းတယ်။
အာဒံ(၂)ကတော့ ဘာကြောင့် ကျွန်တော်တို့ ဒီမှာရှိနေရတာလဲဆိုတာကို စုံစမ်းတယ်။
အာဒံ(၁)ရဲ့ ဆောင်ပုဒ်က "အောင်မြင်မှု"ပါ။
အာဒံ(၂)ရဲ့ဆောင်ပုဒ်ကတော့ "ချစ်ခြင်းမေတ္တာ၊ပေးဆပ်ခြင်းနဲ့ တုံပြန်မှု"ပေါ့။
ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းဟာ တစ်ခုနဲ့ တစ်ခု
တိုက်ခိုက်နေကြတယ်လို့ ဆိုလိုဗေ့(တ်)ချစ်(ခ်)က ဆွေးနွေးငြင်းခုံထားပါတယ်။
ကျွန်တော်တို့တွေဟာ အပြင်ပန်း အောင်မြင်မှုနဲ့ အတွင်းဖက်က တန်ဖိုးထားမှု အကြားမှာရှိတဲ့
မိမိကိုယ်ကို အမြဲမပြတ် ထိ်ပ်တိုက်ရင်ဆိုင်မှုဆိုတာရဲ့ အလယ်မှာ နေထိုင်နေကြတာပါ။
ဒီတော့ ကျွန်တော်ပြောချင်တဲ့ ဒီသဘာဝဗီဇ အခြမ်း(၂)ခြမ်းနဲ့ ပတ်သက်တဲ့
လှည့်စားတတ်တဲ့ အရာကတော့ သူတို့တွေဟာ
သဘောတရား အမျိုးမျိုးနဲ့ အလုပ်လုပ်လုပ်ကြတယ် ဆိုတာပါ။
အပြင်ပန်း သဘောထားကတော့ စီးပွားရေးဆိုင်ရာ သဘောထားပေါ့။
ဖြည့်သွင်းလိုက်တဲ့ အရာတွေကို ထုတ်ပေးမှုဖြစ်စေတယ်။ စွန့်စားခြင်းက ဆုလာဒ် ဖြစ်သွားတယ်။
ကျွန်တော်တို့ရဲ့ သဘာဝဗီဇ အတွင်းဘက်ကတော့
ကိုယ်ကျင့်ဆိုင်ရာ သဘောထားတစ်ခု ဖြစ်ပြီးတော့ မကြာခဏဆိုသလို ပြောင်းပြန်သဘောထား တစ်ခုလည်း ဖြစ်နေတာပေါ့။
လက်ခံရရှိဖို့ သင်ဟာ ပေးလှူရပါမယ်။
သင့် ကိုယ်တွင်းစွမ်းအားရရှိဖို့အတွက်
သင့်ရဲ့ပြင်ပက တစ်ခုခုကို စွန့်လွှတ်ဖို့လိုတာပေါ့။
သင်လိုချင်တာရဖို့အတွက် လိုအင်ဆန္ဒကို အောင်နိူင်ဖို့လိုတာပေါ့။
ကိုယ့်ကိုကိုယ် ဖြည့်ဆည်းနိူင်ဖို့ ကိုယ့်ကိုကိုယ် မေ့ထားရမယ်။
ကိုယ့်ကိုကိုယ် ရှာတွေ့နိူင်ဖို့ ကိုယ့်ကိုကိုယ် ဖျောက်ဖျက် ရမှာပါ။
ကျွန်တော်တို့တွေဟာ အာဒံ(၂)ကို လျစ်လျူရှုပြီး တော့ အာဒံ(၁)ကို အားပေးထောက်ခံတဲ့
လူ့အဖွဲ့အစည်းတစ်ခုမှာ နေထိုင်ဖို့ ကြုံကြိုက်နေပါတယ်။
ပြဿနာက ဒီအခြေအနေကသင့်ကို ဘဝကို ကစားပွဲတစ်ခုလို မျို း ပြု မူတဲ့
ပါးနပ်တဲ့ တိရိစ္ဆာန် တစ်ကောင် အသွင်ကိုပြောင်းလဲပေးလိုက်ပြီး၊
သင်ဟာ
သင့်ရဲ့ လိုချင်တပ်မက်တဲ့ အတ္တနဲ့ အစစ်အမှန် အတ္တတို့ကြားမှာ
ခြားနာခြင်းတစ်ခုရှိနေတယ်ဆိုတာကို
သင်နားလည်သဘောပေါက်တဲ့
သာမညောင်ည အဆင့်ထဲကို
လှစ်ကနဲ ဝင်ရောက်သူ
သွေးအေးပြီး အပိုင်ကြံတတ်တဲ့ သတ္တဝါတစ်ကောင် ဖြစ်လာပါတယ်။
တစ်ယောက်ယောက်က သင်ကိုပေးမှာပဲလို့ဆိုပြီး သငိ်လိုချင်တဲ့၊
သင်မျှော်လင့်တဲ့ ချီးမွမ်းထောပနာပြုမှူမျိုးသင်ရမှာမဟုတ်ဘူး။
သင့်မှာက နက်ရှိုင်းတဲ့ ယုံကြည်မှုမျိုးမရှိဘူးလေ။
သင့်မှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဩဇာနဲ့ ပြည့်စုံခြင်းမရှိဘူး။
သင့်မှာ ဘဝတစ်သက်တာထက်ပိုပြီးအချိန်ကြာနိူင်မယ့်
လုပ်ဆောင်စရာတွေကိုလုပ်ဖို့ ရည်စူးနှစ်မြှပ်ထားခြင်း မရှိဘူး။
သင်ဟာ အာဒံ(၂)စစ်စစ် တစ်ယောက် ဘယ်လိုတည်ဆောက်သလဲ၊
ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခုကို ဘယ်လိုတည်ဆောက်သလဲဆိုတဲ့ အတိတ်သမ်ိုင်းကနေပြီး
ဖြစ်နေကျ တုံ့ ပြန်မှု တစ်ခုကို ကျွန်တော် သတိရသွားတယ်။
အတိတ်သမိုင်း ကနေတစ်ဆင့် လူတွေဟာ
သူတို့ရဲ့ကိုယ်ပိုင် အတိတ်ဖြစ်ရပ်တွေထဲကို ပြန်သွားလိုက်ကြပါတယ်။
တစ်ခါတစ်လေကျတော့ သူတို့ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချိန်၊
သူတို့ရဲ့ ကလေးဘဝ၊
ပြီးတော့ မကြာခဏတော့ စိတ်ဆိုတာက အတိတ်မှာဖြစ်ခဲ့တဲ့ အရှက်ရစရာ တဒင်္ဂတစ်ခု၊
ကျူးလွန်မိတဲ့ အကုသိုလ်၊ တစ်ကိုယ်ကောင်းဆန်မိလိုက်တဲ့ လုပ်ရပ်၊
ထိန်ချန်လိုက်တဲ့၊ပေါ့တန်တဲ့လုပ်ရပ်၊
ဒေါသရဲ့ဒုစရိုက်၊မိမိကိုယ်ကို ဂရုဏာသက်မိခြင်းရဲ့ အပြစ်၊
လူတကာကို စိတ်ကျေနပ်သူဖြစ်အောင် ကြိုးစားနေမိခြင်း၊
သတ္တိကင်းမဲ့ခြင်း စတာတွေဆီကို ဆွဲခေါ်သွားပါတယ်။
အာဒံ(၁)ကို သင့်စွမ်းအားတွေကို ပျိုးထောင်ခြင်းနဲ့တည်ဆောက်ပါတယ်။
အာဒံ(၂)ကိုတော့ သင့်ရဲ့အားနည်းချက်တွေကို တွန်းလှန်ခြင်းနဲ့ တည်ဆောက်ပါတယ်။
သင့် ကိုယ်တွင်းအဇ္စျတ္တ ထဲကို သင်ဝင်လိုက်ပါ။
သင့်ဘဝတစ်လျှောက် သင် အကြိမ်ကြိမ် ကျူးလွန်မိထားတဲ့ မကောင်းမှု၊
အခြား ပေါ်ထွက်လာတာတွေထဲက သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ မကောင်းမှု ကိုသင်တွေ့ရပါတယ်။
သင်က အဲဒီ မကောင်းမှုကို တိုကိခိုက်ပြီး၊
အဲဒီ မကောင်းမှုနဲ့ ထွေးလုံးသတ်ပုတ်ပါတယ်။
အဲဒီ ထွေးလုံးသတ်ပုတ်ခြင်းကနေ၊အဲဒီဝေဒနာခံစားခြင်းကနေပြီးတော့
ဂုဏ်သိက္ခာရဲ့ လေးနက်မှု တစ်ခု ကိုတည်ဆောက်လိုက်ပါတယ်။
နောက်ပြီးတော့မကြာခဏဆိုသလို ကျွန်တော်တို့ကို
ကိုယ်တွင်းမှာရှိတဲ့ မကောင်းမှုကို အသိအမှတ်ပြုဖို့သင်ကြားပေးထားခြင်းမရှိပါဘူး။
ဒါကို ဘယ်လို ယှဉ်ပြိုင်သတ်ပုတ်ရမလဲ၊
ဘယ်လို ရင်ဆိုင်ရမလဲ၊ ဒါကို ဘယ်လို ထိုးစစ်ဆင်ရမလဲ ဆိုတာကို
ဒီယဉ်ကျေးမှုမှာ သင်ထားပေးခြင်း မရှိပါဘူး။
အာဒံ(၁)တစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ယဉ်ကျေးမှုတစ်ခု အတွင်းမှာ ကျွန်တော်တို့နေထိုင်နေပြီး၊
အဲဒီမှာ အာဒံ(၂)အကြောင်းကို ကျွန်တော်တို့ မဖွင့်ဟတတ်ပါဘူး။
နောက်ဆုံးအနေနဲ့ ရင်း(န်)ဟိုး နီးဘား ကနေပြီး
ပြီးပြည့်စုံတဲ့ နေထိုင်မှုနဲ့အာဒံ(၁)နဲ့ အာဒံ(၂)ရဲ့ ဘဝ
ထိပ်တိုက်ရင်ဆိုင်ခြင်းကို ဒီလို အနှစ်ချုပ်ခဲ့တယ်။
"လုပ်သင့်လုပ်သင့်လုပ်ထိုက်သော မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ ဘဝတစ်သင်တာတွင် အောင်မြင်ပြီးမြောက်နိူင်မည် မဟုတ်ချေ။
ထို့ကြောင့် မျှော်လင့် ခြင်းအားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။
စစ်မှန်သော၊လှပသော၊ကောင်းမွန်သော မည်သည့်အရာကမျှ
သမိုင်း၏ လတ်တလော
အခြေအနေမှာ ပြည့်စုံသော အဓိပ္ပါယ်ကို မပေါ်လွင်စေပါ။
ထို့ကြောင့် ယုံကြည်မှုဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။
မည်သို့ပင် ကောင်းမြတ်စေကာမူ ကျွန်ုပ်တို့ပြုလုပ်သော မည်သည့်အရာမျှ တစ်ယောက်တည်းဖြင့် ပြီးမြောက်နိူင်မည် မဟုတ်ချေ။
ထို့ ကြောင့် မေတ္တာတရားဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။
ဘယ်ကောင်းမြတ်သော လုပ်ဆောင်မှုမျှ ကျွန်ုပ်တို့၏ရန်သူရဲ့ ရှုထောင့်လောက်၊
ကျွန်ုပ်တို့၏ မိတ်ဆွေရဲ့ ရှုထောင့်လောက် မကောင်းမြတ်နိူင်ပါ။
ထို့ကြောင့် ဒီ ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံး အသွင်အပြင်ဖြစ်တဲ့
ခွင့်လွတ်ခြင်းဖြင့်သာ ကျွန်ုပ်တို့ကို ကယ်တင် ရပေတော့မည်။"
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)