1 00:00:00,720 --> 00:00:02,136 ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊ 2 00:00:02,160 --> 00:00:04,136 ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။ 3 00:00:04,160 --> 00:00:07,656 အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း လူတိုင်း သိတယ်၊ မဟုတ်လား။ 4 00:00:07,680 --> 00:00:09,856 မသိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ 5 00:00:09,880 --> 00:00:11,736 ဘာလဲ မေးကြည့်ရုံပါပဲ။ 6 00:00:11,760 --> 00:00:13,000 ဒီတော့ စမ်းကြည့်ရအောင်။ 7 00:00:13,640 --> 00:00:16,376 Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။ 8 00:00:16,400 --> 00:00:19,576 ဒီမှာ ရိုဘော့ ပုံစံတွေ အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ 9 00:00:19,600 --> 00:00:23,336 အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ လူနဲ့ ဆင်တူကြပါတယ်။ 10 00:00:23,360 --> 00:00:25,016 ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ 11 00:00:25,040 --> 00:00:27,496 ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊ သတ္ထုပါတယ်၊ 12 00:00:27,520 --> 00:00:29,816 မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။ 13 00:00:29,840 --> 00:00:31,456 တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊ 14 00:00:31,480 --> 00:00:33,536 သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။ 15 00:00:33,560 --> 00:00:34,976 တချို့ကျတော့ ခင်မင်စရာမျိုး 16 00:00:35,000 --> 00:00:37,456 မဟုတ်ဘဲ "Terminator"ထဲက များလား ထင်ရပါတယ်။ 17 00:00:37,480 --> 00:00:39,950 တကယ်တမ်းမှာလည်း "Terminator" မှ ဖြစ်နိုင်ပါတယ်။ 18 00:00:39,950 --> 00:00:42,640 အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ 19 00:00:42,640 --> 00:00:44,626 စိတ်လှုပ်ရှားရာ ပစ္စည်းတွေ လုပ်နိုင်တယ်။ 20 00:00:44,626 --> 00:00:47,190 ဒါပေမဲ့ အခု ပြောချင်တာက မတူတဲ့ ရိုဘော့မျိုးတွေပါ၊ 21 00:00:47,190 --> 00:00:49,586 ကျွန်တော်ဟာ မတူတဲ့ ရိုဘော့တေွကို ထုတ်လုပ်ချင်တယ်။ 22 00:00:49,586 --> 00:00:52,816 အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့ မတူတဲ့ ဒီလိုအရာမျိုးမှ 23 00:00:52,840 --> 00:00:54,240 စိတ်ကူးတွေကို ယူချင်တယ်။ 24 00:00:54,680 --> 00:00:57,256 ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊ 25 00:00:57,280 --> 00:00:59,856 ၎င်းတို့ဟာ ကျွန်ုပ်တို့ြရော လက်ရှိ ရိုဘော့များပါ 26 00:00:59,880 --> 00:01:02,376 မလုပ်နိုင်တဲ့ မိုက်တဲ့ အရာတွေကို လုပ်နိုင်ကြတယ်။ 27 00:01:02,400 --> 00:01:05,576 ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊ ဥယျာဉ်ထဲ သွားခြင်းနဲ့ 28 00:01:05,600 --> 00:01:07,856 သီးနှံတွေ စားခြင်းလို လုပ်နိုင်တာ အများကြီး၊ 29 00:01:07,880 --> 00:01:09,136 သစ်ပင်ပေါ် တက်နိုင်ခြင်း၊ 30 00:01:09,160 --> 00:01:11,376 ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊ 31 00:01:11,400 --> 00:01:13,620 အင်းဆက်တွေကို ဖမ်းနိုင်၊ သားနိုင်ကြပါတယ်။ 32 00:01:13,620 --> 00:01:16,166 ဒီတော့ သူတို့ လုပ်နိုင်တာ တကယ့်ကို စိတ်ဝင်စားစရာတွေပါ။ 33 00:01:16,166 --> 00:01:19,216 ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး 34 00:01:19,240 --> 00:01:21,056 ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။ 35 00:01:21,080 --> 00:01:23,656 ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ အဲဒါတွေ မလုပ်တတ်ကြပါ။ 36 00:01:23,680 --> 00:01:24,896 ဒီတော့၊ ဒီလို ထူးခြားတဲ့ 37 00:01:24,920 --> 00:01:28,576 လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ အသုံးပြုလျက် တကယ့်ကို 38 00:01:28,600 --> 00:01:31,296 အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် မကောင်းပေဘူးလား။ 39 00:01:31,320 --> 00:01:34,376 ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အချို့ကို ယူပြီး 40 00:01:34,400 --> 00:01:37,366 အကောင်းများနဲ့ အပင်များထံမှ ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ 41 00:01:37,366 --> 00:01:39,176 နည်းပညာတွေကို အသုံးပြုကာ 42 00:01:39,200 --> 00:01:40,896 အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် 43 00:01:40,896 --> 00:01:42,856 လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။ 44 00:01:42,880 --> 00:01:45,240 ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို လေ့လာကြပါစို့။ 45 00:01:45,430 --> 00:01:47,376 အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊ 46 00:01:47,400 --> 00:01:49,856 လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း လုပ်ပစ်လိုက်တဲ့ 47 00:01:49,880 --> 00:01:52,256 စိတ်ပျက်စရာ အရာတွေပါ။ 48 00:01:52,280 --> 00:01:55,920 ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ 49 00:01:56,440 --> 00:01:58,856 တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုကြောင့် 50 00:01:58,880 --> 00:02:02,680 လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ 51 00:02:02,680 --> 00:02:04,256 တဖန် အဲဒီလို တိုးထုတ်နိုင်ဖို့ 52 00:02:04,280 --> 00:02:07,376 လယ်သမားတွေဟာ စိုက်ခင်းတွေမှာ ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ 53 00:02:07,376 --> 00:02:10,136 သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ ပိုးသတ်ဆေးများ စသဖြင့် 54 00:02:10,136 --> 00:02:13,216 သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို များစွာ သုံးနေကြရာ 55 00:02:13,240 --> 00:02:15,376 အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။ 56 00:02:15,400 --> 00:02:18,560 အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက် တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ 57 00:02:18,560 --> 00:02:21,426 များစွာ သုံးတယ်အခါ အားလုံးဟာ အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ 58 00:02:21,426 --> 00:02:23,896 တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊ 59 00:02:23,920 --> 00:02:25,376 မိုးရွာတဲ့ အခါမှာ၊ အဲဒီလို 60 00:02:25,400 --> 00:02:27,896 ဓာတုပစ္စည်းတွေဟာ မြေအောက် ရေထုထဲ စိမ့်ဝင်သွားတယ်။ 61 00:02:27,920 --> 00:02:29,176 တဖန် အဲဒီ မြေထုရေဟာ 62 00:02:29,200 --> 00:02:32,696 ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ ရောက်ရှိသွားလျက် 63 00:02:32,720 --> 00:02:33,920 ပင်လယ်ထဲကို ရောက်လာပါတယ်။ 64 00:02:34,080 --> 00:02:36,820 ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊ 65 00:02:36,820 --> 00:02:38,656 နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင် 66 00:02:38,680 --> 00:02:42,456 ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့ အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ 67 00:02:42,480 --> 00:02:44,096 ဥပမာ၊ ရေညှိဆိုပါစို့။ 68 00:02:44,120 --> 00:02:46,656 ရေညှိဟာ နိုင်ထရိတ်တွေကို၊ ဓာတုမြေဩဇာကိုကြိုက်တော့၊ 69 00:02:46,680 --> 00:02:48,776 အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို စုပ်ယူမှာပါ၊ 70 00:02:48,800 --> 00:02:51,736 အခြေအနေတွေ ကောင်းမယ်ဆိုရင် ၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ 71 00:02:51,760 --> 00:02:54,016 ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး ပွားများလာမှာပါ။ 72 00:02:54,040 --> 00:02:55,576 အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။ 73 00:02:55,600 --> 00:02:58,776 ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင် ၎င်းတို့ဟာ 74 00:02:58,800 --> 00:03:01,040 ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။ 75 00:03:01,480 --> 00:03:02,736 အဲဒီနောက်မှာ ရေထဲက 76 00:03:02,760 --> 00:03:05,680 တခြားအကောင်တွေဟာ အသက်ရှင် မရနိုင်တော့ပါ။ 77 00:03:06,080 --> 00:03:08,096 ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ 78 00:03:08,120 --> 00:03:12,136 ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက် ပတ်ဝန်းကျင်ကို လုံခြုံအောင် 79 00:03:12,160 --> 00:03:14,016 လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။ 80 00:03:14,040 --> 00:03:15,400 အဲဒါက ပထမ ပြဿနာပါ။ 81 00:03:15,960 --> 00:03:18,456 ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက် ဖြစ်ပြီး 82 00:03:18,480 --> 00:03:20,360 ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။ 83 00:03:20,800 --> 00:03:24,536 အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့ သုံးကြတဲ့ အင်ဂျင်နာများ၊ 84 00:03:24,560 --> 00:03:25,896 လှေများမှ စီးထွက်လာတတ်တယ်။ 85 00:03:25,920 --> 00:03:29,156 ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ 86 00:03:29,156 --> 00:03:31,256 အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ ရောက်လာတယ်။ 87 00:03:31,280 --> 00:03:33,856 အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး ရေနံကွက်ကြီးတွေ 88 00:03:33,880 --> 00:03:38,600 ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို သုံးနိုင်မယ် ဆိုရင်ကော။ 89 00:03:39,160 --> 00:03:40,776 ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက 90 00:03:40,800 --> 00:03:43,400 ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။ 91 00:03:43,880 --> 00:03:45,216 အဲဒီ ရိုဘော့တွေကို လက်တွေ့ 92 00:03:45,240 --> 00:03:47,440 ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ အကြံဉာဏ် ယူခဲ့တယ်။ 93 00:03:47,880 --> 00:03:50,416 ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက ငါးမန်းကောင်ကြီးပါ။ 94 00:03:50,440 --> 00:03:52,976 ဧရာမ ငါးမန်းကောင်ပါ။ 95 00:03:53,000 --> 00:03:55,576 ၎င်းဟာ သားစားကောင် မဟုတ်လို့ ၎င်းနဲ့အတူ ရေကူးနိုင်တယ်။ 96 00:03:55,600 --> 00:03:57,056 ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။ 97 00:03:57,080 --> 00:03:58,936 အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက် 98 00:03:58,960 --> 00:04:01,800 ရေထဲကူးသွားရင်း ရေမျောတွေကို လိုက်စုစည်းတယ်။ 99 00:04:02,880 --> 00:04:05,096 အဲဒီလို လုပ်နေချိန်မှာ အစာကို ချေဖျက်လိုက်လို့ 100 00:04:05,120 --> 00:04:08,640 ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန် အသုံးပြုပါတယ်။ 101 00:04:09,400 --> 00:04:11,256 ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့ 102 00:04:11,280 --> 00:04:13,816 ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ ကူးသွားစေလျက် 103 00:04:13,840 --> 00:04:15,790 ညစ်ညမ်းမှုကို စားခိုင်းလို့ ရနိုင်မလား။ 104 00:04:16,160 --> 00:04:17,770 လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။ 105 00:04:17,770 --> 00:04:20,790 တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား အကောင်များဆီမှပါ အကြံရသေးတယ်။ 106 00:04:20,790 --> 00:04:23,166 ဒီနေရာမှာ ရှိတဲ့ ငါးတမျိုးကို ကျွန်တော် ပြချင်တယ်။ 107 00:04:23,166 --> 00:04:24,896 ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။ 108 00:04:24,920 --> 00:04:26,496 ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့ 109 00:04:26,520 --> 00:04:29,000 တူတဲ့ ခြေတွေကို သုံးပြီး ရှေ့ကို တွန်းယူတယ်။ 110 00:04:29,340 --> 00:04:31,616 အဲဒီအကောင် နှစ်မျိုးကို ကျွန်တော်တို့ ယူပြီး 111 00:04:31,640 --> 00:04:34,640 ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို ဖန်တီးလိုက်ကြတယ်။ 112 00:04:35,320 --> 00:04:38,496 ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ 113 00:04:38,520 --> 00:04:41,140 ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့ 114 00:04:41,140 --> 00:04:42,576 ကျွန်တော်တို့ရဲ့ ရိုဘော့ကို 115 00:04:42,600 --> 00:04:44,816 "Row-bot" လို့ ခေါ်ပါတယ်။ 116 00:04:44,840 --> 00:04:48,696 ဒီတော့ Row-bot လှော်တတ်တဲ့ ရိုဘော့ စက်ရုပ်ပါ။ 117 00:04:48,720 --> 00:04:51,416 ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ ဘယ်လိုများ ရှိလဲ။ 118 00:04:51,440 --> 00:04:53,170 Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။ 119 00:04:53,170 --> 00:04:54,546 ခင်ဗျားတို့ သတိထားမိကြမှာက 120 00:04:54,546 --> 00:04:57,776 ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့ ရိုဘော့တွေနဲ့ မတူပါဘူး။ 121 00:04:57,800 --> 00:05:00,476 Google ဟာ မှားတယ်၊ ရိုဘော့တွေ အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ 122 00:05:00,476 --> 00:05:01,686 ဒီလို ပုံစံမျိုးတွေပါ။ 123 00:05:01,686 --> 00:05:03,386 အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။ 124 00:05:03,386 --> 00:05:04,696 ခင်ဗျားတို့အတွက် ပြပေးမယ်။ 125 00:05:04,696 --> 00:05:06,206 စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။ 126 00:05:06,206 --> 00:05:08,256 ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။ 127 00:05:08,280 --> 00:05:09,896 အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊ 128 00:05:09,920 --> 00:05:11,976 ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊ 129 00:05:12,000 --> 00:05:13,316 Row-bot ထဲ ပါဝင်တာက- 130 00:05:13,340 --> 00:05:15,010 ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက- 131 00:05:15,010 --> 00:05:18,306 Row-bot ထဲ ပါဝင်ကြတဲ့ အပိုင်း သုံးပိုင်းပါ၊ 132 00:05:18,306 --> 00:05:21,896 အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း ထဲက အတိုင်းပါပဲ။ 133 00:05:21,920 --> 00:05:23,576 ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊ 134 00:05:23,600 --> 00:05:24,976 ခန္ဓာကိုယ် ရှိတယ်၊ 135 00:05:25,000 --> 00:05:27,296 ပြီးတော့ အစာအိမ် ရှိတယ်။ 136 00:05:27,320 --> 00:05:29,736 စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။ 137 00:05:29,760 --> 00:05:32,026 Row-bot ဆီမှာ အဲဒီလို အပိုင်း သုံးပိုင်း ရှိတယ်၊ 138 00:05:32,026 --> 00:05:34,836 သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ အပိုင်း သုံးပိုင်း ရှိတယ်။ 139 00:05:34,836 --> 00:05:36,586 အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။ 140 00:05:36,586 --> 00:05:37,956 ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊ 141 00:05:37,956 --> 00:05:39,656 အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ 142 00:05:39,656 --> 00:05:41,616 ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။ 143 00:05:41,640 --> 00:05:44,576 ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး 144 00:05:44,600 --> 00:05:46,096 ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊ 145 00:05:46,120 --> 00:05:47,750 ခုန ပြခဲ့တဲ့ ရေပိုးကောင် အတိုင်းပါ 146 00:05:47,750 --> 00:05:49,536 ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊ 147 00:05:49,560 --> 00:05:52,080 ဒါပေမဲ့ ရော်ဘာနဲ့ လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ 148 00:05:52,080 --> 00:05:54,336 ဒီမှာ နောက်ပါးစပ် ရှိတယ်- ပါးစပ် နှစ်ခု ရှိတယ်။ 149 00:05:54,360 --> 00:05:55,776 ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။ 150 00:05:55,800 --> 00:05:57,616 တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊ 151 00:05:57,640 --> 00:05:59,896 နောက်တစ်ခုက အစာကို အပြင်ကို ထုတ်ပစ်ရန် အတွက်ပါ။ 152 00:05:59,896 --> 00:06:03,096 ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့ စအိုပေါက် 153 00:06:03,120 --> 00:06:04,336 ဒါမှမဟုတ်-- 154 00:06:04,360 --> 00:06:05,376 (ရယ်မောသံများ) 155 00:06:05,400 --> 00:06:07,206 မလိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊ 156 00:06:07,206 --> 00:06:08,730 တကယ့် အကောင်တွေ အတိုင်းပါပဲ။ 157 00:06:08,730 --> 00:06:11,866 ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ 158 00:06:11,866 --> 00:06:13,096 ဒါက ခန္ဓာကိုယ်ပါ။ 159 00:06:13,120 --> 00:06:16,256 ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။ 160 00:06:16,280 --> 00:06:20,176 ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင် လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ 161 00:06:20,200 --> 00:06:21,736 ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ 162 00:06:21,760 --> 00:06:23,256 အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။ 163 00:06:23,280 --> 00:06:26,856 အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ် ဆိုတာ ရှိပါတယ်။ 164 00:06:26,880 --> 00:06:29,640 ကျွန်တော် ဒီမှာ ချထားလိုက်ပြီး ဆဲလ်ကို မတင်ပြပါမယ်။ 165 00:06:29,830 --> 00:06:32,056 ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား 166 00:06:32,080 --> 00:06:34,256 သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊ 167 00:06:34,280 --> 00:06:35,536 ကျွန်တော် ဒါကို သုံးပါတယ်။ 168 00:06:35,560 --> 00:06:36,816 အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။ 169 00:06:36,840 --> 00:06:38,096 အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။ 170 00:06:38,120 --> 00:06:41,536 အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့ လောင်စာကို ထည့်ပေးနိုင်တယ်၊ 171 00:06:41,560 --> 00:06:43,216 ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။ 172 00:06:43,240 --> 00:06:44,456 ဒီတော့ ဒါဘာလဲ။ 173 00:06:44,480 --> 00:06:46,256 ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။ 174 00:06:46,256 --> 00:06:48,250 ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့ နည်းနည်း ဆင်တူတယ်။ 175 00:06:48,250 --> 00:06:50,466 ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ် သတင်းများထဲမှာ 176 00:06:50,466 --> 00:06:51,650 မြင်တွေ့ခဲ့ဘူးကြမှာပါ။ 177 00:06:51,650 --> 00:06:54,746 ဓာတုဗေဒ ဆဲလ်တွေဟာ ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး 178 00:06:54,746 --> 00:06:56,936 ပေါင်းစပ်ပေးလိုက်ကာ လျှပ်စစ်ကို ထုတ်ပေးကြတယ်။ 179 00:06:56,960 --> 00:07:00,376 အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ 180 00:07:00,400 --> 00:07:02,360 အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။ 181 00:07:02,440 --> 00:07:03,696 ဒါက နည်းနည်း ပိုသစ်ပါတယ်။ 182 00:07:03,720 --> 00:07:05,176 ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။ 183 00:07:05,200 --> 00:07:06,456 လုပ်ပုံ အခြေခံမူ တူတယ်။ 184 00:07:06,480 --> 00:07:07,896 တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊ 185 00:07:07,920 --> 00:07:10,016 အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား 186 00:07:10,040 --> 00:07:11,336 စွပ်ပြုတ် ရှိတယ်၊ 187 00:07:11,360 --> 00:07:14,176 တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့ သက်ရှိ ပိုးမွှားတွေပါ။ 188 00:07:14,200 --> 00:07:16,896 ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊ 189 00:07:16,920 --> 00:07:19,140 စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊ 190 00:07:19,140 --> 00:07:20,776 ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊ 191 00:07:20,800 --> 00:07:23,846 အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက အဲဒီအစာကို စားကြပြီး 192 00:07:23,846 --> 00:07:26,030 အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။ 193 00:07:26,400 --> 00:07:29,896 အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးနိုင်ရင် 194 00:07:29,920 --> 00:07:33,680 ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု အချို့ကို ရှင်းရန် သုံးနိုင်မယ်။ 195 00:07:34,000 --> 00:07:36,016 မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင် 196 00:07:36,040 --> 00:07:38,656 ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။ 197 00:07:38,680 --> 00:07:41,016 ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊ 198 00:07:41,040 --> 00:07:44,560 ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့ ရေနံစိမ်းကို စားကြမယ်။ 199 00:07:44,960 --> 00:07:47,656 ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို ရှင်းရန်အတွက်သာမက 200 00:07:47,680 --> 00:07:50,936 အသုံးပြုလို့ ရနိုင်ရုံသမာက 201 00:07:50,960 --> 00:07:53,760 ညစ်ညမ်းမှုမှ လျှပ်စစ် ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ 202 00:07:54,400 --> 00:07:57,176 ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ ရွေ့ရှားရင်း 203 00:07:57,200 --> 00:07:59,296 အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊ 204 00:07:59,320 --> 00:08:01,600 အစာကို ချေဖျက်လျက် လျှပ်စစ်ကို ထုတ်လုပ်မယ်၊ 205 00:08:01,600 --> 00:08:04,140 ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့ လျှပ်စစ်ကို သုံးနိုင်ပြီး 206 00:08:04,140 --> 00:08:05,576 ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။ 207 00:08:05,600 --> 00:08:09,000 ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့ ၎င်းက လှော်နေတဲ့ အခါမှာ 208 00:08:09,000 --> 00:08:10,756 ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။ 209 00:08:10,756 --> 00:08:12,766 ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။ 210 00:08:12,766 --> 00:08:14,896 ခင်ဗျားတို့ ပထမဆုံး မြင်ရမှာက၊ မြင်ရတယ်နော်၊ 211 00:08:14,920 --> 00:08:16,216 ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။ 212 00:08:16,240 --> 00:08:19,256 ရှေ့ပါးစပ်နဲ့ အောက်ပိုင်း ပါးစပ်ကို ဖွင့်ထား၊ 213 00:08:19,280 --> 00:08:20,816 လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊ 214 00:08:20,840 --> 00:08:23,266 အဲဒီနောက် ရိုဘော့ဟာ ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ 215 00:08:23,266 --> 00:08:24,556 ၎င်းဟာ ရေကို ဖြတ်သွားလျက် 216 00:08:24,556 --> 00:08:27,356 အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ 217 00:08:27,356 --> 00:08:29,216 လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊ 218 00:08:29,216 --> 00:08:31,496 ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊ 219 00:08:31,520 --> 00:08:33,936 တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊ 220 00:08:33,960 --> 00:08:35,726 ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊ 221 00:08:35,726 --> 00:08:37,500 ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။ 222 00:08:37,780 --> 00:08:40,370 အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ 223 00:08:40,370 --> 00:08:41,976 ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။ 224 00:08:42,000 --> 00:08:44,346 ကျွန်တော်တို့ တကယ်လိုချင်တာက စွမ်းအင် အများကြီးကို 225 00:08:44,346 --> 00:08:46,796 ပိုးမွှားများထံမှ အတတ်နိုင်ဆုံး အမြန်ဆုံး ရချင်တယ်။ 226 00:08:46,796 --> 00:08:49,166 ဒါပေမဲ့ ပိုးမွှာတွေက စက္ကန့်တိုင်းမှာ ထုတ်ပေးကြတဲ့ 227 00:08:49,166 --> 00:08:52,086 လျှပ်စစ်ဟာ နည်းပြီး တိုးထုတ်ဖို့ ပိုးမွှားတွေကို ခိုင်းမရပါ။ 228 00:08:52,086 --> 00:08:54,926 သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ် ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ 229 00:08:54,926 --> 00:08:56,296 ဒါကို ရှင်းပြပါရစေ။ 230 00:08:56,320 --> 00:08:57,856 ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း၊ 231 00:08:57,880 --> 00:08:59,256 ခေတ်အမှီဆုံး တစ်ခုဆိုရင်၊ 232 00:08:59,280 --> 00:09:01,496 ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။ 233 00:09:01,520 --> 00:09:05,336 ဒီတော့ ဖုန်း သုံးတာက ခုနက ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် 234 00:09:05,360 --> 00:09:07,320 အကြိမ် တစ်ထောင်၊ တသန်းအထိကို များပါတယ်။ 235 00:09:07,530 --> 00:09:09,576 ဒီပြဿနာကို ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ 236 00:09:09,600 --> 00:09:12,456 ကောင်းပြီ၊ Row-bot က အစာကို ချေပြီးသွားတဲ့ အခါမှာ 237 00:09:12,480 --> 00:09:14,046 အစားအစာကို အထဲကို ယူထည့်လိုက်ကာ 238 00:09:14,046 --> 00:09:17,496 ထိုင်နေလျက် အစာအားလုံးကို သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ 239 00:09:17,520 --> 00:09:20,736 အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ် အထိ ကြာနိုင်တယ်။ 240 00:09:20,760 --> 00:09:24,200 Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတယ်- 241 00:09:24,200 --> 00:09:25,736 ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊ 242 00:09:25,760 --> 00:09:27,016 ရှေ့ကို ရွေ့တယ်၊ 243 00:09:27,040 --> 00:09:28,296 ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊ 244 00:09:28,320 --> 00:09:30,176 ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။ 245 00:09:30,200 --> 00:09:31,666 အစားအစာတွေကို ချေဖျက်ပြီးတာနဲ့ 246 00:09:31,666 --> 00:09:34,416 ရှေ့ဆက် လှုပ်ရှားလျက် အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ 247 00:09:34,440 --> 00:09:37,120 ဒါပေမဲ့၊ ဒါဟာ တကယ့် သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ 248 00:09:37,120 --> 00:09:39,240 အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ကြပုံ အတိုင်းပါပဲ။ 249 00:09:39,240 --> 00:09:41,776 စနေညနေတွင် ကျွန်ုပ်တို့ဟာ ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ 250 00:09:41,776 --> 00:09:43,846 ကျွန်ုပ်တို့ရဲ့ အစာအိမ်တွေကို ဖြည့်ကြတယ်၊ 251 00:09:43,846 --> 00:09:45,896 တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။ 252 00:09:45,920 --> 00:09:48,506 အတော်လေး ချေပြီးတဲ့ နောက်မှာ အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ 253 00:09:48,506 --> 00:09:51,176 အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ 254 00:09:51,200 --> 00:09:54,736 ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ စွမ်းအင် ကျန်နေသေးရင် 255 00:09:54,760 --> 00:09:56,896 ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။ 256 00:09:56,920 --> 00:09:58,936 ကျွန်ုပ်တို့ဟာ စာတိုကို ပို့နိုင်တယ်၊ ဥပမာ၊ 257 00:09:58,960 --> 00:10:00,846 အခုလို ပါတဲ့ စာတို ပို့နိုင်တယ်၊ 258 00:10:00,846 --> 00:10:03,316 "မကြာမီ ကျွန်တော် စားခဲ့တဲ့ ညစ်ညမ်းမှုက ဒီလောက်ကြီး" 259 00:10:03,316 --> 00:10:05,446 ဒါမှမဟုတ် "ငါရင်ဆိုင်နေရတဲ့ ပြဿာက ဒီလိုပါ။" 260 00:10:05,446 --> 00:10:07,120 ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။" 261 00:10:07,800 --> 00:10:11,056 "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို ပို့နိုင်တဲ့ 262 00:10:11,080 --> 00:10:13,016 လုပ်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးတယ်။ 263 00:10:13,040 --> 00:10:15,696 အစောပိုင်း ကျွန်ုပ်တို့ မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို 264 00:10:15,696 --> 00:10:17,596 ပွင့်လာကြတဲ့ ရေညှိတွေကို စဉ်းစားရင် 265 00:10:17,596 --> 00:10:20,406 ကျွန်ုပ်တို့ တကယ်လုပ်နိုင်တာက Row-bot ကို ချထားရန်ပါပဲ၊ 266 00:10:20,406 --> 00:10:22,326 ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။ 267 00:10:22,326 --> 00:10:24,076 ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။ 268 00:10:24,076 --> 00:10:25,176 ဘာဖြစ်လို့လဲ။ 269 00:10:25,200 --> 00:10:27,016 လောလောဆယ်မှာ ဒီ Row-bot တွေဟာ 270 00:10:27,040 --> 00:10:28,476 ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင် 271 00:10:28,476 --> 00:10:30,366 မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊ 272 00:10:30,366 --> 00:10:33,736 ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့ အစိတ်အပိုင်းတွေ ပါတယ်။ 273 00:10:33,760 --> 00:10:36,496 လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက် ဘက်ထရီ ရှိပါတယ်။ 274 00:10:36,520 --> 00:10:38,496 အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။ 275 00:10:38,520 --> 00:10:40,626 ဒါကြောင့် ၎င်းတို့ကို စောင့်ကြည့်ရန် လိုတယ်၊ 276 00:10:40,626 --> 00:10:42,376 ၎င်းတို့ရဲ့ အလုပ်ပြီးသွားတဲ့အခါ 277 00:10:42,400 --> 00:10:43,946 ၎င်းတို့ကို ကောက်ယူရန် လိုတယ်။ 278 00:10:43,946 --> 00:10:46,276 အဲဒါကြောင့် Row-bot သုံးရာတွင် ကန့်သတ်ချက် ရှိတယ်။ 279 00:10:46,276 --> 00:10:47,446 နောက်တစ်ဖက်မှ ကျတော့၊ 280 00:10:47,446 --> 00:10:50,456 ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့ နည်းနည်းလေး တူပါက၊ 281 00:10:50,480 --> 00:10:52,576 အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊ 282 00:10:52,600 --> 00:10:55,056 ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။ 283 00:10:55,080 --> 00:10:57,416 အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ 284 00:10:57,440 --> 00:10:59,679 ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား 285 00:10:59,703 --> 00:11:01,310 ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ 286 00:11:01,310 --> 00:11:03,626 ေကြပျက်လွယ်တဲ့ ပစ္စည်းများဖြင့် လုပ်ထားမယ်ဆိုရင် 287 00:11:03,626 --> 00:11:04,986 ဘာမှမကျန် ပျက်စီးသွားရင်ကော။ 288 00:11:04,986 --> 00:11:07,336 အဲဒီလိုဆိုရင် ရိုဘော့တွေ သုံးပုံ ပြောင်းသွားမယ်။ 289 00:11:07,336 --> 00:11:09,630 ပတ်ဝန်းကျင် ထဲတွင် ၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ 290 00:11:09,630 --> 00:11:11,216 ၎င်းတို့ကို စောင့်ကြည့်နေရမယ်၊ 291 00:11:11,240 --> 00:11:12,746 ပြီးတော့ ၎င်းတို့ သေတဲ့အခါမှာ 292 00:11:12,746 --> 00:11:14,006 လိုက်ပြီး စုစည်းရမယ့်အစား 293 00:11:14,006 --> 00:11:15,536 ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ 294 00:11:15,560 --> 00:11:18,296 ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ ချထားနိုင်ကြမယ်။ 295 00:11:18,320 --> 00:11:20,356 ၎င်းတို့ကို ဝန်းကျင်ထဲမှာ ဖြန့်ထားနိုင်မယ်။ 296 00:11:20,356 --> 00:11:23,776 ၎င်းတို့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန် ပျက်ပြုန်းသွားကြမှာပါ။ 297 00:11:23,800 --> 00:11:26,376 ကျွန်ုပ်တို့ဟာ ၎င်းတို့ အကြောင်း စဉ်းစားရန် မလိုတော့ပါ။ 298 00:11:26,376 --> 00:11:29,326 ဒီလိုဆိုရင် ရိုဘော့အကြောင်း ကျွန်ုပ်တို့ စဉ်းစားပုံအသုံးချပုံ 299 00:11:29,326 --> 00:11:30,576 ပြောင်းလဲ သွားပါလိမ့်မယ်။ 300 00:11:30,576 --> 00:11:32,406 အခုမေးစရာက - ဒီလို လုပ်လို့ရနိုင်မလား။ 301 00:11:32,406 --> 00:11:34,256 လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။ 302 00:11:34,256 --> 00:11:36,026 ဇီဝဆွေးလွယ် ရိုဘော့တွေ လုပ်နိုင်တယ်။ 303 00:11:36,026 --> 00:11:38,776 အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို အိမ်သုံးပစ္စည်းများနဲ့ 304 00:11:38,776 --> 00:11:40,336 လုပ်နိုင်တာ စိတ်ဝင်စားစရာပါပဲ။ 305 00:11:40,360 --> 00:11:42,936 တချို့ကိုပြပါမယ်၊ ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ 306 00:11:42,960 --> 00:11:45,856 ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 307 00:11:45,880 --> 00:11:48,656 လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား 308 00:11:48,680 --> 00:11:51,296 ကျွန်ုပ်တို့ဟာ ကြွက်သား အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ 309 00:11:51,296 --> 00:11:53,170 ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊ 310 00:11:53,170 --> 00:11:54,936 ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊ 311 00:11:54,960 --> 00:11:57,136 ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊ တွန့်လိမ်ကြမယ်။ 312 00:11:57,160 --> 00:11:59,376 ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။ 313 00:11:59,400 --> 00:12:02,400 ဒီတော့ မော်တာအစား ဒီလို ကြွက်သားအတုတွေ သုံးကြမယ်။ 314 00:12:02,424 --> 00:12:05,256 အဲဒီလို ကြွက်သားအတုကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 315 00:12:05,280 --> 00:12:07,216 ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး 316 00:12:07,240 --> 00:12:08,816 နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊ 317 00:12:08,840 --> 00:12:10,916 ကျွန်ုပ်တို့ဟာ ကြွက်သား အတုကို လုပ်နိုင်ပြီ။ 318 00:12:10,916 --> 00:12:14,556 ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ် ပြုလုပ်ပုံကိုလည်း ကျွန်ုပ်တို့ ပြခဲ့ပြီ၊ 319 00:12:14,556 --> 00:12:15,656 စက္ကူနဲ့ လုပ်နိုင်တာ။ 320 00:12:15,680 --> 00:12:19,610 ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ 321 00:12:19,610 --> 00:12:22,360 လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ မကျန်ဘဲ ဆွေးသွားမှာပါ။ 322 00:12:22,950 --> 00:12:25,080 အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။ 323 00:12:25,080 --> 00:12:28,655 အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ 324 00:12:28,655 --> 00:12:31,156 တချိန်တည်းမှာ ကျွန်ုပ်တို့အား ဖန်တီးခွင့် ပေးမယ်။ 325 00:12:31,156 --> 00:12:34,776 ကိုယ့် အတွေးအခေါ်၊ ရိုဘော့နဲ့ လုပ်လို့ ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ 326 00:12:34,776 --> 00:12:36,126 ကျွန်တော် ဥပမာတစ်ခုပြမယ်။ 327 00:12:36,126 --> 00:12:38,176 ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊ 328 00:12:38,200 --> 00:12:40,096 ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။ 329 00:12:40,120 --> 00:12:42,616 ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။ 330 00:12:42,640 --> 00:12:44,480 စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။ 331 00:12:45,120 --> 00:12:47,896 ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။ 332 00:12:47,920 --> 00:12:49,520 ဟောဒီမှာ၊ အထုပ်တစ်ထုပ်။ 333 00:12:50,560 --> 00:12:52,440 သံပုရာ အနံ့နဲ့ဟာ ရှိတယ်။ 334 00:12:53,300 --> 00:12:56,220 အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊ ရိုဘော့ မဟုတ်ဘူးနော်။ 335 00:12:56,220 --> 00:12:57,576 ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။ 336 00:12:57,600 --> 00:13:00,616 အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ ထည့်လိုက်မယ်ဆိုရင်- 337 00:13:00,640 --> 00:13:01,880 သံပုရာ အရသာ ကောင်းတယ်ဗျ။ 338 00:13:02,720 --> 00:13:05,625 ရိုဘော့ ဆိုတော့ သိပ်မဝါးပါနဲ့၊ အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ 339 00:13:06,200 --> 00:13:08,780 ပြီးတော့ မျိချလိုက်မယ်။ 340 00:13:08,780 --> 00:13:10,776 အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။ 341 00:13:10,800 --> 00:13:14,616 အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊ စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ 342 00:13:14,640 --> 00:13:15,856 တစ်ခုခု လုပ်နေမှာပါ။ 343 00:13:15,880 --> 00:13:18,056 ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊ 344 00:13:18,080 --> 00:13:20,416 အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ စူးစမ်းမယ်၊ 345 00:13:20,440 --> 00:13:22,536 လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။ 346 00:13:22,560 --> 00:13:25,416 ၎င်းဟာ သူ့အလုပ်ကို လုပ်ကိုင်လို့ ပြီးသွားရင် 347 00:13:25,440 --> 00:13:27,656 ၎င်းကို သင့် အစာအိမ်ကို စားသုံးပစ်နိုင်တယ်၊ 348 00:13:27,680 --> 00:13:29,376 ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊ 349 00:13:29,400 --> 00:13:31,196 ၎င်းဟာ သင့်ခန္ဓာကိုယ်ကို ဖြတ်သွားပြီး 350 00:13:31,196 --> 00:13:32,376 အိမ်သာသို့ ထွက်သွားမယ်၊ 351 00:13:32,376 --> 00:13:34,496 ပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိဘဲ ဆွေးသွားမယ်။ 352 00:13:34,520 --> 00:13:38,160 ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ 353 00:13:38,720 --> 00:13:43,016 ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့် ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကာ 354 00:13:43,040 --> 00:13:45,906 စားလို့ရနိုင်မယ့် ရိုဘော့တွေဖြင့် လေ့လာမှု အဆုံးသတ်လိုက်တယ်။ 355 00:13:45,906 --> 00:13:48,696 အခုတော့ ခင်ဗျားတို့ဆီမှာ အနာဂတ် ရိုဘော့တွေ လုပနိုင်မယ့် 356 00:13:48,696 --> 00:13:50,980 စိတ်ကူး တချို့ ရှိလာပြီလို့ မျှော်လင့်ပါတယ်။ 357 00:13:51,560 --> 00:13:53,456 အခုလို အာရုံပြု နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ 358 00:13:53,480 --> 00:13:56,963 (လက်ခုပ်သံများ)