0:00:00.720,0:00:02.136 ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊ 0:00:02.160,0:00:04.136 ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။ 0:00:04.160,0:00:07.656 အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း[br]လူတိုင်း သိတယ်၊ မဟုတ်လား။ 0:00:07.680,0:00:09.856 မသိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ 0:00:09.880,0:00:11.736 ဘာလဲ မေးကြည့်ရုံပါပဲ။ 0:00:11.760,0:00:13.000 ဒီတော့ စမ်းကြည့်ရအောင်။ 0:00:13.640,0:00:16.376 Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။ 0:00:16.400,0:00:19.576 ဒီမှာ ရိုဘော့ ပုံစံတွေ[br]အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ 0:00:19.600,0:00:23.336 အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ[br]လူနဲ့ ဆင်တူကြပါတယ်။ 0:00:23.360,0:00:25.016 ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ 0:00:25.040,0:00:27.496 ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊[br]သတ္ထုပါတယ်၊ 0:00:27.520,0:00:29.816 မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။ 0:00:29.840,0:00:31.456 တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊ 0:00:31.480,0:00:33.536 သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။ 0:00:33.560,0:00:34.976 တချို့ကျတော့ ခင်မင်စရာမျိုး 0:00:35.000,0:00:37.456 မဟုတ်ဘဲ "Terminator"ထဲက[br]များလား ထင်ရပါတယ်။ 0:00:37.480,0:00:39.950 တကယ်တမ်းမှာလည်း "Terminator" မှ[br]ဖြစ်နိုင်ပါတယ်။ 0:00:39.950,0:00:42.640 အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့[br]အရာတွေ လုပ်နိုင်တယ်၊ 0:00:42.640,0:00:44.626 စိတ်လှုပ်ရှားရာ ပစ္စည်းတွေ လုပ်နိုင်တယ်။ 0:00:44.626,0:00:47.190 ဒါပေမဲ့ အခု ပြောချင်တာက[br]မတူတဲ့ ရိုဘော့မျိုးတွေပါ၊ 0:00:47.190,0:00:49.586 ကျွန်တော်ဟာ မတူတဲ့ ရိုဘော့တေွကို[br]ထုတ်လုပ်ချင်တယ်။ 0:00:49.586,0:00:52.816 အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့[br]မတူတဲ့ ဒီလိုအရာမျိုးမှ 0:00:52.840,0:00:54.240 စိတ်ကူးတွေကို ယူချင်တယ်။ 0:00:54.680,0:00:57.256 ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊ 0:00:57.280,0:00:59.856 ၎င်းတို့ဟာ ကျွန်ုပ်တို့ြရော လက်ရှိ[br]ရိုဘော့များပါ 0:00:59.880,0:01:02.376 မလုပ်နိုင်တဲ့ မိုက်တဲ့[br]အရာတွေကို လုပ်နိုင်ကြတယ်။ 0:01:02.400,0:01:05.576 ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊[br]ဥယျာဉ်ထဲ သွားခြင်းနဲ့ 0:01:05.600,0:01:07.856 သီးနှံတွေ စားခြင်းလို[br]လုပ်နိုင်တာ အများကြီး၊ 0:01:07.880,0:01:09.136 သစ်ပင်ပေါ် တက်နိုင်ခြင်း၊ 0:01:09.160,0:01:11.376 ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊ 0:01:11.400,0:01:13.620 အင်းဆက်တွေကို ဖမ်းနိုင်၊ သားနိုင်ကြပါတယ်။ 0:01:13.620,0:01:16.166 ဒီတော့ သူတို့ လုပ်နိုင်တာ တကယ့်ကို[br]စိတ်ဝင်စားစရာတွေပါ။ 0:01:16.166,0:01:19.216 ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး 0:01:19.240,0:01:21.056 ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။ 0:01:21.080,0:01:23.656 ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ[br]အဲဒါတွေ မလုပ်တတ်ကြပါ။ 0:01:23.680,0:01:24.896 ဒီတော့၊ ဒီလို ထူးခြားတဲ့ 0:01:24.920,0:01:28.576 လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ[br]အသုံးပြုလျက် တကယ့်ကို 0:01:28.600,0:01:31.296 အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင်[br]မကောင်းပေဘူးလား။ 0:01:31.320,0:01:34.376 ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ[br]အချို့ကို ယူပြီး 0:01:34.400,0:01:37.366 အကောင်းများနဲ့ အပင်များထံမှ[br]ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ 0:01:37.366,0:01:39.176 နည်းပညာတွေကို အသုံးပြုကာ 0:01:39.200,0:01:40.896 အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် 0:01:40.896,0:01:42.856 လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။ 0:01:42.880,0:01:45.240 ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို[br]လေ့လာကြပါစို့။ 0:01:45.430,0:01:47.376 အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊ 0:01:47.400,0:01:49.856 လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း[br]လုပ်ပစ်လိုက်တဲ့ 0:01:49.880,0:01:52.256 စိတ်ပျက်စရာ အရာတွေပါ။ 0:01:52.280,0:01:55.920 ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့[br]ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ 0:01:56.440,0:01:58.856 တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့[br]ဖိအားပေးမှုကြောင့် 0:01:58.880,0:02:02.680 လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ[br]သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ 0:02:02.680,0:02:04.256 တဖန် အဲဒီလို တိုးထုတ်နိုင်ဖို့ 0:02:04.280,0:02:07.376 လယ်သမားတွေဟာ စိုက်ခင်းတွေမှာ[br]ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ 0:02:07.376,0:02:10.136 သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ[br]ပိုးသတ်ဆေးများ စသဖြင့် 0:02:10.136,0:02:13.216 သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို[br]များစွာ သုံးနေကြရာ 0:02:13.240,0:02:15.376 အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။ 0:02:15.400,0:02:18.560 အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက်[br]တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ 0:02:18.560,0:02:21.426 များစွာ သုံးတယ်အခါ အားလုံးဟာ[br]အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ 0:02:21.426,0:02:23.896 တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊ 0:02:23.920,0:02:25.376 မိုးရွာတဲ့ အခါမှာ၊ အဲဒီလို 0:02:25.400,0:02:27.896 ဓာတုပစ္စည်းတွေဟာ မြေအောက်[br]ရေထုထဲ စိမ့်ဝင်သွားတယ်။ 0:02:27.920,0:02:29.176 တဖန် အဲဒီ မြေထုရေဟာ 0:02:29.200,0:02:32.696 ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ[br]ရောက်ရှိသွားလျက် 0:02:32.720,0:02:33.920 ပင်လယ်ထဲကို ရောက်လာပါတယ်။ 0:02:34.080,0:02:36.820 ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊ 0:02:36.820,0:02:38.656 နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင် 0:02:38.680,0:02:42.456 ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့[br]အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ 0:02:42.480,0:02:44.096 ဥပမာ၊ ရေညှိဆိုပါစို့။ 0:02:44.120,0:02:46.656 ရေညှိဟာ နိုင်ထရိတ်တွေကို၊[br]ဓာတုမြေဩဇာကိုကြိုက်တော့၊ 0:02:46.680,0:02:48.776 အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို[br]စုပ်ယူမှာပါ၊ 0:02:48.800,0:02:51.736 အခြေအနေတွေ ကောင်းမယ်ဆိုရင်[br]၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ 0:02:51.760,0:02:54.016 ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး[br]ပွားများလာမှာပါ။ 0:02:54.040,0:02:55.576 အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။ 0:02:55.600,0:02:58.776 ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင်[br]၎င်းတို့ဟာ 0:02:58.800,0:03:01.040 ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။ 0:03:01.480,0:03:02.736 အဲဒီနောက်မှာ ရေထဲက 0:03:02.760,0:03:05.680 တခြားအကောင်တွေဟာ အသက်ရှင်[br]မရနိုင်တော့ပါ။ 0:03:06.080,0:03:08.096 ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ 0:03:08.120,0:03:12.136 ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက်[br]ပတ်ဝန်းကျင်ကို လုံခြုံအောင် 0:03:12.160,0:03:14.016 လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။ 0:03:14.040,0:03:15.400 အဲဒါက ပထမ ပြဿနာပါ။ 0:03:15.960,0:03:18.456 ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက်[br]ဖြစ်ပြီး 0:03:18.480,0:03:20.360 ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။ 0:03:20.800,0:03:24.536 အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့[br]သုံးကြတဲ့ အင်ဂျင်နာများ၊ 0:03:24.560,0:03:25.896 လှေများမှ စီးထွက်လာတတ်တယ်။ 0:03:25.920,0:03:29.156 ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို[br]ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ 0:03:29.156,0:03:31.256 အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ[br]ရောက်လာတယ်။ 0:03:31.280,0:03:33.856 အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး[br]ရေနံကွက်ကြီးတွေ 0:03:33.880,0:03:38.600 ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို[br]သုံးနိုင်မယ် ဆိုရင်ကော။ 0:03:39.160,0:03:40.776 ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက 0:03:40.800,0:03:43.400 ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။ 0:03:43.880,0:03:45.216 အဲဒီ ရိုဘော့တွေကို လက်တွေ့ 0:03:45.240,0:03:47.440 ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ[br]အကြံဉာဏ် ယူခဲ့တယ်။ 0:03:47.880,0:03:50.416 ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက[br]ငါးမန်းကောင်ကြီးပါ။ 0:03:50.440,0:03:52.976 ဧရာမ ငါးမန်းကောင်ပါ။ 0:03:53.000,0:03:55.576 ၎င်းဟာ သားစားကောင် မဟုတ်လို့[br]၎င်းနဲ့အတူ ရေကူးနိုင်တယ်။ 0:03:55.600,0:03:57.056 ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။ 0:03:57.080,0:03:58.936 အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက် 0:03:58.960,0:04:01.800 ရေထဲကူးသွားရင်း ရေမျောတွေကို[br]လိုက်စုစည်းတယ်။ 0:04:02.880,0:04:05.096 အဲဒီလို လုပ်နေချိန်မှာ အစာကို[br]ချေဖျက်လိုက်လို့ 0:04:05.120,0:04:08.640 ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန်[br]အသုံးပြုပါတယ်။ 0:04:09.400,0:04:11.256 ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့ 0:04:11.280,0:04:13.816 ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ[br]ကူးသွားစေလျက် 0:04:13.840,0:04:15.790 ညစ်ညမ်းမှုကို စားခိုင်းလို့ ရနိုင်မလား။ 0:04:16.160,0:04:17.770 လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။ 0:04:17.770,0:04:20.790 တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား[br]အကောင်များဆီမှပါ အကြံရသေးတယ်။ 0:04:20.790,0:04:23.166 ဒီနေရာမှာ ရှိတဲ့ ငါးတမျိုးကို[br]ကျွန်တော် ပြချင်တယ်။ 0:04:23.166,0:04:24.896 ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။ 0:04:24.920,0:04:26.496 ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့ 0:04:26.520,0:04:29.000 တူတဲ့ ခြေတွေကို သုံးပြီး[br]ရှေ့ကို တွန်းယူတယ်။ 0:04:29.340,0:04:31.616 အဲဒီအကောင် နှစ်မျိုးကို[br]ကျွန်တော်တို့ ယူပြီး 0:04:31.640,0:04:34.640 ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို[br]ဖန်တီးလိုက်ကြတယ်။ 0:04:35.320,0:04:38.496 ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို[br]အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ 0:04:38.520,0:04:41.140 ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့ 0:04:41.140,0:04:42.576 ကျွန်တော်တို့ရဲ့ ရိုဘော့ကို 0:04:42.600,0:04:44.816 "Row-bot" လို့ ခေါ်ပါတယ်။ 0:04:44.840,0:04:48.696 ဒီတော့ Row-bot လှော်တတ်တဲ့[br]ရိုဘော့ စက်ရုပ်ပါ။ 0:04:48.720,0:04:51.416 ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ[br]ဘယ်လိုများ ရှိလဲ။ 0:04:51.440,0:04:53.170 Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။ 0:04:53.170,0:04:54.546 ခင်ဗျားတို့ သတိထားမိကြမှာက 0:04:54.546,0:04:57.776 ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့[br]ရိုဘော့တွေနဲ့ မတူပါဘူး။ 0:04:57.800,0:05:00.476 Google ဟာ မှားတယ်၊ ရိုဘော့တွေ[br]အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ 0:05:00.476,0:05:01.686 ဒီလို ပုံစံမျိုးတွေပါ။ 0:05:01.686,0:05:03.386 အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။ 0:05:03.386,0:05:04.696 ခင်ဗျားတို့အတွက် ပြပေးမယ်။ 0:05:04.696,0:05:06.206 စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။ 0:05:06.206,0:05:08.256 ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။ 0:05:08.280,0:05:09.896 အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊ 0:05:09.920,0:05:11.976 ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊ 0:05:12.000,0:05:13.316 Row-bot ထဲ ပါဝင်တာက- 0:05:13.340,0:05:15.010 ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက- 0:05:15.010,0:05:18.306 Row-bot ထဲ ပါဝင်ကြတဲ့ [br]အပိုင်း သုံးပိုင်းပါ၊ 0:05:18.306,0:05:21.896 အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း[br]ထဲက အတိုင်းပါပဲ။ 0:05:21.920,0:05:23.576 ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊ 0:05:23.600,0:05:24.976 ခန္ဓာကိုယ် ရှိတယ်၊ 0:05:25.000,0:05:27.296 ပြီးတော့ အစာအိမ် ရှိတယ်။ 0:05:27.320,0:05:29.736 စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။ 0:05:29.760,0:05:32.026 Row-bot ဆီမှာ အဲဒီလို[br]အပိုင်း သုံးပိုင်း ရှိတယ်၊ 0:05:32.026,0:05:34.836 သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ[br]အပိုင်း သုံးပိုင်း ရှိတယ်။ 0:05:34.836,0:05:36.586 အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။ 0:05:36.586,0:05:37.956 ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊ 0:05:37.956,0:05:39.656 အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ 0:05:39.656,0:05:41.616 ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။ 0:05:41.640,0:05:44.576 ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး 0:05:44.600,0:05:46.096 ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊ 0:05:46.120,0:05:47.750 ခုန ပြခဲ့တဲ့ ရေပိုးကောင် အတိုင်းပါ 0:05:47.750,0:05:49.536 ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊ 0:05:49.560,0:05:52.080 ဒါပေမဲ့ ရော်ဘာနဲ့[br]လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ 0:05:52.080,0:05:54.336 ဒီမှာ နောက်ပါးစပ် ရှိတယ်-[br]ပါးစပ် နှစ်ခု ရှိတယ်။ 0:05:54.360,0:05:55.776 ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။ 0:05:55.800,0:05:57.616 တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊ 0:05:57.640,0:05:59.896 နောက်တစ်ခုက အစာကို အပြင်ကို[br]ထုတ်ပစ်ရန် အတွက်ပါ။ 0:05:59.896,0:06:03.096 ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့[br]စအိုပေါက် 0:06:03.120,0:06:04.336 ဒါမှမဟုတ်-- 0:06:04.360,0:06:05.376 (ရယ်မောသံများ) 0:06:05.400,0:06:07.206 မလိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊ 0:06:07.206,0:06:08.730 တကယ့် အကောင်တွေ အတိုင်းပါပဲ။ 0:06:08.730,0:06:11.866 ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့[br]ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ 0:06:11.866,0:06:13.096 ဒါက ခန္ဓာကိုယ်ပါ။ 0:06:13.120,0:06:16.256 ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။ 0:06:16.280,0:06:20.176 ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင်[br]လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ 0:06:20.200,0:06:21.736 ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ 0:06:21.760,0:06:23.256 အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။ 0:06:23.280,0:06:26.856 အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ်[br]ဆိုတာ ရှိပါတယ်။ 0:06:26.880,0:06:29.640 ကျွန်တော် ဒီမှာ ချထားလိုက်ပြီး[br]ဆဲလ်ကို မတင်ပြပါမယ်။ 0:06:29.830,0:06:32.056 ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား 0:06:32.080,0:06:34.256 သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊ 0:06:34.280,0:06:35.536 ကျွန်တော် ဒါကို သုံးပါတယ်။ 0:06:35.560,0:06:36.816 အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။ 0:06:36.840,0:06:38.096 အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။ 0:06:38.120,0:06:41.536 အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့[br]လောင်စာကို ထည့်ပေးနိုင်တယ်၊ 0:06:41.560,0:06:43.216 ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။ 0:06:43.240,0:06:44.456 ဒီတော့ ဒါဘာလဲ။ 0:06:44.480,0:06:46.256 ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။ 0:06:46.256,0:06:48.250 ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့[br]နည်းနည်း ဆင်တူတယ်။ 0:06:48.250,0:06:50.466 ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ်[br]သတင်းများထဲမှာ 0:06:50.466,0:06:51.650 မြင်တွေ့ခဲ့ဘူးကြမှာပါ။ 0:06:51.650,0:06:54.746 ဓာတုဗေဒ ဆဲလ်တွေဟာ[br]ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး 0:06:54.746,0:06:56.936 ပေါင်းစပ်ပေးလိုက်ကာ[br]လျှပ်စစ်ကို ထုတ်ပေးကြတယ်။ 0:06:56.960,0:07:00.376 အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး[br]Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ 0:07:00.400,0:07:02.360 အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။ 0:07:02.440,0:07:03.696 ဒါက နည်းနည်း ပိုသစ်ပါတယ်။ 0:07:03.720,0:07:05.176 ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။ 0:07:05.200,0:07:06.456 လုပ်ပုံ အခြေခံမူ တူတယ်။ 0:07:06.480,0:07:07.896 တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊ 0:07:07.920,0:07:10.016 အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား 0:07:10.040,0:07:11.336 စွပ်ပြုတ် ရှိတယ်၊ 0:07:11.360,0:07:14.176 တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့[br]သက်ရှိ ပိုးမွှားတွေပါ။ 0:07:14.200,0:07:16.896 ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊ 0:07:16.920,0:07:19.140 စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊ 0:07:19.140,0:07:20.776 ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊ 0:07:20.800,0:07:23.846 အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက[br]အဲဒီအစာကို စားကြပြီး 0:07:23.846,0:07:26.030 အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။ 0:07:26.400,0:07:29.896 အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့ [br]ပိုးမွှားတွေကို ရွေးနိုင်ရင် 0:07:29.920,0:07:33.680 ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု[br]အချို့ကို ရှင်းရန် သုံးနိုင်မယ်။ 0:07:34.000,0:07:36.016 မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင် 0:07:36.040,0:07:38.656 ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။ 0:07:38.680,0:07:41.016 ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊ 0:07:41.040,0:07:44.560 ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့[br]ရေနံစိမ်းကို စားကြမယ်။ 0:07:44.960,0:07:47.656 ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို[br]ရှင်းရန်အတွက်သာမက 0:07:47.680,0:07:50.936 အသုံးပြုလို့ ရနိုင်ရုံသမာက 0:07:50.960,0:07:53.760 ညစ်ညမ်းမှုမှ လျှပ်စစ်[br]ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ 0:07:54.400,0:07:57.176 ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ[br]ရွေ့ရှားရင်း 0:07:57.200,0:07:59.296 အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊ 0:07:59.320,0:08:01.600 အစာကို ချေဖျက်လျက်[br]လျှပ်စစ်ကို ထုတ်လုပ်မယ်၊ 0:08:01.600,0:08:04.140 ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့[br]လျှပ်စစ်ကို သုံးနိုင်ပြီး 0:08:04.140,0:08:05.576 ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။ 0:08:05.600,0:08:09.000 ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့[br]၎င်းက လှော်နေတဲ့ အခါမှာ 0:08:09.000,0:08:10.756 ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။ 0:08:10.756,0:08:12.766 ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။ 0:08:12.766,0:08:14.896 ခင်ဗျားတို့ ပထမဆုံး မြင်ရမှာက၊[br]မြင်ရတယ်နော်၊ 0:08:14.920,0:08:16.216 ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။ 0:08:16.240,0:08:19.256 ရှေ့ပါးစပ်နဲ့ အောက်ပိုင်း [br]ပါးစပ်ကို ဖွင့်ထား၊ 0:08:19.280,0:08:20.816 လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊ 0:08:20.840,0:08:23.266 အဲဒီနောက် ရိုဘော့ဟာ[br]ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ 0:08:23.266,0:08:24.556 ၎င်းဟာ ရေကို ဖြတ်သွားလျက် 0:08:24.556,0:08:27.356 အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး[br]စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ 0:08:27.356,0:08:29.216 လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊ 0:08:29.216,0:08:31.496 ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊ 0:08:31.520,0:08:33.936 တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊ 0:08:33.960,0:08:35.726 ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊ 0:08:35.726,0:08:37.500 ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။ 0:08:37.780,0:08:40.370 အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ 0:08:40.370,0:08:41.976 ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။ 0:08:42.000,0:08:44.346 ကျွန်တော်တို့ တကယ်လိုချင်တာက[br]စွမ်းအင် အများကြီးကို 0:08:44.346,0:08:46.796 ပိုးမွှားများထံမှ အတတ်နိုင်ဆုံး[br]အမြန်ဆုံး ရချင်တယ်။ 0:08:46.796,0:08:49.166 ဒါပေမဲ့ ပိုးမွှာတွေက[br]စက္ကန့်တိုင်းမှာ ထုတ်ပေးကြတဲ့ 0:08:49.166,0:08:52.086 လျှပ်စစ်ဟာ နည်းပြီး တိုးထုတ်ဖို့ [br]ပိုးမွှားတွေကို ခိုင်းမရပါ။ 0:08:52.086,0:08:54.926 သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ်[br]ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ 0:08:54.926,0:08:56.296 ဒါကို ရှင်းပြပါရစေ။ 0:08:56.320,0:08:57.856 ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း၊ 0:08:57.880,0:08:59.256 ခေတ်အမှီဆုံး တစ်ခုဆိုရင်၊ 0:08:59.280,0:09:01.496 ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။ 0:09:01.520,0:09:05.336 ဒီတော့ ဖုန်း သုံးတာက ခုနက[br]ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် 0:09:05.360,0:09:07.320 အကြိမ် တစ်ထောင်၊ တသန်းအထိကို များပါတယ်။ 0:09:07.530,0:09:09.576 ဒီပြဿနာကို ကျွန်တော်တို့[br]ဘယ်လို လုပ်မလဲ။ 0:09:09.600,0:09:12.456 ကောင်းပြီ၊ Row-bot က[br]အစာကို ချေပြီးသွားတဲ့ အခါမှာ 0:09:12.480,0:09:14.046 အစားအစာကို အထဲကို ယူထည့်လိုက်ကာ 0:09:14.046,0:09:17.496 ထိုင်နေလျက် အစာအားလုံးကို[br]သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ 0:09:17.520,0:09:20.736 အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ်[br]အထိ ကြာနိုင်တယ်။ 0:09:20.760,0:09:24.200 Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတယ်- 0:09:24.200,0:09:25.736 ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊ 0:09:25.760,0:09:27.016 ရှေ့ကို ရွေ့တယ်၊ 0:09:27.040,0:09:28.296 ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊ 0:09:28.320,0:09:30.176 ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။ 0:09:30.200,0:09:31.666 အစားအစာတွေကို ချေဖျက်ပြီးတာနဲ့ 0:09:31.666,0:09:34.416 ရှေ့ဆက် လှုပ်ရှားလျက်[br]အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ 0:09:34.440,0:09:37.120 ဒါပေမဲ့၊ ဒါဟာ တကယ့်[br]သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ 0:09:37.120,0:09:39.240 အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ကြပုံ[br]အတိုင်းပါပဲ။ 0:09:39.240,0:09:41.776 စနေညနေတွင် ကျွန်ုပ်တို့ဟာ[br]ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ 0:09:41.776,0:09:43.846 ကျွန်ုပ်တို့ရဲ့ အစာအိမ်တွေကို ဖြည့်ကြတယ်၊ 0:09:43.846,0:09:45.896 တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။ 0:09:45.920,0:09:48.506 အတော်လေး ချေပြီးတဲ့ နောက်မှာ[br]အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ 0:09:48.506,0:09:51.176 အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ 0:09:51.200,0:09:54.736 ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ[br]စွမ်းအင် ကျန်နေသေးရင် 0:09:54.760,0:09:56.896 ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။ 0:09:56.920,0:09:58.936 ကျွန်ုပ်တို့ဟာ စာတိုကို[br]ပို့နိုင်တယ်၊ ဥပမာ၊ 0:09:58.960,0:10:00.846 အခုလို ပါတဲ့ စာတို ပို့နိုင်တယ်၊ 0:10:00.846,0:10:03.316 "မကြာမီ ကျွန်တော် စားခဲ့တဲ့[br]ညစ်ညမ်းမှုက ဒီလောက်ကြီး" 0:10:03.316,0:10:05.446 ဒါမှမဟုတ် "ငါရင်ဆိုင်နေရတဲ့[br]ပြဿာက ဒီလိုပါ။" 0:10:05.446,0:10:07.120 ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။" 0:10:07.800,0:10:11.056 "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို[br]ပို့နိုင်တဲ့ 0:10:11.080,0:10:13.016 လုပ်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးတယ်။ 0:10:13.040,0:10:15.696 အစောပိုင်း ကျွန်ုပ်တို့[br]မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို 0:10:15.696,0:10:17.596 ပွင့်လာကြတဲ့ ရေညှိတွေကို[br]စဉ်းစားရင် 0:10:17.596,0:10:20.406 ကျွန်ုပ်တို့ တကယ်လုပ်နိုင်တာက Row-bot ကို[br]ချထားရန်ပါပဲ၊ 0:10:20.406,0:10:22.326 ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။ 0:10:22.326,0:10:24.076 ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။ 0:10:24.076,0:10:25.176 ဘာဖြစ်လို့လဲ။ 0:10:25.200,0:10:27.016 လောလောဆယ်မှာ ဒီ Row-bot တွေဟာ 0:10:27.040,0:10:28.476 ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင် 0:10:28.476,0:10:30.366 မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊ 0:10:30.366,0:10:33.736 ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့[br]အစိတ်အပိုင်းတွေ ပါတယ်။ 0:10:33.760,0:10:36.496 လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက်[br]ဘက်ထရီ ရှိပါတယ်။ 0:10:36.520,0:10:38.496 အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။ 0:10:38.520,0:10:40.626 ဒါကြောင့် ၎င်းတို့ကို [br]စောင့်ကြည့်ရန် လိုတယ်၊ 0:10:40.626,0:10:42.376 ၎င်းတို့ရဲ့ အလုပ်ပြီးသွားတဲ့အခါ 0:10:42.400,0:10:43.946 ၎င်းတို့ကို ကောက်ယူရန် လိုတယ်။ 0:10:43.946,0:10:46.276 အဲဒါကြောင့် Row-bot သုံးရာတွင်[br]ကန့်သတ်ချက် ရှိတယ်။ 0:10:46.276,0:10:47.446 နောက်တစ်ဖက်မှ ကျတော့၊ 0:10:47.446,0:10:50.456 ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့[br]နည်းနည်းလေး တူပါက၊ 0:10:50.480,0:10:52.576 အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊ 0:10:52.600,0:10:55.056 ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။ 0:10:55.080,0:10:57.416 အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ 0:10:57.440,0:10:59.679 ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား 0:10:59.703,0:11:01.310 ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ 0:11:01.310,0:11:03.626 ေကြပျက်လွယ်တဲ့ ပစ္စည်းများဖြင့်[br]လုပ်ထားမယ်ဆိုရင် 0:11:03.626,0:11:04.986 ဘာမှမကျန် ပျက်စီးသွားရင်ကော။ 0:11:04.986,0:11:07.336 အဲဒီလိုဆိုရင် ရိုဘော့တွေ [br]သုံးပုံ ပြောင်းသွားမယ်။ 0:11:07.336,0:11:09.630 ပတ်ဝန်းကျင် ထဲတွင်[br]၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ 0:11:09.630,0:11:11.216 ၎င်းတို့ကို စောင့်ကြည့်နေရမယ်၊ 0:11:11.240,0:11:12.746 ပြီးတော့ ၎င်းတို့ သေတဲ့အခါမှာ 0:11:12.746,0:11:14.006 လိုက်ပြီး စုစည်းရမယ့်အစား 0:11:14.006,0:11:15.536 ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ 0:11:15.560,0:11:18.296 ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ[br]ချထားနိုင်ကြမယ်။ 0:11:18.320,0:11:20.356 ၎င်းတို့ကို ဝန်းကျင်ထဲမှာ[br]ဖြန့်ထားနိုင်မယ်။ 0:11:20.356,0:11:23.776 ၎င်းတို့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန်[br]ပျက်ပြုန်းသွားကြမှာပါ။ 0:11:23.800,0:11:26.376 ကျွန်ုပ်တို့ဟာ ၎င်းတို့ အကြောင်း[br]စဉ်းစားရန် မလိုတော့ပါ။ 0:11:26.376,0:11:29.326 ဒီလိုဆိုရင် ရိုဘော့အကြောင်း ကျွန်ုပ်တို့ [br]စဉ်းစားပုံအသုံးချပုံ 0:11:29.326,0:11:30.576 ပြောင်းလဲ သွားပါလိမ့်မယ်။ 0:11:30.576,0:11:32.406 အခုမေးစရာက - ဒီလို လုပ်လို့ရနိုင်မလား။ 0:11:32.406,0:11:34.256 လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။ 0:11:34.256,0:11:36.026 ဇီဝဆွေးလွယ် ရိုဘော့တွေ လုပ်နိုင်တယ်။ 0:11:36.026,0:11:38.776 အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို[br]အိမ်သုံးပစ္စည်းများနဲ့ 0:11:38.776,0:11:40.336 လုပ်နိုင်တာ စိတ်ဝင်စားစရာပါပဲ။ 0:11:40.360,0:11:42.936 တချို့ကိုပြပါမယ်၊[br]ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ 0:11:42.960,0:11:45.856 ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 0:11:45.880,0:11:48.656 လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား 0:11:48.680,0:11:51.296 ကျွန်ုပ်တို့ဟာ ကြွက်သား[br]အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ 0:11:51.296,0:11:53.170 ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊ 0:11:53.170,0:11:54.936 ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊ 0:11:54.960,0:11:57.136 ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊[br]တွန့်လိမ်ကြမယ်။ 0:11:57.160,0:11:59.376 ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။ 0:11:59.400,0:12:02.400 ဒီတော့ မော်တာအစား ဒီလို[br]ကြွက်သားအတုတွေ သုံးကြမယ်။ 0:12:02.424,0:12:05.256 အဲဒီလို ကြွက်သားအတုကို[br]ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 0:12:05.280,0:12:07.216 ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး 0:12:07.240,0:12:08.816 နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊ 0:12:08.840,0:12:10.916 ကျွန်ုပ်တို့ဟာ ကြွက်သား[br]အတုကို လုပ်နိုင်ပြီ။ 0:12:10.916,0:12:14.556 ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ်[br]ပြုလုပ်ပုံကိုလည်း ကျွန်ုပ်တို့ ပြခဲ့ပြီ၊ 0:12:14.556,0:12:15.656 စက္ကူနဲ့ လုပ်နိုင်တာ။ 0:12:15.680,0:12:19.610 ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို[br]ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ 0:12:19.610,0:12:22.360 လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ[br]မကျန်ဘဲ ဆွေးသွားမှာပါ။ 0:12:22.950,0:12:25.080 အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။ 0:12:25.080,0:12:28.655 အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း[br]အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ 0:12:28.655,0:12:31.156 တချိန်တည်းမှာ ကျွန်ုပ်တို့အား[br]ဖန်တီးခွင့် ပေးမယ်။ 0:12:31.156,0:12:34.776 ကိုယ့် အတွေးအခေါ်၊ ရိုဘော့နဲ့ လုပ်လို့[br]ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ 0:12:34.776,0:12:36.126 ကျွန်တော် ဥပမာတစ်ခုပြမယ်။ 0:12:36.126,0:12:38.176 ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊ 0:12:38.200,0:12:40.096 ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။ 0:12:40.120,0:12:42.616 ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။ 0:12:42.640,0:12:44.480 စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။ 0:12:45.120,0:12:47.896 ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။ 0:12:47.920,0:12:49.520 ဟောဒီမှာ၊ အထုပ်တစ်ထုပ်။ 0:12:50.560,0:12:52.440 သံပုရာ အနံ့နဲ့ဟာ ရှိတယ်။ 0:12:53.300,0:12:56.220 အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊[br]ရိုဘော့ မဟုတ်ဘူးနော်။ 0:12:56.220,0:12:57.576 ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။ 0:12:57.600,0:13:00.616 အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ[br]ထည့်လိုက်မယ်ဆိုရင်- 0:13:00.640,0:13:01.880 သံပုရာ အရသာ ကောင်းတယ်ဗျ။ 0:13:02.720,0:13:05.625 ရိုဘော့ ဆိုတော့ သိပ်မဝါးပါနဲ့၊[br]အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ 0:13:06.200,0:13:08.780 ပြီးတော့ မျိချလိုက်မယ်။ 0:13:08.780,0:13:10.776 အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။ 0:13:10.800,0:13:14.616 အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊[br]စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ 0:13:14.640,0:13:15.856 တစ်ခုခု လုပ်နေမှာပါ။ 0:13:15.880,0:13:18.056 ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊ 0:13:18.080,0:13:20.416 အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ[br]စူးစမ်းမယ်၊ 0:13:20.440,0:13:22.536 လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။ 0:13:22.560,0:13:25.416 ၎င်းဟာ သူ့အလုပ်ကို[br]လုပ်ကိုင်လို့ ပြီးသွားရင် 0:13:25.440,0:13:27.656 ၎င်းကို သင့် အစာအိမ်ကို[br]စားသုံးပစ်နိုင်တယ်၊ 0:13:27.680,0:13:29.376 ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊ 0:13:29.400,0:13:31.196 ၎င်းဟာ သင့်ခန္ဓာကိုယ်ကို ဖြတ်သွားပြီး 0:13:31.196,0:13:32.376 အိမ်သာသို့ ထွက်သွားမယ်၊ 0:13:32.376,0:13:34.496 ပတ်ဝန်းကျင်အတွက်[br]အန္တရာယ်မရှိဘဲ ဆွေးသွားမယ်။ 0:13:34.520,0:13:38.160 ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း[br]ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ 0:13:38.720,0:13:43.016 ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့်[br]ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကာ 0:13:43.040,0:13:45.906 စားလို့ရနိုင်မယ့် ရိုဘော့တွေဖြင့်[br]လေ့လာမှု အဆုံးသတ်လိုက်တယ်။ 0:13:45.906,0:13:48.696 အခုတော့ ခင်ဗျားတို့ဆီမှာ[br]အနာဂတ် ရိုဘော့တွေ လုပနိုင်မယ့် 0:13:48.696,0:13:50.980 စိတ်ကူး တချို့ ရှိလာပြီလို့ [br]မျှော်လင့်ပါတယ်။ 0:13:51.560,0:13:53.456 အခုလို အာရုံပြု[br]နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ 0:13:53.480,0:13:56.963 (လက်ခုပ်သံများ)