1 00:00:00,921 --> 00:00:02,918 ဒါကတော့ ကျွန်မ အဖေရဲ့ ဦးလေးပါ။ 2 00:00:02,918 --> 00:00:05,936 ကျွန်မ အဖေ့ အဖေရဲ့ ညီထွေးလေးပေါ့။ 3 00:00:05,936 --> 00:00:07,902 နာမည်ကတော့ Joe McKenna ပါ။ 4 00:00:08,142 --> 00:00:13,089 သူက အိမ်ထောင်သည် အမျိုးသားဖြစ်သလို ဘက်စကတ်ဘောနဲ့ ဝင်ငွေရှာနေ တဲ့ 5 00:00:13,089 --> 00:00:16,417 New York က မီးသတ်သမားလည်း ဖြစ်ပါ တယ်။ 6 00:00:17,407 --> 00:00:20,007 မိသားစုသမိုင်းအရ မီးသတ်သမားဖြစ်ရတာ ကြိုက်တယ်လို့ ဆိုတယ် 7 00:00:20,007 --> 00:00:23,542 ဒါကြောင့် ၁၉၈၃ သူရဲ့ အားလပ်ရက် တစ်ရက်တွင် 8 00:00:23,542 --> 00:00:26,319 မီးသတ်ဌာနမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 9 00:00:27,019 --> 00:00:31,218 အဲနေ့ကို အကျိုးရှိအောင်လို့ သူက ရှိသမျှ ကြေးထည်တွေ မီးသတ်ကား လက်ရန်းတွေ 10 00:00:31,218 --> 00:00:34,612 နံရံပေါ်က တပ်ဆင်ထားတဲ့ အရာတွေကို ပြောင်လတ်အောင် တိုက်ပါတယ်။ 11 00:00:34,612 --> 00:00:36,957 အဲထဲက မီးသတ်ပိုက်ခေါင်း 12 00:00:36,957 --> 00:00:39,465 သံထည်အကြီးတစ်ခုပေါ့ 13 00:00:39,465 --> 00:00:43,074 စင်ပေါ်က ပြုတ်ကျပြီးတော့ သူကို ခိုက်မိပါတယ်။ 14 00:00:43,574 --> 00:00:47,382 နောက်ရက်အနည်းငယ်ကြာတော့ သူ့ ပုခုံးစနာလာပါတယ်။ 15 00:00:47,382 --> 00:00:50,656 နောက်နှစ်ရက်ပြီးတော့ အဖျားတက်လာပါတယ်။ 16 00:00:50,656 --> 00:00:53,141 အဖျားက တက်ပြီးရင်း တက်တယ်။ 17 00:00:53,141 --> 00:00:55,091 သူ့ အမျိုးသမီးကတော့ သူ့ ကိုပြုစုနေတယ်။ 18 00:00:55,091 --> 00:00:59,393 ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။ ပြီးတော့ သူတို့ အနီးအနားက ဆရာဝန်ကိုခေါ်လိုက်တယ်။ 19 00:00:59,393 --> 00:01:01,679 သူလုပ်တာလည်း ဘာတစ်ခုမှ အရေးပါအရာ မရောက်ခဲ့ပါဘူး။ 20 00:01:02,149 --> 00:01:05,460 သူတို့ ကားငှားပြီး သူ့ကို ဆေးရုံကို ခေါ်သွားပါတယ်။ 21 00:01:05,911 --> 00:01:09,905 ဆေးရုံက သူနာပြုတွေ သူ့မှာ ကူးစက်ရောဂါ ရှိတယ်ဆိုတာ ချက်ချင်းသိကြပါတယ်။ 22 00:01:09,905 --> 00:01:14,061 အဲတုန်းကတော့ သွေးဆိပ် သင့်တယ်လို့ခေါ်တာပေါ့။ 23 00:01:14,061 --> 00:01:16,174 သူတို့ ဘာမှမပြောခဲ့ပေမဲ့လည်း 24 00:01:16,174 --> 00:01:18,031 သူတို့လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ 25 00:01:18,031 --> 00:01:21,430 သိနေကြတယ်လေ။ 26 00:01:21,770 --> 00:01:24,788 သူတို့လုပ်နိုင်တာ ဘာမှမရှိဘူး ဘာလို့လဲဆိုတော့ အခု ကျွန်မတို့ 27 00:01:24,788 --> 00:01:27,437 ကူးစက်ရောဂါကို ကုဖို့ သုံးနေကြတဲ့ အရာတွေက မရှိသေးဘူးလေ။ 28 00:01:27,737 --> 00:01:31,173 ပထမဆုံး ပင်နီဆင်လင်စမ်းသပ်မှု ပထမ ပဋိဇီဝ ပိုးသတ်ဆေးက 29 00:01:31,173 --> 00:01:33,843 နောက်သုံးနှစ်မှာပေါ်လာတာပါ။ 30 00:01:33,843 --> 00:01:38,547 ကူးစက်ရောဂါရတဲ့ လူတွေက ကံကောင်းရင် နေပြန်ကောင်းလာပါတယ်။ 31 00:01:38,547 --> 00:01:40,042 ဒါမှမဟုတ် သူတို့ သေကြပါတယ်။ 32 00:01:40,322 --> 00:01:42,411 ကျွန်မ အဖေ့ ဦးလေးကတော့ ကံမကောင်းခဲ့ဘူး။ 33 00:01:42,411 --> 00:01:45,708 သူက ဆေးရုံမှာ တစ်ပတ်လောက် ရှိနေခဲ့တယ်လေ။ ချမ်းတုန်ပြီး 34 00:01:45,708 --> 00:01:47,566 ရေဓာတ်ခန်းခြောက်လို့ ကယောင်းကတမ်းဖြစ်ကာ 35 00:01:47,566 --> 00:01:50,468 သူ့ ကိုယ်အင်္ဂါတွေယိုယွင်းတာနဲ့ အမျှ သတိမေ့မြောလာပါတယ်။ 36 00:01:50,468 --> 00:01:52,604 သူအခြေအနေက ဆိုးလွန်းလို့ 37 00:01:52,604 --> 00:01:57,234 သူ့မီးသတ်ဌာနက လူတွေ သူ့သွေးထဲက 38 00:01:57,234 --> 00:02:01,097 ရောဂါကို လျှော့ချဖို့ သွေးသွင်းပေးကြပါတယ်။ 39 00:02:01,497 --> 00:02:04,603 ဘာမှအလုပ်မဖြစ်ခဲ့ပါဘူး။ သူ သေသွားတယ်လေ။ 40 00:02:05,143 --> 00:02:07,705 သူက အသက် ၃၀ ဘဲ ရှိသေးတယ်။ 41 00:02:08,115 --> 00:02:10,088 ရှင်က သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် 42 00:02:10,088 --> 00:02:13,362 လူအများစုက ကျွန် အဖေ့ဦးလေးလို့ သေကြတာပါ။ 43 00:02:13,362 --> 00:02:16,032 သူတို့က ကင်ဆာ၊ နှလုံးရောဂါ၊ အခု ကျွန်မတို့ 44 00:02:16,032 --> 00:02:18,410 အနောက်တိုင်းမှာဖြစ်နေတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် 45 00:02:18,410 --> 00:02:20,490 ဖြစ်တဲ့ရောဂါတွေကြောင့် သေကြတာမဟုတ်ဘူး။ 46 00:02:20,490 --> 00:02:23,999 သူတို့က အဲဒီရောဂါတွေကြောင့် မသေရတဲ့အကြောင်းအရင်းက သူတို့က 47 00:02:23,999 --> 00:02:26,225 အဲရောဂါတွေရဖို့ အသက်ရှည်ရှည်မနေရလို့ပါ။ 48 00:02:26,225 --> 00:02:28,338 သူတို့က ဒဏ်ရာတွေကြောင့် သေကြတယ်။ 49 00:02:28,338 --> 00:02:30,823 ကျွဲဝှေ့ခံရတာတွေ၊ 50 00:02:30,823 --> 00:02:32,727 စစ်ပွဲမှာ ပစ်သတ်ခံရတာ၊ 51 00:02:32,727 --> 00:02:36,465 စက်မှုတော်လှန်ရေးတုန်းက စက်ရုံတစ်ခုမှာ အပိခံရတာတွေပေါ့။ 52 00:02:36,465 --> 00:02:39,846 အများဆုံးကတော့ ကူးစက်ရောဂါတွေကြောင့်ပါ။ 53 00:02:39,846 --> 00:02:43,352 အဲဒါတွေက ဒဏ်ရာတွေစခဲ့တဲ့ အရာတွေကို အဆုံးသတ်ပါတယ်။ 54 00:02:44,492 --> 00:02:48,024 ပိုးသတ်ဆေးတွေ ရောက်လာတော့ အရာရာပြောင်းလဲသွားပါတယ်။ 55 00:02:48,599 --> 00:02:52,198 ရုတ်တရက်လိုပါဘဲ သေဒဏ်နဲ့ တူလှတဲ့ ကူးစက်ရောဂါတွေက 56 00:02:52,198 --> 00:02:55,588 ရက်အနည်းငယ်အတွင်း ပြန်ကောင်း လာနိုင်တဲအရာမျိုး ဖြစ်လာပါတယ်။ 57 00:02:55,588 --> 00:02:58,630 အံဖွယ်ဖြစ်ရပ်လို့မျိုးပေါ့။ 58 00:02:58,630 --> 00:03:04,954 အဲကတည်းက ကျွန်မတို့တွေဟာ ဒီအံဖွယ် ဆေးဝါးတွေရဲ့ ရွှေခတ်ထဲမှာ နေထိုင်နေကြတာလေ။ 59 00:03:05,294 --> 00:03:09,241 အခုတော့ ကျွန်မတို့ အဆုံးသတ်ကို ရောက်လို့လာပါပြီ။ 60 00:03:09,241 --> 00:03:14,303 ကျွန်မ အဖေ့ဦးလေးက ပိုးသတ်ဆေးမတိုင် ခေတ်ကာလရဲ့ နောက်ဆုံးရက်တွေမှာ သေဆုံးတာပါ။ 61 00:03:14,303 --> 00:03:19,457 အခု ကျွန်မတို့က ပိုးသတ်ဆေးခေတ်လွန် ကာလကို ရောက်တော့မှာပါ။ 62 00:03:19,457 --> 00:03:23,219 Joe ရခဲ့တဲ့ ကူးစက်ရောဂါတွေက လူတွေကို 63 00:03:23,219 --> 00:03:27,928 ပြန်သေစေတဲ့အချိန်ကာလ အစောဆုံးရက်တွေကိုပေါ့။ 64 00:03:28,884 --> 00:03:32,015 တကယ့်ကတော့ ဒါတွေက ဖြစ်နေပါပြီ။ 65 00:03:32,785 --> 00:03:35,618 လူတွေက ကူးစက်ရောဂါကြောင့် ပြန်သေနေကြပါပြီ။ 66 00:03:35,618 --> 00:03:37,961 ပိုးသတ်ဆေးယဉ်ခြင်း ဖြစ်စဉ်ကြောင့်မို့ပါ။ 67 00:03:38,381 --> 00:03:40,119 အတိုပြောရရင် ဒါကတော့ ဒီလိုပေါ့။ 68 00:03:40,119 --> 00:03:45,091 ဘက်တီးရီးယားတွေဟာ အရင်းအမြစ်တွေ၊ အစာတွေအတွက် 69 00:03:45,091 --> 00:03:49,758 တစ်ခြားအကောင်ကို သေစေနိုင်တဲ့ ဒြပ်ပေါင်းတွေထုတ်ပြီး ယှဉ်ပြိုင်ကြတယ်။ 70 00:03:49,758 --> 00:03:52,103 တစ်ခြားဘက်တီးရီးယားတွေက သူတို့ကိုယ်ကို 71 00:03:52,103 --> 00:03:55,354 ဓာတု တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် ခုခံစနစ်တွေ ထုတ်လုပ်ကြတယ်။ 72 00:03:55,354 --> 00:03:57,676 ကျွန်မတို့ ပထမဆုံး ပိုးသတ်ဆေးထုတ်တော့ 73 00:03:57,676 --> 00:04:01,878 အဲဒီ ဒြပ်ပေါင်းတွေကို ဓာတ်ခွဲခန်းထဲမှာ ကျွန်မတို့ ပုံစံနဲ့ထုတ်ခဲ့တာပါ။ 74 00:04:01,878 --> 00:04:04,674 ဘက်တီးရီးယားတွေကတော့ သူတို့နည်းအတိုင်း 75 00:04:04,674 --> 00:04:07,674 ကျွန်မတို့ရဲ့ တိုက်ခိုက်မှုကို ပြန်တုံပြန်ခဲ့တယ်လေ။ 76 00:04:07,674 --> 00:04:09,898 ဒါကတော့ နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေပါ။ 77 00:04:10,098 --> 00:04:13,488 ၁၉၄၃ မှာ ပင်နီဆီလင်ကို စတင်ဖြန့်ဖြူးပါတယ်။ 78 00:04:13,488 --> 00:04:18,619 ၁၉၄၅ မှာ ပင်နီဆီလင်ဆေးယဉ်ပါးမှု အပြန့်အနှံဖြစ်ပွားပါတယ်။ 79 00:04:18,619 --> 00:04:21,568 Vancomycin က ၁၉၇၂မှာ စတင်ပေါ်ပေါက်တာပါ။ 80 00:04:21,568 --> 00:04:24,668 ၁၉၈၈ မှာ ဆေးယဉ်ပါးမှုတွေ့ရှိပါတယ်။ 81 00:04:25,028 --> 00:04:27,150 Imipenem ကို ၁၉၈၈ မှာတွေ့တယ်။ 82 00:04:27,150 --> 00:04:29,922 ၁၉၉၈ မှာ ဆေးယဉ်ပါးမှုပေါ်တယ်။ 83 00:04:30,192 --> 00:04:33,860 Daptomycin နောက်ဆုံးပေါ်ဆေး ၂၀၀၃ မှာ ထွက်တယ်။ 84 00:04:33,860 --> 00:04:38,225 ဆေးယဉ်ပါးမှုကတော့ ၂၀၀၄ မှာ ပေါ်ပေါက်ပါတယ်။ 85 00:04:38,575 --> 00:04:42,335 နှစ် ၇၀ လောက်တောင် ကျွန်မတို့ ဖားခုန်တမ်းကစားခဲ့ကြတယ်လေ။ 86 00:04:42,335 --> 00:04:45,261 ကျွန်မတို့ ဆေး၊ သူတို့ရဲ့ ယဉ်ပါးမှု 87 00:04:45,261 --> 00:04:48,906 နောက် ဆေးတစ်ခု၊ နောက်ယဉ်ပါးမှုအသစ်ပေါ့။ 88 00:04:48,906 --> 00:04:51,217 အခုတော့ ဂိမ်းက ပြီးဆုံးပါတော့မယ်။ 89 00:04:51,437 --> 00:04:55,477 ဘက်တီးရီးယားတွေ ဆေးယဉ်ပါးတာ မြန်လွန်းလို့ ဆေးကုမ္ပဏီတွေတောင် 90 00:04:55,477 --> 00:04:59,842 ပိုးသတ်ဆေးထုတ်တာ သူတို့အတွက် အကျိုးမရှိဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ 91 00:04:59,842 --> 00:05:02,652 ဒါကြောင့် ကမ္ဘာတစ်ဝန်း ပြန့်ပွားနေတဲ့ ကူးစက်ရောဂါတွေအတွက် 92 00:05:02,652 --> 00:05:06,111 စျေးကွက်ထဲမှာရှိနေတဲ့ ပိုးသတ်ဆေး အမျိုး ၁၀၀ မှာမှ 93 00:05:06,111 --> 00:05:08,340 နှစ်မျိုးလောက်က 94 00:05:08,340 --> 00:05:11,754 အသုံးတည့်မယ့် ဘေးထွက်ဆိုးကျိုးနဲ့ပေါ့။ 95 00:05:11,754 --> 00:05:14,238 ဒါမှမဟုတ် တစ်မျိုးတည်း 96 00:05:14,238 --> 00:05:15,886 ဒါမှမဟုတ် ဘာမှ အသုံးမတည့်ဘူး။ 97 00:05:16,096 --> 00:05:17,668 ဒါကတော့ အခုဖြစ်နေတဲ့အရာတွေပါ။ 98 00:05:18,278 --> 00:05:22,458 ၂၀၀၀ မှာ ရောဂါထိန်းချုပ် ကာကွယ်ရေးဗဟို CDC က 99 00:05:22,458 --> 00:05:24,501 မြောက် Carolina ဆေးရုံမှာ 100 00:05:24,501 --> 00:05:26,753 ဆေးနှစ်မျိုးဘဲတိုးတဲ့ 101 00:05:26,753 --> 00:05:30,486 ရောဂါရှိတဲ့ လူနာတစ်ယောက်ကို ဖော်ထုတ်ခဲ့ပါတယ်။ 102 00:05:30,886 --> 00:05:35,205 အခု KPC လို့သိရှိထားတဲ့ ဒီရောဂါဟာ 103 00:05:35,205 --> 00:05:37,805 ပြည်နယ်သုံးခုကလွဲရင် ကျန်ပြည်နယ် 104 00:05:37,805 --> 00:05:40,150 ပြီးရင် တောင်အမေရိက ဥရောပ 105 00:05:40,150 --> 00:05:42,357 အရှေ့အလယ်တိုင်းကို ပြန့်နှံလို့နေပါပြီ။ 106 00:05:42,867 --> 00:05:45,189 ၂၀၀၈မှုတုန်းက ဆွီဒင်က ဆရာဝန်တွေက 107 00:05:45,189 --> 00:05:47,975 အိန္ဒိယက လူတစ်ယောက်ကနေ 108 00:05:47,975 --> 00:05:51,690 ဆေးတစ်မျိုးဘဲတိုးတဲ့ ရောဂါကို တွေ့ရှိခဲ့ပါတယ်။ 109 00:05:51,690 --> 00:05:53,919 NDM လို့ ခေါ်တဲ့ ယဉ်ပါးမှု ဗီဇဟာ 110 00:05:53,919 --> 00:06:00,444 အိန္ဒိယကနေ တရုတ်ပြည်၊ အာရှ၊ အာဖရိက၊ 111 00:06:00,444 --> 00:06:04,809 ဥရောပ နဲ့ ကနေဒါ ပြီးရင် အမေရိကန်ကို ပြန့်နှံသွားပါပြီ။ 112 00:06:05,129 --> 00:06:07,688 ဒီကူးစက်ရောဂါတွေက အံ့မခန်းဖြစ်တယ်လို့ 113 00:06:07,688 --> 00:06:11,287 မျှော်လင့်ဖို့ သဘာဝကျကောင်းကျပါလိမ့်မယ်။ 114 00:06:11,287 --> 00:06:13,145 ဒါပေမဲ့ အမှန်မှာ 115 00:06:13,145 --> 00:06:15,606 အမေရိကန် နှင့် ဥရောပမှာ 116 00:06:15,606 --> 00:06:18,322 တစ်နှစ်မှာ လူပေါင်း ၅၀၀၀၀ လောက် 117 00:06:18,322 --> 00:06:22,446 ဘယ်ဆေးမှ မတိုးတဲ့ ရောဂါကြောင့် သေနေကြပါတယ်။ 118 00:06:22,966 --> 00:06:26,008 ဗြိတိန်အစိုးရ ထူထောင်ခဲ့တဲ့ 119 00:06:26,008 --> 00:06:29,746 ပိုးသတ်ဆေးယဉ်ပါးမှုစစ်တမ်း စီမံကိန်း ခန့်မှန်းချက်အရ 120 00:06:29,746 --> 00:06:37,118 ကမ္ဘာတစ်ဝန်းသေနှုန်းက တစ်နှစ်ကို ၇၀၀၀၀၀ ဖြစ်ပါတယ်။ 121 00:06:38,291 --> 00:06:42,655 အဲဒါ နည်းတဲ့ သေနှုန်းတော့မဟုတ်ဘူး။ 122 00:06:42,655 --> 00:06:45,767 ပြီးရင် ရှင်ကတော့ အန္တရာယ်မရှိဘူးလို့ ထင်ချင်ကောင်းထင်လိမ့်မယ်။ 123 00:06:45,767 --> 00:06:48,995 ရှင်က ဒီလူတွေ အထူးကြပ်မတ်ခန်းထဲမှာ 124 00:06:48,995 --> 00:06:50,713 ရှိနေတဲ့လူနာတွေ၊ 125 00:06:50,713 --> 00:06:54,660 ဘဝအဆုံးကိုရောက်နေတဲ့ ဘိုးဘွားရိပ်သာက လူတွေ၊ 126 00:06:54,660 --> 00:06:57,841 ကျွန်မတို့နဲ့ ဝေးကွာနေတဲ့ရောဂါ ရှိနေတဲ့ ကျွန်မတို့ မခွဲခြားနိုင်တဲ့ 127 00:06:57,841 --> 00:07:01,045 အခြေအနေမှာ ရှိတဲ့ လူတွေဖြစ်မယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ 128 00:07:02,455 --> 00:07:05,852 ရှင်တို့ ကျွန်မတို့တွေ မစဉ်းစားမိခဲ့တာက 129 00:07:05,852 --> 00:07:10,818 ပိုးသတ်ဆေးတွေက ယနေ့ခေတ် ဘဝအားလုံးကို အကျိုးပြုနေတယ်ဆိုတာကိုပါ။ 130 00:07:11,721 --> 00:07:13,932 ကျွန်မတို့ ပိုးသတ်ဆေးကို ဆုံးရှုံးရင် 131 00:07:13,932 --> 00:07:15,796 ကျွန်မတို့ ဆုံးရှုံးမယ့်အရာတွေက ဒါတွေပါ 132 00:07:15,836 --> 00:07:20,015 ပထမ ခုခံအားနည်းနေတဲ့ လူတွေအတွက် ကာကွယ်မှုပါ -- 133 00:07:20,015 --> 00:07:23,475 ကင်ဆာလူနာ၊ AIDS လူနာ၊ 134 00:07:23,475 --> 00:07:27,979 အင်္ဂါအစားထိုးလူနာ၊ လမစေ့ကလေးတွေပေါ့။ 135 00:07:27,979 --> 00:07:32,391 နောက်တစ်ခုကတော့ ခန္ဓာကိုယ်မှာ ပြင်ပ ပစ္စည်းတွေတပ်ဆင်ဖို့ လိုတဲ့ ကုထုံးတွေ။ 136 00:07:32,391 --> 00:07:36,269 လေဖြတ်လူနာအတွက် သွေးကြောအထောက်ကန်တွေ သွေးချိုလူနာအတွက် အင်ဆူလင်ထုတ်စက်တွေ၊ 137 00:07:36,269 --> 00:07:40,193 ကျောက်ကပ်ဆေးတာတွေ၊ အရိုးဆစ်လဲလည်တာတွေ။ 138 00:07:40,193 --> 00:07:42,173 အားကစားထက်သန်တဲ့ Baby Booomer ဘယ်နှစ်ယောက် 139 00:07:42,173 --> 00:07:43,908 တင်ပါးတွေ ဒူးခေါင်းတွေ အသစ် လိုမလဲ။ 140 00:07:43,908 --> 00:07:46,717 လက်တလော စစ်တမ်း ကောက်ချက် ချထားတာက ပိုးသတ်ဆေးသာမရှိရင် 141 00:07:46,717 --> 00:07:50,234 လူခြောက်ယောက်မှာ တစ်ယောက် သေမယ်ဆိုတာပါ။ 142 00:07:50,664 --> 00:07:53,869 နောက် ကျွန်မတို့ ခွဲစိတ်ကုသမှုကို ဆုံးရှုံးနိုင်ပါတယ်။ 143 00:07:53,869 --> 00:07:56,191 ခွဲစိတ်မှုအများစုက 144 00:07:56,191 --> 00:07:59,139 ပိုးသတ်ဆေးပေးပြီးမှစတာပါ။ 145 00:07:59,139 --> 00:08:00,811 အဲဒီအကာအကွယ်သာမရှိရင် 146 00:08:00,811 --> 00:08:03,485 ကျွန်မတို့တွေ ခန္ဓာကိုယ်ရဲ့ ပုန်းလျှိုနေတဲ့နေရာတွေကို 147 00:08:03,485 --> 00:08:05,015 ဖွင့်နိုင်မှာမဟုတ်ပါဘူး။ 148 00:08:05,015 --> 00:08:07,848 ဒါဆိုရင် နှလုံးခွဲစိတ်တာတွေ၊ 149 00:08:07,848 --> 00:08:10,680 ဆီးကျိတ်အသားစယူတာတွေ၊ 150 00:08:10,680 --> 00:08:13,382 ဗိုက်ခွဲကလေးမွေးတာတွေ မရှိတော့ဘူးပေါ့။ 151 00:08:13,792 --> 00:08:18,444 အခု ကျွန်မတို့တွေ ရောဂါအသေး အမွှားလေးကအစ ကြောက်တက်ဖို့လိုပါပြီ။ 152 00:08:18,784 --> 00:08:22,592 လည်ချောင်းနာတာကြောင့် နှလုံးအမောဖောက်ရောဂါဖြစ်တယ်။ 153 00:08:22,592 --> 00:08:25,239 အရေပြားရောဂါကြောင့် ခြေလက်တွေဖြတ်ပစ်ရတယ်။ 154 00:08:25,819 --> 00:08:28,722 အသန့်ရှင်းဆုံး ဆေးရုံမှာ ကလေးမွေးတဲ့ 155 00:08:28,722 --> 00:08:31,397 အမျိုးသမီး ၁၀၀ ယောက်မှာ ၁ ယောက် သေဆုံးပါတယ်။ 156 00:08:31,717 --> 00:08:36,550 အဆုတ်ရောင်ရောဂါကြောင့် ကလေး ၁၀ ယောက်မှာ ၃ ယောက်လောက်သေပါတယ်။ 157 00:08:37,220 --> 00:08:39,683 ပိုဆိုးတာက ကျွန်မတို့ နေ့စဉ်ဘဝကို 158 00:08:39,683 --> 00:08:43,708 ယုံကြည်ချက်အပြည့်နဲ့ မနေနိုင်တော့ပါဘူး။ 159 00:08:44,836 --> 00:08:49,043 ဘယ်ဒဏ်ရာမဆို ရှင်ကို သေစေနိုင်တယ်ဆိုတာကို သိရင် 160 00:08:49,043 --> 00:08:52,289 ရှင် ဆိုင်ကယ်စီးမလား၊ 161 00:08:52,289 --> 00:08:55,500 နှင်းလျှောစီးမလား၊ 162 00:08:55,500 --> 00:08:58,976 ရှင်ရဲ့ ခရစ်စမတ်မီး ချိတ်ဖို့အတွက် လှေကားပေါ်တက်မလား 163 00:08:58,976 --> 00:09:02,643 ရှင်ကလေးကို ဘေ့စ်ဘော ပေးကစားမလား။ 164 00:09:03,573 --> 00:09:06,638 တကယ်တော့ ပင်နီဆီလင်ဆေး ပထမဆုံး သုံးသူ 165 00:09:06,638 --> 00:09:10,516 ဗြိတိန်ရဲ Albert Alexander ရဲ့ ရောဂါက 166 00:09:10,516 --> 00:09:14,858 တော်တော်ဆိုးလို့ ဦးခေါင်းအရေက ပြည်တွေထွက်ပြီး 167 00:09:14,858 --> 00:09:17,783 ဆရာဝန်ကတောင် မျက်လုံး တစ်လုံး ထုတ်ပေးလိုက်ရတယ်။ 168 00:09:17,783 --> 00:09:21,162 သူ အသေးအမွှားကိစ္စ တစ်ခုလုပ်ရင်း ဖြစ်သွားတာပါ။ 169 00:09:22,172 --> 00:09:25,831 သူက ပန်းခြံထဲကို လမ်းလျှောက်ဝင်တဲ့အချိန်မှာ 170 00:09:25,831 --> 00:09:28,831 သူမျက်နှာကို အဆူးနဲ့ခြစ်မိလို့လေ။ 171 00:09:28,831 --> 00:09:32,481 အခု ကမ္ဘာလူသေနှုန်း တစ်နှစ် ၇၀၀၀၀၀ လို့ ခန့်မှန်းထားတဲ့ 172 00:09:32,481 --> 00:09:36,358 ကျွန်မပြောခဲ့တဲ့ ဗြိတိန် စီမံကိန်း ထပ်ခန့်မှန်းထားတာက 173 00:09:36,358 --> 00:09:42,535 ကျွန်မတို့သာ ဒါကို ၂၀၅၀ မတိုင်ခင် မထိန်းချုပ်နိုင်ရင် 174 00:09:42,535 --> 00:09:50,127 မကြာဘူးပေါ့ သေနှုန်းက တစ်နှစ်ကို ၁၀ သန်းဖြစ်လာနိုင်ပါတယ်။ 175 00:09:50,127 --> 00:09:52,829 ဒီကြောက်စရာကောင်းတဲ့ နံပါတ်တွေကို 176 00:09:52,829 --> 00:09:54,864 စောင့်စားနေရတဲ့ အချိန်ကို ကျွန်မတို့ 177 00:09:54,864 --> 00:09:58,347 ဘယ်လိုရောက်လာခဲ့တာလဲ။ 178 00:09:58,347 --> 00:10:02,535 ခက်ခဲတဲ့အဖြေကတော့ ကျွန်မတို့ ကိုယ့်ကို ပြန်လုပ်ခဲ့မိတာပါ။ 179 00:10:02,875 --> 00:10:05,847 ဆေးယဉ်ပါးတယ်ဆိုတာ မရှောင်လွဲနိုင်တဲ့ ဇီဝဖြစ်စဉ်ပါ။ 180 00:10:05,847 --> 00:10:09,900 ဒါပေမဲ့ ဒါကို အရှိန်မြှင့်တင်ပေးတဲ့အတွက် ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ 181 00:10:10,490 --> 00:10:14,043 ကျွန်မတို့ ပိုးသတ်ဆေးကို ထိတ်လန့်ဖို့ကောင်းအောင် 182 00:10:14,043 --> 00:10:18,131 ဂရုမပြု ဖြုန်းတီးခဲ့ကြပါတယ်။ 183 00:10:19,408 --> 00:10:23,494 ပင်နီဆီလင်ကို ၁၉၅၀ မတိုင်ခင်ထိ ကောင်တာပေါ်မှာ တင်ရောင်းတာပါ။ 184 00:10:23,494 --> 00:10:26,829 ဖွံဖြိုးဆဲနိုင်ငံ အများစုမှာ အခုထိရောင်းနေဆဲပါ။ 185 00:10:27,209 --> 00:10:30,971 အမေရိကန်မှာ ဆေးရုံမှာပေးနေတဲ့ 186 00:10:30,971 --> 00:10:34,663 ပိုးသတ်ဆေးထဲက ၅၀% ဟာ မလိုအပ်ပါဘူး။ 187 00:10:34,663 --> 00:10:39,037 ဆရာဝန် ဆေးညွန်းစာရဲ့ ၄၅% က 188 00:10:39,037 --> 00:10:43,010 ပိုးသတ်ဆေး အကျုံးမဝင်တဲ့ အခြေအနေတွေအတွက်ပါ။ 189 00:10:44,577 --> 00:10:47,247 ဒါက ဆေးပညာနယ်ပယ်ထဲ မှာတင်ပါ။ 190 00:10:47,247 --> 00:10:49,100 ကမ္ဘာပေါ်မှာ ပိုးသတ်ဆေးတွေကို 191 00:10:49,100 --> 00:10:52,100 အသားထွက်တိရိစ္ဆာန်တွေ အတွက် နေ့စဉ်နဲ့အမျှ သုံးကြပါတယ်၊ 192 00:10:52,100 --> 00:10:54,376 ရောဂါကုဖို့မဟုတ်ဘူး၊ 193 00:10:54,376 --> 00:10:57,835 သူတို့ကို ဝအောင်လုပ်ဖို့ရယ်၊ သူတို့ ကြီးပြင်းတဲ့ မွေးမြူရေးခြံ 194 00:10:57,835 --> 00:11:01,806 အခြေအနေကနေ ကာကွယ်ဖို့ပါ။ 195 00:11:01,806 --> 00:11:04,824 အမေရိကန်မှာ ရောင်းချတဲ့ ပိုးသတ်ဆေးရဲ့ ၈၀% ဟာ 196 00:11:04,824 --> 00:11:11,527 တိရိစ္ဆာန်တွေဆီကို ရောက်တာပါ၊ လူတွေဆီမဟုတ်ပါဘူး။ 197 00:11:11,527 --> 00:11:15,203 ဒါနဲ့ဘဲ ခြံကနေ ရေထဲ၊ ဖုန်ထဲ၊ 198 00:11:15,203 --> 00:11:17,827 အသားထဲမှာပါသွားတဲ့ ဆေးယဉ်ပိုးမွှားတွေကို 199 00:11:17,827 --> 00:11:20,695 ဖန်တီးရာရောက်ပါတယ်။ 200 00:11:20,985 --> 00:11:23,910 ရေလုပ်ငန်းတွေကလည်း ပိုးသတ်ဆေးအပေါ် မှီခိုနေရပါတယ်။ 201 00:11:23,910 --> 00:11:25,559 အထူးသဖြင့် အာရှမှာပါ။ 202 00:11:25,559 --> 00:11:28,652 သစ်သီးပင်စိုက်တာလည်း ပိုးသတ်ဆေးကို မှီခိုနေရတယ်။ 203 00:11:28,652 --> 00:11:31,491 ပန်းသီးတွေ သစ်တော်သီးတွေ လိမ္မော်သီးတွေကို 204 00:11:31,491 --> 00:11:34,491 ရောဂါကနေ ကာကွယ်ဖို့ အတွက်ပေါ့။ 205 00:11:34,491 --> 00:11:40,117 ပြီးတော့ ခရီးသည်တစ်ယောက်က လေဆိပ်မှာ လက်ဆွဲအိတ်ကို လက်ကမ်းပေးသလို 206 00:11:40,117 --> 00:11:44,552 ဘက်တီးရီးယားတွေဟာ သူတို့ရဲ့ DNAကို လွှဲပေးလို့ရတာမို့၊ 207 00:11:44,552 --> 00:11:49,360 ဒီဆေးယဉ်ပါးခြင်းကို ဖြစ်တည်အောင် လုပ်ပေးလိုက်တာနဲ့ အမျှ 208 00:11:49,360 --> 00:11:51,587 ဒါက ဘယ်ကို ရောက်မလဲဆိုတာ မသိနိုင်ပါဘူး။ 209 00:11:53,723 --> 00:11:55,294 ဒါက ခန့်မှန်းလို့ရခဲ့ပါတယ်။ 210 00:11:55,674 --> 00:11:58,506 တကယ်တော့ ဒါကို Alexander Fleming က 211 00:11:58,506 --> 00:12:02,941 ခန့်မှန်းခဲ့ပါတယ်။ ပင်နီဆင်လင်ကို တွေ့ရှိခဲ့တဲ့လူပေါ့။ 212 00:12:02,941 --> 00:12:06,935 အသိအမှတ်ပြုခံရတဲ့အနေနဲ့ ၁၉၄၅ မှာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ 213 00:12:06,935 --> 00:12:11,282 ဆုရပြီးနောက် အင်တာဗျူးတစ်ခု သူဒါကို ပြောခဲ့တာပါ။ 214 00:12:11,282 --> 00:12:15,549 "ပင်နီဆီလင်ကုထုံးနဲ့ ဆော့ကစားနေတဲ့ ဆင်ခြင်တုံတရားမဲ့ လူတစ်ယောက်ဟာ 215 00:12:15,549 --> 00:12:18,823 ပင်နီဆီလင်ဆေးယဉ် ပိုးကြောင့် 216 00:12:18,823 --> 00:12:21,147 သေဆုံးသွားတဲ့လူအပေါ် 217 00:12:21,147 --> 00:12:24,050 အကျင့် စာရိတ္တအရ တာဝန်ရှိပါတယ်။" 218 00:12:24,050 --> 00:12:28,335 သူဆက်ပြောထားတယ်။" ဒီမကောင်းဆိုးဝါးကို ပပျောက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။" 219 00:12:28,986 --> 00:12:31,842 ကျွန်မတို့ ဒါကို ပပျောက်နိုင်မလား။ 220 00:12:31,842 --> 00:12:35,510 စူပါပိုးတွေ တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ပိုးသတ်ဆေးတွေ 221 00:12:35,510 --> 00:12:39,086 စမ်းသပ်ထုတ်နေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ 222 00:12:39,086 --> 00:12:41,803 ကျွန်မတို့ အဲဆေးတွေကို အရမ်းဘဲ လိုအပ်ပါတယ်။ 223 00:12:41,803 --> 00:12:44,055 ပြီးရင် ကျွန်မတို့ မက်လုံးတွေလိုပါတယ်။ 224 00:12:44,055 --> 00:12:46,756 တွေ့ရှိမှုအတွက် ဆုငွေတွေ၊ သက်တမ်းတိုးမှု ပိုင်ခွင့်တွေ၊ 225 00:12:46,756 --> 00:12:50,013 ချီးမြှင့်ဆုတွေ တစ်ခြားကုမ္ပဏီတွေကို 226 00:12:50,013 --> 00:12:53,343 ပိုးသတ်ဆေးပြန်ထုတ်အောင် ဆွဲဆောင်ဖို့အတွက်ပါ။ 227 00:12:53,343 --> 00:12:55,709 ဒါပေမဲ့ ဒါက လုံလောက်မှာမဟုတ်ပါဘူး။ 228 00:12:56,059 --> 00:13:00,163 ဘာကြောင့်လဲဆိုတော့ ဇီဝဆင့်ကဲဖြစ်စဉ်က အမြဲတမ်းအနိုင်ရလို့ပါ။ 229 00:13:00,703 --> 00:13:04,627 ဘက်တီးရီးယားတွေ မိနစ် ၂၀ တိုင်း မျိုးဆက်သစ်တစ်ခု ပွားတယ်။ 230 00:13:04,627 --> 00:13:09,410 ဆေးဝါးဓာတုဗေဒအတွက် ဆေးအသစ်ထုတ်ဖို့ ၁၀ နှစ်ကြာပါတယ်။ 231 00:13:09,410 --> 00:13:12,266 ကျွန်မတို့ ပိုးသတ်ဆေးတစ်ခု သုံးလိုက်တဲ့ အချိန်တိုင်း 232 00:13:12,266 --> 00:13:15,540 ကျွန်မတို့ တည်ဆောက်ခဲ့တဲ့ အကာအကွယ်တွေကို 233 00:13:15,540 --> 00:13:17,281 ဖြိုခွဲဖို့ ဘက်တီးရီးယားတွေကို 234 00:13:17,281 --> 00:13:20,486 သန်း ထောင်ပေါင်း အခွင့်အရေးပေးလိုက်တာပါပဲ။ 235 00:13:20,486 --> 00:13:22,877 သူတို့ မနိုင်တဲ့ 236 00:13:22,877 --> 00:13:25,431 ဆေးဆိုတာ မရှိသေးပါဘူး။ 237 00:13:25,431 --> 00:13:28,961 ဒါကတော့ အချိုးမကျတဲ့ စစ်ပွဲတစ်ခုပါ။ 238 00:13:28,961 --> 00:13:32,969 ဒါပေမဲ့ ကျွန်မတို့တွေ ရလဒ်ကို ပြောင်းလဲနိုင်ပါတယ်။ 239 00:13:33,929 --> 00:13:37,334 ကျွန်မတို့တွေ အချက်အလက်တွေ သိမ်းဆည်းတဲ့ စနစ်ကို တည်ဆောက်လို့ရပါတယ်။ 240 00:13:37,334 --> 00:13:40,334 ပိုးသတ်ဆေးကို ဘယ်လိုသုံးနေတယ်ဆိုတာကို 241 00:13:40,334 --> 00:13:43,263 အတိအကျနဲ့ အလိုအလျောက်ပြောဖို့အတွက်ပါ။ 242 00:13:43,263 --> 00:13:46,166 ကျွန်မတို့ ဆေးဝါးထားသိုစနစ်မှာ ဂိတ်စောင့်စနစ်ဆောက်နိုင်ပါတယ်။ 243 00:13:46,166 --> 00:13:49,811 ဒါမှသာ ဆေးညွှန်စာတိုင်း တစ်ဖန်ပြန်စစ်ဆေးခံရမှာပါ။ 244 00:13:49,811 --> 00:13:55,920 စိုက်ပျိုးရေးတွေ ပိုးသတ်ဆေးသုံးတာ ရပ်တန့်ဖို့ လိုအပ်နိုင်ပါတယ်။ 245 00:13:56,243 --> 00:13:59,275 ကျွန်မတို့ စောင့်ကြည့်စနစ်ကို တည်ဆောက်နိုင်ပါတယ်။ 246 00:13:59,275 --> 00:14:03,501 နောက်ဆေးယဉ်ပါးမှု ဘယ်မှာပေါ်နေပြီဆိုတာ ကျွန်မတို့ကို ပြောဖို့ပေါ့။ 247 00:14:03,501 --> 00:14:05,814 အဲဒါတွေကတော့ နည်းပညာနည်းလမ်းတွေပါ။ 248 00:14:06,264 --> 00:14:08,888 ဒါပေမဲ့ အဲဒါတွေက မလောက်ပါဘူး 249 00:14:08,888 --> 00:14:12,117 ကျွန်မတို့ ပါဝင် မကူညီရင်ပေါ့။ 250 00:14:15,785 --> 00:14:18,099 ပိုးသတ်ဆေးယဉ်ပါးတဲ့ဆိုတာ အကျင့်တစ်ခုလိုပါပဲ။ 251 00:14:18,479 --> 00:14:21,567 အကျင့်တစ်ခုကို ပြောင်းဖို့ ဘယ်လောက် ခက်လဲဆိုတာ အားလုံးသိပြီးသားပါ။ 252 00:14:21,567 --> 00:14:26,097 ဒါပေမဲ့ လူမှုအဖွဲ့တစ်ခုအနေနဲ့ အရင်တုန်းက ကျွန်မတို့ အဲဒါကို လုပ်ခဲ့ပြီးပြီလေ။ 253 00:14:26,397 --> 00:14:29,972 လူတွေ လမ်းပေါ်အမှိုက်ပစ်လေ့ရှိတယ်။ 254 00:14:29,972 --> 00:14:31,737 ကားစီးရင် ခါးပတ်မပတ်ကြဘူး။ 255 00:14:31,737 --> 00:14:35,994 ပုဂ္ဂလိက အဆောက်အအုံတွေထဲမှာ ဆေးလိပ်သောက်လေ့ရှိတယ်လေ။ 256 00:14:36,404 --> 00:14:38,624 ကျွန်မတို့ ဒါတွေကို ဆက်မလုပ်တော့ပါဘူး။ 257 00:14:39,144 --> 00:14:41,466 ကျွန်မတို့ ပတ်ဝန်းကျင်ညစ်ညမ်းအောင် 258 00:14:41,466 --> 00:14:44,623 ဒါမှမဟုတ် ဆိုးရွားတဲ့ ယာဉ်တိုက်မှုမျိုးဖြစ်အောင် 259 00:14:44,623 --> 00:14:47,595 ဒါမှမဟုတ် အခြားသူကို ကင်ဆာရအောင် မလုပ်တော့ပါဘူး။ 260 00:14:47,595 --> 00:14:51,102 အကြောင်းကတော့ အဲဒီအရာတွေက တန်ကြေးရှိတယ် 261 00:14:51,102 --> 00:14:55,175 ဖျက်ဆီးရာရောက်တယ် ကျွန်မတို့အတွက် အကျိုးမရှိလို့လေ။ 262 00:14:55,815 --> 00:14:58,715 ဒါကြောင့် ကျွန်မတို့တွေ လူမှုဓလေ့ကို ပြောင်းခဲ့ပါတယ်။ 263 00:14:59,135 --> 00:15:02,499 ပိုးသတ်ဆေးအသုံးပြုတာနဲ့ 264 00:15:02,499 --> 00:15:05,499 ပတ်သတ်ပြီးလည်း လူမှုဓလေ့ကို ကျွန်မတို့ပြောင်းလဲနိုင်ပါတယ်။ 265 00:15:05,499 --> 00:15:07,774 ပိုးသတ်ဆေးယဉ်ပါးမှု အတိုင်းအတာ 266 00:15:07,774 --> 00:15:09,678 ကြီးမားလွန်းတယ်ဆိုတာ ကျွန်မသိပါတယ်။ 267 00:15:09,678 --> 00:15:13,138 ဒါပေမဲ့ ရှင်သာ ရာသီဥတု ဖောက်ပြန်တာနဲ့ပတ်သတ်ပြီး စိုးရိမ်လို့ 268 00:15:13,138 --> 00:15:15,854 စွမ်းအင်ချွေတာမီးသီး ဝယ်တယ် 269 00:15:15,854 --> 00:15:18,989 ဒါမှမဟုတ် စာအုန်းဆီကြောင့် သစ်တော ပြုန်းတီးတဲ့အကြောင်းတွေးမိလို့ 270 00:15:18,989 --> 00:15:23,470 ဘီစကွတ်ဘူး အညွှန်း စာကိုဖတ်ကြည့်တယ်ဆိုရင် 271 00:15:23,470 --> 00:15:26,349 ကြီးမားတဲ့ပြဿနာကို ဖြေရှင်းဖို့ 272 00:15:26,349 --> 00:15:31,349 ခြေလှမ်းတစ်လှမ်း လှမ်းလို့ရတဲ့ ခံစားချက်ကို ရှင်သိပြီးသားပါ။ 273 00:15:31,829 --> 00:15:36,310 ပိုးသတ်ဆေးအသုံးပြုမှုအတွက် ကျွန်မတို့ အဲဒီလို ခြေလှမ်းတွေလှမ်းနိုင်ပါတယ်။ 274 00:15:36,310 --> 00:15:43,947 ကျွန်မတို့ မသေချာရင် မသင့်လျော်တဲ့ ပိုးသတ်ဆေးပေးတာ ရှောင်ကြဉ်နိုင်ပါတယ်။ 275 00:15:44,251 --> 00:15:47,564 ကျွန်မတို့ ကလေးနားပြည်ယိုတာ ဘာကြောင့်ဖြစ်လဲဆိုတာမသိခင် 276 00:15:47,564 --> 00:15:50,564 ဆေးညွှန်းပေးခိုင်းတာမျိုး 277 00:15:50,564 --> 00:15:52,462 ရှောင်ကြဉ်နိုင်ပါတယ်။ 278 00:15:53,678 --> 00:15:57,045 ကျွန်မတို့ စားသောက်ဆိုင်တိုင်း 279 00:15:57,045 --> 00:15:58,856 ကုန်တိုက်တိုင်းကို သူတို့ အသားတွေ 280 00:15:58,856 --> 00:16:00,476 ဘယ်ကလာလဲဆိုတာ မေးနိုင်ပါတယ်။ 281 00:16:00,806 --> 00:16:02,640 ကျွန်မတို့ အချင်းချင်း နောက် 282 00:16:02,640 --> 00:16:04,355 ပိုးသတ်ဆေးပုံမှန်သုံးပြီး မွေးမြူ၊ 283 00:16:04,355 --> 00:16:06,745 စိုက်ပျိုးထားတဲ့ ကြက်သား၊ ပုဇွန်၊ အသီးတွေကို 284 00:16:06,745 --> 00:16:09,629 မဝယ်ဖို့ ကတိတည်နိုင်ပါတယ်။ 285 00:16:09,629 --> 00:16:12,323 ပြီးရင် ကျွန်မတို့ ဒါတွေကိုသာ လုပ်ရင် 286 00:16:12,323 --> 00:16:16,815 ပိုးသတ်ဆေးခေတ်အလွန်ကမ္ဘာ အရောက်ကို နှေးအောင်လုပ်နိုင်ပါတယ်။ 287 00:16:17,547 --> 00:16:21,680 ဒါပေမဲ့ ဒါကို ကျွန်မတို့ မကြာခင်လုပ်ရပါမယ်။ 288 00:16:21,680 --> 00:16:26,185 ပင်နီဆီလင်က ၁၉၄၁ မှာ ပိုးသတ်ဆေးခေတ်ကာလကို စတင်ခဲ့ပါတယ်။ 289 00:16:26,185 --> 00:16:29,291 နှစ် ၇၀ အတွင်းမှာဘဲ ကျွန်မတို့ 290 00:16:29,291 --> 00:16:32,291 ဒီ ကပ်ဘေးအစွန်နားလေးကို လျှောက်လှမ်းလို့လာခဲ့ပါပြီ။ 291 00:16:32,291 --> 00:16:34,613 ကျွန်မတို့ ဒီပြဿနာကနေ လွတ်မြောက်ဖို့ 292 00:16:34,613 --> 00:16:38,339 အနှစ် ၇၀ ပြန်ရမှာမဟုတ်ပါဘူး။ 293 00:16:38,769 --> 00:16:40,279 ကျေးဇူးအများကြီးတင်ပါတယ်။ 294 00:16:40,789 --> 00:16:46,640 (လက်ခုပ်သံများ)