ကျွန်မတို့က
သူစိမ်းတစ်ယောက် (သို့) ဖြတ်လျှောက်သွားတဲ့
အိမ်နီးနာချင်းနဲ့ မျက်စိဆုံတဲ့အခါ
ဟဲလို၊ နေကောင်းလားလို့ ပြောတဲ့
စကားလုံးတွေ ရှိပါတယ်။
နေ့ကလေးက သာယာတယ်နော်၊
ဘယ်လို ခံစားမိလဲဟင်။
ဒါတွေက အဓိပ္ပါယ်မဲ့သလိုမျိုး ထင်ရတယ်နော်၊
ပြီးတော့ အတန်အသင့်တော့ ဟုတ်တယ်လေ။
သူတို့မှာ ဝေါဟာရ အနက်မရှိဘူးလေ။
ကိုယ်ဘယ်လို နေနေ ဒါမှမဟုတ်
နေ့ကဘယ်လိုဖြစ်ဖြစ် အရေးမပါဘူးလေ။
သူတို့မှာ ဒီ့ပြင်အရာ ရှိပါတယ်။
သူတို့မှာ လူမှုရေး အနက်ရှိပါတယ်။
ဒီလိုမျိုးတွေ ပြောတဲ့အခါ ကျွန်မတို့က
သူတို့အား
တွေ့မြင်တာကို ဆိုလိုပါတယ်။
ကျွန်မ သူစိမ်းတွေနဲ့ စကားပြာရတာကို
စွဲလမ်းနေပါတယ်။
မျက်လုံးချင်းဆုံပြီး နှုတ်ဆက်ပါတယ်၊
ကူညီပေးတယ်၊ နားထောင်ပေးတယ်။
ဇာတ်လမ်းမျိုးစုံ ကျွန်မရတယ်။
လွန်ခဲ့တဲ့ ခုနှစ်နှစ်က ဘာလို့ဆိုတာ
ကြိုးစား မှန်းဆဖို့ ကိုယ့်ရဲ့
အတွေ့အကြုံတွေကို မှတ်တမ်းစပြုခဲ့တယ်။
ကျွန်မ တွေ့ရှိလိုက်တာက ဆက်ဖြစ်နေတဲ့
တကယ့် လှပတဲ့ အရာတစ်ခုပါ။
ကဗျာဆန်သလိုလို ဖြစ်သွားတယ်။
ဒါတွေဟာ တကယ့်ကို နက်ရှိုင်းတဲ့
အတွေ့အကြုံတွေပါ။
မျှော်လင့်မထားတဲ့ ကြည်နူးမှုတွေပါ။
စစ်မှန်တဲ့ စိတ်ပိုင်း ဆက်သွယ်ချက်တွေပါ၊
လွတ်မြောက်နေတဲ့ တဒင်္ဂလေးတွေပါ။
ဒါနဲ့ တစ်နေ့ ထောင့်တစ်ထောင့်မှာ
မီးပွိုင့်စောင့်နေတုန်းပေါ့၊
ဆိုတာက New York သူဆိုတော့
တကယ်က ရေနှုတ်မြောင်းမှာရပ်ပြီး
မီးပွိုင့်ပြောင်းတာ စောင့်နေတာ
ပိုမြန်မြန် လမ်းကူးရမလားပေါ့။
ကျွန်မဘေးမှာ ရပ်နေတဲ့ အသက် ၄၀
လူကြီးတစ်ယောက်ရှိတယ်။ ကုတ်အကျီ အရှည်လိုနဲ
အဖိုးအို ဦးထုပ်လိုမျိုး ဆောင်းထားတယ်။
ရုပ်ရှင်ကားထဲက တစ်ယောက်ယောက်ပုံ
ပေါက်နေတယ်။
သူက ကျွန်မကို
"အဲဒီမှာ မရပ်နဲ့၊ မင်းပျောက်သွားလိမ့်မယ်။"
ဒါ အဓိပ္ပါယ်မရှိဘူး၊ နော်
ဒါပေမဲ့ သူပြောသလို လုပ်လိုက်တယ်၊
စကြံန်ဆီ ပြန်ဆုတ်လိုက်တယ်။
ဒါနဲ့ သူကပြုံးပြီး ပြောတာက
ကောင်းတယ်၊ မင်းမသိဘူး၊
ငါလှည့်ချင် လှည့်လိုက်မိမှာ၊
စွပ်ကနဲဆို မင်းတော့ ပါသွားပြီ။
ဒါက လန့်စရာပါ။
ပြီးတော့ လုံးဝလည်း ထူးဆန်းတယ်။
သူဟာ အင်မတန်နွေးထွေးပြီး ကျွန်မကို
ကယ်လိုက်တာဆိုပြီး အရမ်းပျော်နေတယ်။
ကျွန်မတို့မှာ ဒီလိုကြိုးလေး ရှိတယ်
ခဏအကြာမှာ လူတစ်ယောက်အနေနဲ့
ကျွန်မရဲ့ တည်ရှိမှုကို သတိထားခံရပြီး
ကျွန်မဟာ ကယ်ထိုက်သူပါလို့
ဆိုတာမျိုးခံစားရတယ်။
တကယ် စိတ်မကောင်းစရာက
ကမ္ဘာ့နေရာ အတော်များများမှာ
သူစိမ်းတွေဟာ ပင်ကိုယ်အားဖြင့်
အန္တရာယ်ရှိတယ်၊ သူတို့ကို မယုံရဘူး၊
ထိခိုက်အောင် လုပ်နိုင်တယ်လို့
ယုံကြည်ဖို့ သွန်သင်ခံရတာပါ။
ဒါပေမဲ့ သူစိမ်းအများစုက အန္တရာယ်မရှိပါဘူး။
သူတို့နားမှာ မသက်မသာဖြစ်တာက
ဆက်စပ်တဲ့ အကြောင်း မရှိလို့ပါ။
သူတို့ရဲ့ ရည်ရွယ်ချက်တွေကို မသိဘူးလေ။
ဒီတော့ ထိုးထွင်းအမြင်သုံးပြီး
ရွေးချယ်မှု လုပ်တာအစား
ဒီ"သူစိမ်း"ဆိုတဲ့ အမျိုးအစားမှာ
မူတည်လိုက်ကြတယ်။
ကျွန်မမှာ လေးနှစ်သား ကလေး ရှိတယ်၊
လမ်းပေါ်က လူတွေကို ကျွန်မ နှုတ်ဆက်တဲ့အခါ
ဘာလို့လဲလို့ သူမကမေးတယ်၊
သူမက "သမီးတို့ သူတို့ကို သိလို့လား"
ကျွန်မက "ဟင့်အင်း၊ တို့အိမ်နီးချင်းလေ"
"သမီးတို့ရဲ့ မိတ်ဆွေလား"
"ဟင့်အင်း၊ ရင်းနှီးအောင်လို့ပဲလေ။"
သူမကို ဒါပြောတိုင်း နှစ်ခါ စဉ်းစားတယ်။
အကြောင်းက ဆိုလိုတာက
အထူးသဖြင့် မိန်းမတစ်ယောက်အနေနဲ့လေ။
လမ်းပေါ်က သူစိမ်းတိုင်း အကောင်းဆုံး
စိတ်ရင်း မရှိတာ သိပါတယ်။
ရင်းနှီးဖော်ရွေတာ ကောင်းပြီး
မဖြစ်ချင်တဲ့အခါကို သိဖို့ကောင်းပါတယ်။
ဒါပေမဲ့ တစ်ခုမှ ကြောက်ဖို့လိုတယ်လို့
မဆိုလိုပါဘူး။
အကြောက်တရားတွေထက်
ဆင်ခြင်တုံတရားကိုသုံးခြင်းက
ကြီးမားတဲ့ အကျိုးနှစ်ခုရှိပါတယ်။
ပထမက ကျွန်မတို့ကို လွတ်မြောက်စေတာပါ။
ဒီအကြောင်းတွေးတဲ့အခါ
အမျိုးအစားတွေထက်
အသိအမြင်ကို သုံးခြင်းဟာ
အတော်ကို အပြောလွယ် အလုပ်ခက်ပါ။
အမျိုးအစားတွေက ဦးနှောက်တွေက
သုံးတာတွေပါ။
လူတွေနဲ့ဆိုင်တဲ့အခါ
ဒါဟာ သူတို့အကြောင်း လေ့လာဖို့
ဖြတ်လမ်းတစ်ခုလိုပါ။
အထီး၊ အမ၊ ပျိုတယ်၊ အိုတယ်၊
မည်းတယ်၊ ညိုတယ်၊ ဖြူတယ်၊ သူစိမ်း၊
မိတ်ဆွေလို့ မြင်ပြီး
သတင်းအချက်အလက်ကို ဒီဘူးထဲ
ထည့်သုံးပါတယ်။
ဒါက မြန်တယ်၊ လွယ်တယ်၊
ပြီးတော့ ဘက်လိုက်ဖို့ လမ်းပဲလေ။
ဆိုလိုတာက ကျွန်မတို့ဟာ လူတွေကို
သီးခြားအဖြစ် မတွေးနေတာပါ။
အာရှအလယ်ပိုင်းနဲ့ အာဖရိကကို မကြာခဏ
တစ်ယောက်တည်း ခရီးထွက်တဲ့
အမေရိကန် သုတေသီကို သိတယ်။
တကယ့်လူစိမ်းတစ်ယောက်အနေနဲ့
မြို့ငယ်၊ မြို့ကြီးတွေကို ဝင်နေတာပါ။
သူမမှာ ပတ်သက်မှုတွေ၊ အဆက်အသွယ်တွေမရှိဘူး။
သူမက အစိမ်းသက်သက်ပါ။
သူမရဲ့ ရှင်ကျန်ရေး နည်းဗျူဟာက ဒါပါ၊
သူစိမ်းတစ်ဦးကနေ သင့်ကို အမှန်အတိုင်း
သီးခြားလူတစ်ဦးအဖြစ် မြင်အောင်လုပ်ပါ။
ဒါကို လုပ်နိုင်ရင် သင်ကလည်း
အခြားသူတွေကို မြင်ဖို့ ကူညီပေးပါလိမ့်မယ်။
ဆင်ခြင်တုံတရားကို သုံးခြင်းရဲ့ ဒုတိယ
အကျိုးက ရင်းနှီးမှုနဲ့ လုပ်ဖို့လိုတာပါ။
ဒါက နည်းနည်း ဗီဇစိတ်နဲ့
ဆန့်ကျင်ပုံရတာ သိပါတယ်။
ရင်းနှီးမှုနဲ သူစိမ်းတွေလေ။
ဒါပေမဲ့ ဒီလျင်မြန်တဲ့ တုံ့ပြန်ဆက်သွယ်
မှုတွေဟာ လူမှုရေးပညာရှင်တွေ ခေါ်တဲ့
"လျှပ်တစ်ပြက် ရင်းနှီးမှု"ဆိုတဲ့
ခံစားမှုတစ်ခုကို ဖြစ်စေနိုင်တယ်။
ဒီတော့ ဒါက ခံစားမှုပိုင်း လှုံ့ဆော်မှုနဲ့
အဓိပ္ပါယ်ရှိတဲ့ တိုတောင်းတဲ့ အတွေ့အကြုံပါ။
ဒါက အဖိုးအိုကနေ ရေနှုတ်မြောင်းရဲ့
မရဏထောင်ချောက်ကနေ အကယ်ခံ
ရတာက ရလိုက်တဲ့ ကောင်းမွန်တဲ့ ခံစားမှုပါ။
(သို့) တစ်ယောက်ယောက်ကို အလုပ်သွားတဲ့
ရထားပေါ်မှာ
စကားပြောတဲ့ခါလူမှုအဖွဲ့အစည်းရဲ့
အစိတ်အပိုင်းအဖြစ် ခံစားလိုက်ရပုံပါ။
တစ်ခါတစ်ရံ ဒီထက်ပိုပါတယ်။
သုတေသီတွေ တွေ့ရှိတာက လူတွေဟာ
မကြာခဏတော့ သူစိမ်းတွေနဲ့ အဇ္ဈတ္တမှာ
ရိုးသား၊ ပွင့်လင်းခြင်းဟာ
သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့
ဖြစ်တာထက် ပိုပြီး သက်တောင့်သက်သာဖြစ်တယ်၊
မကြာခဏ သူစိမ်းတွေကနေ ပိုပြီး နားလည်မှု
ပေးတာ ခံစားရတယ်ဆိုတာပါ။
ဒါကို ကြေကွဲမှုနဲ့ မီဒီယာတွေမှာ
အစီရင်ခံထားတယ်။
"သူစိမ်းတွေဟာ ခင်ပွန်းတွေထက်
ပိုပြီး ဆက်ဆံရေးပြေပြစ်တယ်။"
ဒါ သတင်းခေါင်းစီးကောင်းလား ရှင်။
ဆိုလိုချက်က လုံးဝလွဲနေတယ် ထင်တယ်။
ဒီလေ့လာမှုတွေရဲ့ အရေးပါတဲ့အရာက
ဒီတုံ့ပြန်ဆက်သွယ်မှုတွေဟာ ဘယ်လို
အရာရောက်နိုင်ပုံ၊
ဒီရင်းနှီးမှုရဲ့ အထူးပုံစံက
မိတ်ဆွေတွေ၊ မိသားစုတွေ
လိုသလောက် ကျွန်မတို့ လိုတာ
တစ်ခုခုပေးနိုင်ပုံကိုပါ။
ဒီတော့ သူစိမ်းတွေနဲ့ ဘယ်လို
ကောင်းမွန်စွာ ဆက်သွယ်ဖို့ ဖြစ်နိုင်လဲ။
အကြောင်း နှစ်ရပ်ရှိပါတယ်။
ပထမတစ်ခုက လျင်မြန်တဲ့
တုံ့ပြန်ဆက်သွယ်မှုပါ။
အကျိုးဆက်တွေ မရှိပါဘူး။
တစ်ယောက်ယောက်နဲ့ ရိုးသားဖို့က လွယ်ပါတယ်။
ထပ်တွေ့မှာမှ မဟုတ်တော့တာလေ။
ဒါက အဓိပ္ပါယ်ရှိတယ်။
ဒုတိယ အကြောင်းက
ပိုပြီး စိတ်ဝင်စားစရာပါ။
ကိုယ်နဲ့ နီးစပ်သူတွေ ဆိုတဲ့အခါ
ဘက်လိုက်ဖို့ လိုတယ်လေ။
သူတို့က ကျွန်မတို့ကို နားလည်ဖို့
မျှော်လင့်ကြတယ်။
သူတို့လုပ်တယ်လို့ ယူဆကာ
ကျွန်မတို့ စိတ်တွေကို
ဖတ်ဖို့ မျှော်လင့်တယ်။
ဒီတော့ သင်ဟာ ပါတီတစ်ခုမှာလို့
စိတ်ကူးကြည့်ပါ။
သင့်မိတ်ဆွေ (သို့) ခင်ပွန်းကနေပြီး
သင် စောပြီး ပြန်ချင်တာကို
သတိမထားမိတာကို
သင်ယုံနိုင်မှာ မဟုတ်ဘူး
သင်တွေးနေတာက
"မင်းကို မျက်ရိပ်ပြတယ်လေ။"
သူစိမ်းတစ်ယောက်နဲ့ဆို
အစကကို စဖို့လိုပါတယ်။
ဇာတ်လမ်းတစ်ခုလုံးပြောပြတယ်၊
ဘယ်သူဘယ်ဝါဆိုတာ၊ သူတို့ကို ဘယ်လို
ခံစားရတယ်ဆိုတာ ရှင်းပြတယ်။
အတွင်းရေး ဟာသတွေကို
နားရှင်းအောင်ပြောတယ်။
ဘာလဲဆိုတာ မှန်းကြည့်မလား။
တစ်ခါတစ်လေမှာ ကျွန်မတို့ကို
နည်းနည်းလေး ပိုနားလည်ကြတယ်။
အိုကေ။
ဒီတော့ အခု သူစိမ်းတွေကို
စကားပြောတာ အရေးပါတာ သိလာပြီ။
ဒါက ဘယ်လို အလုပ်လုပ်လဲ။
ကျွန်မတို့ လိုက်နာတတ်တဲ့
ရေးမထားတဲ့ စည်းမျဉ်းတွေရှိတယ်။
စည်းမျဉ်းတွေဟာ သင်ရှိရာ နိုင်ငံ၊
သင်ရှိရာ ယဉ်ကျေးမှုလိုက်ပြီး
အရမ်းခြားနားပါတယ်။
US ရဲ့ အများစု အပိုင်းတွေမှာတော့
လူအများထဲမှာ အခြေခံ မျှော်လင့်ချက်က
လောကဝတ်နဲ့ သီးသန့်တည်ရှိမှုကြားက
ဟန်ချက်ကို ထိန်းတာပါ။
ရည်မွန်တဲ့ ဂရုမစိုက်ခြင်းလို့ သိကြပါတယ်။
ဒီတော့ လူနှစ်ယောက် လမ်းပေါ်မှာ
မျက်နှာချင်းဆိုင် လျှောက်လာတယ်ဆိုပါစို့၊
တစ်ဦးကိုတစ်ဦး အဝေးကနေ ဝေ့ကြည့်လိမ့်မယ်။
ဒါက လောကဝတ်၊ အသိအမှတ်ပြုမှုပါ။
ဒီနောက် သူတို့ နီးလာတော့ တစ်ဦးကိုတစ်ဦး
နေရာပေးဖို့ အကြည့်လွှဲလိုက်မယ်။
အခြားယဉ်ကျေးမှုတွေမှာတော့
လုံးဝကို တုံ့ပြန်ဆက်သွယ်မှု မရှိဖို့
အတော်ဝေးဝေးကို သွားကြတယ်။
ဒိန်းမတ်က လူတွေပြောတာက
ဒိန်းမတ်တွေဟာ သူစိမ်းတွေကို စကားပြောဖို့
အတော်ကို မကြိုက်ကြဘူး၊
တစ်ယောက်ယောက်ကို ကျော်လွှားဖို လိုအပ်လို့
တစ်ဆိတ်လောက် လို့ ပြောမယ့်အစား
ဘတ်စ်ကားသာ အလွတ်ခံကြတယ်တဲ့။
ဒီအစား ကိုယ်က ကျော်ဖို့လိုတာကို ပြောဖို့
ဒီစကားလုံး နှစ်လုံးအစား
အိတ်တွေကို ဂရုတစိုက်
တရှပ်ရှပ်လုပ်တယ်တဲ့။
အီဂျစ်မှာတော့ သူစိမ်းတစ်ယောက်ကို
မသိချင်ယောင်ဆောင်တာ ရိုင်းတယ်လို့ဆိုပြီး
မှတ်သားစရာ ဧည့်ဝတ်ကျေပြွန်မှု
ယဉ်ကျေးမှုတစ်ခုရှိပါတယ်။
သူစိမ်းတွေဟာ အချင်းချင်း
ရေတစ်ငုံလောက် တောင်းနိုင်တယ်။
(သို့) လူတစ်ယောက်ယောက်ကို လမ်းညွန်မေးရင်
သင့်ကို အိမ်ကို ကော်ဖီသောက်ဖို့
ဖိတ်ကြားနိုင်လောက်တယ်။
ဒီရေးမထားတဲ့ စည်းမျဉ်းတွေကို
အရှင်းဆုံး သိမြင်တာကတော့ ချိုးဖျက်မိတဲ့အခါ
(သို့) နေရာသစ်တစ်ခုကို ရောက်ပြီး
ဘာလုပ်တာ အမှန်လဲလို့
ကြိုးစားမှန်းဆတဲ့အခါမှာပါ။
တစ်ခါတစ်လေ စည်းမျဉ်းတွေကို အနည်းငယ်
ချိုးဖောက်တာဟာ လုပ်ဆောင်တဲ့ နေရာမှာပါ။
တကယ်လို့ မရှင်းလင်းရင်
ဒါကို လုပ်ချင်တာပဲလေ။ ရလား။
ဒီတော့ ဒီမှာ ဘယ်လို လုပ်မလဲဆိုတာပါ။
မျက်လုံးချင်းဆုံချင်သူကို ရှာပါ။
ဒါက နိမိတ်ကောင်းလေ။
ပထမဆုံးက ရိုးရိုးအပြုံးလေးပါ၊
လမ်းပေါ်မှာ၊ စကြင်္န်လမ်းမှာ တစ်ယောက်ယောက်
ကို ဖြတ်သွားတယ်ဆိုရင်ပြုံးပြပါ။
ဘာဖြစ်လဲ ကြည့်ပါ။
နောက်တစ်ခုက တြိဂံဖွဲ့တာပါ။
သင်က ဒီမှာ၊ ဒီမှာက သူစိမ်းပါ။
ဒီမှာက နှစ်ယောက်စလုံး မြင်ပြီး
မှတ်ချက်ပေးနိုင်လောက်တဲ့ တတိယအရာပါ။
အများဆိုင် အနုပညာတစ်ခု
(သို့) လမ်းမှာ ဆွယ်တရားဟောနေသူ
(သို့) ရယ်စရာအဝတ် ဝတ်ထားသူပေါ့။
ဒါကို စမ်းကြည့်ပါ။
တတိယ အရာအကြောင်း မှတ်ချက်ပေးပြီး
စကားစလို့ရလား ကြည့်ပါ။
နောက်တစ်ခုက သတိပြုမိခြင်းပါ။
ဒါက အမြဲလိုလို ချီးမွမ်းတာပါ။
ကျွန်မက လူတွေရဲ့ ဖိနပ်တွေကို
သတိထားမိတဲ့ ဝါသနာအိုးကြီးပါ။
ကိုယ်တိုင်ကတော့ လောလောဆယ်
အဆန်းတကြယ် ဖိနပ်တွေ စီးမထားပါဘူး။
ဒါပေမဲ့ ဖိနပ်တွေဟာ ယေဘုယျတော့
ဆန်းကြယ်ပါတယ်။
ချီးမွမ်းဖို့တော့ တော်တော်လေး
စိတ်မဝင်စားခံရတာတွေပါ။
လူတွေဟာ သူတို့ရဲ့ ထူးဆန်းတဲ့ ဖိနပ်
တွေအကြောင်း အမြဲ ပြောချင်ကြတာလေ။
ခွေးတွေ၊ ကလေးတွေဟာ ယေဘုယျကျတာကို
တွေ့ကြုံခံစားမိလောက်ပါတယ်။
လမ်းပေါ်မှာ လူတစ်ဦးကို
စကားပြောဖို့ ခွကျနိုင်တယ်။
သူတို့ဘယ်လို တုံ့ပြန်မှာကို
မသိဘူးလေ။
ဒါပေမဲ့ ခွေးတို့ ကလေးတို့ကျတော့
အမြဲ ပြောလို့ရတယ်လေ။
ခွေးနဲ့ ကလေးဟာ
လူတစ်ဦးဆီကို လူမှုရေး
သွယ်မြောင်းတစ်ခုဖြစ်ပြီး
သူတို့တွေ ပိုပြီး ပွင့်လင်းစွာ ပြော၊ မပြော
သူတို့တုံ့ပြန်ပုံတွေက သိနိုင်ပါတယ်။
နောက်ဆုံး သင်တို့ကို အကဲစမ်းချင်တာတစ်ခုက
ဖွင့်ဟတာပါ။
ဒါလုပ်ဖို့ အတော့်ကို ထိခိုက်လွယ်နိုင်ပေမဲ့
လုပ်ရကျိုးနပ်နိုင်ပါတယ်။
ဒီတော့ နောက်တစ်ခါ သူစိမ်းကို
စကားပြောတုန်း
သက်တောင့်သက်သာဖြစ်တဲ့အခါ
သင့်အကြောင်း အမှန်တစ်ခုခုပြောလိုက်ပါ၊
ကိုယ်ရေးကိုယ်တာ တစ်ခုခုပေါ့။
နားလည်ပေးမှုခံရတာလို့ ကျွန်မပြောတဲ့
အတွေ့အကြုံ သင့်မှာ ရှိချင်ရှိနိုင်ပါတယ်။
တစ်ခါတစ်ရံ စကားပြောရာမှာ ပါလာတာက
လူတွေ မေးတာက နင့်အဖေက ဘာလုပ်လဲ။
(သို့) သူကဘယ်မှာ နေလဲ။
တစ်ခါတစ်ရံ သူတို့ကို အမှန်အတိုင်း
ပြောပြတယ်၊
ကျွန်မ ကလေးတုန်းက ဆုံးသွားတာလို့။
အမြဲတမ်းကို ဒီတဒင်္ဂတွေမှာ သူတို့ရဲ့
ကိုယ်တိုင်ဆုံးရှုံးမှု အတွေ့အကြုံတွေကို
မျှဝေကြပါတယ်။
သူစိမ်းတွေနဲ့တောင်မှ
ဖွင့်ဟချက်ဟာ ဖွင့်ဟချက်နဲ့ပဲ
ဆုံတတ်တာပါ။
ဒီတော့ ဒီမှာပါ။
သူစိမ်းတွေကို စကားပြောတဲ့အခါ
သင့်ရဲ့ မျှော်လင့်ထားတဲ့ နေ့စဉ်ဘဝရဲ့
ဇာတ်လမ်းထဲကို လှပတဲ့
အနှောင့်အယှက်လေးတွေ ဖန်တီးနေတာပါ၊
သူတို့တွေကိုရောပေါ့။
မမျှော်လင့်တဲ့ ဆက်သွယ်မှုတွေ
လုပ်နေတာပါ။
သူစိမ်းတွေကို စကားမပြောရင်
ဒါအားလုံး လွတ်သွားပါလိမ့်မယ်။
ကလေးတွေကို သူစိမ်းတွေအကြောင်း
သင်ပေးရင်း အချိန်အများကြီးကုန်ကြတယ်။
ကိုယ့်ကိုယ်ကို ပိုသင်ပြီး အချိန်
ကုန်လိုက်ရင် ဘာများဖြစ်လိမ့်မလဲရှင်။
တစ်ဦးကိုတစ်ဦး သံသယပွားစေတဲ့
အတွေးအားလုံးကို ပယ်ချနိုင်ပါတယ်။
အပြောင်းအလဲအတွက် နေရာတစ်ခု
ဖန်တီးလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)