... အရင်ဗွီဒီယိုမှာ တုံးက ထပ်ဆင့်တိုး အကြောင်းပြောပြီးပါပြီ ဥပမာ အနေနဲ့နှစ်တိုး တွက်ခဲ့ပါတယ် နေ့တိုး (ဆက်တိုက် ထပ်တိုး) အနေနဲ့မတွက်ခဲ့ပါဘူး ဘဏ်တွေက နေ့တိုး သုံးတာပါ အဲဒီမှာပြခဲ့တာက တော့ သဘောတရားက လွယ်ပါတယ် နှစ်တိုင်းနှစ်တိုင်း အတိုး ၁၀% နှုန်းရခဲ့မယ်ဆိုရင် ... အဲဒီသဘောတရားကို ထပ်ဆင့်တိုး (အရင်းနဲ့ အတိုးပေါ်မှာတွက်တဲ့ အတိုး) လို့ခေါ်ပါတယ် သဘောတရားက လွယ်ကူပေမဲ့ တွက်ချက်ရတာတော့ ထင်သလောက်မလွယ်ပါဘူး ဂဏန်းတွက်စက်ရှိရင်တော့ တွက်ရတာလွယ်ကူပါတယ် စိတ်တွက်တွက်ဖို့တော့ သိပ်မလွယ်ကူလှပါ ရှေ့ကဗွီဒီယိုမှာ ငွေ ၁၀၀ ကို ဥပမာထားပြီး တွက်ခဲ့ပါတယ် တစ်နှစ်မှာ အတိုး ၁၀%နှုန်းဖြစ်တဲ့ အတွက် ဒီက ၁ ပါ ပိုက်ဆံ နှစ်ဆ ဖြစ်ဖို့ ဘယ်လောက်ကြာမလဲဆိုတဲ့ မေးခွန်းနဲ့ အပြီးသပ်ခဲ့ပါတယ် အဲဒီမေးခွန်းကို ဖြေဖို့ ဂဏန်းတွက်စက် တော်တော်များများမှာ log base ၁.၁ မရှိပါဘူး တခြားဗွီဒီယို တွေမှာပြခဲ့ သလိုပါပဲ x = log ၁၀ (၂) log base ၁.၁ (၂) နဲ့ စားပါမယ် ဒီနည်းက log base ၁.၁ (၂) ဒီတစ်ခုက log base ၁၀ (၁.၁) ကျွန်တော် ဘာလို့ဒီအကြောင်းပြောရသလဲဆိုရင် ဂဏန်းတွက်စက်တော်တော်များများက log base ၁၀ ပဲရှိတတ်လို့ပါ ဒီနှစ်ခုဟာ ညီမျှပါတယ် တခြားဗွီဒီယိုတွေမှာ ပြပြီးပါပြီ ဒီနေရာမှာ ကျွန်တော့်ပိုက်ဆံ အတိုးနှုန်း ၁၀%နဲ့တွက်ရင် ဘယ်လောက်ကြာပါမလဲ ဒီဟာကို ဂဏန်းတွက်စက်ထဲမှာ ထဲ့တွက်ရပါမယ် တွက်ကြည့်ပါစို့ ဒီမှာ ၂ရှိပါတယ် log ယူပါမယ်။ ၀.၃ ကို ၁.၁ နဲ့စားပါမယ်ူlog ယူပါမယ် ကွင်းစပိတ်ရပါမယ် ၇.၂၇ နှစ်ရပါမယ် ၇.၃ လို့သာ သတ်မှတ်ပါ ... အရင်ဗွီဒီယိုမှာ မြင်ခဲ့ရတဲ့ အတိုင်းပါပဲ သဘောတရားက လွယ်ပေမဲ့ သင်္ချာ တွက်ရတာ မလွယ်ကူလှပါ စိတ်တွက် တွက်ဖို့ မဖြစ်နိုင်သလောက် ပါပဲ အဲဒီအတွက် ကျွန်တော်က ခန့်မှန်းခြေအကြောင်း ပြောပါမယ် ပိုက်ဆံနှစ်ဆ ဖြစ်အောင်ဘယ်လောက်ကြာပါမလဲ အဲဒီခန့်မှန်းခြေတွက်တာ ကို rule of 72 လို့ခေါ်ပါတယ် တခါတလေ rule of 70 (သို့) rule of 69 လို့လဲခေါ်ပါတယ် ဒါပေဲ့ rule of 72 ကို အချိန်အပိုင်းအခြားအတိအကျနဲ့ ထပ်ဆတိုးတွက်ရင် ပိုအသုံးများပါတယ် ဆက်တိုက်ထပ်ဆငိ့တိုး အနေနဲ့တွက်ချင်မှ တွက်မှာပါ ဆက်တိုက် ထပ်ဆင့်တိုး ဆိုရင် ၆၉ (သို့) ၇၀ ကပိုနီးစပ်ပါတယ် ကျွန်တော်ဘာပြောနေတာလဲ ဆိုတာခဏကြာရင် ပြပါမယ် ဒီမေးခွန်းကိုပဲ ပြန်ဖြေပါမယ် နှစ်တိုးပါပဲ ... rule of 72 သုံးပြီးဖြေရင်၊ ကျွန်တော့်ပိုက်ဆံ နှစ်ဆဖြစ်ဖို့ ဘယ်လောက်ကြာပါမလဲ rule of 72 ဆို၇င် ၇၂ ကိုသာယူပြီး အတိုးနှုန်းနဲ့ စားလိုက်ပါ ရာခိုင်နှုန်းက ၁၀ ဖြစ်ပါတယ် ဒဿမ အနေနဲ့ ပြောရရင် ၀.၁ ပါ ၁၀၀% နှုန်းရဲ့ ၁၀% ဖြစ်ပါတယ် ၇၂ ကို ၁၀ နဲ့စားရင် ၇.၂ ရပါတယ်။ တစ်နှစ်တစ်ခါ အတိုးနှုန်းဖြစ်တဲ့ အတွက် ၇.၂ နှစ်ပါ အကယ်၍သာ လတိုင်း ၁၀% နှုန်းသာဆိုရင် ၇.၂ လ ပဲ ဖြစ်ပါမယ် ဒီမှာ ရတဲ့ ၇.၂ ဟာကျွန်တော်တို့ log နဲ့တွက်ထားတဲ့ အဖြေနဲ့အတော် နီးစပ်ပါတယ် ... နောက်ဥပမာ တစ်ပုဒ်နဲ့ တွက်ပါမယ် နှစ်တိုင်း ၆% အတိုးရတယ်ဆိုပါစို့ ... rule of 72 သုံးပြီး၊ ၆ နဲ့စားလိုက်ပါ ၁၂ ခါရပါမယ် ဒီအဖြေက ဘာကိုပြောသလဲ ဆိုရင် ၆% အတိုးနဲ့ ပိုက်ဆံနှစ်ဆဖြစ်ဖို့ ၁၂ နှစ်ကြာပါမယ်။ ဒီအဖြေ မှန်မမှန်ကို ဆန်းစစ်ကြည့်ပါမယ် အရင် ကပြောထားတဲ့အတိုင်း x အတွက်အဖြေရဖို့