ကျွန်တော်တို့ အိမ်မှာ ကျွန်တော့ကို ကတ်သီးကတ်သတ် ဝေဖန်သူ၊ ဒုက္ခပေးသူ၊ ကသိကအောက်ဖြစ်အောင်လုပ်သူ၊ ပုန်ကန်သူ၊ တက်ကြွသူ၊ လူတွေရဲ့ အသံကို တင်ပြသူဆိုပြီး ခေါ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း အဲဒါမျိုး မဟုတ်ခဲ့ဘူး။ ကြီးပြင်လာတာနဲ့အမျှ၊ ကျွန်တော့ဆီမှာ အမည်ပြောင် ရှိလာပါတယ်။ သူတို့ဟာ ကျွန်တော့ကို Softy လို့ ခေါ်လာကြတယ်၊ ပျော့ပြောင်းသူ၊ ဒုက္ခမပေးသူလို့ ဆိုလိုပါတယ်။ ကျန်လူတွေလိုပဲ ကျွန်တော်ကလည်း ပြဿနာတွေကို ရှောင်ရှားခဲ့ပါတယ်။ ကျွန်တော် ငယ်တုန်းက၊ သူတို့အားလုံးက ငြိမ်နေရန် သင်ခဲ့ကြတယ်။ ငြင်းခုန် မနေဘဲ ပြောတဲ့အတိုင်း လုပ်ပါ။ တနင်္ဂနွေကျောင်းမှာဆိုရင် သူတို့က ထိပ်တိုက် မရင်ဆိုင်နဲ့၊ မငြင်းခုန်နဲ့၊ မင်းကမှန်တောင်၊ ကိုယ့်ရဲ့ နောက်ပါးကိုပါ ခံပေးပါ။ အဲဒီတုန်းက နိုင်ငံရေး အခြေအနေက အဲဒါကို အာဖြည့်ပေးခဲ့ပါတယ်။ (ရယ်မောသံများ) ကင်ညာနိုင်ငံမှာဆိုရင် ကိုယ့်ကိုကိုယ် ချမ်းသာသူ ဖြစ်တာကို သက်သေထူ မပြနိုင်သရွေ့ အပြစ်ရှိသူပါ။ (ရယ်မောသံများ) ကင်ညာနိုင်ငံထဲက ဆင်းရဲသူတို့ဟာ ရာဇဝတ်ကောင်တွေရဲ့ လက်ချက်ကြောင့်ထက်ကို သူတို့ကို ကာကွယ်ရန် တာဝန်ရှိကြတဲ့ ပုလိပ်ရဲ့ လက်ချက်ြဖင့် ပစ်ခံရဖို့များပါတယ်။ အဲဒီတုန်းက နိုင်ငံရေး အခြေအနေက အဲဒါကို အာဖြည့်ပေးခဲ့ပါတယ်။ ကျွန်တော်ဆီမှာ Moi ဆိုတဲ့ သမ္မတရှိခဲ့ရာ အာဏာရှင် ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံကို သံလက်သီးဖြင့် အုပ်ချုပ်ခဲ့တယ်၊ ပြီးတော့ သူ့အာဏာကို မေးခွန်းထုတ်ဖို့ ကြိုးစားခဲ့သူ မှန်သမျှဟာ ဖမ်းချုပ်ခြင်း၊ ညှင်းပန်းခြင်း၊ ထောင်ချခြင်း၊ ခံခဲ့ရကြတယ်၊ ဒါမှမဟုတ် အသတ်ခံခဲ့ကြရတယ်။ ဒီတော့ လူတွေကို ငကြောက်ကောင်တွေ ဖြစ်ကြရန်၊ ပြဿနာတွေကို ရှောင်နေရန် သင်ခဲ့ကြတယ်။ ကြောက်နေခဲ့ခြင်းကို အပြစ် မတင်ခဲ့ကြဘူး။ ငကြောက်ဖြစ်ခြင်းဟာ ချီးကျူးမှု ဖြစ်ခဲ့ပါတယ်။ ကြောက်သူဟာ ကိုယ့်မိခင်အိမ်မှာ သွားနေသူလို့ ကျွန်တော်တို့ ဆိုခဲ့ကြတယ်။ တစ်ယောက်ယောက်က ပြဿနာကို ရှောင်နေရင် အသက်ရှင် ကျန်ခဲ့မှာကို ဆိုလိုတယ်။ ကျွန်တော်ဟာ အဲဒီလို အကြံပေးမှုကို မေးခွန်းထုတ်ခဲ့သူပါ၊ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ကင်ညာနိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ရလဒ်တွေကို ကြမ်းတမ်းစွာ ချိုးဖောက်ခံခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲ နောက်မှာ၊ အကြမ်းဖက်မှုတွေ၊ ဖျက်လိုဖျက်ဆီးမှုတွေ၊ လူတွေ ၁၀၀၀ ကျော် အသတ်ခံရမှုတွေ ရင်ဆိုင်လာခဲ့ရတယ်။ ကျွန်တော်ဟာ အဲဒီလို အကြမ်ဖက်မှုတွေကို မှတ်ပုံတင်ခဲ့သူပါ။ ဓာတ်ပုံဆရာ တဦးအနေနဲ့ ကျွန်တော် ရိုက်ခဲ့တဲ့ ပုံတွေထောင်ချီပါ၊ အဲဒီနောက် နှစ်လအကြာမှာ၊ နိုင်ငံရေးသမား နှစ်ဦးတို့ဟာ အတူတူ ထိုင်လျက် လဘက်ရည် သောက်ခဲ့ကြကာ၊ ငြိမ်းချမ်းရေးကို ချုပ်ဆိုခဲ့ကြလို့ နိုင်ငံဟာ ရှေ့ကို တက်လှမ်းနိုင်ခဲ့တယ်။ ကျွန်တော်ဟာ အကြမ်းဖက်မှုတွေကို ကိုယ်တွေ့မြင်ခဲ့ရလို့ စိတ်ညစ်နေခဲ့ရတယ်။ လူတွေ အသတ်ခံနေကြရတာ အိမ်ယာတွေကို စွန့်ပြေးနေရတာ မြင်ခဲ့ရတယ်။ မုဒိမ်းကျင့် ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ကျွန်တော်တွေ့ခဲ့ရရာ သိပ်ကို စိတ်ညစ်ခဲ့ရပေမဲ့၊ နိုင်ငံဟာ အဲဒါကို ဘယ်တော့မှ မပြောရဲခဲ့ပါ။ ကျွန်တော်တို့ မမြင်ချင်ယောင် ဆောင်နေခဲ့ကြတယ်။ ကျွန်တော်တို့ အားလုံး ငကြောက်တွေ ဖြစ်လာကြတယ်။ ပြဿနာနဲ့ ဝေးအောင် နေရန်၊ အဲဒီအကြောင်း မပြောရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဆယ်လ ကြာတော့ ကျွန်တော် အလုပ်က ထွက်လိုက်တယ်။ ကျွန်တော် အဲဒါကို ဆက်သည်းမခံနိုင်တော့လိုပါ။ ကျွန်တော့ အလုပ်ကို ရပ်လိုက်တဲ့နောက်မှာ နိုင်ငံ့ထဲက အကြမ်းဖက်မှုတွေကို၊ အမျိုးသားရေး အခြေအနေကို ပြောကြရန် ကျွန်တော့ မိတ်ဆွေတွေကို လိုက်ပြီး စည်းရုံးခဲ့ရာ၊ ကျွန်တော်တို့ဟာ ၂၀၀၉ ခုနှစ် ဇွန် ၁ ရက်မှာ အားကစားရုံကို သွားဖို့ စီစဉ်ခဲ့ကြတယ်၊ သမ္မတရဲ့ အာရုံကို မိမိတို့ဆီကို စွဲဆောင်ရန်ပါ။ အဲဒါဟာ အမျိုးသား နေ့ထူးဖြစ်ပြီး၊ တနိုင်ငံလုံး အဝှမ်း ထုတ်လွှင့်ပါတယ်၊ အဲဒါနဲ့ ကျွန်တော် အားကစားရုံကို ရောက်လာတယ်။ ကျွန်တော့ သူငယ်ချင်းတွေကို မမြင်ခဲ့ရပါ။ ကျွန်တော်ဟာ တယောက်တည်း ဖြစ်နေတယ်၊ ဘာလုပ်ရမှန်း မသိခဲ့ပါ။ ကျွန်တော် ကြောက်နေခဲ့တယ်၊ ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊ အဲဒီနေ့မှာ ကျွန်တော်ဟာ ဆုံးဖြတ်ချက် တခုကို ချမှတ်ရန် လိုခဲ့တာကို နားလည်ခဲ့တယ်။ ကျွန်တော်ဟာ သူများတွေလို ဆက်ပြီး ကြောက်သူ အဖြစ်ဆက်နေမှာလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ရပ်တည်မှာလား? သမ္မတက မိန့်ခွန်းပြောရန် ထရပ်လိုက်တာနဲ့၊ ကျွန်တော်ဟာ မတ်တပ်ရပ်လျက် သမ္မတဆီ အော်ဟစ်နေတာကို တွေ့လိုက်တယ်၊ ရွေးကောက်ပွဲ နောက်ပိုင်း အကြမ်းဖက်မှုတွေကို သတိရနေဖို့၊ ချစားမှုတွေကို ရပ်စဲပစ်ဖို့ တောင်းဆိုခဲ့တယ်။ ရုတ်ခနဲဆိုသလို ပုလိပ်တွေဟာ ဆာလောင်နေတဲ့ ခြင်္သေ့တွေလို ကျွန်တော့အပေါ်ကို ခုန်အုပ်လိုက်ကြပါတယ်။ သူတို့ဟာ ကျွန်တော့ ပါးစပ်ကို ပိတ်ပစ်လိုက်ကြကာ အားကစားရုံ အထဲကနေပြီး ဆွဲခေါ်သွားကြတယ်၊ ပြီးတော့ ကျွန်တော့ကို စိတ်ကြိုက် ရိုက်နှက်ခဲ့ကြပြီး ထောင်ထဲကို ပစ်ထည့်လိုက်ကြတယ်။ အဲဒီညမှာ ကျွန်တော်ဟာ ထောင်ရဲ့ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ လှဲနေခဲ့ရတယ်၊ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားလာရပါတယ်။ ကျွန်တော် အဲဒီလို ခံစာလာရတာ ဘာကြောင့်လဲ? ကျွန်တော် လုပ်လိုက်တာတွေကြောင့် မိတ်ဆွေတွေနဲ့ မိသားစုက ကျွန်တော် ရူးနေပြီလို့ ထင်ကြတယ်။ ပြီးတော့ ကျွန်တော် ရိုက်ယူခဲ့တဲ့ ပုံတွေကြောင့်လည်း စိတ်ညစ်ခဲ့ရတယ်။ တကယ်တော့ ကျွန်တော့ ရိုက်ခဲ့တဲ့ ပုံတွေဟာ ကင်ညာလူမျိုး အများကြီးထဲက တချို့မျှပါ။ ကင်ညာ လူမျိုး အများစုတို့ဟာ အကြမ်းဖက်မှုကို မမြင်ခဲ့ကြရပါ။ အဲဒါဟာ သူတို့အတွက် ပုံပြင်နဲ့ တူခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်ဟာ လမ်းပေါ်မှာ ပြပွဲလိုဟာမျိုး ကျင်းပလျက် အကြမ်းဖက်မှု ဓာတ်ပုံတွေကို တနိုင်လုံး အဝှမ်းမှာ ပြပေးခြင်းဖြင့် ပြည်သူတွေ အဲဒီအကြောင်း ပြောဆိုလာအောင် လှုံ့ဆော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ့ထဲမှာ ခရီးထွက်လျက် ပုံတွေကို ပြသခဲ့ကြတယ်၊ အဲဒီ ခရီးကမှ ကျွန်တော့ကို တက်ကြွစွာ လှုပ်ရှားမှု ခရီးပေါ်ကို တင်ပေးလိုက်တာပါ၊ ကျွန်တော်ဟာ ဆက်ပြီး နှုတ်ငုံမနေတော့ရန်၊ အဲဒီအကြောင်းတွေကို ဆွေးနွေးပြောပြရန် ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ ခရီးထွက်လှည့်လည်ခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ အထွေထွေ ဆိုက်ဟာ လမ်းပေါ်က ပြပွဲတွေကနေပြီး နိုင်ငံ့ထဲက အခြေအနေ အကြောင်း ကားချပ်ပုံ၊ ချစားမှု နဲ့ ခေါင်းဆောင်တွေ ညံ့ဖျင်းမှု အကြောင်း ဆွေးနွေးတဲ့ ဆိုက်ဖြစ်လာတယ်။ ကျွန်တော်တို့ဟာ သရုပ်ြပ သင်္ဂြိုဟ်မှုကိုလည်း လုပ်ခဲ့ကြပါသေးတယ်။ ကျွန်တော်တို့ဟာ ကင်ညာ ပါလီမန်ဆီကို ဝက်ကောင်တွေကို ပို့ပေးခဲ့ကြတယ်၊ ကျွန်တော်တို့ နိုင်ငံရေးသမားတွေရဲ့ လောဘကြီးမှုကို ပြသပေးရန် အတွက်ပါ။ အဲဒီလို ယူဂန်ဒါ နဲ့ အခြားနိုင်ငံတွေမှာပါ ပြုလုပ်ခဲ့ကြပါတယ်၊ အားရစရာ အကောင်းဆုံးက ပုံတွေကို မီဒီယာတွေက ယူပြီး ပြသလာကြတယ်၊ နိုင်ငံ့တဝှမ်းလံးမှာ၊ တတိုက်လုံးမှာ အကျယ်တ၀င့် ပြသပေးခဲ့ကြတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက ကျွန်တော် ရပ်လိုက်စဉ် တယောက်တည်း ဖြစ်ခဲ့ပေမဲ့၊ အခုတော့ ကျွန်တော်နဲ့အတူ ရပ်နေတာက လူ့အဖွဲ့အစည်းကြီး တခုပါ။ အဲဒီလို အကြောင်းတွေကို ပြောဖို့ ရပ်လိုက်ချိန်မှာ ကျွန်တော်ဟာ တယောက်တည်း မဟုတ်တော့ပါ။ ကျွန်တော်ဟာ ကိုယ့်နိုင်ငံအတွက် စိတ်လိုက်မာန်ပါ လုပ်ချင်ကြကာ၊ အပြောင်းအလဲတွေကို လုပ်လိုကြပြီး၊ ကြောက်ရွံ့ခြင်း မရှိကြတော့တဲ့ ငကြောက်ကောင်တွေ မဟုတ်ကြတော့တဲ့ လူငယ်တွေဟာ ကျွန်တော့်ကို ဝန်းရံလျက် ရှိနေကြပါတယ်။ ကျွန်တော့ရဲ့ ပုံပြင်က အဲဒီလိုရှိပါတယ်။ အားကစားရုံထဲက ဟိုတနေ့တုန်းက ကျွန်တော်ဟာ ငကြောက်ကောင် အဖြစ် ရပ်နေခဲ့သူပါ။ ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်တစ်ခုနဲ့ ကျွန်တော်ဟာ ၂၄ နှစ်ကြာ ငကြောက်ဘဝကို ချန်ရစ်နိုင်ခဲ့တယ်။ လူတိုင်းရဲ့ ဘဝထဲမှာ အဆုံးအဖြတ်ပေးတတ်တဲ့ နေ့ဆိုလို့ နှစ်ရက် ရှိပါတယ်- ပထမက ကျွန်တော်တို့ မွေးတဲ့နေ့ပါ၊ နောက်တခုက ဘာအတွက်လဲ ဆိုတာကို သိလာတဲ့နေ့ပါ။ အားကစားရုံထဲမှာ ရပ်နေပြီး သမ္မတကို အော်ဟစ်နေခဲ့တဲ့ နေ့မှာ ကျွန်တော် မွေးခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ကျွန်တော် သိလာခဲ့တယ်၊ ကျွန်တော်ဟာ မတရားလုပ်နေတာတွေကို နှုတ်ငုံနေမှာ မဟုတ်ဘူး ဆိုတာပါ။ ခင်ဗျားတို့က ခင်ဗျားတို့ မွေးလာခဲ့ကြတာ ဘာ့အတွက်လဲ သိကြပါသလား? ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ) Tom Rielly: တကယ့်ကို အံ့အားသင့်စရာ ပုံပြင်ပါပဲ။ ကျွန်တော်ဟာ မေးခွန်းတိုလေး တချို့ကို မေးချင်ပါတယ်။ ကောင်းပြီ PAWA254 ဆိုပါစို့၊ ခင်ဗျားဟာ စတူဒီယို တခုကို ဖန်တီးပေးခဲ့တယ်၊ လူငယ်တွေ အဲဒီကို လာနိုင်ကြကာ၊ ဒီဂျီတယ် မီဒီယာရဲ့ စွမ်းပကားတွေကို သင်ယူကြမယ်၊ ခုနက လုပ်ဆောင်ချက်တွေထဲက တချို့ကို လုပ်နိုင်ဖို့ အတွက်ပေါ့လေ။ အခုကော အဲဒီ PAWA မှာ ဘာတွေများ ဖြစ်ပျက်နေလဲ? Boniface Mwangi: ဟုတ်ပါတယ်၊ ကျွန်တော်တို့ အဲဒီမှာ ရုပ်ရှင်ပြုလုပ်ကြသူတွေ၊ ဂရာဖီတီ အနုပညာရှင်တွေ၊ ဂီတသမားတွေ၊ ရှိနေကြကာ၊ နိုင်ငံ့ထဲမှာ ပြဿနာ တခုခု ရှိလာရင်၊ ကျွန်တော်တို့ဟာ စုဝေးလျက် စဉ်းစားကြကာ အဲဒီပြဿနာကို ဆွေးနွေးကြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အားအကောင်းဆုံး လက်နက်က အနုပညာပါပဲ၊ ကမ္ဘာကြီးပေါ်မှာ လူတွေဟာ အလုပ်များနေကြကာ လူတိုင်းဟာ သူ့ဘဝနဲ့ ရှုပ်ရှက်ခတ်နေပါတယ်၊ သူတို့ဟာ ဖတ်ဖို့တောင် အချိန် မရှိကြပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ လှုပ်ရှားမှုတွေကို ပြောလိုတာကို အနုပညာအဖြစ် တင်ဆက်ကြတယ်။ ဂီတမှ အစပြုလျက်၊ ဂရာဖီတီ၊ စတဲ့ အနုပညာတွေကို ကျွန်တော်တို့ သုံးပါတယ်။ နောက် တခုကိုကော ပြောနိုင်သေးလား? TR: ရတာပေါ့၊ သေချာပါတယ်။ (Applause) BM: ကျွန်တော်ဟာ အဖမ်းခံခဲ့ရတာ၊ ရိုက်နှက်ခံခဲ့ရတာ၊ ခြောက်လှန့်ခံခဲ့ရတာ မှန်ပေမဲ့၊ ကျွန်တော့ဆီမှာ အသံဆိုတာ ရှိတာကို ကျွန်တော် နားလည်လိုက်လို့၊ ကျွန်တော် ယုံကြည်တာအတွက် ကျွန်တော် ရပ်တည်နိုင်တာကို နားလည်လာတဲ့ နောက်မှာ ကျွန်တော် ဆက်မကြောက်တော့ပါဘူး။ ကျွန်တော့ကို softy လို့ ခေါ်ခဲ့ကြပေမဲ့၊ ကျွန်တော်ဟာ softy မဟုတ်တော့ပါ၊ ကျွန်တော်ဟာ တကယ့်တွင် ဘယ်သူလဲ၊ ဘာလုပ်ချင်တယ် ဆိုတာကို သိနားလည်ခဲ့ကာ အဲဒီလို လုပ်ရတာ ဘယ်လောက် လှပတယ်ဆိုတာကို သိနားလည်လာလို့ပါ။ ကိုယ့်ကိုကိုယ် ဘာတွေ လုပ်ဖို့ မွေးလာတယ် ဆိုတာကို သိရခြင်းထက်ကို ပိုအားကောင်းတာ ဘာမှ မရှိနိုင်ပါ၊ သင်ဟာ ကြောက်စရာ မလို၊ ကိုယ့်ဘဝကို ဆကနေထိုင်သွားရုံပါပဲ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)