1 00:00:01,706 --> 00:00:04,596 ကျွန်တော်တို့ အိမ်မှာ ကျွန်တော့ကို ကတ်သီးကတ်သတ် ဝေဖန်သူ၊ 2 00:00:04,596 --> 00:00:07,313 ဒုက္ခပေးသူ၊ ကသိကအောက်ဖြစ်အောင်လုပ်သူ၊ 3 00:00:07,313 --> 00:00:09,983 ပုန်ကန်သူ၊ တက်ကြွသူ၊ 4 00:00:09,983 --> 00:00:11,840 လူတွေရဲ့ အသံကို တင်ပြသူဆိုပြီး ခေါ်ကြပါတယ်။ 5 00:00:11,840 --> 00:00:14,010 ဒါပေမဲ့ ကျွန်တော် အမြဲတမ်း အဲဒါမျိုး မဟုတ်ခဲ့ဘူး။ 6 00:00:14,650 --> 00:00:16,181 ကြီးပြင်လာတာနဲ့အမျှ၊ ကျွန်တော့ဆီမှာ အမည်ပြောင် ရှိလာပါတယ်။ 7 00:00:16,181 --> 00:00:18,502 သူတို့ဟာ ကျွန်တော့ကို Softy လို့ ခေါ်လာကြတယ်၊ 8 00:00:18,502 --> 00:00:21,755 ပျော့ပြောင်းသူ၊ ဒုက္ခမပေးသူလို့ ဆိုလိုပါတယ်။ 9 00:00:21,755 --> 00:00:24,495 ကျန်လူတွေလိုပဲ ကျွန်တော်ကလည်း ပြဿနာတွေကို ရှောင်ရှားခဲ့ပါတယ်။ 10 00:00:24,495 --> 00:00:26,538 ကျွန်တော် ငယ်တုန်းက၊ သူတို့အားလုံးက ငြိမ်နေရန် သင်ခဲ့ကြတယ်။ 11 00:00:26,538 --> 00:00:28,340 ငြင်းခုန် မနေဘဲ ပြောတဲ့အတိုင်း လုပ်ပါ။ 12 00:00:28,340 --> 00:00:32,272 တနင်္ဂနွေကျောင်းမှာဆိုရင် သူတို့က ထိပ်တိုက် မရင်ဆိုင်နဲ့၊ မငြင်းခုန်နဲ့၊ 13 00:00:32,272 --> 00:00:35,585 မင်းကမှန်တောင်၊ ကိုယ့်ရဲ့ နောက်ပါးကိုပါ ခံပေးပါ။ 14 00:00:35,585 --> 00:00:40,182 အဲဒီတုန်းက နိုင်ငံရေး အခြေအနေက အဲဒါကို အာဖြည့်ပေးခဲ့ပါတယ်။ 15 00:00:40,182 --> 00:00:43,783 (ရယ်မောသံများ) 16 00:00:43,783 --> 00:00:45,592 ကင်ညာနိုင်ငံမှာဆိုရင် ကိုယ့်ကိုကိုယ် ချမ်းသာသူ ဖြစ်တာကို 17 00:00:45,592 --> 00:00:48,239 သက်သေထူ မပြနိုင်သရွေ့ အပြစ်ရှိသူပါ။ 18 00:00:48,239 --> 00:00:50,984 (ရယ်မောသံများ) 19 00:00:50,984 --> 00:00:52,872 ကင်ညာနိုင်ငံထဲက ဆင်းရဲသူတို့ဟာ 20 00:00:52,872 --> 00:00:54,760 ရာဇဝတ်ကောင်တွေရဲ့ လက်ချက်ကြောင့်ထက်ကို 21 00:00:54,760 --> 00:00:56,650 သူတို့ကို ကာကွယ်ရန် တာဝန်ရှိကြတဲ့ 22 00:00:56,650 --> 00:00:58,298 ပုလိပ်ရဲ့ လက်ချက်ြဖင့် ပစ်ခံရဖို့များပါတယ်။ 23 00:00:58,298 --> 00:01:00,945 အဲဒီတုန်းက နိုင်ငံရေး အခြေအနေက အဲဒါကို အာဖြည့်ပေးခဲ့ပါတယ်။ 24 00:01:00,945 --> 00:01:03,894 ကျွန်တော်ဆီမှာ Moi ဆိုတဲ့ သမ္မတရှိခဲ့ရာ အာဏာရှင် ဖြစ်ခဲ့ပါတယ်။ 25 00:01:03,894 --> 00:01:06,100 သူဟာ နိုင်ငံကို သံလက်သီးဖြင့် အုပ်ချုပ်ခဲ့တယ်၊ 26 00:01:06,100 --> 00:01:08,569 ပြီးတော့ သူ့အာဏာကို မေးခွန်းထုတ်ဖို့ ကြိုးစားခဲ့သူ မှန်သမျှဟာ 27 00:01:08,569 --> 00:01:11,038 ဖမ်းချုပ်ခြင်း၊ ညှင်းပန်းခြင်း၊ ထောင်ချခြင်း၊ ခံခဲ့ရကြတယ်၊ 28 00:01:11,038 --> 00:01:13,169 ဒါမှမဟုတ် အသတ်ခံခဲ့ကြရတယ်။ 29 00:01:13,169 --> 00:01:15,300 ဒီတော့ လူတွေကို ငကြောက်ကောင်တွေ ဖြစ်ကြရန်၊ 30 00:01:15,300 --> 00:01:17,431 ပြဿနာတွေကို ရှောင်နေရန် သင်ခဲ့ကြတယ်။ 31 00:01:17,431 --> 00:01:19,474 ကြောက်နေခဲ့ခြင်းကို အပြစ် မတင်ခဲ့ကြဘူး။ 32 00:01:19,474 --> 00:01:21,401 ငကြောက်ဖြစ်ခြင်းဟာ ချီးကျူးမှု ဖြစ်ခဲ့ပါတယ်။ 33 00:01:21,401 --> 00:01:23,707 ကြောက်သူဟာ ကိုယ့်မိခင်အိမ်မှာ သွားနေသူလို့ ကျွန်တော်တို့ ဆိုခဲ့ကြတယ်။ 34 00:01:23,707 --> 00:01:26,013 တစ်ယောက်ယောက်က ပြဿနာကို ရှောင်နေရင် 35 00:01:26,013 --> 00:01:28,320 အသက်ရှင် ကျန်ခဲ့မှာကို ဆိုလိုတယ်။ 36 00:01:28,320 --> 00:01:30,260 ကျွန်တော်ဟာ အဲဒီလို အကြံပေးမှုကို မေးခွန်းထုတ်ခဲ့သူပါ၊ 37 00:01:30,260 --> 00:01:33,082 လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ကင်ညာနိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်၊ 38 00:01:33,082 --> 00:01:35,565 ဒါပေမဲ့ ရလဒ်တွေကို ကြမ်းတမ်းစွာ ချိုးဖောက်ခံခဲ့ရပါတယ်။ 39 00:01:35,565 --> 00:01:40,302 အဲဒီ ရွေးကောက်ပွဲ နောက်မှာ၊ အကြမ်းဖက်မှုတွေ၊ ဖျက်လိုဖျက်ဆီးမှုတွေ၊ 40 00:01:40,302 --> 00:01:44,239 လူတွေ ၁၀၀၀ ကျော် အသတ်ခံရမှုတွေ ရင်ဆိုင်လာခဲ့ရတယ်။ 41 00:01:44,239 --> 00:01:47,360 ကျွန်တော်ဟာ အဲဒီလို အကြမ်ဖက်မှုတွေကို မှတ်ပုံတင်ခဲ့သူပါ။ 42 00:01:47,360 --> 00:01:50,216 ဓာတ်ပုံဆရာ တဦးအနေနဲ့ ကျွန်တော် ရိုက်ခဲ့တဲ့ ပုံတွေထောင်ချီပါ၊ 43 00:01:50,216 --> 00:01:52,283 အဲဒီနောက် နှစ်လအကြာမှာ၊ 44 00:01:52,283 --> 00:01:57,158 နိုင်ငံရေးသမား နှစ်ဦးတို့ဟာ အတူတူ ထိုင်လျက် လဘက်ရည် သောက်ခဲ့ကြကာ၊ 45 00:01:57,158 --> 00:02:00,595 ငြိမ်းချမ်းရေးကို ချုပ်ဆိုခဲ့ကြလို့ နိုင်ငံဟာ ရှေ့ကို တက်လှမ်းနိုင်ခဲ့တယ်။ 46 00:02:00,595 --> 00:02:04,124 ကျွန်တော်ဟာ အကြမ်းဖက်မှုတွေကို ကိုယ်တွေ့မြင်ခဲ့ရလို့ စိတ်ညစ်နေခဲ့ရတယ်။ 47 00:02:04,124 --> 00:02:07,730 လူတွေ အသတ်ခံနေကြရတာ အိမ်ယာတွေကို စွန့်ပြေးနေရတာ မြင်ခဲ့ရတယ်။ 48 00:02:07,730 --> 00:02:10,811 မုဒိမ်းကျင့် ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ကျွန်တော်တွေ့ခဲ့ရရာ သိပ်ကို စိတ်ညစ်ခဲ့ရပေမဲ့၊ 49 00:02:10,811 --> 00:02:12,320 နိုင်ငံဟာ အဲဒါကို ဘယ်တော့မှ မပြောရဲခဲ့ပါ။ 50 00:02:12,320 --> 00:02:13,829 ကျွန်တော်တို့ မမြင်ချင်ယောင် ဆောင်နေခဲ့ကြတယ်။ 51 00:02:13,829 --> 00:02:15,339 ကျွန်တော်တို့ အားလုံး ငကြောက်တွေ ဖြစ်လာကြတယ်။ 52 00:02:15,339 --> 00:02:18,938 ပြဿနာနဲ့ ဝေးအောင် နေရန်၊ အဲဒီအကြောင်း မပြောရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ 53 00:02:18,938 --> 00:02:22,235 ဆယ်လ ကြာတော့ ကျွန်တော် အလုပ်က ထွက်လိုက်တယ်။ ကျွန်တော် အဲဒါကို ဆက်သည်းမခံနိုင်တော့လိုပါ။ 54 00:02:22,235 --> 00:02:24,830 ကျွန်တော့ အလုပ်ကို ရပ်လိုက်တဲ့နောက်မှာ နိုင်ငံ့ထဲက အကြမ်းဖက်မှုတွေကို၊ 55 00:02:24,830 --> 00:02:26,850 အမျိုးသားရေး အခြေအနေကို ပြောကြရန် 56 00:02:26,850 --> 00:02:28,714 ကျွန်တော့ မိတ်ဆွေတွေကို လိုက်ပြီး စည်းရုံးခဲ့ရာ၊ 57 00:02:28,714 --> 00:02:32,830 ကျွန်တော်တို့ဟာ ၂၀၀၉ ခုနှစ် ဇွန် ၁ ရက်မှာ အားကစားရုံကို သွားဖို့ စီစဉ်ခဲ့ကြတယ်၊ 58 00:02:32,830 --> 00:02:34,889 သမ္မတရဲ့ အာရုံကို မိမိတို့ဆီကို စွဲဆောင်ရန်ပါ။ 59 00:02:34,889 --> 00:02:36,329 အဲဒါဟာ အမျိုးသား နေ့ထူးဖြစ်ပြီး၊ 60 00:02:36,329 --> 00:02:37,978 တနိုင်ငံလုံး အဝှမ်း ထုတ်လွှင့်ပါတယ်၊ 61 00:02:37,978 --> 00:02:41,386 အဲဒါနဲ့ ကျွန်တော် အားကစားရုံကို ရောက်လာတယ်။ 62 00:02:41,386 --> 00:02:44,380 ကျွန်တော့ သူငယ်ချင်းတွေကို မမြင်ခဲ့ရပါ။ 63 00:02:44,380 --> 00:02:47,753 ကျွန်တော်ဟာ တယောက်တည်း ဖြစ်နေတယ်၊ 64 00:02:47,753 --> 00:02:50,280 ဘာလုပ်ရမှန်း မသိခဲ့ပါ။ 65 00:02:50,280 --> 00:02:51,695 ကျွန်တော် ကြောက်နေခဲ့တယ်၊ 66 00:02:51,695 --> 00:02:53,865 ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊ အဲဒီနေ့မှာ ကျွန်တော်ဟာ 67 00:02:53,865 --> 00:02:55,086 ဆုံးဖြတ်ချက် တခုကို ချမှတ်ရန် လိုခဲ့တာကို နားလည်ခဲ့တယ်။ 68 00:02:55,086 --> 00:02:57,509 ကျွန်တော်ဟာ သူများတွေလို ဆက်ပြီး ကြောက်သူ အဖြစ်ဆက်နေမှာလား၊ 69 00:02:57,509 --> 00:02:59,107 ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ရပ်တည်မှာလား? 70 00:02:59,107 --> 00:03:01,313 သမ္မတက မိန့်ခွန်းပြောရန် ထရပ်လိုက်တာနဲ့၊ 71 00:03:01,313 --> 00:03:05,920 ကျွန်တော်ဟာ မတ်တပ်ရပ်လျက် သမ္မတဆီ အော်ဟစ်နေတာကို တွေ့လိုက်တယ်၊ 72 00:03:05,920 --> 00:03:09,114 ရွေးကောက်ပွဲ နောက်ပိုင်း အကြမ်းဖက်မှုတွေကို သတိရနေဖို့၊ 73 00:03:09,114 --> 00:03:11,390 ချစားမှုတွေကို ရပ်စဲပစ်ဖို့ တောင်းဆိုခဲ့တယ်။ 74 00:03:11,390 --> 00:03:13,595 ရုတ်ခနဲဆိုသလို ပုလိပ်တွေဟာ ဆာလောင်နေတဲ့ ခြင်္သေ့တွေလို 75 00:03:13,595 --> 00:03:16,707 ကျွန်တော့အပေါ်ကို ခုန်အုပ်လိုက်ကြပါတယ်။ 76 00:03:16,707 --> 00:03:18,564 သူတို့ဟာ ကျွန်တော့ ပါးစပ်ကို ပိတ်ပစ်လိုက်ကြကာ 77 00:03:18,564 --> 00:03:20,196 အားကစားရုံ အထဲကနေပြီး ဆွဲခေါ်သွားကြတယ်၊ 78 00:03:20,196 --> 00:03:21,828 ပြီးတော့ ကျွန်တော့ကို စိတ်ကြိုက် ရိုက်နှက်ခဲ့ကြပြီး 79 00:03:21,828 --> 00:03:23,462 ထောင်ထဲကို ပစ်ထည့်လိုက်ကြတယ်။ 80 00:03:25,112 --> 00:03:31,870 အဲဒီညမှာ ကျွန်တော်ဟာ ထောင်ရဲ့ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ လှဲနေခဲ့ရတယ်၊ 81 00:03:31,870 --> 00:03:34,518 အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားလာရပါတယ်။ 82 00:03:34,518 --> 00:03:36,196 ကျွန်တော် အဲဒီလို ခံစာလာရတာ ဘာကြောင့်လဲ? 83 00:03:36,196 --> 00:03:37,874 ကျွန်တော် လုပ်လိုက်တာတွေကြောင့် မိတ်ဆွေတွေနဲ့ 84 00:03:37,874 --> 00:03:39,554 မိသားစုက ကျွန်တော် ရူးနေပြီလို့ ထင်ကြတယ်။ 85 00:03:39,554 --> 00:03:44,568 ပြီးတော့ ကျွန်တော် ရိုက်ယူခဲ့တဲ့ ပုံတွေကြောင့်လည်း စိတ်ညစ်ခဲ့ရတယ်။ 86 00:03:44,568 --> 00:03:47,518 တကယ်တော့ ကျွန်တော့ ရိုက်ခဲ့တဲ့ ပုံတွေဟာ ကင်ညာလူမျိုး အများကြီးထဲက တချို့မျှပါ။ 87 00:03:47,518 --> 00:03:49,465 ကင်ညာ လူမျိုး အများစုတို့ဟာ အကြမ်းဖက်မှုကို မမြင်ခဲ့ကြရပါ။ 88 00:03:49,465 --> 00:03:51,160 အဲဒါဟာ သူတို့အတွက် ပုံပြင်နဲ့ တူခဲ့တယ်။ 89 00:03:51,160 --> 00:03:53,947 အဲဒါနဲ့ ကျွန်တော်ဟာ လမ်းပေါ်မှာ ပြပွဲလိုဟာမျိုး ကျင်းပလျက် 90 00:03:53,947 --> 00:03:56,733 အကြမ်းဖက်မှု ဓာတ်ပုံတွေကို တနိုင်လုံး အဝှမ်းမှာ ပြပေးခြင်းဖြင့် 91 00:03:56,733 --> 00:03:58,707 ပြည်သူတွေ အဲဒီအကြောင်း ပြောဆိုလာအောင် လှုံ့ဆော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 92 00:03:58,707 --> 00:04:01,516 ကျွန်တော်တို့ဟာ နိုင်ငံ့ထဲမှာ ခရီးထွက်လျက် ပုံတွေကို ပြသခဲ့ကြတယ်၊ 93 00:04:01,516 --> 00:04:04,999 အဲဒီ ခရီးကမှ ကျွန်တော့ကို တက်ကြွစွာ လှုပ်ရှားမှု ခရီးပေါ်ကို တင်ပေးလိုက်တာပါ၊ 94 00:04:04,999 --> 00:04:07,716 ကျွန်တော်ဟာ ဆက်ပြီး နှုတ်ငုံမနေတော့ရန်၊ 95 00:04:07,716 --> 00:04:09,914 အဲဒီအကြောင်းတွေကို ဆွေးနွေးပြောပြရန် ဆုံးဖြတ်လိုက်ပါတယ်။ 96 00:04:09,914 --> 00:04:13,564 ကျွန်တော်တို့ ခရီးထွက်လှည့်လည်ခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ အထွေထွေ ဆိုက်ဟာ 97 00:04:13,564 --> 00:04:18,362 လမ်းပေါ်က ပြပွဲတွေကနေပြီး နိုင်ငံ့ထဲက အခြေအနေ အကြောင်း ကားချပ်ပုံ၊ 98 00:04:18,362 --> 00:04:21,120 ချစားမှု နဲ့ ခေါင်းဆောင်တွေ ညံ့ဖျင်းမှု အကြောင်း ဆွေးနွေးတဲ့ ဆိုက်ဖြစ်လာတယ်။ 99 00:04:21,120 --> 00:04:24,900 ကျွန်တော်တို့ဟာ သရုပ်ြပ သင်္ဂြိုဟ်မှုကိုလည်း လုပ်ခဲ့ကြပါသေးတယ်။ 100 00:04:24,900 --> 00:04:28,882 ကျွန်တော်တို့ဟာ ကင်ညာ ပါလီမန်ဆီကို ဝက်ကောင်တွေကို ပို့ပေးခဲ့ကြတယ်၊ 101 00:04:28,882 --> 00:04:30,810 ကျွန်တော်တို့ နိုင်ငံရေးသမားတွေရဲ့ လောဘကြီးမှုကို ပြသပေးရန် အတွက်ပါ။ 102 00:04:30,810 --> 00:04:33,041 အဲဒီလို ယူဂန်ဒါ နဲ့ အခြားနိုင်ငံတွေမှာပါ ပြုလုပ်ခဲ့ကြပါတယ်၊ 103 00:04:33,041 --> 00:04:36,550 အားရစရာ အကောင်းဆုံးက ပုံတွေကို မီဒီယာတွေက ယူပြီး ပြသလာကြတယ်၊ 104 00:04:36,550 --> 00:04:39,586 နိုင်ငံ့တဝှမ်းလံးမှာ၊ တတိုက်လုံးမှာ အကျယ်တ၀င့် ပြသပေးခဲ့ကြတယ်။ 105 00:04:39,586 --> 00:04:42,233 လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက ကျွန်တော် ရပ်လိုက်စဉ် တယောက်တည်း ဖြစ်ခဲ့ပေမဲ့၊ 106 00:04:42,233 --> 00:04:44,684 အခုတော့ ကျွန်တော်နဲ့အတူ ရပ်နေတာက လူ့အဖွဲ့အစည်းကြီး တခုပါ။ 107 00:04:44,684 --> 00:04:47,135 အဲဒီလို အကြောင်းတွေကို ပြောဖို့ ရပ်လိုက်ချိန်မှာ 108 00:04:47,135 --> 00:04:49,540 ကျွန်တော်ဟာ တယောက်တည်း မဟုတ်တော့ပါ။ 109 00:04:49,540 --> 00:04:51,945 ကျွန်တော်ဟာ ကိုယ့်နိုင်ငံအတွက် စိတ်လိုက်မာန်ပါ 110 00:04:51,945 --> 00:04:54,350 လုပ်ချင်ကြကာ၊ အပြောင်းအလဲတွေကို လုပ်လိုကြပြီး၊ 111 00:04:54,350 --> 00:04:56,200 ကြောက်ရွံ့ခြင်း မရှိကြတော့တဲ့ ငကြောက်ကောင်တွေ မဟုတ်ကြတော့တဲ့ 112 00:04:56,200 --> 00:05:00,614 လူငယ်တွေဟာ ကျွန်တော့်ကို ဝန်းရံလျက် ရှိနေကြပါတယ်။ 113 00:05:01,744 --> 00:05:04,472 ကျွန်တော့ရဲ့ ပုံပြင်က အဲဒီလိုရှိပါတယ်။ 114 00:05:06,242 --> 00:05:08,840 အားကစားရုံထဲက ဟိုတနေ့တုန်းက 115 00:05:08,840 --> 00:05:11,418 ကျွန်တော်ဟာ ငကြောက်ကောင် အဖြစ် ရပ်နေခဲ့သူပါ။ 116 00:05:11,418 --> 00:05:13,996 ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်တစ်ခုနဲ့ ကျွန်တော်ဟာ 117 00:05:13,996 --> 00:05:16,574 ၂၄ နှစ်ကြာ ငကြောက်ဘဝကို ချန်ရစ်နိုင်ခဲ့တယ်။ 118 00:05:16,574 --> 00:05:19,103 လူတိုင်းရဲ့ ဘဝထဲမှာ အဆုံးအဖြတ်ပေးတတ်တဲ့ နေ့ဆိုလို့ နှစ်ရက် ရှိပါတယ်- 119 00:05:19,103 --> 00:05:21,632 ပထမက ကျွန်တော်တို့ မွေးတဲ့နေ့ပါ၊ နောက်တခုက 120 00:05:21,632 --> 00:05:24,162 ဘာအတွက်လဲ ဆိုတာကို သိလာတဲ့နေ့ပါ။ 121 00:05:24,771 --> 00:05:28,015 အားကစားရုံထဲမှာ ရပ်နေပြီး သမ္မတကို အော်ဟစ်နေခဲ့တဲ့ နေ့မှာ 122 00:05:28,015 --> 00:05:31,295 ကျွန်တော် မွေးခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ကျွန်တော် သိလာခဲ့တယ်၊ 123 00:05:31,295 --> 00:05:34,546 ကျွန်တော်ဟာ မတရားလုပ်နေတာတွေကို နှုတ်ငုံနေမှာ မဟုတ်ဘူး ဆိုတာပါ။ 124 00:05:35,776 --> 00:05:38,580 ခင်ဗျားတို့က ခင်ဗျားတို့ မွေးလာခဲ့ကြတာ ဘာ့အတွက်လဲ သိကြပါသလား? 125 00:05:39,700 --> 00:05:41,535 ကျေးဇူးတင်ပါတယ်။ 126 00:05:41,535 --> 00:05:46,454 (လက်ခုပ်တီးသံများ) 127 00:05:48,524 --> 00:05:51,031 Tom Rielly: တကယ့်ကို အံ့အားသင့်စရာ ပုံပြင်ပါပဲ။ 128 00:05:51,031 --> 00:05:53,587 ကျွန်တော်ဟာ မေးခွန်းတိုလေး တချို့ကို မေးချင်ပါတယ်။ 129 00:05:53,587 --> 00:05:55,907 ကောင်းပြီ PAWA254 ဆိုပါစို့၊ 130 00:05:55,907 --> 00:06:00,220 ခင်ဗျားဟာ စတူဒီယို တခုကို ဖန်တီးပေးခဲ့တယ်၊ လူငယ်တွေ အဲဒီကို လာနိုင်ကြကာ၊ 131 00:06:00,220 --> 00:06:02,176 ဒီဂျီတယ် မီဒီယာရဲ့ စွမ်းပကားတွေကို သင်ယူကြမယ်၊ 132 00:06:02,176 --> 00:06:04,687 ခုနက လုပ်ဆောင်ချက်တွေထဲက တချို့ကို လုပ်နိုင်ဖို့ အတွက်ပေါ့လေ။ 133 00:06:04,687 --> 00:06:06,564 အခုကော အဲဒီ PAWA မှာ ဘာတွေများ ဖြစ်ပျက်နေလဲ? 134 00:06:06,564 --> 00:06:09,347 Boniface Mwangi: ဟုတ်ပါတယ်၊ ကျွန်တော်တို့ အဲဒီမှာ ရုပ်ရှင်ပြုလုပ်ကြသူတွေ၊ 135 00:06:09,347 --> 00:06:12,710 ဂရာဖီတီ အနုပညာရှင်တွေ၊ ဂီတသမားတွေ၊ ရှိနေကြကာ၊ နိုင်ငံ့ထဲမှာ ပြဿနာ တခုခု ရှိလာရင်၊ 136 00:06:12,710 --> 00:06:15,511 ကျွန်တော်တို့ဟာ စုဝေးလျက် စဉ်းစားကြကာ အဲဒီပြဿနာကို ဆွေးနွေးကြတယ်။ 137 00:06:15,511 --> 00:06:17,567 ဒီတော့ ကျွန်တော်တို့ရဲ့ အားအကောင်းဆုံး လက်နက်က အနုပညာပါပဲ၊ 138 00:06:17,567 --> 00:06:21,398 ကမ္ဘာကြီးပေါ်မှာ လူတွေဟာ အလုပ်များနေကြကာ လူတိုင်းဟာ သူ့ဘဝနဲ့ ရှုပ်ရှက်ခတ်နေပါတယ်၊ 139 00:06:21,398 --> 00:06:23,465 သူတို့ဟာ ဖတ်ဖို့တောင် အချိန် မရှိကြပါဘူး။ 140 00:06:23,465 --> 00:06:27,598 အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ လှုပ်ရှားမှုတွေကို ပြောလိုတာကို အနုပညာအဖြစ် တင်ဆက်ကြတယ်။ 141 00:06:27,598 --> 00:06:32,577 ဂီတမှ အစပြုလျက်၊ ဂရာဖီတီ၊ စတဲ့ အနုပညာတွေကို ကျွန်တော်တို့ သုံးပါတယ်။ 142 00:06:33,557 --> 00:06:35,585 နောက် တခုကိုကော ပြောနိုင်သေးလား? 143 00:06:35,585 --> 00:06:37,466 TR: ရတာပေါ့၊ သေချာပါတယ်။ (Applause) 144 00:06:37,466 --> 00:06:40,101 BM: ကျွန်တော်ဟာ အဖမ်းခံခဲ့ရတာ၊ ရိုက်နှက်ခံခဲ့ရတာ၊ ခြောက်လှန့်ခံခဲ့ရတာ မှန်ပေမဲ့၊ 145 00:06:40,101 --> 00:06:41,814 ကျွန်တော့ဆီမှာ အသံဆိုတာ ရှိတာကို ကျွန်တော် နားလည်လိုက်လို့၊ 146 00:06:41,814 --> 00:06:44,710 ကျွန်တော် ယုံကြည်တာအတွက် ကျွန်တော် ရပ်တည်နိုင်တာကို 147 00:06:44,710 --> 00:06:45,748 နားလည်လာတဲ့ နောက်မှာ ကျွန်တော် ဆက်မကြောက်တော့ပါဘူး။ 148 00:06:45,748 --> 00:06:48,490 ကျွန်တော့ကို softy လို့ ခေါ်ခဲ့ကြပေမဲ့၊ ကျွန်တော်ဟာ softy မဟုတ်တော့ပါ၊ 149 00:06:48,490 --> 00:06:51,891 ကျွန်တော်ဟာ တကယ့်တွင် ဘယ်သူလဲ၊ ဘာလုပ်ချင်တယ် ဆိုတာကို သိနားလည်ခဲ့ကာ 150 00:06:51,891 --> 00:06:54,927 အဲဒီလို လုပ်ရတာ ဘယ်လောက် လှပတယ်ဆိုတာကို သိနားလည်လာလို့ပါ။ 151 00:06:54,927 --> 00:06:58,316 ကိုယ့်ကိုကိုယ် ဘာတွေ လုပ်ဖို့ မွေးလာတယ် ဆိုတာကို သိရခြင်းထက်ကို ပိုအားကောင်းတာ 152 00:06:58,316 --> 00:07:01,463 ဘာမှ မရှိနိုင်ပါ၊ သင်ဟာ ကြောက်စရာ မလို၊ ကိုယ့်ဘဝကို ဆကနေထိုင်သွားရုံပါပဲ။ 153 00:07:01,463 --> 00:07:03,649 ကျေးဇူးတင်ပါတယ်။ 154 00:07:03,649 --> 00:07:07,239 (လက်ခုပ်တီးသံများ)