WEBVTT 00:00:06.463 --> 00:00:08.002 ၁၇ရာစုရဲ့ နှောင်းပိုင်းလောက်က 00:00:08.002 --> 00:00:11.762 Johannes Hofer လို့ခေါ်တဲ့ ဆေးကျောင်းသားက နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ 00:00:11.762 --> 00:00:15.593 ဆွစ် ကြေးစားစစ်သား တွေမှာဖြစ်တဲ့ ထူးဆန်းတဲ့ ရောဂါကို သတိထားမိခဲ့တယ်။ 00:00:15.593 --> 00:00:16.622 ၎င်းရဲ့ လက္ခဏာတွေက 00:00:16.622 --> 00:00:17.534 အားနည်းခြင်း၊ 00:00:17.534 --> 00:00:18.573 အိပ်မပျော်ခြင်း၊ 00:00:18.573 --> 00:00:19.902 နှလုံးခုန်မမှန်ခြင်း၊ 00:00:19.902 --> 00:00:21.223 အစာမကြေခြင်း၊ 00:00:21.223 --> 00:00:23.334 အဖျားကြီးခြင်း စတာတွေပါ။ 00:00:23.334 --> 00:00:26.513 ဒီစစ်သားတွေကို တစ်ခါတစ်လေ ထုတ်တောင်ပစ်ရတယ်။ 00:00:26.513 --> 00:00:30.445 Hofer တွေ့ရှိခဲ့သလိုဆိုရင် အကြောင်းရင်းက ရုပ်ပိုင်း အနှောင့်အယှက်ကြောင့်မဟုတ်ဘဲ 00:00:30.445 --> 00:00:34.124 သူတို့ရဲ့ တောင်ပေါ် အမိမြေကို ပြင်းပြင်း ထန်ထန်လွမ်းဆွတ်တာကြောင့် ဖြစ်တယ်။ 00:00:34.124 --> 00:00:36.484 ဒါကို အတိတ်ကိုလွမ်းဆွတ်ခြင်းလို့ သူကအမည်ပေးခဲ့တယ်။ 00:00:36.484 --> 00:00:38.633 အိမ်ပြန်ခြင်း ဆိုတဲ့ ဂရိစာလုံး "nostos"နဲ့ 00:00:38.633 --> 00:00:41.693 "algos" ဆိုတဲ့ နာကျင်မှု သို့မဟုတ် တောင့်တမှု ဆိုတာကနေလာတယ်။ 00:00:41.693 --> 00:00:46.845 အစကတော့ အတိတ်ကိုလွမ်းဆွတ်ခြင်းက ဆွစ်တွေမှာပဲဖြစ်တာလို့ ထင်မြင်ခဲ့ကြတယ်။ 00:00:46.845 --> 00:00:51.182 အချို့သော ဆရာဝန်တွေက တော့ Alps တောင်မှာ နွားခလောက် သံတွေဆက် တိုက် ကြားရတာကနေ 00:00:51.182 --> 00:00:55.244 ဦးနှောက်နဲ့ နားစည်ကို ထိခိုက်စေလို့ ဖြစ်တယ်လို့ပြောခဲ့ကြတယ်။ 00:00:55.244 --> 00:00:59.763 တပ်မှုးတွေက သူတို့စစ်သားတွေကို ဆွစ်ရိုးရာ သီချင်းတွေမဆိုဖို့တောင် တားမြစ်ခဲ့တယ်၊ 00:00:59.763 --> 00:01:04.034 တပ်ထဲက ထွက်ပြေးတာ သတ်သေတာတွေ ဖြစ်မှာစိုးလို့ပေါ့။ 00:01:04.034 --> 00:01:09.814 ကမ္ဘာမှာ ရွှေ့ပြောင်းနေမှု တိုးလာတော့ အုပ်စုမျိုးစုံမှာ nostalgia ကို တွေ့လာတယ်။ 00:01:09.814 --> 00:01:14.265 ဖြစ်နိုင်တာကတော့ သူတို့ရဲ့မွေးရပ်မြေမှ ကြာမြင့်စွာခွဲ နေရသူတွေက 00:01:14.265 --> 00:01:16.815 nostalgia ပိုဖြစ် နိုင်ပါတယ်။ 00:01:16.815 --> 00:01:18.505 ၂၀ ရာစု အစောပိုင်းမှာ၊ 00:01:18.505 --> 00:01:22.315 ပညာရှင်တွေက ဒါကို အာရုံကြောရောဂါ လို့ မမြင်တော့ပဲ 00:01:22.315 --> 00:01:25.624 စိတ်ကျခြင်းနဲ့ တူတဲ့ စိတ်အခြေအနေ တစ်ခုလို့မြင်လာတယ်။ 00:01:25.624 --> 00:01:27.555 ခေတ်ကာလ စိတ်ပညာရှင်တွေ ထင်ကြေး ပေးခဲ့တာက 00:01:27.555 --> 00:01:31.366 ကလေးဘဝကို လက်လွှတ်လိုက်ဖို့ ခက်ခဲမှုတွေကို ကိုယ်စားပြုတာရယ်၊ 00:01:31.366 --> 00:01:35.115 ဒါမှမဟုတ် မွေးခါစ ကလေးဘဝကို ပြန်သွား ချင်တဲ့ ဆန္ဒကြောင့်လို့လဲ ထင်ခဲ့ကြတယ်။ 00:01:35.115 --> 00:01:36.725 နောက် ဆယ်စုနှစ်တွေကြာလာတော့၊ 00:01:36.725 --> 00:01:40.795 nostalgia ကို နားလည်မှုဟာ နှစ်မျိုးပြောင်းလဲသွားတယ်။ 00:01:40.795 --> 00:01:44.195 အိမ်လွမ်းမှုကို ဖော်ပြတာကနေ 00:01:44.195 --> 00:01:47.345 အတိတ်ကို တသသသတိရခြင်း ဖြစ်လာတယ်လို့ ဆိုလိုတယ်။ 00:01:47.345 --> 00:01:49.297 စိတ်ပျက်စရာ ရောဂါကြီးထက် 00:01:49.297 --> 00:01:53.585 ဆွတ်ပျံ့ဖွယ် ကျေနပ်စရာ အတွေ့ အကြုံတွေ အဖြစ်စမြင်လာကြတယ်။ 00:01:53.585 --> 00:01:55.575 အထင်ရှားဆုံး ဥပမာကိုတော့ 00:01:55.575 --> 00:01:59.439 ပြင်သစ်စာရေးဆရာ Marcel Proust က ဖော်ပြခဲ့တယ်။ 00:01:59.439 --> 00:02:03.446 သူက ကလေးဘဝတည်းက မစားခဲ့ရတော့တဲ့ ပြင်သစ်ကိတ် တစ်မျိုးကို အရသာခံမိတာက 00:02:03.446 --> 00:02:09.166 နွေးထွေးပြီး ကြီးမားတဲ့အာရုံခံစားမှုကို ဘယ်လိုနှိုးဆွပေးကြောင်း ဖော်ပြခဲ့တယ်။ 00:02:09.166 --> 00:02:14.226 ဒါဆို nostalgia အပေါ်အမြင်ကိုဘာကများ ကပြောင်းကပြန်ဖြစ်သွားစေတာလဲ။ 00:02:14.226 --> 00:02:16.445 တစ်ပိုင်းကတော့ သိပ္ပံနဲ့ဆိုင်တယ်။ 00:02:16.445 --> 00:02:19.756 စိတ်ပညာက သီအိုရီပိုင်းကနေ 00:02:19.756 --> 00:02:24.516 ပိုပြီးဂရုတစိုက် နဲ့ စနစ်ကျတဲ့ လေ့လာရေးဘက်ကို ရွေ့သွားတယ်။ 00:02:24.516 --> 00:02:27.906 ပညာရှင်တွေက များစွာသော အနှုတ်လက္ခဏာဆောင်မှုတွေက 00:02:27.906 --> 00:02:30.677 nostalgia ကြောင့်ဖြစ်တာထက် အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ 00:02:30.677 --> 00:02:32.751 သဘောပေါက်ခဲ့ကြတယ်။ 00:02:32.751 --> 00:02:36.681 တကယ်တော့ ဆုံးရှုံးမှု ကြေကွဲ ဝမ်းနည်းရမှု တွေပါတဲ့ 00:02:36.681 --> 00:02:39.863 ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ ရှိပေမယ့်၊ 00:02:39.863 --> 00:02:44.322 nostalgia က လူတွေကို မကောင်းတဲ့ စိတ်ပဲ ဖြစ်စေတာတော့ မဟုတ်ဘူး။ 00:02:44.322 --> 00:02:48.213 ဒါ့အစား ၊ လူတွေကို ကိုယ်ပိုင် အဓိပွါယ်ရှိပြီး အခြားသူတွေနဲ့မျှဝေခဲ့တဲ့ 00:02:48.213 --> 00:02:51.702 အောင်မြင်တဲ့ အတွေ့အကြုံတွေကို သတိရစေခြင်းဖြင့် 00:02:51.702 --> 00:02:55.042 nostalgia က စိတ်ခံစားမှုကို ကောင်းစေပါတယ်။ 00:02:55.042 --> 00:02:58.132 တွေ့ရှိချက်တွေအရ လူတွေမှာ nostalgia ကို လှုံ့ဆော်ပေးလိုက်တာဟာ 00:02:58.132 --> 00:03:02.652 သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်နဲ့ လူမှု့ဆက်ဆံရေးနဲ့ 00:03:02.652 --> 00:03:04.702 စိတ်ဓာတ် အင်အားကိုလည်း တိုးမြှင့်ပေးပါတယ်။ 00:03:04.702 --> 00:03:07.839 ပိုပြီးတောင် ရက်ရက်ရောရော ဖြစ်လာစေတယ်။ 00:03:07.839 --> 00:03:11.033 စိတ်ဒဏ်ရာမျိုးရဲ့ အကြောင်းရင်းဖြစ်မယ့် အစား၊ 00:03:11.033 --> 00:03:15.623 nostalgia က ဒါကိုအသုံးပြုပြီး ကောင်းမွန်အောင် လုပ်လို့ရပါတယ်။ 00:03:15.623 --> 00:03:19.143 ဥပမာ ပြောရရင် လူတွေက မကောင်းတဲ့ ခံစားချက်တွေ ရတဲ့အခါ၊ 00:03:19.143 --> 00:03:23.063 သူတို့က လွမ်းဆွတ်တမ်းတခြင်းဖြင့် ခက်ခဲတာတွေကိုလျှော့ချပြီး 00:03:23.063 --> 00:03:25.664 ပြန်ကောင်းလာအောင် လုပ်လေ့ရှိပါတယ်။ 00:03:25.664 --> 00:03:28.932 ယနေ့တော့ အတိတ်လွမ်းဆွတ်ခြင်းတွေက နေရာတိုင်းမှာပါပဲ၊ 00:03:28.932 --> 00:03:32.582 ဘာလို့ဆိုတော့ ကြော်ငြာရှင်တွေက ဒါရဲ့ ထက်မြက်တဲ့အစွမ်းကို 00:03:32.582 --> 00:03:34.944 စျေးကွက် ရှာဖွေရေးနည်းလမ်းအဖြစ် သုံးနေကြေလို့ပါ။ 00:03:34.944 --> 00:03:39.001 ဒါကို ကျွန်တော်တို့အတိတ်မှာ ကျန်နေခဲ့တဲ့ လက္ခဏာအဖြစ် တွေးလို့ရပါတယ်။ 00:03:39.001 --> 00:03:42.203 ဒါပေမဲ့ လွမ်းဆွတ်တမ်းတခြင်းဆိုတာ ဒီလိုမဟုတ်ပါဘူး။ 00:03:42.203 --> 00:03:47.354 ဒါက ကျွန်ုပ်တို့ ဘဝတွေက အဓိပ္ပါယ်နဲ့ တန်ဖိုးရှိနိုင်တယ် ဆိုတာကိုအမှတ်ရဖို့ 00:03:47.354 --> 00:03:50.634 စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ရှာတွေ့ပြီး 00:03:50.634 --> 00:03:53.293 အနာဂတ်ရဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။