1 00:00:06,463 --> 00:00:08,002 ၁၇ရာစုရဲ့ နှောင်းပိုင်းလောက်က 2 00:00:08,002 --> 00:00:11,762 Johannes Hofer လို့ခေါ်တဲ့ ဆေးကျောင်းသားက နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ 3 00:00:11,762 --> 00:00:15,593 ဆွစ် ကြေးစားစစ်သား တွေမှာဖြစ်တဲ့ ထူးဆန်းတဲ့ ရောဂါကို သတိထားမိခဲ့တယ်။ 4 00:00:15,593 --> 00:00:16,622 ၎င်းရဲ့ လက္ခဏာတွေက 5 00:00:16,622 --> 00:00:17,534 အားနည်းခြင်း၊ 6 00:00:17,534 --> 00:00:18,573 အိပ်မပျော်ခြင်း၊ 7 00:00:18,573 --> 00:00:19,902 နှလုံးခုန်မမှန်ခြင်း၊ 8 00:00:19,902 --> 00:00:21,223 အစာမကြေခြင်း၊ 9 00:00:21,223 --> 00:00:23,334 အဖျားကြီးခြင်း စတာတွေပါ။ 10 00:00:23,334 --> 00:00:26,513 ဒီစစ်သားတွေကို တစ်ခါတစ်လေ ထုတ်တောင်ပစ်ရတယ်။ 11 00:00:26,513 --> 00:00:30,445 Hofer တွေ့ရှိခဲ့သလိုဆိုရင် အကြောင်းရင်းက ရုပ်ပိုင်း အနှောင့်အယှက်ကြောင့်မဟုတ်ဘဲ 12 00:00:30,445 --> 00:00:34,124 သူတို့ရဲ့ တောင်ပေါ် အမိမြေကို ပြင်းပြင်း ထန်ထန်လွမ်းဆွတ်တာကြောင့် ဖြစ်တယ်။ 13 00:00:34,124 --> 00:00:36,484 ဒါကို အတိတ်ကိုလွမ်းဆွတ်ခြင်းလို့ သူကအမည်ပေးခဲ့တယ်။ 14 00:00:36,484 --> 00:00:38,633 အိမ်ပြန်ခြင်း ဆိုတဲ့ ဂရိစာလုံး "nostos"နဲ့ 15 00:00:38,633 --> 00:00:41,693 "algos" ဆိုတဲ့ နာကျင်မှု သို့မဟုတ် တောင့်တမှု ဆိုတာကနေလာတယ်။ 16 00:00:41,693 --> 00:00:46,845 အစကတော့ အတိတ်ကိုလွမ်းဆွတ်ခြင်းက ဆွစ်တွေမှာပဲဖြစ်တာလို့ ထင်မြင်ခဲ့ကြတယ်။ 17 00:00:46,845 --> 00:00:51,182 အချို့သော ဆရာဝန်တွေက တော့ Alps တောင်မှာ နွားခလောက် သံတွေဆက် တိုက် ကြားရတာကနေ 18 00:00:51,182 --> 00:00:55,244 ဦးနှောက်နဲ့ နားစည်ကို ထိခိုက်စေလို့ ဖြစ်တယ်လို့ပြောခဲ့ကြတယ်။ 19 00:00:55,244 --> 00:00:59,763 တပ်မှုးတွေက သူတို့စစ်သားတွေကို ဆွစ်ရိုးရာ သီချင်းတွေမဆိုဖို့တောင် တားမြစ်ခဲ့တယ်၊ 20 00:00:59,763 --> 00:01:04,034 တပ်ထဲက ထွက်ပြေးတာ သတ်သေတာတွေ ဖြစ်မှာစိုးလို့ပေါ့။ 21 00:01:04,034 --> 00:01:09,814 ကမ္ဘာမှာ ရွှေ့ပြောင်းနေမှု တိုးလာတော့ အုပ်စုမျိုးစုံမှာ nostalgia ကို တွေ့လာတယ်။ 22 00:01:09,814 --> 00:01:14,265 ဖြစ်နိုင်တာကတော့ သူတို့ရဲ့မွေးရပ်မြေမှ ကြာမြင့်စွာခွဲ နေရသူတွေက 23 00:01:14,265 --> 00:01:16,815 nostalgia ပိုဖြစ် နိုင်ပါတယ်။ 24 00:01:16,815 --> 00:01:18,505 ၂၀ ရာစု အစောပိုင်းမှာ၊ 25 00:01:18,505 --> 00:01:22,315 ပညာရှင်တွေက ဒါကို အာရုံကြောရောဂါ လို့ မမြင်တော့ပဲ 26 00:01:22,315 --> 00:01:25,624 စိတ်ကျခြင်းနဲ့ တူတဲ့ စိတ်အခြေအနေ တစ်ခုလို့မြင်လာတယ်။ 27 00:01:25,624 --> 00:01:27,555 ခေတ်ကာလ စိတ်ပညာရှင်တွေ ထင်ကြေး ပေးခဲ့တာက 28 00:01:27,555 --> 00:01:31,366 ကလေးဘဝကို လက်လွှတ်လိုက်ဖို့ ခက်ခဲမှုတွေကို ကိုယ်စားပြုတာရယ်၊ 29 00:01:31,366 --> 00:01:35,115 ဒါမှမဟုတ် မွေးခါစ ကလေးဘဝကို ပြန်သွား ချင်တဲ့ ဆန္ဒကြောင့်လို့လဲ ထင်ခဲ့ကြတယ်။ 30 00:01:35,115 --> 00:01:36,725 နောက် ဆယ်စုနှစ်တွေကြာလာတော့၊ 31 00:01:36,725 --> 00:01:40,795 nostalgia ကို နားလည်မှုဟာ နှစ်မျိုးပြောင်းလဲသွားတယ်။ 32 00:01:40,795 --> 00:01:44,195 အိမ်လွမ်းမှုကို ဖော်ပြတာကနေ 33 00:01:44,195 --> 00:01:47,345 အတိတ်ကို တသသသတိရခြင်း ဖြစ်လာတယ်လို့ ဆိုလိုတယ်။ 34 00:01:47,345 --> 00:01:49,297 စိတ်ပျက်စရာ ရောဂါကြီးထက် 35 00:01:49,297 --> 00:01:53,585 ဆွတ်ပျံ့ဖွယ် ကျေနပ်စရာ အတွေ့ အကြုံတွေ အဖြစ်စမြင်လာကြတယ်။ 36 00:01:53,585 --> 00:01:55,575 အထင်ရှားဆုံး ဥပမာကိုတော့ 37 00:01:55,575 --> 00:01:59,439 ပြင်သစ်စာရေးဆရာ Marcel Proust က ဖော်ပြခဲ့တယ်။ 38 00:01:59,439 --> 00:02:03,446 သူက ကလေးဘဝတည်းက မစားခဲ့ရတော့တဲ့ ပြင်သစ်ကိတ် တစ်မျိုးကို အရသာခံမိတာက 39 00:02:03,446 --> 00:02:09,166 နွေးထွေးပြီး ကြီးမားတဲ့အာရုံခံစားမှုကို ဘယ်လိုနှိုးဆွပေးကြောင်း ဖော်ပြခဲ့တယ်။ 40 00:02:09,166 --> 00:02:14,226 ဒါဆို nostalgia အပေါ်အမြင်ကိုဘာကများ ကပြောင်းကပြန်ဖြစ်သွားစေတာလဲ။ 41 00:02:14,226 --> 00:02:16,445 တစ်ပိုင်းကတော့ သိပ္ပံနဲ့ဆိုင်တယ်။ 42 00:02:16,445 --> 00:02:19,756 စိတ်ပညာက သီအိုရီပိုင်းကနေ 43 00:02:19,756 --> 00:02:24,516 ပိုပြီးဂရုတစိုက် နဲ့ စနစ်ကျတဲ့ လေ့လာရေးဘက်ကို ရွေ့သွားတယ်။ 44 00:02:24,516 --> 00:02:27,906 ပညာရှင်တွေက များစွာသော အနှုတ်လက္ခဏာဆောင်မှုတွေက 45 00:02:27,906 --> 00:02:30,677 nostalgia ကြောင့်ဖြစ်တာထက် အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ 46 00:02:30,677 --> 00:02:32,751 သဘောပေါက်ခဲ့ကြတယ်။ 47 00:02:32,751 --> 00:02:36,681 တကယ်တော့ ဆုံးရှုံးမှု ကြေကွဲ ဝမ်းနည်းရမှု တွေပါတဲ့ 48 00:02:36,681 --> 00:02:39,863 ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ ရှိပေမယ့်၊ 49 00:02:39,863 --> 00:02:44,322 nostalgia က လူတွေကို မကောင်းတဲ့ စိတ်ပဲ ဖြစ်စေတာတော့ မဟုတ်ဘူး။ 50 00:02:44,322 --> 00:02:48,213 ဒါ့အစား ၊ လူတွေကို ကိုယ်ပိုင် အဓိပွါယ်ရှိပြီး အခြားသူတွေနဲ့မျှဝေခဲ့တဲ့ 51 00:02:48,213 --> 00:02:51,702 အောင်မြင်တဲ့ အတွေ့အကြုံတွေကို သတိရစေခြင်းဖြင့် 52 00:02:51,702 --> 00:02:55,042 nostalgia က စိတ်ခံစားမှုကို ကောင်းစေပါတယ်။ 53 00:02:55,042 --> 00:02:58,132 တွေ့ရှိချက်တွေအရ လူတွေမှာ nostalgia ကို လှုံ့ဆော်ပေးလိုက်တာဟာ 54 00:02:58,132 --> 00:03:02,652 သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်နဲ့ လူမှု့ဆက်ဆံရေးနဲ့ 55 00:03:02,652 --> 00:03:04,702 စိတ်ဓာတ် အင်အားကိုလည်း တိုးမြှင့်ပေးပါတယ်။ 56 00:03:04,702 --> 00:03:07,839 ပိုပြီးတောင် ရက်ရက်ရောရော ဖြစ်လာစေတယ်။ 57 00:03:07,839 --> 00:03:11,033 စိတ်ဒဏ်ရာမျိုးရဲ့ အကြောင်းရင်းဖြစ်မယ့် အစား၊ 58 00:03:11,033 --> 00:03:15,623 nostalgia က ဒါကိုအသုံးပြုပြီး ကောင်းမွန်အောင် လုပ်လို့ရပါတယ်။ 59 00:03:15,623 --> 00:03:19,143 ဥပမာ ပြောရရင် လူတွေက မကောင်းတဲ့ ခံစားချက်တွေ ရတဲ့အခါ၊ 60 00:03:19,143 --> 00:03:23,063 သူတို့က လွမ်းဆွတ်တမ်းတခြင်းဖြင့် ခက်ခဲတာတွေကိုလျှော့ချပြီး 61 00:03:23,063 --> 00:03:25,664 ပြန်ကောင်းလာအောင် လုပ်လေ့ရှိပါတယ်။ 62 00:03:25,664 --> 00:03:28,932 ယနေ့တော့ အတိတ်လွမ်းဆွတ်ခြင်းတွေက နေရာတိုင်းမှာပါပဲ၊ 63 00:03:28,932 --> 00:03:32,582 ဘာလို့ဆိုတော့ ကြော်ငြာရှင်တွေက ဒါရဲ့ ထက်မြက်တဲ့အစွမ်းကို 64 00:03:32,582 --> 00:03:34,944 စျေးကွက် ရှာဖွေရေးနည်းလမ်းအဖြစ် သုံးနေကြေလို့ပါ။ 65 00:03:34,944 --> 00:03:39,001 ဒါကို ကျွန်တော်တို့အတိတ်မှာ ကျန်နေခဲ့တဲ့ လက္ခဏာအဖြစ် တွေးလို့ရပါတယ်။ 66 00:03:39,001 --> 00:03:42,203 ဒါပေမဲ့ လွမ်းဆွတ်တမ်းတခြင်းဆိုတာ ဒီလိုမဟုတ်ပါဘူး။ 67 00:03:42,203 --> 00:03:47,354 ဒါက ကျွန်ုပ်တို့ ဘဝတွေက အဓိပ္ပါယ်နဲ့ တန်ဖိုးရှိနိုင်တယ် ဆိုတာကိုအမှတ်ရဖို့ 68 00:03:47,354 --> 00:03:50,634 စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ရှာတွေ့ပြီး 69 00:03:50,634 --> 00:03:53,293 အနာဂတ်ရဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။