၁၇ရာစုရဲ့ နှောင်းပိုင်းလောက်က
Johannes Hofer လို့ခေါ်တဲ့ ဆေးကျောင်းသားက
နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေတဲ့
ဆွစ် ကြေးစားစစ်သား တွေမှာဖြစ်တဲ့
ထူးဆန်းတဲ့ ရောဂါကို သတိထားမိခဲ့တယ်။
၎င်းရဲ့ လက္ခဏာတွေက
အားနည်းခြင်း၊
အိပ်မပျော်ခြင်း၊
နှလုံးခုန်မမှန်ခြင်း၊
အစာမကြေခြင်း၊
အဖျားကြီးခြင်း စတာတွေပါ။
ဒီစစ်သားတွေကို တစ်ခါတစ်လေ
ထုတ်တောင်ပစ်ရတယ်။
Hofer တွေ့ရှိခဲ့သလိုဆိုရင် အကြောင်းရင်းက
ရုပ်ပိုင်း အနှောင့်အယှက်ကြောင့်မဟုတ်ဘဲ
သူတို့ရဲ့ တောင်ပေါ် အမိမြေကို ပြင်းပြင်း
ထန်ထန်လွမ်းဆွတ်တာကြောင့် ဖြစ်တယ်။
ဒါကို အတိတ်ကိုလွမ်းဆွတ်ခြင်းလို့
သူကအမည်ပေးခဲ့တယ်။
အိမ်ပြန်ခြင်း ဆိုတဲ့ ဂရိစာလုံး
"nostos"နဲ့
"algos" ဆိုတဲ့ နာကျင်မှု သို့မဟုတ်
တောင့်တမှု ဆိုတာကနေလာတယ်။
အစကတော့ အတိတ်ကိုလွမ်းဆွတ်ခြင်းက
ဆွစ်တွေမှာပဲဖြစ်တာလို့ ထင်မြင်ခဲ့ကြတယ်။
အချို့သော ဆရာဝန်တွေက တော့ Alps တောင်မှာ
နွားခလောက် သံတွေဆက် တိုက် ကြားရတာကနေ
ဦးနှောက်နဲ့ နားစည်ကို ထိခိုက်စေလို့
ဖြစ်တယ်လို့ပြောခဲ့ကြတယ်။
တပ်မှုးတွေက သူတို့စစ်သားတွေကို ဆွစ်ရိုးရာ
သီချင်းတွေမဆိုဖို့တောင် တားမြစ်ခဲ့တယ်၊
တပ်ထဲက ထွက်ပြေးတာ သတ်သေတာတွေ
ဖြစ်မှာစိုးလို့ပေါ့။
ကမ္ဘာမှာ ရွှေ့ပြောင်းနေမှု တိုးလာတော့
အုပ်စုမျိုးစုံမှာ nostalgia ကို တွေ့လာတယ်။
ဖြစ်နိုင်တာကတော့ သူတို့ရဲ့မွေးရပ်မြေမှ
ကြာမြင့်စွာခွဲ နေရသူတွေက
nostalgia ပိုဖြစ် နိုင်ပါတယ်။
၂၀ ရာစု အစောပိုင်းမှာ၊
ပညာရှင်တွေက ဒါကို အာရုံကြောရောဂါ
လို့ မမြင်တော့ပဲ
စိတ်ကျခြင်းနဲ့ တူတဲ့ စိတ်အခြေအနေ
တစ်ခုလို့မြင်လာတယ်။
ခေတ်ကာလ စိတ်ပညာရှင်တွေ
ထင်ကြေး ပေးခဲ့တာက
ကလေးဘဝကို လက်လွှတ်လိုက်ဖို့
ခက်ခဲမှုတွေကို ကိုယ်စားပြုတာရယ်၊
ဒါမှမဟုတ် မွေးခါစ ကလေးဘဝကို ပြန်သွား
ချင်တဲ့ ဆန္ဒကြောင့်လို့လဲ ထင်ခဲ့ကြတယ်။
နောက် ဆယ်စုနှစ်တွေကြာလာတော့၊
nostalgia ကို နားလည်မှုဟာ
နှစ်မျိုးပြောင်းလဲသွားတယ်။
အိမ်လွမ်းမှုကို ဖော်ပြတာကနေ
အတိတ်ကို တသသသတိရခြင်း
ဖြစ်လာတယ်လို့ ဆိုလိုတယ်။
စိတ်ပျက်စရာ ရောဂါကြီးထက်
ဆွတ်ပျံ့ဖွယ် ကျေနပ်စရာ အတွေ့ အကြုံတွေ
အဖြစ်စမြင်လာကြတယ်။
အထင်ရှားဆုံး ဥပမာကိုတော့
ပြင်သစ်စာရေးဆရာ Marcel Proust က
ဖော်ပြခဲ့တယ်။
သူက ကလေးဘဝတည်းက မစားခဲ့ရတော့တဲ့
ပြင်သစ်ကိတ် တစ်မျိုးကို အရသာခံမိတာက
နွေးထွေးပြီး ကြီးမားတဲ့အာရုံခံစားမှုကို
ဘယ်လိုနှိုးဆွပေးကြောင်း ဖော်ပြခဲ့တယ်။
ဒါဆို nostalgia အပေါ်အမြင်ကိုဘာကများ
ကပြောင်းကပြန်ဖြစ်သွားစေတာလဲ။
တစ်ပိုင်းကတော့ သိပ္ပံနဲ့ဆိုင်တယ်။
စိတ်ပညာက သီအိုရီပိုင်းကနေ
ပိုပြီးဂရုတစိုက် နဲ့ စနစ်ကျတဲ့
လေ့လာရေးဘက်ကို ရွေ့သွားတယ်။
ပညာရှင်တွေက များစွာသော
အနှုတ်လက္ခဏာဆောင်မှုတွေက
nostalgia ကြောင့်ဖြစ်တာထက်
အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ
သဘောပေါက်ခဲ့ကြတယ်။
တကယ်တော့ ဆုံးရှုံးမှု ကြေကွဲ
ဝမ်းနည်းရမှု တွေပါတဲ့
ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ ရှိပေမယ့်၊
nostalgia က လူတွေကို မကောင်းတဲ့ စိတ်ပဲ
ဖြစ်စေတာတော့ မဟုတ်ဘူး။
ဒါ့အစား ၊ လူတွေကို ကိုယ်ပိုင်
အဓိပွါယ်ရှိပြီး အခြားသူတွေနဲ့မျှဝေခဲ့တဲ့
အောင်မြင်တဲ့ အတွေ့အကြုံတွေကို
သတိရစေခြင်းဖြင့်
nostalgia က စိတ်ခံစားမှုကို ကောင်းစေပါတယ်။
တွေ့ရှိချက်တွေအရ လူတွေမှာ nostalgia ကို
လှုံ့ဆော်ပေးလိုက်တာဟာ
သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်နဲ့
လူမှု့ဆက်ဆံရေးနဲ့
စိတ်ဓာတ် အင်အားကိုလည်း တိုးမြှင့်ပေးပါတယ်။
ပိုပြီးတောင် ရက်ရက်ရောရော ဖြစ်လာစေတယ်။
စိတ်ဒဏ်ရာမျိုးရဲ့
အကြောင်းရင်းဖြစ်မယ့် အစား၊
nostalgia က ဒါကိုအသုံးပြုပြီး
ကောင်းမွန်အောင် လုပ်လို့ရပါတယ်။
ဥပမာ ပြောရရင် လူတွေက
မကောင်းတဲ့ ခံစားချက်တွေ ရတဲ့အခါ၊
သူတို့က လွမ်းဆွတ်တမ်းတခြင်းဖြင့်
ခက်ခဲတာတွေကိုလျှော့ချပြီး
ပြန်ကောင်းလာအောင် လုပ်လေ့ရှိပါတယ်။
ယနေ့တော့ အတိတ်လွမ်းဆွတ်ခြင်းတွေက
နေရာတိုင်းမှာပါပဲ၊
ဘာလို့ဆိုတော့ ကြော်ငြာရှင်တွေက
ဒါရဲ့ ထက်မြက်တဲ့အစွမ်းကို
စျေးကွက် ရှာဖွေရေးနည်းလမ်းအဖြစ်
သုံးနေကြေလို့ပါ။
ဒါကို ကျွန်တော်တို့အတိတ်မှာ
ကျန်နေခဲ့တဲ့ လက္ခဏာအဖြစ် တွေးလို့ရပါတယ်။
ဒါပေမဲ့ လွမ်းဆွတ်တမ်းတခြင်းဆိုတာ
ဒီလိုမဟုတ်ပါဘူး။
ဒါက ကျွန်ုပ်တို့ ဘဝတွေက အဓိပ္ပါယ်နဲ့
တန်ဖိုးရှိနိုင်တယ် ဆိုတာကိုအမှတ်ရဖို့
စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုတွေကို ရှာတွေ့ပြီး
အနာဂတ်ရဲ့ စိန်ခေါ်မှုတွေ
ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။