ရုပ်ပိုင်းကျွမ်းကျင်မှုတစ်ခုခုကို
ပိုင်နိုင်တာ၊
ခြေဖျားထောက်လှည့်ကာ ပြသခြင်းဖြစ်စေ၊
တူရိယာ တီးမှုတ်ခြင်း
(သို့) ဘေ့စ်ဘောပစ်တာဖြစ်စေ
လေ့ကျင့်မှုလိုအပ်ပါတယ်။
လေ့ကျင့်မှုဟာ တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့
လှုပ်ရှားမှုတစ်ခု အဖန်ဖန်လုပ်ဆောင်မှုပါ၊
ကျွန်ုပ်တို့ကို ပိုလွယ်ကူ၊ မြန်ဆန် ယုံကြည်
စိတ်ချကာ လုပ်ဆောင်ဖို့ ကူပေးပါတယ်။
ဒီတော့ ကိစ္စတွေမှာ ပိုတော်အောင်
လေ့ကျင့်မှုက ဦးနှောက်ထဲ ဘာလုပ်ပေးလဲ။
ဦးနှောက်မှာ အာရုံကြော
တစ်ရှူး နှစ်မျိုးရှိကြတယ်။
မီးခိုးရောင်နဲ့
အဖြူရောင် ပစ္စည်းပါ။
မီးခိုးရောင် ပစ္စည်းက သတင်းအချက်အလက်
လုပ်ဆောင်ပြီး
အချက်ပြမှုတွေနဲ့ အာရုံခံ စေ့ဆော်မှုတွေကို
နာ့ဗ်ဆဲလ်တွေဆီ ညွှန်ကြားပေးတယ်။
အဖြူရောင် ပစ္စည်းကတော့ အဆီတစ်ရှူးနဲ့
နာ့ဗ်အမျှင်တွေနဲ့ အများစုဖွဲ့စည်းထားတယ်။
ကျွန်ုပ်တို့ ကိုယ်ခန္ဓာ လှုပ်ရှားဖို့
သတင်းအချက်အလက်ဟာ ဦးနှောက်ရဲ့
မီးခိုးရောင် ပစ္စည်းကနေ
အာရုံကြောထိဆင်း
အက်ဆွန်လို့ခေါ်တဲ့ နာ့ဗ်ကြောအမျှင်
အစဉ်တန်းကိုဖြတ်ကာ
ကြွက်သားတွဆီထိ သွားဖို့လိုတယ်။
ဒီတော့လေ့ကျင့်မှုက ဦးနှောက် အတွင်းပိုင်း
လုပ်ဆောင်ပုံကို ဘယ်လိုသက်ရောက်လဲ။
အဖြူရောင် ပစ္စည်းထဲမှာရှိတဲ့ အက်ဆွန်တွေဟာ
မိုင်လင်းဆိုတဲ့ အဆီဒြပ်နဲ့ ထွေးပတ်ထားတယ်။
အဲဒီမိုင်လင်း အမိုး (သို့) အစွပ်က
လေ့ကျင့်မှုနဲ့အတူ လိုက်ပြောင်းပုံရတာပါ။
အဆီဒြပ်က လျှပ်စစ်ကြိုးတွေပေါ်က
ကာကွယ်တဲ့ ပစ္စည်းနဲ့ ဆင်တူပါတယ်။
ဦးနှောက်ကသုံးတဲ့ လျှပ်စစ်စွမ်းအင်ကနေ
စွမ်းအင်ဆုံးရှုံးမှုကို ကာကွယ်ပေးတယ်။
၎င်းတို့ကို နာ့ဗ်ကြော လမ်းကြောင်းတွေ
တစ်လျှောက် ရွှေ့ပို့ပေးရင်းပါ။
မကြာခင်က ကြွက်သားတွေနဲ့ လေ့လာမှုတွေက
ကိုယ်လှုပ်ရှားမှု အထပ်ထပ်လုပ်တာဟာ
အက်ဆွန်တွေကို ကာပေးတဲ့ အဆီဒြပ်
အမိုးရဲ့ အလွှာတွေကို တိုးပွားစေတယ်။
အလွာပိုများလေ အက်ဆွန် အစဉ်တန်းတစ်ဝိုက်က
ကာကွယ်မှု ပိုကြီးလေ၊
သတင်းအချက်အလက်အတွက်
လမ်းမကြီးမျိုး ဖွဲ့တည်ကာ
ဦးနှောက်နဲ့ ကြွက်သားတွေကို
ဆက်သွယ်ပေးပါတယ်။
ဒီတော့ များစွာသော အားကစားသမားတွေနဲ့
ဖြေဖျော်သူတွေဟာ သူတို့အောင်မြင်မှုကို
ကြွက်သား မှတ်ဉာဏ်လို့
မှတ်ယူပေမဲ့ ကြွက်သားတွေ ကိုယ်၌ကတော့
တကယ့်ကို မှတ်ဉာဏ်မရှိပါဘူး။
ဒီအစား ဒီအားကစားသမားတွေနဲ့
ဖြေဖျော်သူတွေကို
နှာတစ်ဖျားသာစေတဲ့ အာရုံကြောပိုင်း
လမ်းကြောင်းတွေရဲ့
အဆီလွှာ ဖြစ်လောက်တာပါ။
ကျွမ်းကျင်မှုတစ်ခု ပိုင်နိုင်လိုအပ်တဲ့
လေ့ကျင့်မှုကို နာရီ၊ ရက်နဲ့ နှစ်တွေရဲ့
အရေအတွက်ကိုတောင် ဘောင်ဝင်ဖို့
ကြိုးပမ်းတဲ့ သီအိုရီတွေရှိတယ်။
မှော်ဂဏန်းမရှိသေးပေမဲ့
ကျွမ်းကျင်ပိုင်နိုင်မှုဟာ လေ့ကျင့်မှု နာရီ
ပမာဏချည်းပဲ မဟုတ်တာ သိလာရတယ်။
လေ့ကျင့်မှုရဲ့ အရည်အသွေးနဲ့
ထိရောက်မှုရောပါ။
ထိရောက်တဲ့ လေ့ကျင့်မှုဟာ တစ်သမတ်တည်း
ပြင်းထန်စွာ အာရုံစိုက်ပြီး
တစ်ဦးဦးရဲ့ လက်ရှိ အရည်အချင်းတွေရဲ့
အစွန်းမှာ တည်နေတဲ့ အားရမှု
(သို့) ပျော့ကွက်ကို ရည်မှန်းပါတယ်။
ဒီတော့ ထိရောက်တဲ့ လေ့ကျင့်မှုဟာ
အခရာဆိုရင်
ကျွန်ုပ်တို့ရဲ့ လေ့ကျင့်ချိန်ကနေ
ဘယ်လို အများဆုံးရနိုင်လဲ။
ဒီအကြံပေးချက်တွေကို စမ်းကြည့်ပါ။
လက်ရှိ လုပ်စရာကို အာရုံစိုက်ပါ၊
ကွန်ပြူတာ (သို့) တီဗီကိုပိတ်၊
ဆဲလ်ဖုန်းကို လေယာဉ် မုဒ်ပြောင်းကာ
ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေ
နည်းအောင်လုပ်ပါ။
လေ့လာမှုတစ်ခုမှာ သုတေသီတွဟာ ကျောင်းသား
၂၆၀ သင်ယူကြတာကို စောင့်ကြည့်ခဲ့တယ်။
ပျမ်းမျှအနေနဲ့
ဒီကျောင်းသားတွေဟာ တစ်ကြိမ်ကို ၆ မိနစ်
လောက် လုပ်ဆောင်ချက်ကို လုပ်နေနိုင်ခဲ့တယ်။
လက်တော့ပ်၊ စမတ်ဖုန်းနဲ့
အထူးသဖြင့် Facebook တွေဟာ
အနှောက်အယှက် အများစုရဲ့
ရေသောက်မြစ်ပါ။
ဖြည်းဖြည်း (သို့) အနှေးလေးနဲ့ စလိုက်ပါ။
မှန်မှန်၊ မမှန်မှန် ထပ်တလဲလဲ လုပ်တာနဲ့
ထိန်းညှိမှုကို တည်ဆောက်တာပါ။
အရည်အသွေးရှိတဲ့ ထပ်ကျော့မှုတွေရဲ့
အမြန်နှုန်းကို ဖြည်းဖြည်း တိုးလိုက်ရင်
မှန်ကန်စွာ လုပ်နိုင်ဖို့ အလားအလာ
ပိုကောင်းလာမှာပါ။
နောက်ပြီး ခွဲထားတဲ့ နားချိန်တွေနဲ့ မကြာခဏ
ထပ်ကျော့တွေဟာ ထိပ်တန်း စွမ်းဆောင်သူတွေ
လုပ်နေကျအကျင့်တွေပါ။
လေ့လာမှုတွေက ပြတာက ထိပ်တန်း အားကစား
သမား၊ ဂီတပညာရှင်နဲ့ ကချေသည်များစွာဟာ
သူတို့ရဲ့ အတတ်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ
တစ်ပတ်ကို နာရီ ၅၀၊ ၆၀ အချိန်ကုန်ခံကြတယ်။
အများအအပြားဟာ ထိရောက်တဲ့
လေ့ကျင့်မှုအတွက် သူတို့ အချိန်ကို
ကန့်သတ်ထားတဲ့ ကာလရဲ့ နေ့စဉ်လေ့ကျင့်မှု
အပိုင်းခွဲမျိုးစုံခွဲသုံးကြတယ်။
နောက်ဆုံးအနေနဲ့ သင့်ဦးနှောက်ထဲမှာ
လေ့ကျင့်မှုကို အသေးစိတ်ဟာ လေ့ကျင့်ထားပါ။
နည်းနည်း အံသြစရာကောင်းပေမဲ့
လေ့လာမှုမျာစွာက ညွှန်းတာက
ရုပ်ပိုင်း လှုပ်ရှားမှုတစ်ခု တည်ဆောက်
ပြီးပြီဆိုတာနဲ့
ဒါကို စိတ်ကူးကြည့်ရုံနဲ့ကို
အားဖြည့်ပေးနိုင်တာပါ။
လေ့လာမှုတစ်ခုမှာ ဘက်စကက်ဘောသမား
၁၄၄ ဦးကို အုပ်စုနှစ်စု ခွဲလိုက်တယ်။
အုပ်စု(အေ)က လက်တစ်ဖက် အလွတ်ပစ်တွေ
ရုပ်ပိုင်းအရ လေ့ကျင့်စဉ်
အုပ်စု (ဘီ) က စိတ်ပိုင်းပဲ လေ့ကျင့်တယ်။
နှစ်ပတ်တာ စမ်းသပ်မှုအဆုံးမှာ
စစ်ဆေးကြည့်တော့
အုပ်စုနှစ်ခုလုံးက အလယ်အလတ်နဲ့
အတွေ့အကြုံရှိတဲ့ ကစားသမားတွေဟာ
ထပ်တူနီးပါး တိုးတက်ခဲ့တယ်။
သိပ္ပံပညာရှင်တွေက ဦးနှောက်
လျှို့ဝှက်ချက်တွေကို ဖြေဖို့ချဉ်းကပ်ရင်း
ထိရောက်တဲ့ လေ့ကျင့်မှုရဲ့ နားလည်မှုကို
တိုးတက်လာစေမှာပါ။
တစ်ချိန်တည်းမှာ ထိရောက်တဲ့ လေ့ကျင့်မှုဟာ
ကိုယ်ပိုင် ကန့်သတ်ချက်တွေကို
တွန်းဖယ်ဖို့ အောင်မြင်မှု အသစ်တွေရဖို့၊
စွမ်းရည် အများဆုံးဖြစ်ပေါ်ဖို့
အကောင်းဆုံးနည်းလမ်းပါ။