0:00:00.000,0:00:04.303 ရာစုနှစ် အနည်းငယ်အတွင်းမှာ [br]မိုက်ခရိုစကုပ်တွေဟာ 0:00:04.303,0:00:08.606 [br]ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ 0:00:09.036,0:00:14.252 ၎င်းတို့ဟာ ကျွန်တော်တို့ သာမန်မျက်စိနဲ့[br]မြင်မရနိုင်တဲ့ 0:00:14.252,0:00:17.158 သေးနုပ်တဲ့ အရာများ သက်ရှိများ နဲ့ ပုံစံများကို[br]ဖွင့်ထုတ်ပြပေးခဲ့ကြပါတယ်။ 0:00:17.158,0:00:19.240 ၎င်းတို့ဟာ သိပ္ပံပညာ နဲ့ နည်းပညာကို[br]ကြီးမားစွာ ထောက်ကူခဲ့ကြပါတယ်။ 0:00:19.240,0:00:21.322 ဒီနေ့တော့ ကျွန်တော်ဟာ ခင်ဗျားတို့ကို[br]ပုံစံသစ် မိုက်ခရိုစကုပ်နဲ့ 0:00:21.322,0:00:23.404 မိတ်ဆက်ပေးချင်ပါတယ်၊ 0:00:23.404,0:00:25.982 အပြောင်းအလဲများကို [br]အသုံးပြုတဲ့ မိုက်ခရိုစကုပ်ပါ။ 0:00:25.982,0:00:28.884 ၎င်းဟာ သေးငယ်တဲ့ [br]အရာများကို ပုံချဲ့ပေးရန် 0:00:28.884,0:00:30.881 ပုံမှန် မိုက်ခရိုစကုပ်လို[br]မှန်ဘီလူးတွေကို အသုံးမပြုဘဲ၊ 0:00:30.881,0:00:34.091 ဗီဒီယို ကင်မရာ နဲ့ ပုံတွေကို[br]စီမံဆန်းစစ်မှုကို သုံးပြီး 0:00:34.091,0:00:37.301 ပစ္စည်းများ နဲ့ လူတွေထဲက [br]မသိသာတဲ့ လှုပ်ရှားမှုများ နဲ့ 0:00:37.301,0:00:40.513 အပြောင်းအလဲများကို [br]ဖေါ်ထုတ်ပေးတယ်၊ 0:00:40.513,0:00:44.355 သာမန်မျက်စိနဲ့ မြင်မရနိုင်တဲ့[br]အပြောင်းအလဲတွေပါပဲ။ 0:00:44.355,0:00:48.475 အဲဒါကြောင့်မို့လို့ ကမ္ဘာကြီးကို [br]လုံးဝတမျိုး မြင်လာနိုင်ပါတယ်။ 0:00:48.475,0:00:50.385 ကျွန်တော် ပြောတဲ့ အရောင်းပြောင်းလဲမှုများကို[br]ရှင်းပြပါမယ်။ 0:00:50.385,0:00:53.217 ကျွန်တော်တို့ရဲ့ အရေပြားရဲ့ အရောင်ဟာ[br]မသိမသာ ပြောင်းလဲတတ်ပါတယ် 0:00:53.217,0:00:55.214 ၎င်းရဲ့ အောက်မှာ သွေးစီးမှုကြောင့်ပါ။ 0:00:55.214,0:00:57.611 အပြောင်းအလဲဟာ သိပ်ကို မသိမသာကလေးပါ၊ 0:00:57.611,0:00:59.674 အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့[br]ဘေးမှာ ထိုင်နေသူကို 0:00:59.674,0:01:01.925 ကြည့်ကြည့်နေရင်းတောင်၊ 0:01:01.925,0:01:05.500 သူတို့ရဲ့ အရေပြား ဒါမှမဟုတ်[br]မျက်နှာ အရောင်ပြောင်းတာကို မမြင်ကြပါ။ 0:01:05.500,0:01:09.860 ဒီမှာ ရှိနေတဲ့ Steve ရဲ့ ပုံကိုကြည့်ရင်[br]လုံးဝငြိမ်သက်နေပါတယ်၊ 0:01:09.860,0:01:13.720 ဒါပေမဲ့ ဒါကိုပဲ ကျွန်ုပ်တို့ရဲ့ အသစ်ဖြစ်တဲ့[br]အထူးမိုက်ခရိုစကုပ်နဲ့ ကြည့်ရင်တော့၊ 0:01:13.720,0:01:16.320 ရုတ်ခနဲဆိုသလို လုံးဝကို မတူတဲ့[br]ပုံကို မြင်ကြရမှာပါ။ 0:01:16.320,0:01:20.250 ဒီမှာ ခင်ဗျားတို့ မြင်နေရတာက အဆ ၁၀၀[br]ချဲ့ထားလို့ မြင်လာရတဲ့ 0:01:20.250,0:01:24.686 Steve ရဲ့ အရေပြားထဲက [br]မသိမသာ ပြောင်းလဲမှုတွေပါ။ 0:01:24.686,0:01:27.953 ကျွန်တော်တို့ဟာ လူတယောက်ရဲ့[br]နှလုံးခုန်နှုန်းကို မြင်နေကြရခြင်းပါပဲ။ 0:01:27.953,0:01:31.180 ကျွန်တော်တို့ဟာ Steve ရဲ့[br]နှလုံးခုန်နှုန်းကို မြင်ကြရုံသာမက၊ 0:01:31.180,0:01:36.535 သူ့မျက်နှာပေါ်မှာ လက်တွေ့တွင်[br]သွေးစီးဆင်းနေပုံကိုပါ မြင်နိုင်ပါတယ်။ 0:01:36.544,0:01:39.175 ကျွန်တော်တို့ အဲဒီလုပ်ကြတာက[br]နှလုံးခုန်နှုန်းကို မြင်ရဖို့အတွက်သာမက၊ 0:01:39.175,0:01:42.646 နှလုံးခုန်နှုန်းကို ဖေါ်ထုတ်ပေးရန်နဲ့ 0:01:42.646,0:01:44.439 တိုင်းထွာနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။ 0:01:44.439,0:01:47.795 ပြီးတော့ ရိုးရိုးကင်မရာတွေကို သုံးပြီး[br]လူနာကို မထိမတို့ရဘဲနဲ့ လုပ်နိုင်ပါတယ်။ 0:01:47.795,0:01:51.151 အခု မြင်နေရတာက အဲဒီလို ရယူထားတဲ့ [br]မွေးကင်းစကလေးငယ်ရဲ့ 0:01:51.151,0:01:54.509 သွေးခုန်နှုန်း နဲ့ နှလုံးခုန်နှုန်းပါပဲ 0:01:54.509,0:01:57.390 ရိုးရိုး DSLR camera နဲ့ ရိုက်ထားတဲ့[br]ဗီဒီယိုထဲမှ ရယူခဲ့ရာ 0:01:57.390,0:01:59.206 နှလုံးခုန်နှုန်းဟာ ဆေးရုံထဲက[br]သာမန် စောင့်ကြည့်စက်နဲ့ မရနိုင်တဲ့ 0:01:59.206,0:02:04.017 တိကျမှုမျိုးနဲ့ ရရှိခဲ့ပါတယ်။ 0:02:04.017,0:02:06.659 ပြီးတော့ အဲဒီလို ဗီဒီယိုကို[br]ကျွန်တော်တို့ကမှ ရိုက်ရမယ်လို့ မဆိုလိုပါ။ 0:02:06.659,0:02:08.957 ဘယ်ဗီဒီယိုနဲ့မဆို ကျွန်တော်တို့[br]အဲဒီလို လုပ်ပေးနိုင်ကြပါတယ်။ 0:02:08.957,0:02:11.255 ဥပမာအဖြစ်၊ ကျွန်တော်ဟာ "Batman Begins" ထဲက 0:02:11.255,0:02:13.555 ရိုက်ကွက်အတိုကို ယူပြီး 0:02:13.555,0:02:15.459 Christian Bale ရဲ့ သွေးခုန်နှုန်းကို [br]ပြပေးထားပါတယ်။ 0:02:15.459,0:02:17.281 (ရယ်မောသံများ) 0:02:17.281,0:02:19.404 ခင်ဗျားတို့ သိကြသလို[br]သူဟာ မိတ်ကပ်တွေကို သုံးထားကာ 0:02:19.404,0:02:21.038 ဒီထဲက အလင်းရောင်ဟာ သိပ်မကောင်းတာတောင်၊ 0:02:21.038,0:02:22.672 အဲဒီလို ဗီဒီယိုကို သုံးပြီး[br]ကျွန်တော်တို့ဟာ 0:02:22.672,0:02:24.308 သူ့နှလုံးခုန်နှုန်းကို ရယူနိုင်ခဲ့ရာ 0:02:24.308,0:02:26.326 ကောင်းကောင်းကို မြင်နိုင်ကြပါတယ်။ 0:02:26.326,0:02:28.246 ဒီတော့ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုများ[br]လုပ်ကိုင်ကြတာလဲ။ 0:02:28.246,0:02:32.844 ကျွန်တော်တို့ဟာ ဗီဒီယိုထဲက[br]ပီခ်ဆယ်တိုင်းရဲ့ 0:02:32.844,0:02:35.115 အချိန်အလိုက် အလင်းရောင် ပြောင်းလဲမှုတွေကို[br]တိုင်းယူပြီး 0:02:35.115,0:02:36.913 အဲဒီအပြောင်းအလဲတွေကို[br]အရှိန်ဖြင့် ကြည့်ကြတာပါ။ 0:02:36.913,0:02:39.075 ကျွန်တော်တို့ဟာ ၎င်းတို့ကို[br]ပိုကြီးအောင် လုပ်ပေးလို့ မြင်လာနိုင်ပါတယ်။ 0:02:39.075,0:02:40.977 အခက်ဆုံး အလုပ်က[br]ကျွန်တော်တို့ လိုက်ရှာနေကြတဲ့ 0:02:40.977,0:02:42.881 အဲဒီလို အချက်ပြမှုတွေဟာ[br]သိပ်ကို မသိသာလွန်းလို့၊ 0:02:42.881,0:02:44.785 ဗီဒီယိုထဲမှာ အစဉ်ပဲ ပါလာလေ့ရှိကြတဲ့ 0:02:44.785,0:02:46.689 ဆူညံသံများမှ ခွဲထုတ်ယူကြရာမှာ 0:02:46.689,0:02:50.520 သိပ်ကို သတိဖြင့် လုပ်ကိုင်ရန် လိုပါတယ်။ 0:02:50.520,0:02:53.515 အဲဒါကြောင့် ကျွန်တော်တို့ဟာ[br]သိပ်ကို စမတ်ကျတဲ့ ပုံများအား ဆန်းစစ်ရေး 0:02:53.515,0:02:55.736 နည်းပညာတွေကို သုံးပြီး ဗီဒီယိုထဲက[br]ပီခ်ဆယ်တိုင်းရဲ့ အရောင်ကို 0:02:55.736,0:02:57.957 ပြီးတော့ အချိန်အလိုက် [br]အရောင်ရဲ့ ပြောင်းလဲမှုကို 0:02:57.957,0:03:00.179 တိကျစွာ တိုင်းကြကာ၊ 0:03:00.179,0:03:02.403 ရတဲ့ ပြောင်းလဲမှုတွေကို ချဲ့ယူကြပါတယ်။ 0:03:02.403,0:03:04.627 အဲဒီလို အပြောင်းအလဲတွေကို ကျွန်တော်တို့ကို 0:03:04.627,0:03:06.092 တကယ့်ကို ပြသပေးရန် 0:03:06.092,0:03:07.557 ကျွန်တော်တို့ဟာ ခုနကလို မြှင့်တင်ထားတဲ့[br]ဒါမှမဟုတ် 0:03:07.557,0:03:09.024 ပုံချဲ့ထားတဲ့ ဗီဒီယိုတွေကို ရရှိပါတယ်။ 0:03:09.024,0:03:13.262 ပြီးတော့ အရောင်ဆိုင်ရာ မသိသာတဲ့[br]အပြောင်းအလဲတွေကိုသာမက 0:03:13.262,0:03:15.503 မသိသာတဲ့ လှုပ်ရှားမှုတွေကိုပါ တိုင်းနိုင်တာကို[br]တွေ့လာကြပါတယ်၊ 0:03:15.503,0:03:19.079 ကျွန်တော်တို့ ကင်မရာတွေကို[br]ရိုက်ထားတဲ့ ထဲမှာ 0:03:19.079,0:03:21.889 အလင်းရောင် ပြောင်းလဲမှုတွေကိုသာမက၊ 0:03:21.889,0:03:24.257 ပစ္စည်းတွေရဲ့ လှုပ်ရှားမှုကိုပါ [br]မြင်တွေနိုင်လို့ပါပဲ။ 0:03:24.257,0:03:27.893 ဒါကတော့ နှစ်အရွယ် ကျွန်တော့ သမီးလေးပါ။ 0:03:27.893,0:03:29.962 လွန်ခဲ့တဲ့ သုံးနှစ်တုန်းက[br]ကျွန်တော် ရိုက်ယူခဲ့တဲ့ ဗီဒီယိုပါ။ 0:03:29.962,0:03:32.031 မွေးခါစ ကလေးရဲ့ မိဘတွေဆိုတော့ 0:03:32.031,0:03:33.568 ကျွန်တော်တို့ရဲ့ ကလေးဟာ ကျန်းမာရဲ့လား 0:03:33.568,0:03:35.105 အသက်ရှူနေရဲ့လား၊ အသက်ရှင်လျက်[br]ရှိရဲ့လားကို 0:03:35.105,0:03:36.331 သိပ်သိလိုကြတာ အမှန်ပါပဲ။ 0:03:36.331,0:03:37.557 အဲဒါနဲ့ ကျွန်တော်ကလည်း[br]ကလေးတွေကို 0:03:37.557,0:03:38.784 စောင့်ကြည့်ဖို့ သုံးကြတဲ့ 0:03:38.784,0:03:40.782 စက်ကို ဝယ်ယူခဲ့ပြီး သမီးလေး[br]အိပ်နေတုန်း စောင့်ကြည့်ခဲ့ပါတယ်။ 0:03:40.782,0:03:42.780 အဲဒီလို ပုံမှန် ကလေးစောင့်ကြည့်စက်နဲ့ဆိုရင် 0:03:42.780,0:03:44.674 မြင်ရမှာက ဒါမျိုးဖြစ်ပါတယ်။ 0:03:44.674,0:03:46.568 ကလေး အိပ်လျက် ရှိနေတာကို ခင်ဗျားတို့ 0:03:46.568,0:03:48.462 မြင်နိုင်ကြပေမဲ့ ဒေတာဟာ နည်းလှပါတယ်။ 0:03:48.474,0:03:49.950 ကျွန်တော်တို့ မြင်နိုင်တာလည်း[br]သိပ်မများလှပါဘူး။ 0:03:49.950,0:03:51.426 ကျွန်တော်တို့ဟာ ဒါကိုပဲ[br]ဒီလိုပုံစံမျိုးအဖြစ် 0:03:51.426,0:03:52.914 ကြည့်နိုင်ကြမယ်ဆိုရင် 0:03:52.914,0:03:54.402 ပိုပြီးတော့ အချက်အလက်တွေရပြီး 0:03:54.402,0:03:57.017 ပိုလို့ကို အသုံးဝင်မယ် မဟုတ်ပါကလား။ 0:03:57.017,0:03:59.632 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီထဲက [br]လှုပ်ရှားမှုတွေကို 0:03:59.632,0:04:01.779 ယူလိုက်ကာ အဆ ၃၀ ချဲ့လိုက်ပါတယ်၊ 0:04:01.779,0:04:03.926 ဒီလိုကျမှ ကျွန်တော့ သမီးဟာ [br]တကယ့်ကို အသက်ရှင်လျက် 0:04:03.926,0:04:06.074 အသက်ရှူနေတာကို မြင်နိုင်လာတယ်။ 0:04:06.074,0:04:08.327 (ရယ်မောသံများ) 0:04:08.327,0:04:10.249 ထပ်ပြီးတော့ ဘေးချင်းယှဉ်ပြီး [br]ကြည့်နိုင်ပါသေးတယ်။ 0:04:10.249,0:04:12.732 ဒါပေမဲ့၊ ထပ်ပြောရရင်၊[br]မူရင်း ဗီဒီယို၊ ရင်းမြစ် ဗီဒီယိုကိုယ်နှိူင်မှာက 0:04:12.732,0:04:14.513 ကျွန်တော်တို မြင်နိုင်တာ သိပ်မရှိလှပါ၊ 0:04:14.513,0:04:16.294 ဒါပေမဲ့ လှုပ်ရှားမှုတွေကို ချဲ့ပေးလိုက်ရင်[br]အသက်ရှူမှုကို 0:04:16.294,0:04:18.075 အထင်အရှား မြင်လာနိုင်ပါတယ်။ 0:04:18.075,0:04:19.972 ပြီးတော့ ကျွန်တော်တို့ရဲ့[br]လက်ရှိ မိုက်ခရိုစကုပ် အသစ်နဲ့ဆိုရင် 0:04:19.972,0:04:21.869 ကျွန်တော်တို့ဟာ ဖေါ်ထုတ် ချဲ့ပေးနိုင်တဲ့[br]အရာတွေ 0:04:21.869,0:04:24.023 အများကြီးရှိတာကို တွေ့လာပါတယ်။. 0:04:24.023,0:04:26.177 ခန္ဓာကိုယ်ထဲက သွေးလွှတ်ကြောနဲ့[br]သွေးပြန်ကြောတွေ 0:04:26.177,0:04:28.332 လှုပ်ကစားနေကြတာ မြင်နိုင်ပါတယ်။ 0:04:28.332,0:04:30.960 ကျွန်တော်တို့ရဲ့ မျက်လုံးတွေ[br]တချိန်လုံး 0:04:30.960,0:04:32.847 ဒီလိုပုံစံ လှုပ်ကစားနေတတ်ပါတယ်။ 0:04:32.847,0:04:34.371 တကယ်တမ်းတွင် အဲဒါက ကျွန်တော့မျက်လုံးပါ၊ 0:04:34.371,0:04:35.895 အဲဒီဗီဒီယိုကိုလည်း[br]ကျွန်တော့သမီး၏ 0:04:35.895,0:04:37.804 မွေးပြီးပြီးချင်မှာ ရိုက်ယူခဲ့ရာ၊ 0:04:37.804,0:04:39.713 ကျွန်တော် အိပ်မရေး မဝထားမှန်း[br]ခင်ဗျားတို့ 0:04:39.713,0:04:41.623 မြင်နိုင်ကြပါတယ်။ (ရယ်မောသံများ) 0:04:41.623,0:04:44.339 လူတယောက်ဟာ ငြိမ်သက်စွာထိုင်နေတောင်မှ၊ 0:04:44.339,0:04:46.196 ကျွန်တော်တို့ ထုတ်နှုတ်ရယူနိုင်တဲ့[br]အချက်အလက်တွေ မနည်းလှပါ၊ 0:04:46.196,0:04:48.053 အသက်ရှူမှုနဲ့ ဆိုင်တာတွေ၊ မျက်နှာပေါ်က 0:04:48.053,0:04:49.912 မသိသာတဲ့ အမူအယာလေးတွေ။ 0:04:49.912,0:04:51.505 အဲဒီလို လှုပ်ရှားမှုလေးတွေကို သုံးပြီး 0:04:51.505,0:04:53.098 ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ဒါမှမဟုတ် 0:04:53.098,0:04:54.691 စိတ်ခံစားမှုတွေ အကြောင်းကို [br]ပြောလို့ရနိုင်ပါတယ်။ 0:04:54.691,0:04:57.946 ကျွန်တော်တို့ဟာ စက်ပစ္စည်းတွေရဲ့[br]မသိသာတဲ့ လှုပ်ခါမှုများကို၊ 0:04:57.946,0:04:59.695 အင်ဂျင်ရဲ့ တုန်ခါမှုလိုမျိုးကို [br]တိုင်းထွာနိုင်ကြရာ၊ 0:04:59.695,0:05:01.444 စက်ဆရာကို စက်ပစ္စည်းဆိုင်ရာ ပြဿနာတွေကို 0:05:01.444,0:05:03.606 စူးစမ်းဖေါ်ထုတ်ရေးကို ကူပေးနိုင်တယ်၊ 0:05:03.606,0:05:05.768 ဒါမှမဟုတ် အဆောက်အဦတွေ လေထဲမှာ[br]လှုပ်ယမ်းကာ 0:05:05.768,0:05:08.016 စွမ်းအားတွေကို တုန့်ပြန်ကြပုံကို မြင်နိုင်ပါတယ်။ 0:05:08.016,0:05:10.264 အဲဒါတွေ အားလုံးကို [br]ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ 0:05:10.264,0:05:12.512 အခြားနည်းလမ်းများဖြင့် တိုင်းတတ်နေပါပြီ၊ 0:05:12.512,0:05:14.965 ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုတွေကို [br]တိုင်းထွာမှု နဲ့ 0:05:14.965,0:05:17.241 အဲဒီလို လှုပ်ရှားမှုကို [br]လက်တွေ့ကြည့်မြင်နိုင်မှုဟာ 0:05:17.241,0:05:19.795 လုံးဝတခြားစီပါ။ 0:05:19.795,0:05:22.126 ကျွန်တော်တို့က ဒီနည်းပညာအသစ်ကို[br]တွေ့ရှိခဲ့တဲ့ နောက်မှာ၊ 0:05:22.126,0:05:24.457 ကျွန်တော်တို့ရဲ့ ကုဒ်တွေကို အွန်လိုင်းမှာ[br]တင်ပေးထားတော့ 0:05:24.457,0:05:26.789 အခြားလူတွေ သုံးနိုင်ကြပါတယ်၊ 0:05:26.789,0:05:28.664 အဲဒါသုံးရတာ သိပ်ကို လွယ်ပါတယ်။ 0:05:28.664,0:05:30.409 အဲဒါကို ခင်ဗျားတို့ ကိုယ်တိုင်ရိုက်ထားတဲ့[br]ဗီဒီယိုအတွက် သုံးနိုင်ပါတယ်။ 0:05:30.409,0:05:32.154 Quanta Research ထဲက လုပ်ဖေါ်တို့က[br]သိပ်ကောင်းတဲ့ 0:05:32.154,0:05:33.629 ဒီဝက်ဘ်ဆိုက်ကို ဖန်တီးပေးထားရာ 0:05:33.629,0:05:35.104 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ဗီဒီယိုတွေကို[br]တင်ပြီး 0:05:35.104,0:05:36.867 အွန်လိုင်းမှာ စီမံလုပ်ကိုင်နိုင်ပါတယ်၊ 0:05:36.867,0:05:38.630 ခင်ဗျားတို့ဆီမှာ ကွန်ပျူတာ [br]သိပ္ပံပညာ ဒါမှမဟုတ် 0:05:38.630,0:05:40.197 ပရိုဂရမ်ပြုစုမှု အတွေ့အကြုံ မရှိရင်တောင်၊ 0:05:40.197,0:05:41.764 ခင်ဗျားတို့ကပါ ဒီမိုက်ခရိုစကုပ်အသစ်ကို 0:05:41.764,0:05:43.331 လွယ်ကူစွာ သုံးစမ်းကြည့်နိုင်ပါတယ်။ 0:05:43.331,0:05:45.735 ဒီနေရာမှာ ကျွန်တောဟာ[br]ဥပမာ နှစ်ခုလောက်ကို ပြပေးချင်ပါတယ် 0:05:45.735,0:05:48.470 အခြားသူတွေက အဲဒါကို သုံးပြီး[br]လုပ်ကိုင်ခဲ့ကြတာတွေကိုပါ။ 0:05:48.470,0:05:53.787 ဒီဗီဒီယိုကို YouTube သုံးစွဲသူ Tamez85 က[br]ပြုလုပ်ခဲ့တာပါ။ 0:05:53.787,0:05:55.250 အဲဒီ သုံးစွဲသူကို ကျွန်တော်မသိပေမဲ့၊ 0:05:55.250,0:05:57.595 ထိုသူဟာ ကျွန်တော်တို့ ကုဒ်ကို သုံးပြီး 0:05:57.595,0:06:01.310 ကိုယ်ဝန်ရှိနေစဉ် ဗိုက်ရဲ့ သေးနုပ်တဲ့[br]လှုပ်ရှားမှုများကို ပုံချဲ့နိုင်ခဲ့ပါတယ်။ 0:06:01.310,0:06:02.912 အဲဒါဟာ ထိတ်လန့်စရာကြီးပါပဲ။ 0:06:02.912,0:06:05.103 (ရယ်မောသံများ) 0:06:05.103,0:06:07.294 လူတွေဟာ သူတို့ရဲ့ လက်ပေါ်က သွေးကြောတွေ 0:06:07.294,0:06:09.486 ြသွေးခုန်နေတာကို [br]ချဲ့ကြည့်ရန် သုံးခဲ့ကြတယ်။ 0:06:09.486,0:06:13.268 ကျွန်တော်တို့ဟာ ဂီနီဝက်တွေကို၊[br]အထူးသဖြင့် Tiffany လို အမည်ပေးထားတဲ့ 0:06:13.268,0:06:16.658 ဂီနီဝက်ကို မသုံးသရွေ့ ကျွန်တော်တို့ရဲ့[br]သိပ္ပံသုတေသနလို ခေါ်မရနိုင်ပါ၊ 0:06:16.658,0:06:19.607 ဒီ YouTube သုံးစွဲသူဆိုရင်[br]ဒါဟာ လှုပ်ရှားမှုချဲ့ရေး နည်းဖြင့် 0:06:19.607,0:06:21.232 ချဲ့ပြခဲ့တဲ့ ကမ္ဘာ့ ပထမဦးဆုံး[br]ကိုက်ဖြတ်သတ္တဝါပါလို့ ဆိုပါတယ်။ 0:06:21.232,0:06:22.857 ခင်ဗျားတို့လည်း အဲဒါကို သုံးပြီး 0:06:22.857,0:06:24.405 အနုပညာကို ဖန်တီးနိုင်ကြပါတယ်။ 0:06:24.405,0:06:25.953 ဥပမာ ဒီဗီဒီယိုကို ကျွန်တော့ဆီ[br]Yale ဒီဇိုင်း 0:06:25.953,0:06:27.501 ကျောင်းသူက ပို့ပေးခဲ့တယ်။ 0:06:27.501,0:06:29.638 သူမနဲ့အတူ တက်နေကြတဲ့[br]ကျောင်းသားတွေရဲ့ လှုပ်ရှားမှုထဲက 0:06:29.638,0:06:31.548 ခြားနားချက်တွေကို စူးစမ်းကြည့်လိုခဲ့ပါတယ်။ 0:06:31.548,0:06:33.458 သူဟာ သူတို့အားလုံးကို [br]ငြိမ်ငြိမ်လေး ရပ်ခိုင်းပြီး 0:06:33.458,0:06:35.369 သူတို့ရဲ့ လှုပ်ရှားမှုတွေကို [br]ချဲ့ကြည့်ခဲ့ပါတယ်။ 0:06:35.369,0:06:38.747 အဲဒါက ပုံငြိမ်တွေ အသက်ဝင်လာသလိုပါပဲ။ 0:06:38.747,0:06:41.180 ဒီလို ဥပမာတွေ အားလုံးကို [br]လေ့လာကြည့်တဲ့အခါမှာ 0:06:41.180,0:06:43.230 အဲဒါတွေကို ဘာမှလုပ်ရန် မလိုခြင်းဟာ[br]သိပ်ကောင်းတဲ့အချက်ပါ။ 0:06:43.230,0:06:45.280 ကျွန်တော်တို့ဟာ ကိရိယာအသစ်ကို၊[br]ကမ္ဘာကြီးကို ကြည့်ရှုရေး 0:06:45.280,0:06:47.674 နည်းသစ်ကို စီမံပေးလိုက်တယ်၊ 0:06:47.674,0:06:50.068 အဲဒီနောက်မှာ လူတွေဟာ [br]အဲဒါ့ကို တီထွင်ဉာဏ်နဲ့ 0:06:50.068,0:06:52.462 အမျိုးမျိုး သုံးလာကြတယ်။ 0:06:52.462,0:06:54.133 ကျွန်တော်တို့ဟာ ဒီမှာတင်[br]ရပ်မနေကြပါဘူး။ 0:06:54.133,0:06:55.804 ဒီကိရိယာက ကျွန်တော်တို့အား ကမ္ဘာကြီးကို[br]နည်းသစ်နဲ့ 0:06:55.804,0:06:57.151 ကြည့်ရှုနိုင်မှုကို ပေးခဲ့ရုံသာမက၊ 0:06:57.151,0:06:58.498 ကျွန်တော်တို့က ကင်မရာတွေနဲ့ 0:06:58.498,0:06:59.845 လုပ်ကိုင်နိုင်တာရဲ့ ဘောင်တွေကိုပါ 0:06:59.845,0:07:01.648 တိုးချဲ့ပေးလိုက်ပါသေးတယ်။ 0:07:01.648,0:07:03.451 အဲဒါနဲ့ သိပ္ပံပညာရှင်တွေ အနေနဲ့ 0:07:03.451,0:07:05.255 ကျွန်တော် စပြီး စဉ်းစားလာရတာက၊ 0:07:05.255,0:07:07.484 ကျွန်တော်တို့ အနေနဲ့ ကင်မရာတွေကို[br]သုံးပြီး တိုင်းလို့ ရနိုင်သေးတဲ့ 0:07:07.484,0:07:09.713 မသိသာတဲ့ လှုပ်ရှားမှုတွေကို [br]နောက်ထပ် ဘယ်အရာတွေက 0:07:09.713,0:07:11.790 ထုတ်လုပ်ပေးကြလဲ စဉ်းစားလာပါတယ်။ 0:07:11.790,0:07:13.867 မကြာမီက ကျွန်တော်တို့ အာရုံစိုက်လာကြတဲ့ 0:07:13.867,0:07:15.944 အဲဒီလို အရာတခုမှာ အသံပါပဲ။ 0:07:15.944,0:07:18.049 အသံဆိုတာက၊ ကျွန်တော်တို့ အားလုံးသိကြသလို၊ 0:07:18.049,0:07:19.983 လေကို အသုံးပြုပြီး ကူးဖြတ်လာတဲ့[br]လေထုဖိအား ခြားနားချက်ပါပဲ။ 0:07:19.983,0:07:21.917 အဲဒီ ဖိအားလှိုင်းတွေက [br]အရာဝတ္ထုတွေကို ရိုက်ခတ်ကာ 0:07:21.917,0:07:23.406 ၎င်းတို့ထဲတွင် တုန်ခါမှုလေးတွေကို ဖြစ်စေတယ်၊ 0:07:23.406,0:07:24.895 အဲဒါကိုမှ ကျွန်တော်တို့ [br]ကြားနိုင်ခြင်းဖြစ်ပြီး 0:07:24.895,0:07:26.614 အသံအဖြစ် သွင်းယူနိုင်ကြပါတယ်။ 0:07:26.614,0:07:28.333 တဖန် အသံဟာလည်း မြင်လို့ရနိုင်တဲ့[br]လှုပ်ခါမှုတွေကို 0:07:28.333,0:07:30.053 ဖန်တီးပေးတာ တွေ့နိုင်ပါတယ်။ 0:07:30.053,0:07:32.886 အဲဒီလို လှုပ်ခါမှုကို ကျွန်တော်တို့[br]မမြင်နိုင်ကြပေမဲ့ 0:07:32.886,0:07:35.887 လိုအပ်တဲ့ စီမံဆန်းစစ်မှုကို သိရင်[br]ကင်မရာဟာ အဲဒါကို မြင်လာပါမယ်။ 0:07:35.887,0:07:37.460 အဲဒါ့အတွက် ဥပမာ နှစ်ခုကို ပြပါ့မယ်။ 0:07:37.460,0:07:40.074 ဒါကတော့ ကျွန်တော်က[br]အဆိုတော် ဖြစ်ဖို့ အားထုတ်နေတာပါ။ 0:07:41.064,0:07:42.698 (သီချင်းဆိုနေ) 0:07:42.698,0:07:44.134 (ရယ်မောသံများ) 0:07:44.134,0:07:47.120 အဲဒီလို ဆိုနေစဉ် ကျွန်တော်ဟာ[br]နှုန်းမြင့် ဗီဒီယိုကို ရိုက်ယူခဲ့ပါတယ်။ 0:07:47.120,0:07:48.884 ဒီနေရာမှာလည်း၊ ခင်ဗျားတို့ဟာ[br]ဗီဒီယိုကိုသာ ကြည့်ကြမယ်ဆိုရင်၊ 0:07:48.884,0:07:50.960 မြင်နိုင်တာဆိုလို့ ဘာရယ်လို့ [br]ရှိမှာ မဟုတ်ပါဘူး၊ 0:07:50.960,0:07:55.292 ဒါပေမဲ့ ကျွန်တော်တို့က လှုပ်ရှားမှုတွေကို[br]အဆ ၁၀၀ အထိ ချဲ့လိုက်မယ်ဆိုရင် 0:07:55.292,0:07:58.566 လည်ပင်းရဲ့ လှုပ်ရှားမှုနဲ့[br]တွန့်လိမ်မှုတွေကို မြင်လာပါမယ်။ 0:07:58.566,0:08:01.306 အဲဒီလို အချက်အလက်တွေ[br]ဗီဒီယိုထဲမှာ ရှိနေကြပါတယ်။ 0:08:01.306,0:08:03.976 အဆိုတော်တွေဟာ လိုအပ်တဲ့[br]အသံစဉ်ကို ဟစ်ဆိုနိုင်ရင် 0:08:03.976,0:08:05.439 ဝိုင်ခွက် မှန်ကို ကွဲအက်လာစေနိုင်တာ[br]ကျွန်တော်တို့ သိကြပါတယ်။ 0:08:05.439,0:08:07.204 အဲဒီတော့ ကျွန်တော်တို့ဟာ[br]ခွက်မှန်ရဲ့ တုန်ခါမှုနဲ့ ကိုက်ညီတဲ့ 0:08:07.204,0:08:09.730 ကစားကြည့်ကြပါမယ် 0:08:09.730,0:08:11.885 ကပ်လျက် ရှိနေတဲ့ အသံချဲ့စက်နဲ့ [br]ဖွင့်ကြည့်ကြပါမယ်။ 0:08:11.885,0:08:14.040 အဲဒီ အသံစဉ်ကို ဖွင့်ကစားလိုက်ကာ[br]လှုပ်ရှားမှုတွေကို 0:08:14.040,0:08:16.197 အဆ ၂၅၀ ချဲ့လိုက်ကြမယ်ဆိုရင်၊ 0:08:16.197,0:08:18.535 ဖန်ခွက်မှန် တုန်ခါနေတာကို[br]အထင်အရှား မြင်လာကြရပါမယ် 0:08:18.535,0:08:22.105 ၎င်းဟာ အသံကို တုန့်ပြန်ရင်း[br]တုန်ခါနေတာပါ။ 0:08:22.105,0:08:24.088 ဒါမျိုးကို ကျွန်တော်တို့ဟာ နေ့စဉ်ဘဝထဲမှာ[br]တွေ့ခဲ့ပါတယ်။ 0:08:24.088,0:08:26.071 ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ကို [br]စဉ်းစားလာစေလို့ 0:08:26.071,0:08:28.601 ဒီအရူးအမူး စိတ်ကူးကို ရခဲ့ပါတယ်။ 0:08:28.601,0:08:31.131 ကျွန်တော်တို့ဟာ ဒီဖြစ်စဉ်ကို [br]ပြောင်းပြန်လုပ်ပြီး 0:08:31.131,0:08:33.319 အသံလှိုင်းတွေက အရာဝတ္ထုတွေထဲမှာ 0:08:33.319,0:08:35.507 ဖန်တီးပေးတဲ့ တုန်ခါမှုကို လေ့လာကာ 0:08:35.507,0:08:37.829 ဗီဒီယိုထဲမှ အသံကို ရယူနိုင်ကြမလား၊ 0:08:37.829,0:08:40.151 အဲဒီနောက်မှာ အဲဒါတွေကို [br]၎င်းတို့ကို ထုတ်လုပ်ပေးလိုက်တဲ့ 0:08:40.151,0:08:42.411 အသံကို ပြန်ဖေါ်ထုတ်နိုင်မလား။ 0:08:42.411,0:08:44.671 အဲဒီလိုနည်းဖြင့် ကျွန်တော်တို့ဟာ[br]နေ့စဉ်သုံး ပစ္စည်းတွေကို 0:08:44.671,0:08:46.931 မိုက်ခရိုဖုန်းလို သုံးနိုင်မယ်။ 0:08:46.931,0:08:49.163 ကျွန်တော်တို့ လက်တွေ့ [br]လုပ်ခဲ့ကြတာကို ပြပါမယ်။ 0:08:49.163,0:08:51.043 စားပွဲပေါ် ရှိနေတဲ့ အာလူးကျော်[br]အိတ်ခွံဆိုပါစို့၊ 0:08:51.043,0:08:52.923 ကျွန်တော်တို့ဟာ အဲဒီ အာလူးကျော်[br]အိတ်ခွံကို 0:08:52.923,0:08:54.080 ဗီဒီယို ကင်မရာဖြင့် ရိုက်ကူးပြီး 0:08:54.080,0:08:55.237 အသံလှိုင်းတွေက ၎င်းထဲမှာ [br]ဖြစ်ပေါ်လာစေမယ့် 0:08:55.237,0:08:56.395 သေးနုပ်တဲ့ လှုပ်ရှားမှုတွေကို [br]တိုင်းကြည့်ကာ 0:08:56.395,0:08:59.623 မိုက်ခရိုဖုန်းအဖြစ် သုံးနိုင်ကြပါမယ်။ 0:08:59.623,0:09:02.419 အခန်းထဲမှာ ကျွန်တော်တို့ ဖွင့်ခဲ့ကြတဲ့[br]အသံက ဒါပါ။ 0:09:02.419,0:09:06.853 (ဂီတသံ: "Mary Had a Little Lamb") 0:09:10.007,0:09:13.032 ဒါက ခုနက အိတ်ခွံကို နှုန်းမြင့် ဗီဒီယိုဖြင့်[br]ရိုက်ယူခဲ့တဲ့ဟာပါ။ 0:09:13.032,0:09:14.306 ထပ်ပြီး ဖွင့်ပြပါမယ်။ 0:09:14.306,0:09:17.648 ခုနက ဗီဒီယိုကို ကြည့်ရုံသက်သက်ဖြင့်[br]ခင်ဗျားတို့ဟာ 0:09:17.648,0:09:18.995 ဘာကိုမှ မြင်နိုင်မှာ မဟုတ်ပါဘူး၊ 0:09:18.995,0:09:20.342 ဒါပေမဲ့ ခုနက ဗီဒီယိုထဲက မမြင်မရနိုင်တဲ့[br]လှုပ်ရှားမှုလေးတွေကို 0:09:20.342,0:09:21.690 ဆန်းစစ်လိုက်တဲ့ နောက်မှာ 0:09:21.690,0:09:23.873 ဒီလို အသံကို ကြားရလာပါမယ်။ 0:09:23.873,0:09:26.682 (ဂီတသံ: "Mary Had a Little Lamb") 0:09:40.985,0:09:42.471 အဲဒါက-- ကျေးဇူးတင်ပါတယ်။ 0:09:42.471,0:09:47.696 (လက်ခုပ်သံများ) 0:09:49.878,0:09:52.223 အဲဒါကို ကျွန်တော်က [br]အမြင်မိုက်ခရိုဖုန်းလို့ ခေါ်ပါတယ်။ 0:09:52.223,0:09:55.613 လက်တွေ့တွင် ဗီဒီယို အချက်ပြမှုထဲမှ အသံ [br]အချက်ပြမှုတွေကို ထုတ်ယူခဲ့ကြတာပါ။ 0:09:55.613,0:09:58.794 ခင်ဗျားတို့အားလုံးကို ဒီထဲက လှုပ်ရှားမှုရဲ့[br]စကေးကို နားလည်လာစေဖို့အတွက်၊ 0:09:58.799,0:10:04.135 တော်တော့ကို ကျယ်တဲ့ အသံကတောင်[br]အိတ်ခွံကို တမိုက်ခရိုမီတာတောင် မလှုပ်စေနိူင်ပါ။ 0:10:04.135,0:10:06.874 တမီလီမီတာရဲ့ ထောင်ပုံတပုံကို ပြောနေတာ။ 0:10:06.874,0:10:10.435 အလင်းရောင်ဟာ အရာဝတ္ထုတွေ ဆီကနေပြီး[br]ရောင်ပြန်ဟပ်တာကို 0:10:10.435,0:10:13.678 ကျွန်တော်တို့ရဲ့ ကင်မရာတွေနဲ့[br]ဖမ်းယူလိုက်ခြင်းဖြင့် 0:10:13.678,0:10:15.814 ဘယ်လောက် သေးနုပ်တဲ့ လှုပ်ခါမှုတွေကို[br]ကျွန်တော် ရယူနိုင်ကြောင်း သိသါပါတယ်။ 0:10:15.814,0:10:19.064 ကျွန်တော်တို့ဟာ အပင်လို အခြား အရာများထံမှပါ [br]အသံတွေကို ရယူနိုင်ကြပါတယ်။ 0:10:19.064,0:10:25.380 (ဂီတသံ: "Mary Had a Little Lamb") 0:10:27.214,0:10:29.211 အလားတူပဲ စကားပြောမှုကိုပါ [br]ထုတ်ယူနိုင်ပါတယ်။ 0:10:29.211,0:10:31.788 ဒီမှာ လူတယောက်ဟာ အခန်းထဲမှာ [br]စကားပြောနေပါတယ်။ 0:10:31.788,0:10:35.991 အသံ: Mary had a little lamb[br]whose fleece was white as snow, 0:10:35.991,0:10:40.221 and everywhere that Mary went,[br]that lamb was sure to go. 0:10:40.221,0:10:42.980 Michael Rubinstein: အဲဒီ ပြောစကားကို[br]ကျွန်တော်တို့ဟာ ခုနက 0:10:42.980,0:10:46.254 အိတ်ခွံကို ရိုက်ထားတဲ့ ဗီဒီယိုမှ ထုတ်ယူနိုင်ခဲ့ကြတာ[br]ဒီလိုရှိပါတယ်။ 0:10:46.254,0:10:51.085 အသံ: Mary had a little lamb[br]whose fleece was white as snow, 0:10:51.085,0:10:55.944 and everywhere that Mary went,[br]that lamb was sure to go. 0:10:55.944,0:10:58.290 MR: ကျွန်တော်တို့က "Mary Had a Little Lamb"ကို 0:10:58.290,0:11:00.413 သုံးခဲ့ကြတာက Thomas Edison က ၁၈၇၇ ခုနှစ်တုန်းက[br]သူ့ ဖိုနိုဂရပ်ထဲကို 0:11:00.413,0:11:04.574 ပြောခဲ့တဲ့ ပထမဦးဆုံး[br]စကားလုံးတွေ ဖြစ်ကြတယ်လို့ အဆိုရှိလို့ပါ။ 0:11:04.574,0:11:07.802 အဲဒါဟာ သမိုင်းထဲတွင် ကိရိယာ တခုခုဖြင့်[br]ပထမဦးဆုံး သွင်းယူခဲ့တဲ့ အသံပါပဲ။ 0:11:07.802,0:11:11.129 အဲဒီတုန်းက အသံတွေကို[br]အချပ်ပြား တခုဆီကို ပို့ပေးခဲ့လျက် 0:11:11.129,0:11:15.208 အဲဒါကြောင့် တုန်ခါနေတဲ့ အပ်ချောင်းက[br]ဆလင်ဒါ တခုပေါ်မှာ ရစ်ပတ်ထားတဲ့ 0:11:15.208,0:11:17.483 သွတ်ပြားပေါ်မှာ အသံလှိုင်းကို [br]ရေးခြစ်ပေးလိုက်တာပါ။ 0:11:17.483,0:11:23.426 ခင်ဗျားတို့ကို Edison ရဲ့ ဖိုနိုဂရပ်ဖြင့် အသံသွင်းခြင်းနဲ့[br]ပြန်ဖွင့်ပြခြင်းကို ပြပေးပါမယ်။ 0:11:23.426,0:11:26.446 (ဗီဒီယို) အသံ: Testing,[br]testing, one two three. 0:11:26.446,0:11:29.859 Mary had a little lamb[br]whose fleece was white as snow, 0:11:29.859,0:11:33.528 and everywhere that Mary went,[br]the lamb was sure to go. 0:11:33.528,0:11:36.268 Testing, testing, one two three. 0:11:36.268,0:11:40.424 Mary had a little lamb[br]whose fleece was white as snow, 0:11:40.424,0:11:45.648 and everywhere that Mary went,[br]the lamb was sure to go. 0:11:45.648,0:11:49.665 MR: အခု၊ ၁၃၇ နှစ်ကြာလာတဲ့ နောက်မှာ၊ 0:11:49.665,0:11:53.752 ကျွန်တော်တို့ဟာ အလားတူ [br]အရည်အသွေးမျိုးရှိတဲ့ အသံကို 0:11:53.752,0:11:57.831 ကင်မရာဖြင့် ပစ္စည်းတွေရဲ့ လှုပ်ခါမှုကို[br]စောင့်ကြည့်ရုံဖြင့် ရရှိနိုင်ကြပါပြီ၊ 0:11:57.831,0:11:59.765 ပြီးတော့ အဲဒီကင်မရာဟာ အသံပီတဲ့ မှန်ရဲ့[br]နောက်မှာ 0:11:59.765,0:12:03.999 ၁၅ ပေ အထိ အဝေးမှာ ရှိနေတောင်[br]အဲဒီလို ရယူနိုင်ကြပါပြီ။ 0:12:03.999,0:12:07.219 ခုနက ပြောခဲ့တဲ့ ကိစ္စထဲမှာ[br]ကျွန်တော်တို့ ရယူနိုင်ခဲ့ကြတဲ့ အသံက ဒီလိုပါ။ 0:12:07.219,0:12:12.513 အသံ: Mary had a little lamb[br]whose fleece was white as snow, 0:12:12.513,0:12:17.272 and everywhere that Mary went,[br]the lamb was sure to go. 0:12:17.404,0:12:21.034 MR: ဒါကို ကြည့်ပြီး လုံခြုံရေးကိစ္စတွေအတွက်[br]သုံးသင့်တာကို စဉ်းစားမိကြတာ အမှန်ပါပဲ။ 0:12:21.034,0:12:24.029 (ရယ်မောသံများ) 0:12:24.029,0:12:28.085 ဒါပေမဲ့ အဲဒါဟာ တခြား အရာများအတွက်ပါ[br]တကယ်အသုံးဝင်နိုင်ပါတယ်။ 0:12:28.085,0:12:30.925 အနာဂတ်မှာ၊ ကျွန်တော်တို့ဟာ၊ ဥပမာ၊ 0:12:30.925,0:12:33.177 အာကာသထဲက အသံကို ရယူရန်အတွက်၊ 0:12:33.177,0:12:36.753 အသံဟာ အာကာသထဲမှာ ခရီးဆန့်နိုင်ပေမဲ့[br]ကျွန်တော်တို့ မြင်မရနိုင်လို့ပါ။ 0:12:36.753,0:12:39.157 ကျွန်တော်တို့ဟာ ဒီနည်းပညာအသစ်ကို 0:12:39.157,0:12:42.176 သုံးနိုင်မယ့် အလားအလာတွေကို[br]အခုမှ စတင်စူးစမ်းနေတုန်းပါ။ 0:12:42.176,0:12:45.008 ရှိနေကြတာကို ကျွန်တော်တို့ သိခဲ့ကြပေမဲ့[br]အခုထက်ထိ မြင်မရနိုင်ခဲ့တဲ့ 0:12:45.008,0:12:48.564 ရုပ်ပိုင်း ဖြစ်စဉ်များကို ကျွန်တော်တို့ အနေနဲ့[br]ကြည့်ရှုခွင့် ရလာပါတော့မယ်။ 0:12:48.564,0:12:49.768 ဒါက ကျွန်တော်တို့ရဲ့ အဖွဲ့ပါ။ 0:12:49.768,0:12:52.647 ကျွန်တော် ဒီနေ့ ပြသခဲ့တာတွေဟာ[br]ဒီမှာ မြင်ရတဲ့ မဟာအဖွဲ့ကြီးရဲ့ 0:12:52.647,0:12:54.838 လက်တွဲလုပ်ကိုင်အားထုတ်မှုရဲ့[br]ရလဒ်တွေပါ၊ 0:12:54.838,0:12:58.005 ကျွန်တော်တို့ ခင်ဗျားတို့အားလုံးကို[br]ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို 0:12:58.005,0:12:59.451 ဝင်ကြည့်ကြပါ၊ စမ်းကြည့်ကြပါ၊ တိုက်တွန်းချင်ပါတယ်၊[br]သေးနုပ်တဲ့ လှုပ်ရှားမှုများရဲ့ 0:12:59.451,0:13:02.423 ကမ္ဘာကြီးအား စူးစမ်းမှုထဲ[br]လက်တွဲပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ 0:13:02.423,0:13:04.048 ကျေးဇူးတင်ပါတယ်။ 0:13:04.048,0:13:05.302 (လက်ခုပ်သံများ)