ကိုလံဘီယာရဲ့ မြောက်ပိုင်း အပူပိုင်းသစ်တောတွေထဲက မြေပြင် အထက်မြင့်မြင့်မှာ သူ့မိသားစုနဲ့ နေထိုင်နေတဲ့ Shakira ကို သင်တွေ့ရမှာပါ။ စကားပြောခြင်းကို ခုံမင်တဲ့ ခေါင်းမွေးစုတ်ဖွား မျောက်ကလေးတစ်ကောင်ပါ။ ပြောတာက "ဟယ်လို"တဲ့။ ဒါကို သင် သဘောမပေါက်လောက်ပေမဲ့ ဒီတစ်ပေါင်သားမျောက်ဟာ တကျိကျိအသံတွေနဲ့ လေချွန်သံမျိုးစုံကို အခြေခံထားတဲ့ ထင်ရှားတဲ့ ခေါ်သံ ၃၈ မျိုးပါတဲ့ အလွန် ဆန်းပြားတဲ့ ဘာသာစကားတစ်ခုနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်။ သူပေးတဲ့ တုံ့ပြန်မှုကို "B chirp" လို့ သိကြတယ်၊ လူသားတွေကို မကြာခဏ ဦးတည်တဲ့ ခေါ်သံတစ်သံပါ။ Shakira ဘာသာစကားရဲ့ ခက်ခဲနက်နဲမှုကို အရသာခံဖို့ တကျိကျိအသံနဲ့ လေချွန်သံ အနည်းငယ်ကို လေ့လာပြီး ဒါတွေရဲ့ ပေါင်းစပ်မှုတွေက သဒ္ဒါကျကျ တည်ဆောက်ထားတဲ့ အစီအစဉ်တွေ ဖြစ်ပေါ်ပုံကို စစ်ဆေးကြည့်ရအောင်။ နှုတ်ဆက်ဖို့ Shakira သုံးတဲ့ တကျကျိအသံဟာ ကြိမ်နှုန်းတစ်ခုတည်းရှိတဲ့ ဝဏ္ဏတွေလို့ သိကြတဲ့ ခေါ်သံ အမျိုးအစား တစ်ခုကနေ လာတာပါ။ ဒီအမျိုးအစားက အချိန်တိုခေါ်သံ ( သို့) တကျိကျိသံနဲ့ စူးဝါးသံ၊ ကျီကနဲအသံလို အချိန်ရှည် ခေါ်သံတွေသံတွေနဲ့ ဖွဲ့စည်းထားတာပါ။ သံရင်း အမြင့်၊ အချိန်၊ ထိပ်ဆုံး ကြိမ်နှုန်းနဲ့ ကြိမ်နှုန်းပြောင်းလဲမှုကနေ ခွဲထားတဲ့ တကျိကျိသံ ရှစ်မျိုးရှိတယ်လို့ သုတေသီတွေ သတ်မှတ်ထားတယ်။ ဒါ့အပြင် တကျိကျိသံတိုင်းဟာ ကိုယ်ပိုင် ထူးခြားတဲ့ အနက်ရှိတယ်။ ဥပမာ Shakira ရဲ့ "C chirp"ကို သူအစာကို ချဉ်းကပ်တဲ့အခါ အသုံးပြုပေမဲ့ "D chirp" ကိုတော့ လက်ထဲမှာ အစာရှိတဲ့အခါမှသာ အသုံးပြုတယ်။ တစ်ခုတည်းသော လေချွန်သံတွေက ခေါ်သံ တစ်သံစီနဲ့ထူခြားတဲ့ ရည်ရွယ်ချက်ကိုပါ ပြကာ တကျိကျိသံ ရှစ်မျိုးရှိသလို လေချွန်သံ ငါးမျိုးရှိတယ်။ ကြိမ်နှုန်း နိမ့်မြင့်ကို အခြေခံတဲ့ တစ်ခုတည်းသော လေချွန်သံတွေကို လေးမျိုး ထပ်ခွဲခြားထားတယ်။ တကျွိကျွိသံတွေ၊ ကနဦး နိမ့်မြင့် လေခွန်သံတွေ၊ အဆုံးမှာ နိမ့်မြင့် လေချွန်သံတွေနဲ့ နိမ့်တဲ့ လေချွန်သံတွေပါ။ ထူးခြားတဲ့ ရည်ရွယ်ချက်ရဲ့ ဘာသာစကား အရည်အသွေးကို ကနဦး နိမ့်မြင့် လေချွန်သံတွေရဲ့ အမျိုးအစားနဲ့ ထူးခြားစွာ သာဓကဆောင်ထားတယ်။ ဒီလေချွန်သံတွေက အခြားသော သူ့မိသားစုဝင်နဲ့ Shakira ရဲ့ အနီးအဝေးအပေါ် မူတည်ပြောင်းလဲတယ်။ Shakira သူ့မိသားစုတွေကနေ .၆ မီတာ ထက် ပိုဝေးတဲ့ နေရာမှာဆိုရင် သူဟာ ကနဦး နိမ့်မြင့် လေချွန်သံကြီး တစ်ခုကို အသံပြုမယ်။ ဒါပေမဲ့ မိသားစုနဲ့ .၆ မီတာ မရှိတဲ့ နေရာမှာဆိုရင် ကနဦး နိမ့်မြင့် လေချွန်သံလေးတစ်ခုကို အသံပြုမယ်။ အခုသိခဲ့တာက တကျိကျိသံနဲ့ လေချွန်သံတချို့ပါ။ Shakira က တိုတောင်းတဲ့ သူ့ဘဝတစ်နေ့တာဆီ ဒီခေါ်သံတွေနဲ့ သင့်ကို ခေါ်သွားရင်း ကြွားချင်တယ်။ တစ်နေ့တာရဲ့ ပထမဆုံးအစာအတွက် ကျွေးမွေးရေး အပင်တစ်ပင်ဆီ ဦးတည်ရင်း သူပြောတာ ( မျောက်သံ) စိတ်လက်အေးချမ်းတဲ့ စူးစမ်းမှုတွေမှာ မကြာခဏ အသုံးအများဆုံး ခေါ်သံပါ။ သို့ပေမည့် ရုတ်တရက် သိမ်းငှက်တစ်ကောင်ရဲ့ အရိပ်ကို သူ မြင်သွားတယ်။ သတိပေးချက်အတွက် "E chirp" သံပါ။ ဒီခေါ်သံက ရန်သူရှိနေတာကို သူမိသားစုကို သတိပေးတာဖြစ်ပြီး Shakira ဟာ အတွင်းဘက်ကိုင်း တစ်ကိုင်းရဲ့ လုံခြုံရာဆီ ခုန်လိုက်တယ်။ ဘေးကင်းနေပုံရတော့ Shakira ဟာ သူ့အဖေဆီကို ဦးတည်သွားတယ်။ နေဦး၊ နေဦး၊ အဲဒါ ဘယ်သူလဲ။ ဒါက သူ့ရဲ့မောင်လေး Carlos ပါ။ ခေါင်းမွှေးဖွား မျောက်တွေဟာ မကြာခဏ လုံးထွေးကစားရင်း တကျွိကျွိလုပ်တယ်။ အိုး၊ သူ ကစားတာက နည်းနည်း ကြမ်းလွန်း တော့ Shakira က စူးစူးရှရှအော်တယ်။ သူ့ကို ကူညီဖို့ မိဘတွေကို သတိပေးတာပေါ့။ သူ့အဖေက လိမ့်နေတဲ့ အမွေးလုံး တစ်လုံးဆီလာတော့ သူ့မောင်လေးက ရပ်လိုက်တယ်။ Shakira က ခါလိုက်ပြီး၊ သူ့ခေါင်းပေါ်က အမွေးကို အနောက်ရောက်ဖို့ သူ့ကိုယ်သူ ကုတ်ခြစ်လိုက်တယ်။ ဒီနောက် Shakira ဟာ နောက်ထပ် မရင်းနှီးတဲ့ မျောက်ကလေးတွေကို မြင်မိပြီး သူတို့ရဲ့ သာမန် ခေါ်သံရှည်ကို ကြားတယ်။ သူ မိသားစုဘက်ကို လှည့်လိုက်တယ်။ (မျောက်သံ) ကြားမိလိုက်လား။ ပထမ တကျိကျိသံ၊ နောက်တော့ လေချွန်သံ တစ်သံပါ။ ဒါက စကားသံ ပေါင်းစပ်မှုလို့ သိကြတဲ့ တကျိကျိတစ်သံနဲ့ လေချွန်သံ တစ်သံပါတဲ့ ပုဒ်စုတစ်ခုပါ။ သတင်းစကားတစ်ခု ပို့ဆောင်ဖို့ ခေါ်သံနှစ်သံကို တွဲသီထားတာပါ။ ဒီအစိတ်အပိုင်းနှစ်ခုရဲ့ ပေါင်းစပ်မှုက အခြားအုပ်တစ်ခုရှိနေတာကို သူ့မိသားစုကို သတိပေးတာပါ။ "F chirp" က သူတို့ရှိတဲ့ အကွာအဝေးပါ။ သာမန် ခေါ်သံရှည် လေချွန်သံပါ။ တစ်နည်းပြောရရင် Shakira ဟာ ဝါကျတစ်ကြောင်း ပြောလိုက်တာပါ။ သူ့ရဲ့ ရိုးရှင်းတဲ့ သရုပ်ပြမှုက အကင်းလေးပဲရှိသေးတာပါ။ သူ့မှာ လျှာလိပ်သံတွေ၊ ဆက်တိုက်မြည် သံတွေ၊ လေချွန်ခေါ်သံမျိုးစုံနဲ့ နောက်ထပ် ပေါင်းစပ် စကားသံတွေနဲ့ တကျွိကျွိသံတွေတောင်ရှိတယ်။ သို့ပေမည့် ဝမ်းနည်းစရာက သူပြောဖို့လိုတာတိုင်းကို ကျွန်မတို့ မကြားနိင်လောက်တာပါ။ အထက်မြင့်ဆီက တကျိကျိတေးသွားတွေနဲ့ အတူ ရောစပ်နေတာက သစ်ခုတ်ဓားနဲ့ ခုတ်ပိုင်းနေတဲ့ သစ်ပင်တွေရဲ့ အဆက်မပြတ် တဒုတ်ဒုတ်မြည်သံပါ။ ကိုလံဘီယာက Shakira ရဲ့ နေထိုင်ရာဟာ တစ်ပိုင်းချင်း ခုတ်လှဲခံနေရပြီး ကာကွယ်ဖို့ မလုပ်ကြဘူးဆိုရင် အရေးပေါ် ဘေးသင့် ခေါင်းမွှစုတ်ဖွား မျောက်ကလေးဟာ ကျွန်ုပ်တို့ ဘဝတာအတွင်းမှာ မျိုးသုဉ်းသွားတော့မှာပါ။ မျောက်တစ်ကောင်မှ နောက်အကောင်ဆီ တကျိကျိသံဟာ အပျင်းပြေ အာလာပသလ္လာပထက် ပိုတယ်လို့ သက်သေပြထားတယ်။ ရှာဖွေဖော်ထုတ်ဖို့ ကျန်သေးတာကို စိတ်ကူးကြည့်ပါ။ နောက်ထပ် Shakira ပြောပြနိုင်သေးတာကို စိတ်ကူးကြည့်ပါ။