လူအနည်းငယ်က ကမ္ဘာကို ဩဇာလွှမ်းခဲ့ကြပြီး ယနေ့တွေးခေါ်ပညာရှင် အများက Plato လိုတွေပါ။ အနောက်တိုင်းဒဿန အားလုံးဟာ Plato ရဲ့ အောက်ခြေမှတ်ချက် အစဉ်အတန်းတစ်ခုအဖြစ် သရုပ်ဖော်ဖို့ အထိ တောင် တာသွားခဲ့တဲ့ ၂၀ ရာစု ဒဿနပညာရှင်ပါ။ ပထမဆုံး အနောက်တိုင်း တက္ကသိုလ်ကို ဖန်တီးခဲ့ပြီး Aristotle အပါအဝင် ရှေးဟောင်း ဂရိရဲ့ အတော်ဆုံး ပညာရှင်တွေ အတွက် ဆရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒဿနိကဗေဒ တည်ထောင်သူတွေထဲက တစ်ဦးကတောင် ပြီးပြည့်စုံခဲ့တာ မဟုတ်ဘူး။ ကြီးကျယ်တဲ့ စိတ်ကူးတွေနဲ့အတူ Plato မှာ အချိန်ကာလရဲ့ စမ်းသပ်မှုကို အံကိုက် ကြံ့ကြံ့မခံတဲ့ အနည်းငယ်ရှိခဲ့တယ်။ ဒီမှာက Plato ရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အတွေးအခေါ် အနည်းငယ်ရဲ့ အကျဉ်းချုပ်ပါ။ မပြည်စုံတဲ့ ကမ္ဘာကြီးအလွန်မှာ သဏ္ဌာန်တွေရဲ့ ပြည်စုံပြီး မပြောင်းလဲတဲ့ ကမ္ဘာတစ်ခုရှိတယ်လို့ Platoက ဆွေးနွေးငြင်းခုံခဲ့တယ်။ သဏ္ဌာန်တွေက ကျွန်ုပ်တို့ ဝန်းကျင်မှာရှိတဲ့ အရာတွေ၊ အယူအဆတွေရဲ့ စံပြ ပုံစံကွဲတွေပါ။ ကျွန်ုပ်တို့ ကိုယ်ပိုင်ကမ္ဘာအတွက် လမ်းညွန် လက်စွဲတစ်ခုလို အသုံးဝင်တယ်။ သဏ္ဌာန်တွေရဲ့ ကမ္ဘာကို ပတ်ပြီး မျောလွင့်နေတာက စံပြသစ်ပင်ပါ။ စံ YouTube လိုင်းဖြစ်ပြီး စံပြ တရားမျှတမှု (သို့) စံပြ အချစ်တောင် ဖြစ်တယ်။ ကျွန်ုပ်တို့ ကိုယ်ပိုင် ဒိဋ္ဌအဖြစ်က စံပြ သဏ္ဌာန်တွေရဲ့ပုံတူတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒဿနပညာရှင်တွေဟာ လှည့်စားတဲ့ ဒိဋ္ဌအဖြစ်ကို ပိုကောင်းကောင်း လမ်းပြနိုင်အောင် ပြီးပြည့်စုံတဲ့ သဏ္ဌာန်တွေကို ဆင်ခြင်ကြည်ပြီး နားလည်ဖို့အားထုတ်သင့် တယ်လို့ Plato က ဆွေးနွေးငြင်းခဲ့တယ်။ ဒါဟာ မိုက်မဲပုံရပေမဲ့ ကမ္ဘာက ထင်ရဟန်ရှိတာနဲ့ ၎င်းနောက်ကွယ်က ပိုကြီးမားတဲ့ အမှန်တရားကြားက အစီအစဉ်မကျမှုဟာ ဒဿနပညာရဲ့ ဖြေရှင်းရအခက်ဆုံး ပြဿနာတွေထဲက တစ်ခုပါ။ ဒါက ဘာသာရေး စူးစမ်းလေ့လာသူ၊ ဒဿန ပညာရှင်တွေ၊ ဇာတ်ညွှန်းဆရာလို လူတွေရဲ့ ထောင်ချီတဲ့ စာမျက်နှာတွေရဲ့ အကြောင်းအရာဖြစ်နေပြီ။ ဒါက အာရုံအသိတွေ အမှန်ဖြစ်လာတယ်လို့ ယုံသင့်လားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်တယ်။ (သို့) ကိုယ်ပိုင် ဆင်ခြင်မှုပေါ့။ Plato အတွက် ဆင်ခြင်မှုဟာ အဖြေပါ။ ၎င်း တစ်ခုတည်းကသဏ္ဌာန်တွေကို ဆင်ခြင်ဖို့ အနည်းဆုံး စွမ်းအားနဲ့ ထောက်ပံ့ပေးတယ် ဒါပေမဲ့ ဆင်ခြင်မှုဟာ Plato ကိုယ်တိုင်အတွက် အမြဲ အခြေအနေ မပေးဘူး။ တိရစ္ဆာန်တွေကြားမှာ လူသားကို ထားရှိဖို့ သူကြိုးစားတဲ့အခါ သူက ငှက်တွေနဲ့ ကျွန်ုပ်တို့ကို ပေါင်းရုံးလိုက်တယ်။ "အမွှေး၊ အတောင်မဲ့ ခြေနှစ်ချောင်း သတ္တဝါတွေ" က သူ့ရဲ့ တရားဝင် သတ်မှတ်မှုပါ။ Diogenes the Cynic က ဒီအနက်ဖွင့်ဆိုချက်ကို မခံမရပ်နိုင်ဖြစ်ပြီး Plato ရဲ့ အတန်းထဲကို အမွှေးနှုတ်ထားတဲ့ ကြက်နဲ့အတူ ဒေါနဲ့မောနဲ့လာကာ ကြေညာတာက "ကြည်ကြပါ၊ ဒါဟာ Plato ရဲ့ လူသားပါ"တဲ့။ ဒါပေမဲ့ အတွေးအခေါ်ကောင်း တချို့ကို ကြည့်ရင် Plato ဟာ မှတ်တမ်းမှာ အစောဆုံး နိုင်ငံရေး သဘောတရား ပညာရှင်တွေထဲကတစ်ဦး Aristotle နဲ့အတူ နိုင်ငရေး သိပ္ပံကို တည်ထောင်သူတွေထဲက တစ်ဦးအဖြစ် မြင်ရတယ်။ အုပ်ချုပ်သူတစ်ဦးဖြစ်ခြင်းဟာ လက်မှုပညာ တစ်ခုနဲ့ ဘာမှ မခြားဘူးလို့ တွေးဆခဲ့တယ်။ အိုးထိန်းသည် (သို့) ဆရာဝန်ဖြစ်ဖြစ် လက်မှုအတတ်ကို ကျွမ်းကျင်သူထားသူလျှင် ဦးဆောင်ဖို့ သင့်တော်တယ်။ အုပ်ချုပ်ရေးဟာ သဏ္ဌာန်တွေကို ဆင်ခြင်ကြည့်ခြင်းရဲ့ လက်မှုပညာပါ။ Republic မှာ တရားမျှတမှုက အန္တိမ ပန်းတိုင် ဖြစ်ရာ စိတ်ကူးယဉ်လောကကို စိတ်ကူးတယ်။ Plato ရဲ့စံပြမြို့တော်က သီးခြားးအပိုင်းတွေ ကြားက သဟဇာတဖြစ်တဲ့ ဟန်ချက်ကို ရှာဖွေကာ ဒဿနပညာရှင် ဘုရင်တစ်ပါးက ဦးဆောင်လိမ့်မယ်။ သူ့ခေတ်မတိုင်မီ နှစ်ထောင်ချီက ဒီစံပြ မြို့တော်မှာ အမျိုးသမီးတွေဟာ တန်းတူ အုပ်ချုပ်နိုင်တယ်လို့လည်း ဆင်ခြင်ခဲ့တယ်။ ကံဆိုးချင်တော့ Plato ဟာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တစ်သတ်မှတ်တည်း မဖြစ်ခဲ့ဘဲ အခြားနေရာမှာ သူတို့ကို ကလေးတွေနဲ့ ပုံခိုင်းတာပါ။ အမျိုးသမီးတစ်ဦးရဲ့ သားအိမ်ဟာ သူ့ကိုယ်ထဲမှာ လျှောက်သွားပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့သက်ရှိ သတ္တဝါ တစ်ကောင်လို့လည်း သူ ယုံကြည်ခဲ့တယ်။ Plato ရဲ့ အခြားခေတ်ပြိုင်တွေ ထောက်ခံတဲ့ ဒါ ဆိုးဝါးတဲ့ အတွေးအခါ်ဟာလည်း ဝမ်းနည်းစွာပဲ ဥရောပ ဆေးပညာမှာ နှစ်ရာချီကာ ဩဇာလွှမ်းခဲ့တယ်။ ဒါ့အပြင် လူမှုအဖွဲ့အစည်းကို အုပ်စုံ သုံးစု ပိုင်းခြားသင့်တယ်လို့ သူ တွေးခဲ့တယ်။ ထုတ်လုပ်သူတွ​ေ၊ စစ်တပ်နဲ့ အုပ်ချုပ်သူတွေဖြစ်ပြီး ဒီ မြင့်မြတ်တဲ့ မဟာ မုသားက လူတိုင်းကို ဒီတည်ဆောက်ကို လိုက်နာဖို့ အယုံသွင်းမယ်း သူတင်ပြတဲ့ မြင့်မြတ်တဲ့ မုသားက ကျွန်ုပ်တို့အားလုံးဟာ စိတ်ဝိဉာဉ်တွေထဲမှာ ရွေ၊ငွေ (သို့) ကြေးနဲ့ သံအရောနဲ့ မွေးဖွားခဲ့တယ်။ ဒါက ဘဝရဲ့ စည်းမျဉ်တွေကို သတ်မှတ်ပေးတယ်တဲ့။ တချို့ တွေးခေါ်ပညာရှင်တွေက ဒီမြင့်မြတ်တဲ့ မုသား အယူအဆကို ၂၀ ရာစု ဝါဒဖြန့်မှု ရှေ့ပြေးနဲ့ ဒါတွေကို အသုံးပြုတဲ့ အာဏာရှင်တွေအတွက် စေ့ဆော်မှု အဖြစ် ဒဿနပညာရှင် ဘုရင်အဖြစ် ယုံကြည်လက်ခံဖို့ အားပေးကြတယ်။ ဆိုးတဲ့ အတွေးတချို့က သမိုင်းထဲက အကြီးကျယ်ဆုံး ဒသနပညာရှင်တစ်ဦး Plato ရဲ့ ဂုဏ်ဒြပ်ကို မှေးမှိန်သင့်လား။ မဟုတ်ပါ။ Plato ဟာ သူ့နောက်ပေါ်လာတဲ့ ခေါင်းဆောင်တွေ၊ အတွေအခေါ်ရှင်တွေကို စဖို့ တစ်နေရာပေးတယ်။ ရာစုနှစ်တွေ ကျော်လွန်ကာ ဒီအတွေးအခေါ်တွေကို ရေးသားခြင်းနဲ့ အတွေ့အကြုံကနေ စမ်းသပ်ခွင့် ရခဲ့ပြီး အခြားအရာတွေကို ပယ်ချပေမဲ့ တချို့ကို လက်ခံထားကြတယ်။ ခေတ်သစ်ကမ္ဘာရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်လာပြီဖြစ်တဲ့ သူ့အတွေးအခါ်တွေကို ကျုပ်တို့ဟာ ဆက်လက် သန့်စင်၊ ပြင်ဆင်တည်းဖြတ်နေရတုန်းပါ။