အကယ်၍များ မဟူရာ ညကောင်းကင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်၊
သင်ဟာ ကြယ်တွေကို တွေ့မြင်ရပါတယ်။
ဒီထက်ပိုပြီး ဝေးဝေးကြည့်လိုက်မယ်ဆိုရင်တော့ ၊ပိုပြီးများပြားတဲ့ ကြယ်တွေကိုတွေ့တာပေါ့။
နောက်ထပ်ဝေးဝေးဆိုရင်၊ ကြယ်စင်တွေ၊ နောက်ဝေးဝေးဆိုရင်၊ ပိုပြီးမျာပြားတဲ့ ကြယ်စုတွေကိုတွေ့ရမှာပေါ့။
ဒါပေမယ့် ဝေးသထက်ဝေး၊ ဝေးပြီး ဆက်ကြည့်နေဦးမယ်ဆိုရင်တော့
နောက်ဆုံးမှာ အတော်ကြာကြာ အချိန်ထိ ဘာမှတွေ့ရတော့မှာမဟုတ်ဘူး။
ဒီနောက်မှာတော့ နောက်ဆုံးအနေနဲ့ ခပ်ဖျော့ဖျော့ အလင်းမှိန်မှိန်လေးတစ်စကို တွေ့ရတာပေါ့။
ဒါဟာဆိုရင် မဟာပေါက်ကွဲမှုကြီးရဲ့ လက်ကျန်အလင်းတန်းပဲပေါ့။
ကဲ၊ မဟာပေါက်ကွဲမှုကြီးဆိုတာက စကြာဝဠာရဲ့ အစောပိုင်း ကာလတုန်းက
ကျွန်တော်တို့တွေ မဟူရာ ညကောင်းကင်မှာ မြင်ရတဲ့ မယုံနိူင်လောက်အောင်ကို သေးငယ်ကျုံ့ဝင်နေခဲ့လို့
မယုံနိူင်လောက်အောင်ကို ပူလောင်၊
မယုံနိူင်လောက်အောင်ကို လုံးချောနေတဲ့ အစိုင်အခဲတစ်ခု၊ နောက်ပြီးတော့
ကျွန်တော်တို့ တွေမြင်နေရတာက အဲဒီကနေပြီး ပြန့်ကျဲထွက်လာတာတွေပေါ့။
ကဲအခုတော့ အဲဒီအလင်းဖျော့ဖျော့လေးကို ကျွန်တော်တို့
အင်မတန်ကို တိကျမှုနဲ့ မြေပုံထုတ်လိုက်ပါပြီ။
ကျွန်တော်က "ကျွန်တော်တို့"လို့ပြောလိုက်ပေမဲ့ ဆိုလိုတာက ကျွန်တော်မဟုတ်တဲ့ သူတွေကိုပါ။
ကျွန်တော်တို့ ဒီအလင်းဖျော့ဖျော့လေးကို
အံ့မခန်းဖွယ်ရာ တိကျမှုနဲ့ မြေပုံထုတ်လိုက်ပြီး၊
အံ့သြတုန်လှုပ်ဖွယ်ရာတွေထဲက တစ်ခုကတော့ ။
ဒါဟာ လုံးဝနီးပါးကို တစ်ပုံစံတည်း ရှိနေခြင်းပါပဲ
ဟုဖက်ကို အလင်းနှစ် ဆယ်လေး ဘီလီယံ
ဒီဖက်ကို အလင်းနှစ် ဆယ်လေး ဘီလီယံ
လိုကြည့်လိုက်ရင်၊
အပူချိန်က အတူတူပါပဲ။
မဟာပေါက်ကွဲမှုကြီး ဖြစ်ကတည်းက ဆိုတော့
နှစ်ပေါင်း (၁၄) ဘီလီယံ ရှိပြီဆိုတော့
အခုတော့ အရောင်မှိန်ပြီး၊ အေးစက်လာတာပေါ့။
အခုဆို အပူချိန်က ၂.၇ ဒီဂရီပါ။
ဒါပေမယ့် ၂.၇ ဒီဂရီ အတိအကျတော့ မဟုတ်ဘူး။
၂.၇ ဒီဂရီဝန်းကျင်မှာ
တစ်သန်းရဲ့ (၁၀)ပိုင်းလောက် ကစားနေတာပါ။
ဟောဒီမှာတော့ မဆိုစလောက်ကလေး ပိုပူပြီးတော့
ဟောဟိုမှာတော့ မဆိုစလောက်ကလေး ပိုပြီးအေးပါတယ်။
ဒါက ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းအတွက် အလွန့့်အလွန်ကို အရေးကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းလေး ပိုပူတဲ့ နေရာမှာ
အရာတွေ နည်းနည်းလေး ပိုပြီး ပြည့်ကျပ်နေခဲ့ပြီး၊
နည်းနည်းလေး ပိုပြီး ပြည့်ကျပ်တဲ့ နေရာမှာ
ကြယ်စုတွေ၊ ကြယ်စု အစုအဖွဲ့တွေ၊ မဟာအစုအဝေးတွေနဲ့
စကြာဝဠာအတွင်းမှာ ခင်ဗျားတို့ မြင်တွေ့ရတဲ့
တည်ဆေက်ပုံတွေ အကုန်လုံး ရှိနေတာကိုး။
နောက်ပြီးတော့ ဒီသေးသေး မှုန်မှုန် ထွေလာသောင်းပြောင်းကလေးတွေ၊
တစ်သန်းမှာ အပုံ (၂၀)ဟာ
စကြာဝဋ္ဌာရဲ့ အစောပိုင်းကာလက ကွမ်တမ် စက်မှုပိုင်းဆိုင်ရာ ခါယမ်းမှုတွေကြောင့်
စကြာဝဋ္ဌာတစ်ခုလုံး အရွယ်အစားအထိ
တစ်နံတစ်လျားထိ ဖြန့်ကားသွားခဲ့ ပါတယ်။
ဒါဟာ အံ့မခန်းစရာပဲပေါ့။
နောက်ပြီးတော့ တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာ ဒါမဟုတ်ပါဘူး။
တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာ ပိုပြီး လန်းတာပေါ့။
ကဲ ဒီမှာ တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တဲ့ ဥစ္စာ။
သင့်အနေနဲ့ ခေါင်းလောင်းတစ်လုံးကို ယူပြီး၊
တူနဲ့ ခပ်ပြင်းပြင်းလေး ရိုက်ထည့်လိုက်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။
ဘာဖြစ်လာမလဲ။ အသံမြည်တာပေါ့။
ဒါပေမယ့် အကယ်၍ သင်ဟာ စောင့်ကြည့်နေရင်တော့
အဲဒီ ခေါင်းလောင်းမြည်သံဟာ
သင်မကြားရတော့တဲ့အထိကို တိုး၊ တိုးသွားတော့တာပေါ့။
ကဲ စကြာဝဠာ အဦးအစက မယုံနိူင်လောက်အောင်ကိုပဲ သိပ်သည်းခဲ့တာပေါ့။
သတ္တုထည် တစ်ခုလိုပေါ့၊ ပိုပြီးသိပ်သည်းတဲ့ အနေအထားပါ။
ထုနှက်လိုက်ရင်၊ အသံမြည်မှာပေါ့။
ဒါပေမယ့် မြည်သံက
ဟင်းလင်းပြင်နဲ့ အချိန်ဆက်စပ်မှုသဘော သက်သက်ဖြစ်ပြီးတော့
တူကတော့ ကွမ်တမ် မက္ကင်းနစ် လှုပ်ရှားမှုပေါ့။
တနင်္လာနေ့တုန်းက သူတို့ တွေ့ရှိခဲ့တာဟာ
စကြာဝဠာ အဦးအစက ဟင်းလင်းပြင်နဲ့
အချိန်ဆက်စပ်မှုသဘောရဲ့ သက်သေခံအထောက်အထား မြည်သံပါ။
ကျွန်တော်တို့တွေကတော့ မူလအရင်းခံ ခေတ်က
ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေလို့ ခေါ်ကြပါတယ်။
သူတို့တွေ့ရှိပုံကို ပြောချင်ပါသေးတယ်။
ဒီလှိုင်းတွေဟာဆိုရင် မှေးမှိန်သွားခဲ့တာကြာလှပေါ့။
သင်လမ်းလျှောက် ထွက်ရင်တော့
သင်ဟာ ခါယမ်းမနေပါဘူး။
အာကာသထဲမှာရှိတဲ့ ဒီလှိုင်းတွေကို တကယ်လက်တွေ့တွင်
လိုအပ်ချက်တွေအားလုံး အတွက်တော့ လုံးဝက ိုမမြင်ရဘူးဖြစ်နေတယ်။
ဒါပေမယ့် အစပိုင်းတုန်းက စကြာဝဋ္ဌာက
နောက်ဆုံး အလင်းတန်းဖျော့ဖျော့ ကိုဖြတ်သန်းနေစဉ်ကတော့
ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေက
ကျွန်တော်တို့မြင်နေရတဲ့ အလင်းတန်းတွေရဲ့
တည်ဆောက်မှုထဲမှာ အလိပ်အခွေလေးတွေ ထသွားစေခဲ့ပါတယ်။
ဒါကြောင့် မဟူရာ ညကောင်းကင်ကို နက်သထက်နက်နဲအောင် စိုက်ကြည့်ခြင်းအားဖြင့်
တကယ်တမ်းမှာ ဒီပုဂ္ဂိုလ်တွေဟာ တောင်ဝင်ရိုးစွန်းမှာ သုံးနှစ်ကြာအောင်ကိုပဲ
အအေးစက်ဆုံး၊ အကြည်လင်ဆုံး၊ သန့်ရှင်းနိူင်သမျှ အသန့်ရှင်းဆုံး လေထုကို ဖြတ်သန်းကာ
စူးစူးစိုက် ကြည့်နေခဲ့ကြပြီး၊
ညရဲ့ကောင်းကင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကြည့်ရင်းနဲ့
ဒီအလင်းတန်းကို လေ့လာနေခဲ့ကြတယ်၊
ကမ္ဘာမြေဆွဲအားဆိုင်ရာ လှိုင်းတွေ၊ စကြဝဠာ အဦးအစရဲ့
မြည်သံ စတာတွေရဲ့သင်္ကေတ၊ နိမိတ် တွေဖြစ်တဲ့
မှိန်ဖျော့ဖျာ့ အလိမ်အတွန့်တွေကို ရှာဖွေနေခဲ့ ကြတာပေါ့။
ဒီလိုနဲ့ တနင်္လာနေ့မှာတော့ သူတို့ ဒါကိုတွေ့ ပြီလို့
ကြေညာလိုက်တော့တာပေါ့။
ဒါနဲ့ အံ့သြစရာကောင်းပေမဲ့ ကျွန်တော့ အတွက်
ခမ်းနားကြီးကျယ်တဲ့ အရာကတော့ မြည်သံချည်း သက်သက်တော့ မဟုတ်ပါဘူး။
လုံးဝကို တအံ့တသြ ဖြစ်စေတာကတော့
ဒီစင်မြင့် ပေါ် ကျွန်တော်ရောက်နေရတဲ့ အကြောင်းအရင်းက၊ စကြာဝဠာ အစပိုင်းနဲ့ပတ်သက်ပြီး
ကျွန်တော်တို့ကို တစ်စုံတစ်ရာ နက်နက်နဲနဲ ပြောပြတဲ့ အရာကိုပါ။
ဒါက ကျွန်တော်တို့ကိုပြောပြတာက ကျွန်တော်တို့ နဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
မြင်တွေ့ရတဲ့ အရာရာတိုင်းဟာ
အရင်းခံအားဖြင့် လေဖူဖောင်းကြီး တစ်လုံးပဲဖြစ်ပါတယ်ဆိုတာပါ။
နောက်ပြီး ဒါက ဖောင်းပွခြင်း အယူအဆပါပဲ။
ပူဖောင်းကြီးတစ်လုံးကို အခြားတစ်စုံတစ်ခုက ဝန်းရံထားတာပါ။
ဒါက ဖောင်းပွခြင်းအတွက် ပြည့်စုံခိုင်လုံတဲ့ အထောက်အထားတော့ မဟုတ်ဘူးပေါ့။
ဒါပေမယ့် ဖောင်းပွခြင်း မဟုတ်တဲ့ ဘယ်ရှင်းပြချက်ဟာမဆို
ဒီလိုပဲ တစ်ထပ်တည်း ဖြစ်ရမှာပါ။
လောလောဆယ်မှာတော့ ဒါက
သီအိုရီတစ်ခု၊ ယူဆချက်တစ်ခု ဖြစ်နေပါပြီ။
ကျွန်တော်တို့ ဒါကို တွေမြင်ရလိမ့် မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။
ခိုင်မာတဲ့သက်သေ အထောက်အထားကို ဘယ်တော့မှာမှ တွေ့ရမှာမဟုတ်ဘူးလို့
ထင်စရာ အကြောင်းရင်းတွေ ရှိခဲ့ပေမဲ့၊ ဒါက ခိုင်မာတဲ့ အထောက်အထားပဲပေါ့။
ဒါပေမယ့် တကယ်ကိုပဲ ရူးမိုက်တဲ့ အယူအဆကတော့ ကျွန်တေ်တို့ရဲ့ လေဖူပေါင်းက
ဒိထက်ကို အမျာကြီးပိုကြီးတဲ့ လေဖူဖောင်းကြီးထဲမှာ တည်ရှိနေတာပါ၊
စကြာဝဋ္ဌာကြီးရဲ့ လိမ့် နေတဲ့အိုးကြီတစ်လုံးပေါ့။
ကျွန်တေ်တို့ ဒီအရာကို အပြင်ဘက်ကနေပြီး ဘယ်တော့မှ တွေ့ မြင် မရနိုင်ပါ။
ဒါပေမယ့် တောင်ဝန်ရိုးစွန်းကိုသွား၊ သုံးနှစ်လောက် အချိန်ကုန်ခံပြီး
မဟူရာ ညကောင်းကင်ရဲ့တည်ဆောက်ပုံတွေကို အသေးစိပ် လေ့လာ ခြင်းဖြင့်သာ
ကျွန်တော်တို့ဟာ ဒီလိုမျိုး စကြာဝဠာကြီးမျိုးပုံ ပေါက်ကောင်းပေါက်နေတဲ့
အရာဝတ္တုကြီးထဲမှာပါ ဆိုတာကို ကျွန်တေ်တို့ ပုံဖော်လို့ ရနိူင်ပါလိမ့် မယ်။
ဒါကမှ ကျွန်တော့ကို အံ့သြစေတာပါ။
ကျေးဇူတင်ပါတယ်။
(လက်ခုပ်သံများ)