နှစ်ပေါင်း ၁၀၀ ကျော်လုံးလုံး ဖုန်းကုမ္ပဏီတွေဟာ အစိုးရတွေကို ကြားဖြတ် နားထောင်ဖို့ ကူညီပံ့ပိုးပေးခဲ့ကြတယ်။ ဒီကာလ တော်တော်များများမှာ ဒီအထောက်အပံ့က လက်လုပ်ပါပဲ။ စောင့်ကြည့်ခြင်းဟာ လက်လုပ်ဖြစ်ပြီး ဝါယာတွေကို လက်နဲ့ဆက်သွယ်ပါတယ်။ ခေါ်ဆိုမှုတွေကို တိပ်မှာ ဖမ်းယူတယ်။ ဒါပေမဲ့ များပြားတဲ့ အခြားလုပ်ငန်းတွေမှာလို ကွန်ပြူတာကအားလုံးကို ပြောင်းလိုက်ပါတယ် ဖုန်းကုမ္ပဏီတွေဟာ သူတို့ရဲ့ကွန်ရက်တွေရဲ့ အရမ်း အဓိက ကျတာတွေထဲမှာ စောင့်ကြည့်ရေး အင်္ဂါရပ်တွေ တပ်ဆင်လိုက်တယ်။ ဒါကို တစိတ်ကလေး စဉ်းစားမိစေလိုပါတယ်။ ခေါ်ဆိုမှုတွေကို သယ်ဆောင်တဲ့ ဖုန်းတွေနဲ့ ကွှန်ရက်တွေဟာ စောင့်ကြည့်ခြင်းအတွက် ပထမဆုံး သွယ်တန်းပါတယ်။ ပထမနဲ့ အဦးဆုံးပါပဲ။ ဒီတော့ အဓိပ္ပါယ်က ခင်ဗျားရဲ့ခင်ပွန်း၊ ကလေးတွေ၊ လုပ်ဖော်ကိုင်ဘက် ဆရာဝန်နဲ့ ဖုန်းပြောနေချိန်မှာ လူတစ်ယောက်က နားထောင်နေနိုင်တာပါ။ ကဲ အဲဒီလူက ခင်ဗျားရဲ့အစိုးရ ဖြစ်ချင်ဖြစ်မယ်၊ အခြားအစိုးရ၊ နိုင်ငံခြားထောက်လှမ်းရေး ဋ္ဌာန၊ ဟက်ကာ၊ ရာဇဝတ်သား၊ ယောင်ပြလည်း ဖြစ်နိုင်တယ်လေ။ ဒါမှမဟုတ် စောင့်ကြပ်တဲ့ စနစ်ကိုခိုးဝင်တဲ့ အခြားအဖွဲ့ ဖုန်းကုမ္ပဏီရဲ့ စောင့်ကြပ်ရေး စနစ်ကိုခိုးဝင်သူလည်း ဖြစ်နိုင်တယ်လေ။ ဖုန်းကုမ္ပဏီတွေက စောင့်ကြပ်မှုကို ဦးစားပေး တပ်ဆင်ခိုင်းပေမယ့် Silicon Valley ကုမ္ပဏီတွေက မလုပ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်ကျော်မှာ တိုးကာတိုးကာနေပြီး Silicon Valley ကုမ္ပဏီတွေက ၎င်းတို့ရဲ့ဆက် သွယ်ရေးထုတ်ကုန်တွေမှာ စောင့်ကြည့်မှုကို အလွန်အမင်း ခက်ခဲစေတဲ့ ခိုင်မာတဲ့ စာဝှက်နည်းပညာကို ရေးသွင်းကြတယ်။ ဥပမာ အတော်များများမှာ iPhone တစ်လုံး ရှိလောက်တယ် ပြီးတော့ iPhone သုံးပြီး အခြား iPhone ရှိသူတွေကိုစာတို တစ်စောင်ပို့ရင် ဒီစာတိုတွေကို အလွယ်တကူ ကြားဖြတ် ဖတ်လို့မရနိုင်ဘူး။ တကယ်တော့ Apple အဆိုအရ သူတို့ကိုယ်တိုင်တောင် စာတိုတွေကို ကြည့်လို့မရပါဘူးတဲ့။ အလားတူပဲ ကိုယ့်မိတ်ဆွေတွေ၊ အချစ်ဆုံးတွေနဲ့ အသံခေါ်ဆိုဖို့ ဒါမှမဟုတ် ဗီဒီိယိုခေါ်ဆိုမှုအတွက် Face Time ကိုသုံးရင် ဒါကိုလည်း လွယ်လွယ် ကြားဖြတ်လို့ မရနိုင်ဘူးတဲ့။ ဒါက Apple တင်မဟုတ်ပါဘူး။ Facebook ကပိုင်ပြီး တစ်ကမ္ဘာလုံးက သန်းရာချီတဲ့ လူတွေသုံးနေတဲ့ WhatApp မှာလည်း ၎င်းရဲ့ထုတ်ကုန်မှာ ခိုင်မာတဲ့ စာဝှက်ရေး နည်းပညာကို သုံးထားပါတယ်။ ဆိုလိုတာက Global South ကလူတွေဟာ သူတို့ရဲ့အစိုးရတွေ၊ မကြာခဏတော့ အာဏာပိုင်တွေ သူတို့ရဲ့စာတွေကို ကြားဖြတ်ကြည့်တာမျိုးမရှိပဲ အလွယ်တကူ ဆက်သွယ်နိုင်တာပါ။ ဒီတော့ နှစ် ၁၀၀ ကြာ ဘယ်ဖုန်းကိုမဆို အချိန်မရွေး၊ နေရာမရွေး နားထောင်နိုင်ပြီးတဲ့နောက် အစိုးရအာဏာပိုင်တွေ သိပ်မပျော်ဘူး ခင်ဗျား ထင်ကောင်းထင်လိမ့်မယ်။ တကယ်က ဒါကဖြစ်ပျက်နေပါတယ်။ အစိုးရအာဏာပိုင်တွေဟာ အင်မတန်ပဲ စိ်တ်ဆိုးကြပါတယ်။ သူတိုဟာ စာဝှက်ကိရိယာတွေကြောင့် စိတ်ဆိုးကြတာ မဟုတ်ဘူး။ သူတို့ကို စိတ်ပျက်စေဆုံးက နည်းပညာကုမ္ပဏီတွေက သူတို့ထုတ်ကုန် တွေမှာ စာဝှက်အင်္ဂါတွေ ထည့်သွင်းပြီး ဒါတွေကို အလိုလို ဖွင့်ထားလိုက်လို့ပါ။ အလိုလျောက်ကိရိယာက အရေးပါပါတယ်။ တိုတိုပြောရင် နည်းပညာ ကုမ္ပဏီတွေက စာဝှက်ကို ဒီမိုကရေစီကျအောင် လုပ်ထားပါတယ်။ ဒီတော့ ဗြိတိန်ဝန်ကြီးချုပ် David Cameron လို အစိုးရအာဏာပိုင်တွေ ယုံကြည်တာက ဆက်သွယ်ရေးအားလုံး၊ အီးမေး၊ စာတွေ၊ အသံခေါ်ဆိုမှုတွေ အကုန်လုံးကို အစိုးရတွေ သိခွင့်ရသင့်ပြီး စာဝှက်က ဒါကိုခက်အောင် လုပ်နေတာပါတဲ့။ ကဲ ကြည့်ပါတော့၊ ကျွန်တော် သူတို့ အမြင်ကိုအရမ်းကို စာနာမိပါတယ်။ ဘေးမကင်းတဲ့ ကမ္ဘာ၊ ဘေးမကင်းတဲ့ ကာလမှာ နေတာဖြစ်ပြီး အပြင်မှာက အရမ်းကိုဆိုးတဲ့ လူတွေရှိနေတယ်လေ။ အကြမ်းဖက်သမားတွေ၊ စိုးရိမ်စရာ နိုင်ငံတော်ခြိမ်းမှုတွေရှိတော့ အားလုံးဟာ FBI နဲ့ NSA ကိုစောင့်ကြည့် ပေးစေချင်တယ်လို့ သံသယဖြစ်မိတယ်။ ဒါပေမဲ့ ဒီစောင့်ကြည့်ရေး အစီအစဉ်တွေက ကုန်ကျစရိတ် ရှိပါတယ်။ ဒီအတွက် အကြောင်းပြချက်က အကြမ်းဖက်သမား လက်ပ်တော့တို့ မူးယစ်ဆေးရောင်းသူရဲ့ ဆဲလ်ဖုန်းဆိုတာမျိုး မရှိပါဘူး။ ဆက်သွယ်ရေး ကိရိယာမျိုးတူတွေပဲ အားလုံးသုံးကြတာပါ။ ဆိုလိုတာက အကြမ်းဖက်သမား ဒါမှမဟုတ် မူးယစ်ဆေး ရောင်းဝယ်သူရဲ့ ခေါ်ဆိုတာတွေကို ကြားဖြတ်လို့ရရင် ကျန်တဲ့ဟာတွေကိုရော လုပ်လို့ရတာပဲလေ။ တကယ်တမ်း မေးဖို့ လိုတယ်လို့ထင်မိတာက ကမ္ဘာတလွှားက သန်းထောင်ချီတဲ့ လူတွေဟာ ကြားဖြတ်လို့လွယ်တဲ့ ကိရိယာတွေ သုံးသင့်လား ဆိုတာပါ။ ဒီတော့ ပြလိုက်တဲ့ စောင့်ကြည့်ရေး စနစ်တွေကို နှောက်ယှက်တဲ့မြင်ကွင်း ဒါဟာ စိတ်ကူးသက်သက် မဟုတ်ဘူးနော်။ ၂၀၀၉ခုနှစ်မှာ Google Microsoft က ၎င်းတို့ ကွန်ရက်တွေမှာ တပ်ဆင်တဲ့ စောင့်ကြည့်ရေး စနစ်တွေမှာ ရဲကတောင်းခံတဲ့ ဥပဒေဆိုင်ရာ စောင့်ကြည့်မှု တွေကိုတုံ့ပြန်ဖို့ သုံးတဲ့စနစ်တွေ၊ တရုတ်အစိုးရနဲ့ အပေးအယူလုပ်ထားခဲ့တဲ့ စနစ်တွေပေါ့။ အကြောင်းက တရုတ်အစိုးရက သူတို့ရဲ့ ဘယ်သူလျှိုဘယ်ကို အမေရိကန်အစိုးရက စောင့်ကြည့်လဲ ဆိုတာ မှန်းဆချင်လို့ပါ။ အလားတူအဖြစ်လိုပဲ ၂၀၀၄ ခုနှစ်မှာ စောင့်ကြည့်ရေးစနစ်ကို Vodaphone Greece ကွှန်ရက်မှာ တပ်ဆင်ခဲ့တော့၊ Greece မှာ အကြီးဆုံး ဖုန်းကုမ္ပဏီကြီးနော် မျက်မြင်ထင်ရှားမှုမရှိတဲ့ အဖွဲ့နဲ့ အပေးအယူလုပ်ခဲ့ပြီး အဲဒီအစီအစဉ်၊ စောင့်ကြည့်ရေးအစီအစဉ်ကို ဂရိဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်အဖွဲ့ဝင်တွေ ကိုကြားဖြတ်ဖို့သုံးခဲ့ပါတယ်။ ဒါကိုလုပ်တဲ့ နိုင်ငံခြားအစိုးရ၊ ဟက်ကာတွေဟာ လုံးဝကို အဖမ်းမခံရဘူး။ တကယ်က ဒါက စောင့်ကြည့် ရေးကိရိယာတွေ၊ လျှို့ဝှက်တပ်ဆင်မှုနဲ့ ပတ်သက်ပြီး အရမ်း ပြဿနာ ဖြစ်စေပါတယ်။ ဆက်သွယ်ရေးကွန်ရက် တစ်ခု ဒါမှမဟုတ် နည်းပညာ တစ်ခုခုမှာ လျှို့ဝှက်ကိရိယာ တပ်လိုက်ရင် ဒါကိုဘယ်သူက ကြည့်တော့မယ်ဆိုတာ ထိန်းချုပ်ဖို့ နည်းလမ်းမရှိတော့ဘူး၊ ဒါကိုကိုယ့်ဘက်မှာ၊ ဒါမှမဟုတ် သူ့ဘက်မှာ သုံးမလားဆိုတာ ထိန်းချုပ်ဖို့ နည်းလမ်းမရှိတော့ဘူး၊ လူကောင်းတွေ၊ဒါမှမဟုတ် လူဆိုးတွေကပေါ့။ ဒီအကြောင်းပြချက်အတွက်နဲ့ ကွှန်ရက်တွေကို အတတ်နိုင်ဆုံး လုံခြုံအောင် တည်ဆောက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ဒါက အနာဂတ်မှာ စာဝှက်လုပ်ခြင ်းဟာ ကြားဖြတ်ယူဖို့ ပိုခက်တော့မယ်ဆိုတာပါ။ ရဲတွေဟာ လူဆိုတွေကိုဖမ်းရာမှာ ပိုခက်ခဲ တော့မယ်လို့ဆိုလိုတာပါ။ ဒါပေမဲ့ နောက်တစ်မျိုးဆိုလိုတာက တစ်ဦးဦးရဲ့ခေါ်ဆိုမှုတွေ သို့မဟုတ် စာတိုတွေကို ရာဇဝတ်သား၊ ယောင်ပြ၊ နိူင်ငံခြား ထောက်လှမ်းရေး သတင်းဋ္ဌာနတွေ စောင့်ကြည့်နေနိုင်တဲ့ ကမ္ဘာထဲမှာ နေထိုင်ဖို့ဆိုတာပါ။ ဒီလိုကမ္ဘာမျိုးမှာ မနေချင်ပါဘူးဗျာ။ ကဲဒီတော့ အခု များစွာသော အစိုးရစောင့်ကြည့်မှု အမျိုးမျိုးကို တားဆီးဖို့ ကိရိယာတွေ ခင်ဗျားတို့ ဖုန်းတွေမှာ၊ အိတ်ကပ်တွေထဲမှာ ရှိပြီးနေလောက်ပါပြီ၊ ဒီကိရိယာတွေဟာ ဘယ်လိုအားကောင်းပြီး လုံခြုံတယ် သို့မဟုတ် တကယ် ကိုယ်ဆက်သွယ်တဲ့ အခြားနည်းတွေဟာ ဘယ်လို အားနည်းတယ်ဆိုတာ သိချင်မှသိမယ်၊ ဒီတော့ ခင်ဗျားတို့ကို သိစေချင်တာကတော့ ဒီကိရိယာတွေကို သုံးဖို့လိုပါတယ်။ ဖုန်းခေါ်ဆိုမှုတွေ လုံခြုံဖို့လိုပါတယ်။ စာတိုပေးပို့မှုတွေ လုံခြုံဖို့လိုပါတယ်။ ဒီကိရိယာတွေကို သုံးစေချင်ပါတယ်။ ကိုယ်ချစ်ခင်သူတွေကို ပြောစေချင်တယ် ကိုယ့်လုပ်ဖော်တွေကို ပြောစေချင်တယ် ဒီစာဝှက်ဆက်သွယ်ရေး ကိရိယာတွေကို သုံးကြပါ။ ဒါတွေဟာ စျေးပေါလို့၊ လွယ်လို့ မသုံးတာမဟုတ်ပဲ၊ လုံခြုံမှုရှိလို့ သုံးတာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)