1 00:00:01,343 --> 00:00:03,072 နှစ်ပေါင်း ၁၀၀ ကျော်လုံးလုံး 2 00:00:03,096 --> 00:00:07,122 ဖုန်းကုမ္ပဏီတွေဟာ အစိုးရတွေကို ကြားဖြတ် နားထောင်ဖို့ ကူညီပံ့ပိုးပေးခဲ့ကြတယ်။ 3 00:00:07,146 --> 00:00:10,684 ဒီကာလ တော်တော်များများမှာ ဒီအထောက်အပံ့က လက်လုပ်ပါပဲ။ 4 00:00:10,708 --> 00:00:14,826 စောင့်ကြည့်ခြင်းဟာ လက်လုပ်ဖြစ်ပြီး ဝါယာတွေကို လက်နဲ့ဆက်သွယ်ပါတယ်။ 5 00:00:14,850 --> 00:00:16,600 ခေါ်ဆိုမှုတွေကို တိပ်မှာ ဖမ်းယူတယ်။ 6 00:00:17,334 --> 00:00:19,478 ဒါပေမဲ့ များပြားတဲ့ အခြားလုပ်ငန်းတွေမှာလို 7 00:00:19,502 --> 00:00:21,268 ကွန်ပြူတာကအားလုံးကို ပြောင်းလိုက်ပါတယ် 8 00:00:21,725 --> 00:00:24,748 ဖုန်းကုမ္ပဏီတွေဟာ သူတို့ရဲ့ကွန်ရက်တွေရဲ့ အရမ်း အဓိက ကျတာတွေထဲမှာ 9 00:00:24,772 --> 00:00:26,817 စောင့်ကြည့်ရေး အင်္ဂါရပ်တွေ တပ်ဆင်လိုက်တယ်။ 10 00:00:27,494 --> 00:00:29,474 ဒါကို တစိတ်ကလေး စဉ်းစားမိစေလိုပါတယ်။ 11 00:00:29,498 --> 00:00:33,758 ခေါ်ဆိုမှုတွေကို သယ်ဆောင်တဲ့ ဖုန်းတွေနဲ့ ကွှန်ရက်တွေဟာ 12 00:00:33,782 --> 00:00:36,155 စောင့်ကြည့်ခြင်းအတွက် ပထမဆုံး သွယ်တန်းပါတယ်။ 13 00:00:36,179 --> 00:00:37,582 ပထမနဲ့ အဦးဆုံးပါပဲ။ 14 00:00:38,763 --> 00:00:42,589 ဒီတော့ အဓိပ္ပါယ်က ခင်ဗျားရဲ့ခင်ပွန်း၊ ကလေးတွေ၊ 15 00:00:42,613 --> 00:00:46,935 လုပ်ဖော်ကိုင်ဘက် ဆရာဝန်နဲ့ ဖုန်းပြောနေချိန်မှာ 16 00:00:46,959 --> 00:00:48,445 လူတစ်ယောက်က နားထောင်နေနိုင်တာပါ။ 17 00:00:48,901 --> 00:00:51,466 ကဲ အဲဒီလူက ခင်ဗျားရဲ့အစိုးရ ဖြစ်ချင်ဖြစ်မယ်၊ 18 00:00:51,490 --> 00:00:55,653 အခြားအစိုးရ၊ နိုင်ငံခြားထောက်လှမ်းရေး ဋ္ဌာန၊ ဟက်ကာ၊ ရာဇဝတ်သား၊ 19 00:00:55,677 --> 00:00:58,504 ယောင်ပြလည်း ဖြစ်နိုင်တယ်လေ။ 20 00:00:58,528 --> 00:01:02,098 ဒါမှမဟုတ် စောင့်ကြပ်တဲ့ စနစ်ကိုခိုးဝင်တဲ့ အခြားအဖွဲ့ ဖုန်းကုမ္ပဏီရဲ့ 21 00:01:02,122 --> 00:01:06,611 စောင့်ကြပ်ရေး စနစ်ကိုခိုးဝင်သူလည်း ဖြစ်နိုင်တယ်လေ။ 22 00:01:07,834 --> 00:01:12,356 ဖုန်းကုမ္ပဏီတွေက စောင့်ကြပ်မှုကို ဦးစားပေး တပ်ဆင်ခိုင်းပေမယ့် 23 00:01:12,380 --> 00:01:14,196 Silicon Valley ကုမ္ပဏီတွေက မလုပ်ဘူး။ 24 00:01:14,523 --> 00:01:17,042 လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်ကျော်မှာ တိုးကာတိုးကာနေပြီး 25 00:01:17,066 --> 00:01:20,728 Silicon Valley ကုမ္ပဏီတွေက ၎င်းတို့ရဲ့ဆက် သွယ်ရေးထုတ်ကုန်တွေမှာ 26 00:01:20,752 --> 00:01:22,690 စောင့်ကြည့်မှုကို အလွန်အမင်း ခက်ခဲစေတဲ့ 27 00:01:22,714 --> 00:01:24,980 ခိုင်မာတဲ့ စာဝှက်နည်းပညာကို ရေးသွင်းကြတယ်။ 28 00:01:25,416 --> 00:01:27,590 ဥပမာ အတော်များများမှာ iPhone တစ်လုံး ရှိလောက်တယ် 29 00:01:27,614 --> 00:01:30,304 ပြီးတော့ iPhone သုံးပြီး အခြား iPhone 30 00:01:30,328 --> 00:01:32,505 ရှိသူတွေကိုစာတို တစ်စောင်ပို့ရင် 31 00:01:32,529 --> 00:01:35,539 ဒီစာတိုတွေကို အလွယ်တကူ ကြားဖြတ် ဖတ်လို့မရနိုင်ဘူး။ 32 00:01:35,563 --> 00:01:37,391 တကယ်တော့ Apple အဆိုအရ 33 00:01:37,415 --> 00:01:40,306 သူတို့ကိုယ်တိုင်တောင် စာတိုတွေကို ကြည့်လို့မရပါဘူးတဲ့။ 34 00:01:40,662 --> 00:01:44,528 အလားတူပဲ ကိုယ့်မိတ်ဆွေတွေ၊ အချစ်ဆုံးတွေနဲ့ အသံခေါ်ဆိုဖို့ 35 00:01:44,552 --> 00:01:47,163 ဒါမှမဟုတ် ဗီဒီိယိုခေါ်ဆိုမှုအတွက် Face Time ကိုသုံးရင် 36 00:01:47,187 --> 00:01:49,316 ဒါကိုလည်း လွယ်လွယ် ကြားဖြတ်လို့ မရနိုင်ဘူးတဲ့။ 37 00:01:49,340 --> 00:01:50,885 ဒါက Apple တင်မဟုတ်ပါဘူး။ 38 00:01:51,315 --> 00:01:53,667 Facebook ကပိုင်ပြီး တစ်ကမ္ဘာလုံးက 39 00:01:53,691 --> 00:01:56,549 သန်းရာချီတဲ့ လူတွေသုံးနေတဲ့ WhatApp မှာလည်း 40 00:01:56,573 --> 00:02:00,080 ၎င်းရဲ့ထုတ်ကုန်မှာ ခိုင်မာတဲ့ စာဝှက်ရေး နည်းပညာကို သုံးထားပါတယ်။ 41 00:02:00,104 --> 00:02:03,611 ဆိုလိုတာက Global South ကလူတွေဟာ သူတို့ရဲ့အစိုးရတွေ၊ မကြာခဏတော့ 42 00:02:03,635 --> 00:02:06,445 အာဏာပိုင်တွေ သူတို့ရဲ့စာတွေကို ကြားဖြတ်ကြည့်တာမျိုးမရှိပဲ 43 00:02:06,469 --> 00:02:08,203 အလွယ်တကူ ဆက်သွယ်နိုင်တာပါ။ 44 00:02:09,599 --> 00:02:14,544 ဒီတော့ နှစ် ၁၀၀ ကြာ ဘယ်ဖုန်းကိုမဆို အချိန်မရွေး၊ နေရာမရွေး 45 00:02:14,568 --> 00:02:17,122 နားထောင်နိုင်ပြီးတဲ့နောက် 46 00:02:17,146 --> 00:02:20,277 အစိုးရအာဏာပိုင်တွေ သိပ်မပျော်ဘူး ခင်ဗျား ထင်ကောင်းထင်လိမ့်မယ်။ 47 00:02:20,301 --> 00:02:22,087 တကယ်က ဒါကဖြစ်ပျက်နေပါတယ်။ 48 00:02:22,111 --> 00:02:24,330 အစိုးရအာဏာပိုင်တွေဟာ အင်မတန်ပဲ စိ်တ်ဆိုးကြပါတယ်။ 49 00:02:24,354 --> 00:02:28,229 သူတိုဟာ စာဝှက်ကိရိယာတွေကြောင့် စိတ်ဆိုးကြတာ မဟုတ်ဘူး။ 50 00:02:28,253 --> 00:02:30,071 သူတို့ကို စိတ်ပျက်စေဆုံးက 51 00:02:30,095 --> 00:02:34,262 နည်းပညာကုမ္ပဏီတွေက သူတို့ထုတ်ကုန် တွေမှာ စာဝှက်အင်္ဂါတွေ ထည့်သွင်းပြီး 52 00:02:34,286 --> 00:02:36,159 ဒါတွေကို အလိုလို ဖွင့်ထားလိုက်လို့ပါ။ 53 00:02:36,547 --> 00:02:38,517 အလိုလျောက်ကိရိယာက အရေးပါပါတယ်။ 54 00:02:38,541 --> 00:02:42,316 တိုတိုပြောရင် နည်းပညာ ကုမ္ပဏီတွေက စာဝှက်ကို ဒီမိုကရေစီကျအောင် လုပ်ထားပါတယ်။ 55 00:02:43,165 --> 00:02:46,962 ဒီတော့ ဗြိတိန်ဝန်ကြီးချုပ် David Cameron လို အစိုးရအာဏာပိုင်တွေ ယုံကြည်တာက 56 00:02:46,986 --> 00:02:51,833 ဆက်သွယ်ရေးအားလုံး၊ အီးမေး၊ စာတွေ၊ အသံခေါ်ဆိုမှုတွေ 57 00:02:51,857 --> 00:02:54,445 အကုန်လုံးကို အစိုးရတွေ သိခွင့်ရသင့်ပြီး 58 00:02:54,469 --> 00:02:56,571 စာဝှက်က ဒါကိုခက်အောင် လုပ်နေတာပါတဲ့။ 59 00:02:57,478 --> 00:03:00,862 ကဲ ကြည့်ပါတော့၊ ကျွန်တော် သူတို့ အမြင်ကိုအရမ်းကို စာနာမိပါတယ်။ 60 00:03:00,886 --> 00:03:03,418 ဘေးမကင်းတဲ့ ကမ္ဘာ၊ ဘေးမကင်းတဲ့ ကာလမှာ နေတာဖြစ်ပြီး 61 00:03:03,442 --> 00:03:05,442 အပြင်မှာက အရမ်းကိုဆိုးတဲ့ လူတွေရှိနေတယ်လေ။ 62 00:03:05,466 --> 00:03:08,581 အကြမ်းဖက်သမားတွေ၊ စိုးရိမ်စရာ နိုင်ငံတော်ခြိမ်းမှုတွေရှိတော့ 63 00:03:08,605 --> 00:03:12,582 အားလုံးဟာ FBI နဲ့ NSA ကိုစောင့်ကြည့် ပေးစေချင်တယ်လို့ သံသယဖြစ်မိတယ်။ 64 00:03:13,345 --> 00:03:16,048 ဒါပေမဲ့ ဒီစောင့်ကြည့်ရေး အစီအစဉ်တွေက ကုန်ကျစရိတ် ရှိပါတယ်။ 65 00:03:17,357 --> 00:03:18,512 ဒီအတွက် အကြောင်းပြချက်က 66 00:03:18,536 --> 00:03:21,022 အကြမ်းဖက်သမား လက်ပ်တော့တို့ မူးယစ်ဆေးရောင်းသူရဲ့ 67 00:03:21,046 --> 00:03:22,553 ဆဲလ်ဖုန်းဆိုတာမျိုး မရှိပါဘူး။ 68 00:03:22,902 --> 00:03:25,865 ဆက်သွယ်ရေး ကိရိယာမျိုးတူတွေပဲ အားလုံးသုံးကြတာပါ။ 69 00:03:26,577 --> 00:03:30,252 ဆိုလိုတာက အကြမ်းဖက်သမား ဒါမှမဟုတ် မူးယစ်ဆေး ရောင်းဝယ်သူရဲ့ 70 00:03:30,276 --> 00:03:32,821 ခေါ်ဆိုတာတွေကို ကြားဖြတ်လို့ရရင် 71 00:03:32,845 --> 00:03:34,841 ကျန်တဲ့ဟာတွေကိုရော လုပ်လို့ရတာပဲလေ။ 72 00:03:34,865 --> 00:03:36,492 တကယ်တမ်း မေးဖို့ လိုတယ်လို့ထင်မိတာက 73 00:03:36,516 --> 00:03:39,643 ကမ္ဘာတလွှားက သန်းထောင်ချီတဲ့ လူတွေဟာ ကြားဖြတ်လို့လွယ်တဲ့ 74 00:03:39,667 --> 00:03:41,086 ကိရိယာတွေ သုံးသင့်လား ဆိုတာပါ။ 75 00:03:43,407 --> 00:03:47,155 ဒီတော့ ပြလိုက်တဲ့ စောင့်ကြည့်ရေး စနစ်တွေကို နှောက်ယှက်တဲ့မြင်ကွင်း 76 00:03:47,179 --> 00:03:49,290 ဒါဟာ စိတ်ကူးသက်သက် မဟုတ်ဘူးနော်။ 77 00:03:49,622 --> 00:03:50,774 ၂၀၀၉ခုနှစ်မှာ 78 00:03:50,798 --> 00:03:54,845 Google Microsoft က ၎င်းတို့ ကွန်ရက်တွေမှာ တပ်ဆင်တဲ့ စောင့်ကြည့်ရေး စနစ်တွေမှာ 79 00:03:54,869 --> 00:03:58,360 ရဲကတောင်းခံတဲ့ ဥပဒေဆိုင်ရာ စောင့်ကြည့်မှု တွေကိုတုံ့ပြန်ဖို့ 80 00:03:58,384 --> 00:03:59,550 သုံးတဲ့စနစ်တွေ၊ 81 00:03:59,574 --> 00:04:02,242 တရုတ်အစိုးရနဲ့ အပေးအယူလုပ်ထားခဲ့တဲ့ စနစ်တွေပေါ့။ 82 00:04:02,266 --> 00:04:04,663 အကြောင်းက တရုတ်အစိုးရက သူတို့ရဲ့ ဘယ်သူလျှိုဘယ်ကို 83 00:04:04,687 --> 00:04:07,579 အမေရိကန်အစိုးရက စောင့်ကြည့်လဲ ဆိုတာ မှန်းဆချင်လို့ပါ။ 84 00:04:08,269 --> 00:04:09,540 အလားတူအဖြစ်လိုပဲ 85 00:04:09,564 --> 00:04:12,983 ၂၀၀၄ ခုနှစ်မှာ စောင့်ကြည့်ရေးစနစ်ကို Vodaphone Greece ကွှန်ရက်မှာ 86 00:04:13,007 --> 00:04:16,181 တပ်ဆင်ခဲ့တော့၊ Greece မှာ အကြီးဆုံး ဖုန်းကုမ္ပဏီကြီးနော် 87 00:04:16,205 --> 00:04:18,784 မျက်မြင်ထင်ရှားမှုမရှိတဲ့ အဖွဲ့နဲ့ အပေးအယူလုပ်ခဲ့ပြီး 88 00:04:18,808 --> 00:04:20,848 အဲဒီအစီအစဉ်၊ စောင့်ကြည့်ရေးအစီအစဉ်ကို 89 00:04:20,872 --> 00:04:23,150 ဂရိဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်အဖွဲ့ဝင်တွေ 90 00:04:23,174 --> 00:04:24,893 ကိုကြားဖြတ်ဖို့သုံးခဲ့ပါတယ်။ 91 00:04:25,313 --> 00:04:28,377 ဒါကိုလုပ်တဲ့ နိုင်ငံခြားအစိုးရ၊ ဟက်ကာတွေဟာ လုံးဝကို အဖမ်းမခံရဘူး။ 92 00:04:29,955 --> 00:04:33,652 တကယ်က ဒါက စောင့်ကြည့် ရေးကိရိယာတွေ၊ လျှို့ဝှက်တပ်ဆင်မှုနဲ့ ပတ်သက်ပြီး 93 00:04:33,676 --> 00:04:34,936 အရမ်း ပြဿနာ ဖြစ်စေပါတယ်။ 94 00:04:34,960 --> 00:04:38,162 ဆက်သွယ်ရေးကွန်ရက် တစ်ခု ဒါမှမဟုတ် နည်းပညာ တစ်ခုခုမှာ 95 00:04:38,186 --> 00:04:39,487 လျှို့ဝှက်ကိရိယာ တပ်လိုက်ရင် 96 00:04:39,511 --> 00:04:42,559 ဒါကိုဘယ်သူက ကြည့်တော့မယ်ဆိုတာ ထိန်းချုပ်ဖို့ နည်းလမ်းမရှိတော့ဘူး၊ 97 00:04:43,243 --> 00:04:44,688 ဒါကိုကိုယ့်ဘက်မှာ၊ ဒါမှမဟုတ် 98 00:04:44,712 --> 00:04:47,482 သူ့ဘက်မှာ သုံးမလားဆိုတာ ထိန်းချုပ်ဖို့ နည်းလမ်းမရှိတော့ဘူး၊ 99 00:04:47,506 --> 00:04:49,417 လူကောင်းတွေ၊ဒါမှမဟုတ် လူဆိုးတွေကပေါ့။ 100 00:04:49,980 --> 00:04:52,499 ဒီအကြောင်းပြချက်အတွက်နဲ့ ကွှန်ရက်တွေကို အတတ်နိုင်ဆုံး 101 00:04:52,523 --> 00:04:55,175 လုံခြုံအောင် တည်ဆောက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ 102 00:04:56,271 --> 00:04:58,680 ဟုတ်ကဲ့၊ ဒါက အနာဂတ်မှာ 103 00:04:58,704 --> 00:05:01,270 စာဝှက်လုပ်ခြင ်းဟာ ကြားဖြတ်ယူဖို့ ပိုခက်တော့မယ်ဆိုတာပါ။ 104 00:05:01,280 --> 00:05:03,949 ရဲတွေဟာ လူဆိုတွေကိုဖမ်းရာမှာ ပိုခက်ခဲ 105 00:05:03,949 --> 00:05:05,285 တော့မယ်လို့ဆိုလိုတာပါ။ 106 00:05:05,309 --> 00:05:07,865 ဒါပေမဲ့ နောက်တစ်မျိုးဆိုလိုတာက တစ်ဦးဦးရဲ့ခေါ်ဆိုမှုတွေ 107 00:05:07,889 --> 00:05:11,520 သို့မဟုတ် စာတိုတွေကို ရာဇဝတ်သား၊ ယောင်ပြ၊ နိူင်ငံခြား ထောက်လှမ်းရေး 108 00:05:11,544 --> 00:05:15,270 သတင်းဋ္ဌာနတွေ စောင့်ကြည့်နေနိုင်တဲ့ ကမ္ဘာထဲမှာ နေထိုင်ဖို့ဆိုတာပါ။ 109 00:05:15,294 --> 00:05:17,606 ဒီလိုကမ္ဘာမျိုးမှာ မနေချင်ပါဘူးဗျာ။ 110 00:05:18,102 --> 00:05:20,817 ကဲဒီတော့ အခု များစွာသော အစိုးရစောင့်ကြည့်မှု 111 00:05:20,841 --> 00:05:23,159 အမျိုးမျိုးကို တားဆီးဖို့ ကိရိယာတွေ 112 00:05:23,183 --> 00:05:26,166 ခင်ဗျားတို့ ဖုန်းတွေမှာ၊ အိတ်ကပ်တွေထဲမှာ ရှိပြီးနေလောက်ပါပြီ၊ 113 00:05:26,190 --> 00:05:29,969 ဒီကိရိယာတွေဟာ ဘယ်လိုအားကောင်းပြီး လုံခြုံတယ် သို့မဟုတ် တကယ် 114 00:05:29,993 --> 00:05:33,522 ကိုယ်ဆက်သွယ်တဲ့ အခြားနည်းတွေဟာ ဘယ်လို အားနည်းတယ်ဆိုတာ သိချင်မှသိမယ်၊ 115 00:05:34,737 --> 00:05:36,864 ဒီတော့ ခင်ဗျားတို့ကို သိစေချင်တာကတော့ 116 00:05:38,110 --> 00:05:39,763 ဒီကိရိယာတွေကို သုံးဖို့လိုပါတယ်။ 117 00:05:40,239 --> 00:05:42,543 ဖုန်းခေါ်ဆိုမှုတွေ လုံခြုံဖို့လိုပါတယ်။ 118 00:05:42,567 --> 00:05:44,416 စာတိုပေးပို့မှုတွေ လုံခြုံဖို့လိုပါတယ်။ 119 00:05:44,950 --> 00:05:46,602 ဒီကိရိယာတွေကို သုံးစေချင်ပါတယ်။ 120 00:05:46,626 --> 00:05:49,982 ကိုယ်ချစ်ခင်သူတွေကို ပြောစေချင်တယ် ကိုယ့်လုပ်ဖော်တွေကို ပြောစေချင်တယ် 121 00:05:50,006 --> 00:05:52,430 ဒီစာဝှက်ဆက်သွယ်ရေး ကိရိယာတွေကို သုံးကြပါ။ 122 00:05:52,454 --> 00:05:55,130 ဒါတွေဟာ စျေးပေါလို့၊ လွယ်လို့ မသုံးတာမဟုတ်ပဲ၊ 123 00:05:55,154 --> 00:05:57,158 လုံခြုံမှုရှိလို့ သုံးတာပါ။ 124 00:05:57,182 --> 00:05:58,437 ကျေးဇူးတင်ပါတယ်။ 125 00:05:58,461 --> 00:06:02,047 (လက်ခုပ်သံများ)