WEBVTT 00:00:07.250 --> 00:00:09.202 ရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်သူ 00:00:09.202 --> 00:00:13.315 Carrie White က သူမရဲ့ အထက်တန်းကျောင်းထဲက စည်းဝေးခန်းမကြီးကို မီးဟုန်းဟုန်းတောက်စေလျက် 00:00:13.315 --> 00:00:15.498 သူမရဲ့ မြို့တမြို့လုံးကို ခြောက်ခြားအောင် လုပ်ခဲ့စဉ်တုန်းက 00:00:15.498 --> 00:00:18.635 သူဟာ သူရဲ့ telekinesis စွမ်းပကားကို၊ 00:00:18.635 --> 00:00:24.868 ရုပ်ပိုင်း ပစ္စည်းများကို သူ့စိတ်စွမ်းအားဖြင့် လိုသလို ရွေ့ရှားနိုင်စွမ်းကို အသုံးချခဲ့တာပါ။ 00:00:24.868 --> 00:00:28.857 ဒါပေမဲ့ အဲဒီ Carrie ဟာ စိတ်ကူးယဉ်၀တ္ထုကို အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်သက်သက်ပါ၊ 00:00:28.857 --> 00:00:32.858 သို့သော် telekinesis ဆိုတာ စိတ်ကူးယဉ် သက်သက်တော့ လုံးဝ မဟုတ်ပါ။ 00:00:32.858 --> 00:00:36.529 ရာစုနှစ်များစွာကတည်းက၊ လူသားတွေက သူတို့ဆီမှာ သူတို့စိတ်စွမ်းပကားကို သုံးပြီး 00:00:36.529 --> 00:00:40.712 အရာဝတ္ထုတွေကို ရွေ့ရှားနိုင်ကြတယ်လို့ ယူဆလာခဲ့ကြပါတယ်။ 00:00:40.712 --> 00:00:44.744 လေထဲ ဈာန်ကြွခြင်း၊ တံခါးကို စိတ်ဖြင့် ဖွင့်နိုင်ခြင်း၊ ပြီးတော့ ဇွန်းကို ကွေးနိုင်ခြင်း၊ 00:00:44.744 --> 00:00:47.237 သိပ်ကို စိတ်လှုပ်ရှားစရာ သာဓကတွေပါပဲ။ 00:00:47.237 --> 00:00:51.097 Matrix ရုပ်ရှင်ထဲမှာ Neo က ကျည်ဆံကို လမ်းခုလပ်မှာ ရပ်စဲပစ်ခဲ့တာ၊ 00:00:51.097 --> 00:00:54.463 Yoda က T ကို လုပ်ပြလိုက်တာ စသဖြင့် ပေါ့လေ။ 00:00:54.463 --> 00:00:56.125 ဒါပေမဲ့၊ telekinesis ဆိုတာ တကယ်ရှိရဲ့လား၊ 00:00:56.125 --> 00:01:00.904 ဒါမှမဟုတ် Carrie၊ Yoda နဲ့ Neo စတဲ့သူတွေဟာ စိတ်ကူးယဉ်တွေဘဲလား။ 00:01:00.904 --> 00:01:04.304 အဲဒါကို စူးစမ်းနိုင်ရန်၊ ကျွန်တော်တို့ဟာ telekinesis ဆိုကြတာတွေကို အကဲခတ်ဖို့၊ 00:01:04.304 --> 00:01:08.477 သိပ္ပံမှန်ဘီလူးဖြင့် သိပ္ပံနည်းကျ နည်းလမ်းဖြင့် ဆန်းစစ်အကဲခတ်ဖို့ လိုပါတယ်။ 00:01:08.477 --> 00:01:12.286 Telekinesis ဆိုတာက စိတ်နယ်လွန်ပညာရဲ့ တစ်စိတ်တစ်ဒေသပါ၊ 00:01:12.286 --> 00:01:15.370 သုတေသီတွေ လေ့လာကြတဲ့ စိတ်ပိုင်းဆိုင်ရာ ပညာပါပဲ။ 00:01:15.370 --> 00:01:18.514 အဲဒီစိတ်လွန်ပညာရှင်တွေက သူတို့ လုပ်ကိုင်တာကို သိပ္ပံပညာအဖြစ် မြင်ကြပါတယ်၊ 00:01:18.514 --> 00:01:20.974 ဒါပေမဲ့ အဲဒါကို ဒီ့ပြင်သိပ္ပံပညာရှင်တွေက သဘောမတူကြပါ။ 00:01:20.974 --> 00:01:23.461 ကျွန်တော်တို့ အခြေခံ လေ့လာမှု အနည်းငယ်မှ စတင်ကြပါစို့။ 00:01:23.461 --> 00:01:25.282 လေ့လာချက် # ၁: 00:01:25.282 --> 00:01:28.620 telekinesis နဲ့ ပတ်သက်ပြီး နောက်ပြောင် ပြောဆိုကြတာတွေ တစ်ထမ်းကြီး ရှိနေပေမဲ့၊ 00:01:28.620 --> 00:01:31.569 အဲဒါ တကယ်ရှိကြောင်း သိပ္ပံနည်းကျ အထောက်အထား မရှိပါ၊ 00:01:31.569 --> 00:01:34.425 ၎င်းဟာ တကယ်ရှိကြောင်းကို သိပ္ပံနည်းကျ ပြုလုပ်ခဲ့ကာ 00:01:34.425 --> 00:01:38.903 စမ်းသပ်ခန်း အခြေအနေမျိုးထဲမှာ ထပ်ပြီး လုပ်ပြလို့ ရနိုင်တဲ့ စမ်းသပ်မှုမျိုး မရှိပါ။ 00:01:38.903 --> 00:01:43.871 ၁၉၃၀ ပြည့်လွန်နှစ်များတုန်းက၊ စိတ်လွန်စိတ်ပညာရဲ့ ဖခင်လို့အခေါ်ခံရသူ Joseph Banks Rhine ဟာ 00:01:43.871 --> 00:01:47.169 စမ်းသပ်ခန်းထဲမှာ လူတွေဟာ telekinesis ကို သုံးနိုင်ခြင်းရှိမရှိကို စမ်းသပ်ခဲ့ပါတယ်၊ 00:01:47.169 --> 00:01:50.474 အန်စာတုံးကို သူတို့ လိုချင်တဲ့ ဂဏန်းပေါ်လာအောင် လုပ်ခိုင်းခဲ့ပါတယ်။ 00:01:50.474 --> 00:01:53.708 ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ သူ့ရလဒ်တွေကို ရအောင် လုပ်မပြနိုင်ခဲ့ကြပါ၊ 00:01:53.708 --> 00:01:56.386 အတွေးအခေါ်ကို သက်သေထူပြဖို့အတွက် ထပ်လုပ်ပြနိုင်ခြင်းက သော့ချက်ဖြစ်တယ် ဆိုတော့၊ 00:01:56.386 --> 00:01:58.237 အဲဒါဟာ ပြဿနာကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ 00:01:58.237 --> 00:01:59.688 သိပ္ပံပညာရှင်တွေတင် မကဘဲ 00:01:59.688 --> 00:02:02.970 မိမိကိုမိမိ telekinetic တွေပါလို့ ကြွေးကြော်ကြတဲ့ သူတွေ အများအပြား ရှိခဲ့ကြပေမဲ့၊ 00:02:02.970 --> 00:02:06.347 သူတို့အားလုံးဟာ လိမ်လည်လိုခဲ့ကြသူများ ဖြစ်ကြတာ တွေ့ရပါတယ်၊ 00:02:06.347 --> 00:02:10.491 သူတို့က အခြေအနေအားလုံးကို ထိန်းချုပ်မထားနိုင်တဲ့ အခါမှာ လုပ်မပြနိုင်ခဲ့ကြပါ၊ 00:02:10.491 --> 00:02:15.256 သူတို့ဟာ သူတို့လိုချင်တဲ့ ရလဒ်မျိုးရဖို့ အခြေအနေကို လိုသလိုလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားနေပါတယ်။ 00:02:15.256 --> 00:02:20.681 ဒီနေ့ဆိုရင်၊ အဖွဲ့အစည်း အမျိုးမျိုးတို့က ဆုငွေအများကြီးကို ကြေညာထားကြပါတယ်၊ 00:02:20.681 --> 00:02:26.093 telekinesis လို စိတ်ရဲ့ အစွမ်းအစများဟာ လက်တွေ့ပဲ ဆိုတာကို သက်သေ ထူပြနိုင်သူအတွက် ဆုပါ။ 00:02:26.093 --> 00:02:29.024 ဒါပေမဲ့ အဲဒီလို ငွေကြေးဆုများကို တောင်းဆိုရယူနိုင်သူ မရှိပါ။ 00:02:29.024 --> 00:02:30.659 လေ့လာချက် #၂: 00:02:30.659 --> 00:02:32.401 ကျွန်တော်တို့က telekinesis ကို စူးစမ်းလေ့လာရာမှာ 00:02:32.401 --> 00:02:36.541 ဘာကို တိုင်းထွာရန်လိုတာကို အားလုံး သဘောတူထားတာမျိုး မရှိပါ။ 00:02:36.541 --> 00:02:40.026 Yoda ပုံစံ ဦးနှောက်လှိုင်းတွေ အလုပ်လုပ်ရာမှာ အားကောင်းကြရဲ့လား။ 00:02:40.026 --> 00:02:43.996 ဘယ်သူကမှ အဲဒါကို သဘောတူမထားတော့ ပုံမှန် သုတေသနကို လက်တွေ့လုပ် မရနိုင်ပါ၊ 00:02:43.996 --> 00:02:46.759 ဘယ်သိပ္ပံဆိုင်ရာ လေ့လာမှုများ လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် 00:02:46.759 --> 00:02:49.401 အတွေးအခေါ် တစ်ခုရဲ့ မှန်ကန်မှုကို စမ်းသပ်ဖို့ မရှိမဖြစ်တဲ့ စံနှုန်း မရှိလို့ မဖြစ်နိုင်ပါ။ 00:02:49.401 --> 00:02:50.921 လေ့လာချက် # ၃: 00:02:50.921 --> 00:02:54.025 သိပ္ပံရဲ့ ဦးတည်ချက်က မသိတာကို ဖေါ်ထုတ်ရန်ဖြစ်တယ်၊ 00:02:54.025 --> 00:02:56.392 ပြီးတော့ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု သမိုင်းစဉ် တစ်လျှောက်မှာ၊ 00:02:56.392 --> 00:02:57.806 တကယ်လက်တွေ့ ဖြစ်ပျက်ခဲ့တာကို လိုက်ကြည့်ရင် 00:02:57.806 --> 00:03:01.391 အသစ်တွေ့ရတဲ့ အချက်တွေဟာ ရပ်တည်နေတဲ့ သိပ္ပံပညာကို ဆန့်ကျင်နေခဲ့ပါတယ်၊ 00:03:01.391 --> 00:03:04.414 သိပ္ပံပညာရဲ့ အခန်းတစ်ခန်းလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် ရှိခဲ့ဘူးပါတယ်။ 00:03:04.414 --> 00:03:07.668 အဲဒါကြောင့်မို့လို့ ဝေဖန်ပြစ်တင်ချက်တွေကို ကြံ့ကြံ့ခိုင်နိုင်မယ့် 00:03:07.668 --> 00:03:10.135 အထူးသတိထား သက်သေထူပြလို့ရနိုင်မယ့် တွေ့ရှိချက် ဖြစ်ရပါမယ်။ 00:03:10.135 --> 00:03:11.717 ကျွန်တော်တို့ရဲ့ telekinesis ကိစ္စထဲမှာကျတော့၊ 00:03:11.717 --> 00:03:14.270 ဒီယူဆချက်ဟာ လက်ခံယုံကြည်ကြတဲ့ သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်၊ 00:03:14.270 --> 00:03:17.493 တစ်ချိန်တည်းမှာ ၎င်းကို ထောက်ခံနိုင်တဲ့ အားကောင်းတဲ့ အထောက်အထား မရှိဖြစ်နေတယ်။ 00:03:17.493 --> 00:03:21.130 ကျွန်တော်တို့ရဲ့ စင်္ကြာဝဠာကို ရူပဗေဒ နိယာမများက ထိန်းချုပ် ရှင်းပြနိုင်ကြပါတယ်၊ 00:03:21.130 --> 00:03:25.305 အဲဒီလို နိယာမတစ်ခုအရ ဦးနှောက်ရဲ့ လှိုင်းများဟာ အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်ပါဘူး၊ 00:03:25.305 --> 00:03:28.271 ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံ အပြင်မှာ ရှိကြတဲ့ အရာများကို အကျိုးသက်ရောက်နိုင်လောက်အောင် 00:03:28.271 --> 00:03:31.795 အားမကောင်းကြတဲ့ အပြင် အဲဒီနေရာထိကို မရောက်နိုင်ကြလို့ပါ။ 00:03:31.795 --> 00:03:35.974 အရာဝတ္ထုတွေကို အဝေးမှနေပြီး အကျိုးသက်ရောက်နိုင်ကြတာဆိုလို့ 00:03:35.974 --> 00:03:39.356 သံလိုက် နဲ့ ကမ္ဘာ့ဆွဲအားတို့သာ ဖြစ်ကြတာကို ရူပဗဒက ထောက်ပြထားပါတယ်။ 00:03:39.356 --> 00:03:43.280 သိပ္ပံပညာက ရှင်းပြနိုင်တဲ့ telekinesis နဲ့ နီးစပ်ဆုံး အရာဆိုလို့ 00:03:43.280 --> 00:03:47.405 ရိုဘော့ စက်ရုပ် လက်မောင်းကို ထိန်းချုပ်ရန် အတွေးများကို အသုံးပြုပုံ ဖြစ်နိုင်ပါတယ်။ 00:03:47.405 --> 00:03:50.085 မလှုပ်ရှားနိုင်ကြတဲ့ လေဖြတ်လူနာများရဲ့ ဦးနှောက်ထဲကို၊ 00:03:50.085 --> 00:03:54.414 သုတေသီတို့ဟာ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့ နေရာထဲ သေးနုပ်တဲ့ ဝိုင်ယာကြိုးတွေကို ထည့်သွင်းကာ 00:03:54.414 --> 00:03:58.396 ရိုဘော့စက်ရုပ် လက်မောင်းကို လှုပ်နိုင်ဖို့ အာရုံပြုစဉ်းစားဖို့ ပြောကြပါတယ်၊ 00:03:58.396 --> 00:04:01.800 အဲဒီလိုနည်းဖြင့် သူတို့ရဲ့ စိတ်ကို တိုးချဲ့ပေးလိုက်ကာ လှုပ်ရှားလာစေတေပါ။ 00:04:01.800 --> 00:04:04.480 အဲဒါဟာ အံ့အားသင့်စရာ ကောင်းပေမဲ့၊ telekinesis တော့ မဟုတ်ပါ။ 00:04:04.480 --> 00:04:07.783 ဒီနေရာမှာ လူနာရဲ့ စိတ်ထဲက အတွေးများဟာ တိုင်းထွာမရနိုင်တဲ့ အရာများ မဟုတ်ကြပါ။ 00:04:07.783 --> 00:04:09.607 အဲဒါတွေဟာ တိုင်းထွာလို့ ရနိုင်တဲ့ ဦးနှောက်ရဲ့ လှိုင်းများပါ၊ 00:04:09.607 --> 00:04:12.972 ဝိုင်ယာများကို သုံးပြီး အဲဒါတွေကို ရိုဘော့ထံသို့ ပို့ပေးလိုက်တာပါ။ 00:04:12.972 --> 00:04:16.123 သိပ္ပံပညာဟာ အဲဒါကို တိုင်းနိုင်တယ်၊ စမ်းသပ်နိုင်ကာ လှုပ်ရှားမှုကို ရှင်းပြနိုင်ပါတယ်၊ 00:04:16.123 --> 00:04:20.446 အဲဒီလိုနည်းဖြင့် စိတ်ဖြင့်ထိန်းချုပ်မှုဆိုတာ လက်တွေ့ ရှိတာကို သက်သေထူပြနိုင်တယ်။ 00:04:20.446 --> 00:04:22.942 သိပ္ပံဆိုတာက ယူဆချက် တစ်ခုကို ထောက်ခံတဲ့ 00:04:22.942 --> 00:04:27.120 ဒါမှမဟုတ် ဆန့်ကျင်နေတဲ့ အချက်တွေကို တစ်ခုပြီးတစ်ခု စုစည်းတဲ့ ဖြစ်စဉ်ပါ။ 00:04:27.120 --> 00:04:28.836 အထောက်အထားတွေ စုပုံလာတဲ့အခါမှာ၊ 00:04:28.836 --> 00:04:31.035 ဘယ်အပုံက အမြင့်ဆုံးလဲဆိုတာကို ကျွန်တော်တို့ မြင်နိုင်တယ်၊ 00:04:31.035 --> 00:04:35.730 telekinesis ကိစ္စထဲမှာကျတော့ ၎င်းရှိနေကြောင်းကို ပြသနေတဲ့ အပုံကြီး မရှိပါဘူး။ 00:04:35.730 --> 00:04:39.858 တစ်ချို့သူတို့က ဒီလို နားလည်ရန် ခဲယဉ်းတဲ့ အရာဟာ သိပ္ပံရဲ့ ဘောင်အတွင်းမှာ မရှိနိုင်ဘူး၊ 00:04:39.858 --> 00:04:41.277 အဲဒါဟာ အိုကေပဲလို့ ဆိုကြပါတယ်။ 00:04:41.277 --> 00:04:45.467 အဲဒီလိုဆိုရင် telekinesis ကို လူတစ်ယောက်ရဲ့ ယုံကြည်ခံစားမှု သက်သက် ဖြစ်လာပါမယ်။ 00:04:45.467 --> 00:04:47.758 တစ်ခုခုကို သိပ္ပံနည်းကျ စူးစမ်းအကဲခတ်လို့ မရနိုင်ဘူးဆိုရင်၊ 00:04:47.758 --> 00:04:50.584 အဲဒါကို သိပ္ပံနည်းကျတယ် အရာပါလို့ ပြောမရနိုင်ပါ။ 00:04:50.584 --> 00:04:52.560 ဒီတော့ကား၊ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှု ပြသနေတာက၊ 00:04:52.560 --> 00:04:55.713 ကျွန်တော်တို့က အဲဒီလို စွမ်းအား ကျွန်တော်တို့ ကိုယ်၌ထဲမှာ ရှိနေတာကို၊ 00:04:55.713 --> 00:04:57.943 ကျွန်တော်တို့က ဘယ်လောက်ကြီးပဲ ယုံကြည်လိုကြလိုကြ၊ 00:04:57.943 --> 00:05:00.922 telekinesis ရဲ့ ဖြစ်နိုင်ခြေဟာ သိပ်ကို အားနည်းနေပါတယ်။ 00:05:00.922 --> 00:05:03.021 ဆော်ရီးပဲ Neo၊ Carrie နဲ့ Yoda။ ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေဟာ 00:05:03.021 --> 00:05:07.158 တကယ့်ကို အံ့အားသင့်စရာ မှန်ခဲ့ပေမဲ့ လောလောဆယ်တွင် ရုပ်ရှင်ထဲမှာသာ ရှိနေတာပါ။