0:00:07.250,0:00:09.202 ရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်သူ 0:00:09.202,0:00:13.315 Carrie White က သူမရဲ့ အထက်တန်းကျောင်းထဲက[br]စည်းဝေးခန်းမကြီးကို မီးဟုန်းဟုန်းတောက်စေလျက် 0:00:13.315,0:00:15.498 သူမရဲ့ မြို့တမြို့လုံးကို ခြောက်ခြားအောင် [br]လုပ်ခဲ့စဉ်တုန်းက 0:00:15.498,0:00:18.635 သူဟာ သူရဲ့ telekinesis စွမ်းပကားကို၊ 0:00:18.635,0:00:24.868 ရုပ်ပိုင်း ပစ္စည်းများကို သူ့စိတ်စွမ်းအားဖြင့်[br]လိုသလို ရွေ့ရှားနိုင်စွမ်းကို အသုံးချခဲ့တာပါ။ 0:00:24.868,0:00:28.857 ဒါပေမဲ့ အဲဒီ Carrie ဟာ စိတ်ကူးယဉ်၀တ္ထုကို[br]အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်သက်သက်ပါ၊ 0:00:28.857,0:00:32.858 သို့သော် telekinesis ဆိုတာ စိတ်ကူးယဉ်[br]သက်သက်တော့ လုံးဝ မဟုတ်ပါ။ 0:00:32.858,0:00:36.529 ရာစုနှစ်များစွာကတည်းက၊ လူသားတွေက[br]သူတို့ဆီမှာ သူတို့စိတ်စွမ်းပကားကို သုံးပြီး 0:00:36.529,0:00:40.712 အရာဝတ္ထုတွေကို ရွေ့ရှားနိုင်ကြတယ်လို့ [br]ယူဆလာခဲ့ကြပါတယ်။ 0:00:40.712,0:00:44.744 လေထဲ ဈာန်ကြွခြင်း၊ တံခါးကို စိတ်ဖြင့် ဖွင့်နိုင်ခြင်း၊ [br]ပြီးတော့ ဇွန်းကို ကွေးနိုင်ခြင်း၊ 0:00:44.744,0:00:47.237 သိပ်ကို စိတ်လှုပ်ရှားစရာ သာဓကတွေပါပဲ။ 0:00:47.237,0:00:51.097 Matrix ရုပ်ရှင်ထဲမှာ Neo က ကျည်ဆံကို[br]လမ်းခုလပ်မှာ ရပ်စဲပစ်ခဲ့တာ၊ 0:00:51.097,0:00:54.463 Yoda က T ကို လုပ်ပြလိုက်တာ စသဖြင့် ပေါ့လေ။ 0:00:54.463,0:00:56.125 ဒါပေမဲ့၊ telekinesis ဆိုတာ တကယ်ရှိရဲ့လား၊ 0:00:56.125,0:01:00.904 ဒါမှမဟုတ် Carrie၊ Yoda နဲ့ Neo စတဲ့သူတွေဟာ စိတ်ကူးယဉ်တွေဘဲလား။ 0:01:00.904,0:01:04.304 အဲဒါကို စူးစမ်းနိုင်ရန်၊ ကျွန်တော်တို့ဟာ[br]telekinesis ဆိုကြတာတွေကို အကဲခတ်ဖို့၊ 0:01:04.304,0:01:08.477 သိပ္ပံမှန်ဘီလူးဖြင့် သိပ္ပံနည်းကျ နည်းလမ်းဖြင့်[br]ဆန်းစစ်အကဲခတ်ဖို့ လိုပါတယ်။ 0:01:08.477,0:01:12.286 Telekinesis ဆိုတာက[br]စိတ်နယ်လွန်ပညာရဲ့ တစ်စိတ်တစ်ဒေသပါ၊ 0:01:12.286,0:01:15.370 သုတေသီတွေ လေ့လာကြတဲ့ [br]စိတ်ပိုင်းဆိုင်ရာ ပညာပါပဲ။ 0:01:15.370,0:01:18.514 အဲဒီစိတ်လွန်ပညာရှင်တွေက သူတို့ လုပ်ကိုင်တာကို [br]သိပ္ပံပညာအဖြစ် မြင်ကြပါတယ်၊ 0:01:18.514,0:01:20.974 ဒါပေမဲ့ အဲဒါကို ဒီ့ပြင်သိပ္ပံပညာရှင်တွေက [br]သဘောမတူကြပါ။ 0:01:20.974,0:01:23.461 ကျွန်တော်တို့ အခြေခံ လေ့လာမှု [br]အနည်းငယ်မှ စတင်ကြပါစို့။ 0:01:23.461,0:01:25.282 လေ့လာချက် # ၁: 0:01:25.282,0:01:28.620 telekinesis နဲ့ ပတ်သက်ပြီး နောက်ပြောင်[br]ပြောဆိုကြတာတွေ တစ်ထမ်းကြီး ရှိနေပေမဲ့၊ 0:01:28.620,0:01:31.569 အဲဒါ တကယ်ရှိကြောင်း သိပ္ပံနည်းကျ[br]အထောက်အထား မရှိပါ၊ 0:01:31.569,0:01:34.425 ၎င်းဟာ တကယ်ရှိကြောင်းကို [br]သိပ္ပံနည်းကျ ပြုလုပ်ခဲ့ကာ 0:01:34.425,0:01:38.903 စမ်းသပ်ခန်း အခြေအနေမျိုးထဲမှာ[br]ထပ်ပြီး လုပ်ပြလို့ ရနိုင်တဲ့ စမ်းသပ်မှုမျိုး မရှိပါ။ 0:01:38.903,0:01:43.871 ၁၉၃၀ ပြည့်လွန်နှစ်များတုန်းက၊ စိတ်လွန်စိတ်ပညာရဲ့ [br]ဖခင်လို့အခေါ်ခံရသူ Joseph Banks Rhine ဟာ 0:01:43.871,0:01:47.169 စမ်းသပ်ခန်းထဲမှာ လူတွေဟာ telekinesis ကို [br]သုံးနိုင်ခြင်းရှိမရှိကို စမ်းသပ်ခဲ့ပါတယ်၊ 0:01:47.169,0:01:50.474 အန်စာတုံးကို သူတို့ လိုချင်တဲ့[br]ဂဏန်းပေါ်လာအောင် လုပ်ခိုင်းခဲ့ပါတယ်။ 0:01:50.474,0:01:53.708 ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ[br]သူ့ရလဒ်တွေကို ရအောင် လုပ်မပြနိုင်ခဲ့ကြပါ၊ 0:01:53.708,0:01:56.386 အတွေးအခေါ်ကို သက်သေထူပြဖို့အတွက်[br]ထပ်လုပ်ပြနိုင်ခြင်းက သော့ချက်ဖြစ်တယ် ဆိုတော့၊ 0:01:56.386,0:01:58.237 အဲဒါဟာ ပြဿနာကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ 0:01:58.237,0:01:59.688 သိပ္ပံပညာရှင်တွေတင် မကဘဲ 0:01:59.688,0:02:02.970 မိမိကိုမိမိ telekinetic တွေပါလို့ ကြွေးကြော်ကြတဲ့[br]သူတွေ အများအပြား ရှိခဲ့ကြပေမဲ့၊ 0:02:02.970,0:02:06.347 သူတို့အားလုံးဟာ လိမ်လည်လိုခဲ့ကြသူများ[br]ဖြစ်ကြတာ တွေ့ရပါတယ်၊ 0:02:06.347,0:02:10.491 သူတို့က အခြေအနေအားလုံးကို ထိန်းချုပ်မထားနိုင်တဲ့ [br]အခါမှာ လုပ်မပြနိုင်ခဲ့ကြပါ၊ 0:02:10.491,0:02:15.256 သူတို့ဟာ သူတို့လိုချင်တဲ့ ရလဒ်မျိုးရဖို့ အခြေအနေကို လိုသလိုလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားနေပါတယ်။ 0:02:15.256,0:02:20.681 ဒီနေ့ဆိုရင်၊ အဖွဲ့အစည်း အမျိုးမျိုးတို့က[br]ဆုငွေအများကြီးကို ကြေညာထားကြပါတယ်၊ 0:02:20.681,0:02:26.093 telekinesis လို စိတ်ရဲ့ အစွမ်းအစများဟာ[br]လက်တွေ့ပဲ ဆိုတာကို သက်သေ ထူပြနိုင်သူအတွက် ဆုပါ။ 0:02:26.093,0:02:29.024 ဒါပေမဲ့ အဲဒီလို ငွေကြေးဆုများကို [br]တောင်းဆိုရယူနိုင်သူ မရှိပါ။ 0:02:29.024,0:02:30.659 လေ့လာချက် #၂: 0:02:30.659,0:02:32.401 ကျွန်တော်တို့က telekinesis ကို စူးစမ်းလေ့လာရာမှာ 0:02:32.401,0:02:36.541 ဘာကို တိုင်းထွာရန်လိုတာကို[br]အားလုံး သဘောတူထားတာမျိုး မရှိပါ။ 0:02:36.541,0:02:40.026 Yoda ပုံစံ ဦးနှောက်လှိုင်းတွေ [br]အလုပ်လုပ်ရာမှာ အားကောင်းကြရဲ့လား။ 0:02:40.026,0:02:43.996 ဘယ်သူကမှ အဲဒါကို သဘောတူမထားတော့[br]ပုံမှန် သုတေသနကို လက်တွေ့လုပ် မရနိုင်ပါ၊ 0:02:43.996,0:02:46.759 ဘယ်သိပ္ပံဆိုင်ရာ [br]လေ့လာမှုများ လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် 0:02:46.759,0:02:49.401 အတွေးအခေါ် တစ်ခုရဲ့ မှန်ကန်မှုကို စမ်းသပ်ဖို့[br]မရှိမဖြစ်တဲ့ စံနှုန်း မရှိလို့ မဖြစ်နိုင်ပါ။ 0:02:49.401,0:02:50.921 လေ့လာချက် # ၃: 0:02:50.921,0:02:54.025 သိပ္ပံရဲ့ ဦးတည်ချက်က[br]မသိတာကို ဖေါ်ထုတ်ရန်ဖြစ်တယ်၊ 0:02:54.025,0:02:56.392 ပြီးတော့ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု[br]သမိုင်းစဉ် တစ်လျှောက်မှာ၊ 0:02:56.392,0:02:57.806 တကယ်လက်တွေ့ ဖြစ်ပျက်ခဲ့တာကို လိုက်ကြည့်ရင် 0:02:57.806,0:03:01.391 အသစ်တွေ့ရတဲ့ အချက်တွေဟာ[br]ရပ်တည်နေတဲ့ သိပ္ပံပညာကို ဆန့်ကျင်နေခဲ့ပါတယ်၊ 0:03:01.391,0:03:04.414 သိပ္ပံပညာရဲ့ အခန်းတစ်ခန်းလုံးကို[br]ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် ရှိခဲ့ဘူးပါတယ်။ 0:03:04.414,0:03:07.668 အဲဒါကြောင့်မို့လို့ ဝေဖန်ပြစ်တင်ချက်တွေကို[br]ကြံ့ကြံ့ခိုင်နိုင်မယ့် 0:03:07.668,0:03:10.135 အထူးသတိထား သက်သေထူပြလို့ရနိုင်မယ့် [br]တွေ့ရှိချက် ဖြစ်ရပါမယ်။ 0:03:10.135,0:03:11.717 ကျွန်တော်တို့ရဲ့ telekinesis ကိစ္စထဲမှာကျတော့၊ 0:03:11.717,0:03:14.270 ဒီယူဆချက်ဟာ လက်ခံယုံကြည်ကြတဲ့ [br]သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်၊ 0:03:14.270,0:03:17.493 တစ်ချိန်တည်းမှာ ၎င်းကို ထောက်ခံနိုင်တဲ့[br]အားကောင်းတဲ့ အထောက်အထား မရှိဖြစ်နေတယ်။ 0:03:17.493,0:03:21.130 ကျွန်တော်တို့ရဲ့ စင်္ကြာဝဠာကို ရူပဗေဒ နိယာမများက[br]ထိန်းချုပ် ရှင်းပြနိုင်ကြပါတယ်၊ 0:03:21.130,0:03:25.305 အဲဒီလို နိယာမတစ်ခုအရ ဦးနှောက်ရဲ့ လှိုင်းများဟာ[br]အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်ပါဘူး၊ 0:03:25.305,0:03:28.271 ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံ အပြင်မှာ ရှိကြတဲ့[br]အရာများကို အကျိုးသက်ရောက်နိုင်လောက်အောင် 0:03:28.271,0:03:31.795 အားမကောင်းကြတဲ့ အပြင် အဲဒီနေရာထိကို[br]မရောက်နိုင်ကြလို့ပါ။ 0:03:31.795,0:03:35.974 အရာဝတ္ထုတွေကို အဝေးမှနေပြီး[br]အကျိုးသက်ရောက်နိုင်ကြတာဆိုလို့ 0:03:35.974,0:03:39.356 သံလိုက် နဲ့ ကမ္ဘာ့ဆွဲအားတို့သာ ဖြစ်ကြတာကို[br]ရူပဗဒက ထောက်ပြထားပါတယ်။ 0:03:39.356,0:03:43.280 သိပ္ပံပညာက ရှင်းပြနိုင်တဲ့ telekinesis နဲ့[br]နီးစပ်ဆုံး အရာဆိုလို့ 0:03:43.280,0:03:47.405 ရိုဘော့ စက်ရုပ် လက်မောင်းကို ထိန်းချုပ်ရန်[br]အတွေးများကို အသုံးပြုပုံ ဖြစ်နိုင်ပါတယ်။ 0:03:47.405,0:03:50.085 မလှုပ်ရှားနိုင်ကြတဲ့ လေဖြတ်လူနာများရဲ့[br]ဦးနှောက်ထဲကို၊ 0:03:50.085,0:03:54.414 သုတေသီတို့ဟာ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့[br]နေရာထဲ သေးနုပ်တဲ့ ဝိုင်ယာကြိုးတွေကို ထည့်သွင်းကာ 0:03:54.414,0:03:58.396 ရိုဘော့စက်ရုပ် လက်မောင်းကို လှုပ်နိုင်ဖို့[br]အာရုံပြုစဉ်းစားဖို့ ပြောကြပါတယ်၊ 0:03:58.396,0:04:01.800 အဲဒီလိုနည်းဖြင့် သူတို့ရဲ့ စိတ်ကို[br]တိုးချဲ့ပေးလိုက်ကာ လှုပ်ရှားလာစေတေပါ။ 0:04:01.800,0:04:04.480 အဲဒါဟာ အံ့အားသင့်စရာ ကောင်းပေမဲ့၊ [br]telekinesis တော့ မဟုတ်ပါ။ 0:04:04.480,0:04:07.783 ဒီနေရာမှာ လူနာရဲ့ စိတ်ထဲက အတွေးများဟာ[br]တိုင်းထွာမရနိုင်တဲ့ အရာများ မဟုတ်ကြပါ။ 0:04:07.783,0:04:09.607 အဲဒါတွေဟာ တိုင်းထွာလို့ ရနိုင်တဲ့[br]ဦးနှောက်ရဲ့ လှိုင်းများပါ၊ 0:04:09.607,0:04:12.972 ဝိုင်ယာများကို သုံးပြီး အဲဒါတွေကို [br]ရိုဘော့ထံသို့ ပို့ပေးလိုက်တာပါ။ 0:04:12.972,0:04:16.123 သိပ္ပံပညာဟာ အဲဒါကို တိုင်းနိုင်တယ်၊[br]စမ်းသပ်နိုင်ကာ လှုပ်ရှားမှုကို ရှင်းပြနိုင်ပါတယ်၊ 0:04:16.123,0:04:20.446 အဲဒီလိုနည်းဖြင့် စိတ်ဖြင့်ထိန်းချုပ်မှုဆိုတာ[br]လက်တွေ့ ရှိတာကို သက်သေထူပြနိုင်တယ်။ 0:04:20.446,0:04:22.942 သိပ္ပံဆိုတာက ယူဆချက် တစ်ခုကို ထောက်ခံတဲ့ 0:04:22.942,0:04:27.120 ဒါမှမဟုတ် ဆန့်ကျင်နေတဲ့ အချက်တွေကို[br]တစ်ခုပြီးတစ်ခု စုစည်းတဲ့ ဖြစ်စဉ်ပါ။ 0:04:27.120,0:04:28.836 အထောက်အထားတွေ စုပုံလာတဲ့အခါမှာ၊ 0:04:28.836,0:04:31.035 ဘယ်အပုံက အမြင့်ဆုံးလဲဆိုတာကို [br]ကျွန်တော်တို့ မြင်နိုင်တယ်၊ 0:04:31.035,0:04:35.730 telekinesis ကိစ္စထဲမှာကျတော့[br]၎င်းရှိနေကြောင်းကို ပြသနေတဲ့ အပုံကြီး မရှိပါဘူး။ 0:04:35.730,0:04:39.858 တစ်ချို့သူတို့က ဒီလို နားလည်ရန် ခဲယဉ်းတဲ့[br]အရာဟာ သိပ္ပံရဲ့ ဘောင်အတွင်းမှာ မရှိနိုင်ဘူး၊ 0:04:39.858,0:04:41.277 အဲဒါဟာ အိုကေပဲလို့ ဆိုကြပါတယ်။ 0:04:41.277,0:04:45.467 အဲဒီလိုဆိုရင် telekinesis ကို လူတစ်ယောက်ရဲ့[br]ယုံကြည်ခံစားမှု သက်သက် ဖြစ်လာပါမယ်။ 0:04:45.467,0:04:47.758 တစ်ခုခုကို သိပ္ပံနည်းကျ စူးစမ်းအကဲခတ်လို့[br]မရနိုင်ဘူးဆိုရင်၊ 0:04:47.758,0:04:50.584 အဲဒါကို သိပ္ပံနည်းကျတယ် အရာပါလို့[br]ပြောမရနိုင်ပါ။ 0:04:50.584,0:04:52.560 ဒီတော့ကား၊ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှု[br]ပြသနေတာက၊ 0:04:52.560,0:04:55.713 ကျွန်တော်တို့က အဲဒီလို စွမ်းအား[br]ကျွန်တော်တို့ ကိုယ်၌ထဲမှာ ရှိနေတာကို၊ 0:04:55.713,0:04:57.943 ကျွန်တော်တို့က ဘယ်လောက်ကြီးပဲ[br]ယုံကြည်လိုကြလိုကြ၊ 0:04:57.943,0:05:00.922 telekinesis ရဲ့ ဖြစ်နိုင်ခြေဟာ[br]သိပ်ကို အားနည်းနေပါတယ်။ 0:05:00.922,0:05:03.021 ဆော်ရီးပဲ Neo၊ Carrie နဲ့ Yoda။[br]ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေဟာ 0:05:03.021,0:05:07.158 တကယ့်ကို အံ့အားသင့်စရာ မှန်ခဲ့ပေမဲ့[br]လောလောဆယ်တွင် ရုပ်ရှင်ထဲမှာသာ ရှိနေတာပါ။