မေးခွန်းတစ်ခုရှိတယ်။
ကွှန်ပြူတာက ကဗျာရေးနိုင်လား။
ဒါက ဆွပေးတဲ့ မေးခွန်းပါ။
တစ်မိနစ်လောက် စဉ်းစားကြည့်ကြပါ။
ရုတ်တရက် ဒီလိုမေးခွန်းတွေ တသီကြီးရပါတယ်။
ကွှန်ပြူတာဆိုတာ ဘာလဲ။
ကဗျာဆိုတာက ဘာလဲ။
ဖန်တီးမှုက ဘာလဲ။
ဒါပေမဲ့ ဒါတွေက လူတွေ
သူတို့တစ်ဘဝလုံး အကုန်ခံပြီး
ကြိုးစားဖြေခဲ့ကြတဲ့ မေးခွန်းတွေပါ။
TED ဟောပြောပွဲ တစ်ခုတည်းမှာတင်မဟုတ်ပါဘူး။
ဒီတော့ မတူတဲ့ နည်းတစ်ခုနဲ့
စမ်းကြည့်မလို့ပါ။
ဟောဒီအထက်မှာ ကဗျာနှစ်ပုဒ် ရှိပါတယ်။
တစ်ပုဒ်က လူရေးထားတာဖြစ်ပြီး
ကျန်တဲ့ တစ်ပုဒ်က ကွှန်ပြူတာက ရေးထားတာပါ။
ဘာက ဘာဆိုတာကို
ခင်ဗျားတို့ကို မေးတော့မှာပါ။
စပ်းကြည့်လိုက်ပါဦး။
ကဗျာ (၁) ယင်ကောင်လေး၊ မင်းရဲ့နွေဦး
ပြဇာတ်၊ အဆင်ခြင်မဲ့တဲ့ ငါ့လက်က ပွတ်ပစ်မိ၊
ငါက မင်းလို ယင်ကောင်မဟုတ်ဘူးလား၊
ဒါမှမဟုတ် မင်းက ငါ့လို လူမဟုတ်ဘူးလား၊။
ကဗျာ(၂) ပြောင်းလဲရေးဝါဒီ၊ မင်းဘဝရဲ့
မနက်ခင်းကနေ ခံစားလို့ရတယ်။
ပုပ်ရဟန်းမင်း၊ ခဏရပ်ကြည့်ပါဦး၊ မုန်းတယ်၊
ခမ်းနားမှုစဖို့တစ်ညလုံး မဟုတ်၊ မဟုတ်ရင်...
ကောင်းပြီ၊ အချိန်စေ့ပါပြီ။
ကဗျာ ၁ က လူတစ်ယောက်ရေးတာလို့
ထင်ရင် လက်ထောင်ပါ။
အိုကေ၊ အများစုပဲဗျ။
ကဗျာ ၂ က လူတစ်ယောက်ရေးတာလို့
ထင်ရင် လက်ထောင်ပါ။
သတ္တိကောင်းလိုက်တာဗျာ။
အကြောင်းက ပထမတစ်ပုဒ်ကို လူသား
ကဗျာဆရာ William Blake ကရေးခဲ့ပါ။
ဒုတိယအပုဒ်က ကျွန်တော့ရဲ့
တစ်နေ့တာ Facebook အဝင်
ဘာသာစကားအားလုံးကို ယူပြီးတော့
အယ်လဂိုရစ်သမ်နည်းနဲ့
ပြန်ထုတ်ပြီးရေးထားတာပါ။
နောက်ပိုင်း ကျွန်တော် နည်းနည်း
ရှင်းလင်းပြမယ့် နည်းတွေအရပေါ့။
ကဲ နောက်ထပ် စမ်းသပ်မှုတစ်ခု လုပ်ရအောင်။
ထပ်ပြီး ဒါကိုဖတ်ဖို့
အချိန်အကြာကြီး မရပါဘူး။
ဒီတော့ ကိုယ့်ကိုယ်ကိုပဲ ယုံပါ။
ကဗျာ( ၁) ခြင်္သေကဟိန်း၊ ခွေးကဟောင်
စိတ်ဝင်စားစရာ၊ စွဲမက်စရာက
ငှက်ကပျံသွားမှာ၊ မဟိန်း၊ မဟောင်နဲ့၊
ဖမ်းစားနေတဲ့ တိရစ္ဆာန် ပုံပြင်တွေ
ငါ့အိပ်မက်မှာ၊ ငါ မပင်ပန်းဘူးသာဆိုရင်
သူတို့အားလုံးကို သီချင်းဆိုပြလိုက်မှာ။
(၂) အိုး၊ သားပိုက်ကောင်တွေ၊ ဘော်ကြယ်တွေ၊
ချောကလက် ဆိုဒါ၊ မင်းကသိပ်လှတာ
ပုလဲတွေ၊ ဘာဂျာတွေ၊ ဂျူဂျူးဘာတွေ၊
အက်စပရင်တွေ ဒါတွေအကြောင်းပဲ အမြဲပြောနေ။
ကဲ၊ အချိန်စေ့ပါပြီ။
ဒီတော့ ပထမကဗျာက လူရေးထားတာလို့ ထင်ရင်
လက်ထောင်လိုက်ပါ။
အိုကေ။
ပြီးတော့ ဒုတိယကဗျာက လူရေးထားတာလို့ ထင်ရင်
လက်ထောင်ပါဦး။
ခွဲလိုက်ရင် တစ်ဝက်စီလောက်ပေါ့။
ဒါက အများကြီး ပိုခက်ပါတယ်။
အဖြေကတော့
ပထမကဗျာက Ractor လို့ခေါ်တဲ့
အယ်လဂိုရစ်သမ်နဲ့ ပြန်ထုတ်ထားတာပါ။
၁၉၇၀ နှစ်လွန်ကာလတွေတုန်းက ထွင်ခဲ့တာပါ။
ဒုတိယကဗျာက Frank O'Hara ဆိုတဲ့
ငနဲတစ်ကောင် ရေးခဲ့တာ၊
ကျွန်တော့ အကြိုက်ဆုံး လူသားကဗျာဆရာ
ဖြစ်တဲ့သွားသူပေါ့။
(ရယ်သံများ)
အခုကျွန်တော်တို့ လုပ်လိုက်တာက ကဗျာ
အတွက် Turing စမ်းသပ်ချက်ပါ။
Turing စမ်းသပ်မှုက ၁၉၅၀ မှာ Alan Turin
ဆိုတဲ့လူက ဒီမေးခွန်းကို
ဖြေဖို့အတွက် အဆိုပြုခဲ့တာပါ။
ကွန်ပြူတာက ကဗျာရေးနိုင်လား။
Alan Turing ယုံကြည်တာက ကွန်ပြူတာတစ်လုံးဟာ
လူသားတစ်ယောက်နဲ့ စာသားအခြေခံတဲ့
ပြောဆိုခြင်း ရှိနိုင်မယ်ဆိုရင်၊
ကွန်ပြူတာကိုပြောနေလား၊ လူသားကို
ပြောနေလား ဆိုရလောက်အောင်
လူသားတစ်ယောက်က မခွဲခြားနိုင်
လောက်တဲ့ ကျွမ်းကျင်မှုနဲ့သာဆိုရင်
ကွန်ပြူတာဟာ အသိဉာဏ်ရှိတယ်လို့
ဆိုနိုင်တယ်တဲ့။
ဒါနဲ့ သူငယ်ချင်း Benjamin Laird နဲ့
ကျွန်တော်
အွန်လိုင်း ကဗျာအတွက် Turing
စမ်းသပ်မှုတစ်ခု ဖန်တီးခဲ့တယ်။
bot or not လို့ခေါ်ပြီး
ကိုယ်တိုင် သွားကစားလို့ရပါတယ်။
အခြေခံအားဖြင့်တော့
အခုနက ကစားခဲ့တဲ့ ဂိမ်းပါ။
သင့်ကို ကဗျာတစ်ပုဒ်ချပေးမယ်၊
ဒါကို လူရေးတာလား၊ ကွှန်ပြူတာက
ရေးလား သင်မသိပါဘူး။
မှန်းဆကြည့်ဖို့လိုတာပါ။
ဒါနဲ့ ဒီအွန်လိုင်း စမ်းသပ်မှုကို
လူထောင်ပေါင်းချီပြီး လုပ်ကြတော့
ရလဒ်တွေ ရပါတယ်။
ဒီရလဒ်တွေက ဘာတွေလဲဗျာ။
အင်း Turing ဆိုခဲ့တာက လူတစ်ယောက်လုပ်တဲ့
အချိန်ရဲ့ ၃၀% မှာ
ကွန်ပြူတာက လူကို အရူးလုပ်နိုင်တယ်ဆိုရင်
၎င်းဟာ ဉာဏ်ရည်အတွက် Turing
စမ်းသပ်မှု အောင်တယ်တဲ့။
ကျွန်တော်တို့မှာ လူသားစာဖတ်သူတွေရဲ့
၆၅% ကို
ဒါက လူရေးတာပါလို့ တွေးမိစေပြီး
အရူးလုပ်ခဲ့တဲ့ bot or not
ဒေတာအခြေခံ ကဗျာတွေရှိပါတယ်။
ဒီတော့ မေးခွန်းအတွက်
အဖြေရှိတယ်လို့ ထင်တယ်။
Turing စမ်းသပ်ချက်ရဲ့ တွက်ချက်မှုအရဆိုရင်
ကွှန်ပြူတာဟာ ကဗျာရေးတတ်လား။
အင်း လုံးဝကို ရေးတတ်တာပေါ့ဗျာ။
ဒါပေမဲ့ ဒီအဖြေနဲ့ပတ်သက်ပြီး နည်းနည်း
ကသိကအောက်ဖြစ်သွားရင် ရပါတယ်ဗျာ။
ဒါကိုတုံ့ပြန်ဖို့ ရဲစိတ်တွေ
တသီကြီးရှိနေရင်
ဒါလည်း ရပါတယ်။ အကြောင်းက
ဒါက ဇာတ်လမ်းအဆုံး မဟုတ်လို့ပါ။
တတိယနဲ့ နောက်ဆုံး စမ်းသပ်ချက် ကစားရအောင်။
ထပ်ပြီး ခင်ဗျားတို့ဖတ်ပြီး ဘယ်ဟာက
လူရေးတယ်လို့ထင်လဲဆိုတာ ပြောရမှာပါ။
(၁) Reg က အလံလှလှတွေအတွက် အကြောင်း
ပြချက်ကို လွှင့်ထူတယ်၊ ဖဲကြိုးတွေရော
အလံတွေရဲ့ ဖဲကြိုးတွေ၊ အထည်ကို ဆင်မြန်း
ရင်း၊ အထည်ဆင်မြန်းတဲ့ အကြောင်းရင်းများ...
(၂) ဒဏ်ရာရ သမင်တစ်ကောင် အမြင့်ဆုံး
ခုန်တယ်၊ အဝါရောင်ပန်းကို ကြားလိုက်တယ်၊
ဒီနေ့ အလံကို ကြားလိုက်တယ်၊
မုဆိုးပြောတာ ကြားလိုက်တယ်။
ဒါဟာ မရဏရဲ့ ပီတိသက်သက်၊
နောက် မုန့်ဖုတ်တာက ပြီးလုလု(..)
အိုကေ၊ အချိန်စေ့ပြီ။
ကဲဒီတော့ ကဗျာ ၁ က လူရေးထားတာလို့
ထင်ရင် လက်ထောင်လိုက်ပါ။
ကဗျာ ၂ က လူရေးထားတာလို့ ထင်ရင်
လက်ထောင်လိုက်ပါ။
အိုး လူတွေ ပိုများလာတာပဲ။
ကဲ ကဗျာ ၁ က လူသားကဗျာဆရာ
Gertrude Stein ရေးတာလို့သိရင်
အံ့ဩသွားလိမ့်မယ်။
ကဗျာ ၂ ကတော့ RKCP လို့ခေါ်တဲ့
အယ်လဂိုရစ်သမ်နဲ့ ထုတ်ထားတာပါ။
ကဲ ရှေ့မဆက်ခင် RKCP
အလုပ်လုပ်ပုံကို ရိုးရိုး၊ မြန်မြန်လေး
ရှင်းပြခွင့်ပြုပါ။
RKCP ဟာ Ray Kurzweil ဒီဇိုင်းထုတ်ခဲ့တဲ့
အယ်လဂိုရစ်သမ်တစ်ခုပါ။
Google က အင်ဂျင်နီယာ ဒါရိုက်တာ
တစ်ဦးဖြစ်ပြီး
ဉာဏ်ရည်တုကို စွဲစွဲမြဲမြဲ ယုံကြည်သူပါ။
ဒီတော့ RKCP မူရင်း စာသားကို ပေးလိုက်တော့
ဒါက ဘာသာစကားကို ဘယ်လိုသုံးလဲဆိုတာ
သိဖို့ မူရင်းစာသားကို စီစစ်တယ်။
နောက်ပြီး အဲဒီ ပထမစာသားကို အတုယူတဲ့
ဘာသာစကားကို ပြန်ထုတ်လိုက်တယ်။
ဒီတော့ အခုနက တွေ့ရတဲ့ ကဗျာထဲမှာ
ခင်ဗျားတို့ လူလို့ထင်တဲ့ ကဗျာ ၂ မှာ
Emily Dickinson ဆိုတဲ့ကဗျာဆရာမ
ရဲ့ ကဗျာ တသီကြီးကို ထည့်လိုက်တယ်။
သူမ ဘာသာစကားသုံးပုံကို ကြည့်တယ်၊
ပုံစံကို လေ့လာတယ်၊
ပြီးတော့ ဒီ အလားတူ တည်ဆောက်ပုံအတိုင်း
ပုံစံတစ်ခုကို ပြန်ထုတ်လိုက်တယ်။
ဒါပေမဲ့ RKCP အကြောင်းသိဖို့
အရေးကြီးတဲ့အချက်က
၎င်းဟာ သုံးနေတဲ့ စကားလုံးတွေရဲ့
အဓိပ္ပါယ်ကို မသိဘူးဆိုတာပါ။
ဘာသာစကားဟာ ကုန်ကြမ်းသက်သက်ပါ၊
တရုတ်ဖြစ်နိုင်တယ်၊ ဆွီဒင် ဖြစ်နိုင်တယ်၊
Facebook ကနေ တစ်နေ့စာ
စုထားတဲ့ ဘာသာစကားဖြစ်နိုင်တယ်။
ဒါက ကုန်ကြမ်းသက်သက်ပါ။
ဒါပေမဲ့လည်း ဒါက Gertrude Stein ရဲ့
ကဗျာတွေထက် လူသား ပိုဆန်ပုံရတဲ့
ကဗျာတစ်ပုဒ် ဖန်တီးနိုင်ပါတယ်။
Gertrude Stein ဟာ လူသားတစ်ဦးနော်။
ဒီတော့ ဒီမှာ ကျွန်တော်တို့ လုပ်လိုက်တာက
Turing စမ်းသပ်မှုရဲ့ ပြောင်းပြန်နီးပါးပါ။
ဒီတော့ လူသားဖြစ်တဲ့ Gertrude Stein က
လူအများစုကို
အရူးလုပ်ပြီး ကွန်ပြူတာနဲ့ရေးတယ်လို့
အထင်ရောက်စေတဲ့
ကဗျာတစ်ပုဒ် ရေးနိုင်တယ်။
ဒါကြောင့် Turing စမ်းသပ်မှု ပြောင်းပြန်
အခြေခံတွက်ချက်မှုအရ
Gertrude Stein ဟာ ကွန်ပြူတာ တစ်လုံးပါ။
(ရယ်သံများ)
စိတ်ရှုပ်သွားကြလား။
ဒါဟာ မျှတမှုရှိတယ်လို့ထင်ပါတယ်။
ဒီအထိ ကျွန်တော်တို့မှာ
လူသားလိုရေးတဲ့ လူသားတွေရှိတယ်၊
ကွန်ပြူတာတွေလို ရေးကြတဲ့
ကွန်ပြူတာတွေရှိတယ်။
လူသားတွေလို ရေးကြတဲ့
ကွန်ပြူတာတွေရှိတယ်။
ဒါပေမဲ့ ထပ်ရှိသေးတာက ၊ စိတ်အရှုပ်
ထွေးဆုံး ဖြစ်လောက်တာက
ကွန်ပြူတာတွေလို ရေးကြတဲ့
လူသာတွေရှိတယ် ဆိုတာပါ။
ဒီတော့ ဒါအကုန်လုံးက ဘာကိုယူလိုက်ကြလဲ။
William Blake က Gertrude Stein ထက်
တစ်နည်းနည်းနဲ့ လူသားပိုဆန်တယ်
လို့ယူကြမလား။ ဒါမှမဟုတ်
Gertrude Stein က William Blake
ထက် ကွန်ပြူတာပိုဆန်တယ်လို့ ယူမလား။
(ရယ်သံများ)
ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုမေးနေတာ
အခုဆို နှစ် နှစ်လောက်ရှိပြီ၊
အဖြေကတော့ မရသေးဘူး။
ဒါပေမဲ့ နည်းပညာနဲ့ ကျွန်တော်တို့ရဲ့
ဆက်စပ်မှု
အကြောင်း အတွေးတွေ တစ်ပြုံကြီးရှိပါတယ်။
ဒီတော့ ကျွန်တော့ရဲ့ ပထမဆုံး သိမြင်မှုက
အကြောင်းတစ်ခုခုနဲ့
ကဗျာစာပေကို လူသားဖြစ်ခြင်းနဲ့
ဆက်စပ်ကြတာကိုပါ။
"ကွန်ပြူတာက ကဗျာရေးနိုင်လား"
လို့ မေးတဲ့အခါ
ကျွန်တော်တို့ မေးနေသေးတာက
"လူသားဖြစ်ဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ၊
ဒီအတန်းအစား ဝန်းကျင်မှာ
နယ်နိမိတ်တွေကို ဘယ်လိုထားလဲ၊
ဘယ်သူက၊ ဘာက ဒီအတန်းအစားရဲ့ အစိတ်
အပိုင်း ဖြစ်နိင်တာ ဘယ်လိုပြောလဲ" ပေါ့။
ဒါက အခြေခံအားဖြင့် ဒဿနဆိုင်ရာ
မေးခွန်းလို့ ထင်တယ်၊
ပြီးတော့ Turing စမ်းသပ်မှုလို ဟုတ်၊ မဟုတ်
ဆိုပြီး ဖြေလို့ရတာမဟုတ်ဘူး။
ဒါကို Alan Turing နားလည်ပြီး ၁၉၅၀ က ဒါကို
တီထွင်နေတုန်းမှာ ဒဿနဆိုင်ရာ
ဆွပေးတာတစ်ခုအဖြစ်
လုပ်နေတာလို့ ယုံကြည်မိပါတယ်။
ဒီတော့ ကျွန်တော့ ဒုတိယသိမြင်မှုက Turing
ကဗျာစာပေ စမ်းသပ်ချက်ကို ဖြေတဲ့အခါ
ကျွန်ပြူတာတွေရဲ့ စွမ်းဆောင်ရည်ကို
စမ်းသပ်နေတာမဟုတ်ပါဘူး၊
အကြောင်းက ကဗျာထုတ်တဲ့
အယ်လဂိုရစ်သမ်ကြောင့်
ဒါတွေဟာ အရမ်း ရိုးစင်ပြီး ၁၉၅၀ ကာလ
နီးပါးလောက် ကတည်းက တည်ရှိနေတာပါ။
Turing ကဗျာစာပေ စမ်းသပ်ချက် နဲ့
ပတ်သက်ပြီးလုပ်နေတာက တကယ်တော့
လူသားဆန်မှုမှာ ပါဝင်တဲ့ ထင်မြင်ချက်တွေကို
ကောက်ယူနေတာပါ။
ဒီတော့ ကျွန်တော် မှန်းဆမိတာက
ဒါကို ဒီနေ့ အစောပိုင်းက တွေ့ပြီးပါပြီ၊
William Blake က Gertrude Stein ထက်
လူသားပိုဆန်တယ်လို့
ကျွန်တော်တို့ပြောတယ်။
အမှန်က William Blake က
တကယ်ပဲလူသားပိုဆန်တယ်၊
ဒါမှမဟုတ် Gertrude Stein က ပိုပြီး
ကွန်ပြူတာဆန်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
လူသားရဲ့ အတန်းအစားဟာ မတည်ငြိမ်ဘူးလို့
ဆိုရုံသက်သက်ပါ။
ဒါက ကျွန်တော့ကို နားလည် သွားမိစေတာက
လူသားဆိုတာ အေးစက်၊ မာကျောတဲ့
အရာ မဟုတ်ဘူဆိုတာပါ။
တကယ်တမ်းက ဒါဟာ ကျွန်တော်တို့ရဲ့
ထင်မြင်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့၊
ကာလကိုလိုက်ပြီး ပြောင်းတတ်တဲ့ အရာပါ။
ဒီတော့ နောက်ဆုံး သိမြင်မှုက ကွန်ပြူတာဟာ
အနည်းနဲ့အများဆိုသလို
ကွန်တော်တို့ ပြတဲ့ လူတစ်ဦးရဲ့ စိတ်ကူး
တိုင်းကို ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်လို
အလုပ်လုပ်ပါတယ်။
Emily Dickson ကို ပြလိုက်တော့
ကျွန်တော်တို့ကို Emily Dickson ပြန်ပေးတယ်။
William Blake ပြလိုက်ရင်
ဒါကို ကျွန်တော်တို့ဆီ ပြန်ပေးပါတယ်။
Gertrude Stein ကို ပြလိုက်တော့
ကျွန်တော်တို့ ပြန်ရတာက Gertrude Stein ပါ။
အခြားနည်းပညာ အစအနတွေထက်ပိုတာက
ကွန်ပြူတာဟာ ၎င်းကို သင်ပေးတဲ့ လူ့စိတ်ကူး
တိုင်းကို ပုံရိပိထင်တဲ့ မှန်တစ်ချပ်ပါ။
မကြာသေးခင်က ဉာဏ်ရည်တုအကြောင်း ခင်ဗျားတို့
တော်တော်များများ ကြားမိနေမယ်ဆိုတာ
သေချာပါတယ်။
တော်တော်များများ ပြောကြတာက
ဒါကို ဆောက်လို့ရလားပေါ့။
ဉာဏ်ရည်ရှိတဲ့ ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။
ထွင်ဉာဏ်ရှိတဲ့ ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။
ကျွန်တောိတို့တွေ ထပ်ကာတလဲလဲ မေးနေကြတာက
လူသားတစ်ဦးလို ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။
ဒါပေမဲ့ အခုပဲ တွေ့လိုက်ရတာက
လူသားဟာ သိပ္ပံဆိုင်ရာ ဖြစ်ရပ်
တစ်ခုမဟုတ်ဘူး၊
ဒါဟာ အမြဲပြောင်းနေတဲ့ ကွင်းဆက်ဖြစ်နေတဲ့
စိတ်ကူးတစ်ခုဖြစ်ပြီး
ဒါက ကာလအလိုက် ပြောင်းနေတာပါ။
ဒီတော့ အနာဂတ် မှာရှိတဲ့ ဉာဏ်ရည်တုဆိုတဲ့
စိတ်ကူးတွေနဲ့ နပန်းလုံးဖို့ စတဲ့အခါ
"ဆောက်လို့ရလား။" လို့ ကိုယ့်ကိုယ်ကို
မေးသင့်ရုံတင်မကပဲ
နောက်ထပ် မေးနေသင့်တာကတော့
"ဘယ် လူသားစိတ်ကူးကို ကိုယ့်ဆီ
ပြန်ရောင်ပြန်ဟပ်စေချင်လဲ" ဆိုတာပါ။
ဒါဟာ အခြေခံကအားဖြင့်တော့
ဒဿနဆိုင်ရာ စိတ်ကူးဖြစ်ပြီး
ဒါဟာ ဆော့ဖ်ဝဲ တစ်ခုတည်နဲ့
ဖြေလို့ရတာမဟုတ်ပါဘူး။
ဒါပေမဲ့ မျိုးစိတ်တစ်ခုလုံး၊ အတ္တဘဝ
ထင်ဟပ်ချက် အချိန်ကာလလိုတယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)