1 00:00:00,926 --> 00:00:04,070 ဒါက ကျွန်တော်ပျော်နေတဲ့ ဓာတ်ပုံက ၁၉၉၉ တုန်းကပုံပေါ့ 2 00:00:04,070 --> 00:00:06,160 တက္ကသိုလ် နောက်ဆုံးနှစ်မှာ 3 00:00:06,160 --> 00:00:08,092 အကလေ့ကျင့်ပြီးပြီးချင်း ရိုက်ထားတာပါ 4 00:00:08,120 --> 00:00:09,638 အမှန်အကန် ပျော်နေခဲ့တာပေါ့ 5 00:00:10,200 --> 00:00:13,420 အသေအချာမှတ်မိသေးတယ် နောက်တစ်ပတ်ခွဲလောက် နေတော့ ကျွန်တော့်အခြေအနေကို 6 00:00:13,998 --> 00:00:16,992 ကျွန်တော့် တစ်ပတ်ရစ် မီနီဗန်နောက်ခန်းမှာ ထိုင်နေရင်းနဲ့ 7 00:00:17,002 --> 00:00:18,914 ကျောင်းဝင်းထဲက ကားပါကင်ထဲမှာ 8 00:00:19,260 --> 00:00:21,881 အဲ့အချိန်မှာပဲ သေကြောင်းကြံဖို့ ဆုံးဖြတ်ခဲ့တာပေါ့ 9 00:00:23,790 --> 00:00:27,056 ဆုံးဖြတ်ချက်ချရာကနေ အတည်စီစဥ်တဲ့အဆင့်ကို 10 00:00:27,056 --> 00:00:28,251 ခဏလေးနဲ့တင်ရောက်သွားတယ် 11 00:00:28,251 --> 00:00:31,051 ချောက်ကမ်းပါးစပ်အစွန်းရောက်ဖို့ ဒီလောက် သီသီလေးပဲလိုတော့တာ 12 00:00:31,051 --> 00:00:33,885 ကျွန်တော် အန္တာရယ်နဲ့ အနီးကပ်ဆုံးရောက်ဖူးခဲ့တဲ့အကြိမ်ပါပဲ 13 00:00:33,885 --> 00:00:36,755 သေနတ်မောင်းကိုမနှိပ်ဖြစ်လိုက်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက 14 00:00:36,775 --> 00:00:39,315 ကံကောင်းတဲ့ တိုက်ဆိုင်မှုတစ်ချို့ကြောင့်ပါ 15 00:00:39,495 --> 00:00:40,705 ဒီဖြစ်ရပ်အပြီးမှာတော့ 16 00:00:41,095 --> 00:00:44,195 ဒါကို ကျွန်တော် အစိုးရိမ်ဆုံးပဲ ဖြစ်နိုင်ခြေ အလားအလာပါ 17 00:00:45,002 --> 00:00:48,364 ဒါကြောင့် ကျွန်တော်နည်းမျိုးစုံကို စနစ်တကျစမ်းဖြစ်လာတယ် 18 00:00:48,364 --> 00:00:50,519 အတက်အကျတွေကို ရင်ဆိုင်နိုင်ဖို့ပေါ့ 19 00:00:50,519 --> 00:00:53,559 အဲ့ဒါက အရင်းနှီးကောင်းဖြစ်သွားတယ်ဆိုတာ မြင်သာပါတယ် (ရယ်သံ) 20 00:00:54,299 --> 00:00:56,990 သာမန်လူတော်တော်များများက သက်တမ်းတစ်လျှောက်မှာ 21 00:00:56,990 --> 00:00:59,269 စိတ်ဓာတ်ကျတာ ၆ ကြိမ် ကနေ ၁၀ ကြိမ်လောက်ရှိမှာပါ၊ 22 00:00:59,559 --> 00:01:02,192 ကျွန်တော်က စိတ်နှစ်ခွ စိတ်ကျရောဂါရှိတယ် မျိုးရိုးလိုက်တာ 23 00:01:02,192 --> 00:01:04,603 လက်ရှိအချိန်ထိဆိုရင် အခေါက် ၅၀ လောက်ဖြစ်ပြီးပြီပေါ့ 24 00:01:04,623 --> 00:01:06,913 တော်တော်လည်း သင်ခန်းစာရသွားပြီ 25 00:01:06,921 --> 00:01:08,584 ရိုက်နှက်ခံရတာလည်း မြောက်များစွာပါ 26 00:01:08,584 --> 00:01:11,739 အမှောင်ထုနဲ့ကြိုးဝိုင်းထဲမှာ အခေါက်ပေါင်းများစွာယှဥ်ထိုးခဲ့ပြီးပြီ 27 00:01:11,739 --> 00:01:13,173 သေသေချာချာလည်းမှတ်သားထားခဲ့တယ် 28 00:01:13,173 --> 00:01:15,933 ဒါကြောင့် အောင်မြင်ရေးနည်းလမ်းတွေ ပေးတာထက်စာရင် 29 00:01:16,023 --> 00:01:18,073 ဒါမှမဟုတ်ဘဝဇာတ်ကြောင်းတစေ့တစောင်းထက်စာရင် 30 00:01:18,073 --> 00:01:22,183 ကျွန့်တော့်ရဲ့ ကိုယ့်ကိုကိုယ်ဖျက်စီးတာကို ရှောင်ရှားနည်းကို မျှဝေပေးချင်ပါတယ် 31 00:01:23,183 --> 00:01:25,573 ကိုယ့်ကိုကိုယ် တုံဆိုင်းစေတာရောပေါ့ 32 00:01:26,375 --> 00:01:27,965 ကျွန်တော်ရှာတွေ့ခဲ့တဲ့ အရာက 33 00:01:27,965 --> 00:01:31,405 စိတ်ကျဆင်းမှုအတွက် စိတ်အချရဆုံး ကယ်ဆယ်ရေးပိုက်ကွန်တစ်ခုဖြစ်တယ် 34 00:01:31,755 --> 00:01:36,037 ဒါက အကောင်းဆုံးစီးပွားရေး ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးခဲ့တဲ့အရာနဲ့အတူတူပါပဲ 35 00:01:36,407 --> 00:01:37,915 ဒါပေမယ့်ဒါက သိပ်အရေးမပါပါဘူး 36 00:01:38,665 --> 00:01:41,884 အဲ့ဒီနည်းလမ်းကတော့ Stoicism ပါ 37 00:01:41,894 --> 00:01:43,501 ပျင်းစရာကောင်းမယ့်ပုံပေါ်တယ်နော် 38 00:01:43,501 --> 00:01:44,227 (ရယ်သံ) 39 00:01:44,227 --> 00:01:46,293 Spock ကို တွေးရင်တွေးမိကျလိမ့်မယ် 40 00:01:46,293 --> 00:01:49,432 ဒါမှမဟုတ် ဒီလိုပုံမျိုးကို မြင်ယောင်မိမယ် 41 00:01:49,432 --> 00:01:50,233 (ရယ်သံ) 42 00:01:50,233 --> 00:01:52,405 နွားတစ်ကောင် မိုးထဲမှာရပ်နေတဲ့ပုံ 43 00:01:52,485 --> 00:01:55,542 ဝမ်းနည်းဖို့တော့မကောင်းပါဘူး အထူးတလည်တော့လည်းပျော်စရာမကောင်းဘူး 44 00:01:55,542 --> 00:01:59,156 ဘဝကပေးသမျှကို အတုံအပြန်မရှိ ခံယူနေတဲ့ သတ္တဝါတစ်ကောင်ပေါ့ 45 00:01:59,765 --> 00:02:02,545 အကောင်းဆုံးပြိုင်ပွဲဝင်တစ်ယောက်ကိုတော့ တွေးမိမှာမဟုတ်ဘူး 46 00:02:02,585 --> 00:02:03,925 ဆိုပါတော့ Bill Belichick 47 00:02:03,955 --> 00:02:06,035 နယူး အင်္ဂလန်ပတ်ထရီးရော့ နည်းပြချုပ် 48 00:02:06,065 --> 00:02:09,756 NFL သမိုင်းတစ်လျှောက် စံချိန်တင် Super Bowlဂုဏ်ပုဒ်တွေလည်းရထားတဲ့သူတစ်ယောက် 49 00:02:09,806 --> 00:02:13,782 ပြီးတော့ NFL ရဲ့ထိပ်တန်းကစားသမားတွေကြားမှာ စိတ်ဓာတ်ကြံခိုင်အောင် လေ့ကျင့်နည်းအဖြစ် 50 00:02:13,782 --> 00:02:17,060 Stoicism က တောမီးလို အလျင်မြန် ဒီနှစ်အနည်းငယ်အတွင်းမှာပျံနှံခဲ့တာပေါ့ 51 00:02:18,530 --> 00:02:22,500 အမေရိကန်ရဲ့ စတင်တည်ထောင်သူတွေကိုလည်း ထင်မိမှာမဟုတ်ဘူး 52 00:02:22,500 --> 00:02:25,266 Thomas Jefferson, John Adams, George Washington တို့ကလည်း 53 00:02:25,266 --> 00:02:28,266 Stoicism ကို ကျင့်သုံးတဲ့သူ သုံးယောက်ပေါ့ 54 00:02:28,266 --> 00:02:32,296 George Washington က တကယ်တမ်း Stoic တစ်ယောက်အကြောင်းပြဇာတ်တစ်ခု 55 00:02:32,296 --> 00:02:34,595 အဲ့ဒါက "ကေတို၊ အဖြစ်ဆိုး တစ်ရပ်" 56 00:02:34,595 --> 00:02:37,970 Valley Forge ကသူ့ တပ်သားတွေကို စိတ်တက်ကြွအောင် ဖြော်ဖြေခိုင်းခဲ့ဖူးတယ် 57 00:02:37,970 --> 00:02:42,477 ဒီတော့ လက်တွေ့သမားတွေက ဘာလို့ ရှေးကျတဲ့အတွေးအခေါ်တစ်ခုကို အလေးထားတာလဲ 58 00:02:42,477 --> 00:02:44,125 ဒါက သိပ်ကိုသဘောတရားဆန်တယ်လေ 59 00:02:44,125 --> 00:02:47,853 ကျွန်တော်က ခင်ဗျားတို့ကို Stoicism ကို နည်းနည်းတမူထူးခြားပြီးတွေးကြည့်စေချင်တယ် 60 00:02:47,853 --> 00:02:51,785 စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်တွေမှာ အောင်မြင်နိုင်ဖို့ စီမံလည်ပတ်တဲ့စနစ်တစ်ခု 61 00:02:51,823 --> 00:02:54,439 ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့အတွက်ပါ။ 62 00:02:54,439 --> 00:02:56,252 ဒါတွေအားလုံးက ဒီကနေစခဲ့တာပါ 63 00:02:56,252 --> 00:02:57,289 တနည်းအားဖြင့်ပေါ့ 64 00:02:57,289 --> 00:02:58,629 အိမ်ရှေ့ဆင်ဝင်တစ်ခုပေါ်ကနေပါ 65 00:02:58,689 --> 00:03:00,715 ဒီတော့ ဘီစီ ၃၀၀ လောက်တုန်းက အေသင်မှာ 66 00:03:00,725 --> 00:03:04,528 "Zeno of Citium" လို့ခေါ်တဲ့လူတစ်ယောက်က ဟောပြောချက်တွေအများကြီး သင်ကြားပေးခဲ့တယ် 67 00:03:04,528 --> 00:03:07,881 ဆေးသုတ်ထားတဲ့အိမ်ရှေ့ဆင်ဝင် "Stoa"(ဂရိအခေါ်) မှာလမ်းလျှောက်ရင်းနဲ့ပေါ့ 68 00:03:07,881 --> 00:03:10,713 အဲ့ဒီကနေပြီး နောက်ပိုင်းကျတော့ "stoicism" လို့ ဖြစ်လာတာပေ့ါ 69 00:03:10,733 --> 00:03:12,193 ပြီးတော့ ဂရိ-ရောမ ခေတ်တုန်းက 70 00:03:12,193 --> 00:03:14,606 လူတွေက stoicism ကို အလုံးစုံသော ကိရိယာတစ်ခုအနေနဲ့ 71 00:03:14,606 --> 00:03:17,112 ကိစ္စအမြောက်အများလုပ်ဆောင်ဖို့အတွက် အသုံးပြုခဲ့ကြတယ် 72 00:03:17,112 --> 00:03:20,009 ဒါပေမယ့် ကျွန်တော်တို့ရည်ရွယ်ချက်အတွက် အဲဒီထဲက အဓိကျတာကတော့ 73 00:03:20,009 --> 00:03:24,142 ကိုယ်ထိန်းချုပ်လို့ရတဲ့အရာနဲ့ မရတဲ့အရာကို ခွဲခြားဖို့ကိုယ်တိုင်လေ့ကျင့်ဖို့ 74 00:03:24,444 --> 00:03:28,326 ပြီးတော့ ထိန်းချုပ်လို့ရတဲ့အရာကိုပဲ သီးသန့် အာရုံစိုက်တတ်အောင် လေ့ကျင့်ဖို့ပါ 75 00:03:28,326 --> 00:03:31,322 ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ခံစားတုန့်ပြန်မှုကိုလျှော့ချနိုင်တယ် 76 00:03:31,332 --> 00:03:33,032 ဒါက စူပါပါဝါ တစ်မျိုးဖြစ်နိုင်ပါတယ် 77 00:03:33,032 --> 00:03:36,092 အပြန်အလှန်အားဖြင့် ဆိုကြပါစို့ ခင်ဗျားက တိုက်စစ်မှူးတစ်ယောက်ပေါ့ 78 00:03:36,112 --> 00:03:39,331 ဘောလုံးပေးလိုက်တာတစ်ခေါက်ချော်သွားတယ်ပေါ့ ကိုယ့်ကိုကိုယ် ဒေါသထွက်မယ် 79 00:03:39,351 --> 00:03:40,818 ဒါဆို ဒီပွဲကိုရှူံးသွားမယ် 80 00:03:40,828 --> 00:03:42,131 ခင်ဗျားက စီအီးအို တစ်ယောက် 81 00:03:42,131 --> 00:03:44,054 တန်ဖိုးထားရတဲ့ ဝန်ထမ်းတစ်ယောက်အပေါ် 82 00:03:44,064 --> 00:03:47,077 သာမည စည်းကမ်းတစ်ခုဖောက်မိတဲ့အတွက် အပြင်းအထန်ဒေါသထွက်မိတယ်ဆိုရင် 83 00:03:47,107 --> 00:03:49,113 ခင်ဗျားအဲ့ဒီဝန်ထမ်းကိုဆုံးရှူံးသွားမှာပေါ့ 84 00:03:49,233 --> 00:03:53,791 ခင်ဗျားက တက္ကသိုလ်ကျောင်းသားတစ်ယောက် ထားပါတော့ စိတ်ဓာတ်ကအဆုံးမရှိကျနေတယ် 85 00:03:53,791 --> 00:03:56,821 ပြီးတော့ အကူညီမရမျှော်လင့်ချက်မဲ့နေတယ် 86 00:03:56,821 --> 00:03:59,863 ခံစားမှုကလည်းပြင်းထန်တယ် ဒါဆို ခင်ဗျားအသက်ဆုံးရှူံးသွားနိုင်တယ် 87 00:03:59,863 --> 00:04:01,709 ဆိုတော့ လောင်းကြေးက အရမ်း အရမ်းကြီးတယ် 88 00:04:01,889 --> 00:04:05,559 ဒီထဲမှာ ခင်ဗျားတို့ကို အောင်မြင်အောင် ကူညီပေးနိုင်တဲ့ အရာတွေအများကြီးပါတယ် 89 00:04:05,569 --> 00:04:09,049 ၂၀၀၄ ခုနှစ်မှာ ကျွန်တော့်ဘဝကို လုံးဝ ပြောင်းလဲစေခဲ့တဲ့အရာကို ပြောပြပါမယ် 90 00:04:09,049 --> 00:04:11,190 ကိစ္စနှစ်ခုကြောင့် ဒါကိုကြုံတွေ့ခဲ့တာပေါ့ 91 00:04:11,190 --> 00:04:15,288 အရမ်းရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်၊ လူငယ်၊ ကျွန့်တော့်အရွယ်လောက် 92 00:04:15,288 --> 00:04:18,003 ပန်ကရိယ ကင်ဆာနဲ့ မထင်မှတ်ဘဲ ဆုံးသွားတယ် 93 00:04:18,013 --> 00:04:20,740 နောက်ပြီးတော့ ကျွန်တော့်ချစ်သူ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့သူ 94 00:04:20,750 --> 00:04:21,919 ကျွန်တော့်ကိုပစ်သွားတယ် 95 00:04:22,079 --> 00:04:25,776 သူက စိတ်ကုန်သွားပြီ။ သူကကျွန်တော့်ကို "ချစ်ရသော ဂျွန်" စာတော့မပေးခဲ့ပါဘူး 96 00:04:25,776 --> 00:04:29,083 ဒါပေမယ့် ဒီဟာတော့ပေးခဲ့တယ် "ချစ်ရသော ဂျွန်" ကတ်ပြား 97 00:04:29,083 --> 00:04:29,844 (ရယ်သံ) 98 00:04:29,864 --> 00:04:32,589 ဒါကျွန်တော် ဖန်တီးပြောနေတာမဟုတ်ဘူး တကယ်သိမ်းထားတဲ့ဟာပါ 99 00:04:32,599 --> 00:04:34,270 "အလုပ်ချိန်သည် ၅ နာရီတွင် ပြီးသည်" 100 00:04:34,270 --> 00:04:38,017 သူက ဒါကို ကျွန်တော့်ကျန်းမာရေးအတွက် ကျွန်တော့်စားပွဲပေါ်မှာ တင်ထားဖို့ပေးခဲ့တာ 101 00:04:38,017 --> 00:04:41,238 ဘာလို့ဆိုတော့ အဲ့ဒီအချိန်တုန်းက ပထမဆုံး တကယ့်စီးပွားရေး လုပ်နေတာ 102 00:04:41,238 --> 00:04:44,168 ဘာလုပ်လို့လုပ်နေမှန်း လုံးဝမသိဘူးလေ တစ်နေ့ကို ၁၄ နာရီကျော် 103 00:04:44,168 --> 00:04:45,888 တစ်ပတ် ၇ ရက် အလုပ်လုပ်နေတာပေါ့ 104 00:04:45,888 --> 00:04:48,329 စိတ်တက်ကြွဆေးတွေနဲ့ ရှေ့ဆက်နေခဲ့တာ 105 00:04:48,329 --> 00:04:51,274 အနားယူပြီး အိပ်ရာဝင်ဖို့အတွက်တော့ စိတ်ငြိမ်ဆေးကိုသုံးခဲ့တာပေါ့ 106 00:04:51,274 --> 00:04:52,294 အခြေအနေဆိုးခဲ့တာပေါ့ 107 00:04:52,359 --> 00:04:54,309 လုံးဝ ချောင်ပိတ်မိနေသလို ခံစားခဲ့ရတယ် 108 00:04:54,559 --> 00:04:58,159 အဖြေရှာဖို့ ရိုးရှင်းမှုအကြောင်း စာအုပ်တစ်အုပ်ကိုဝယ်ဖတ်ခဲ့တယ် 109 00:04:58,191 --> 00:05:00,820 ပြီးတော့ ကျွန်တော့်ဘဝကို အများကြီးပြောင်းလဲသွားစေတဲ့ 110 00:05:00,820 --> 00:05:02,500 စကားစုတစ်ခုကို ရှာတွေ့ခဲ့တယ် 111 00:05:02,500 --> 00:05:07,396 အဲ့ဒါကတော့ "ကျွန်ုပ်တို့ဟာ လက်တွေ့ထက် စိတ်ကူးမှာ ပိုမကြာခဏ ဒုက္ခခံစားကြရတယ်" 112 00:05:07,396 --> 00:05:11,125 Seneca the Younger ဆိုတဲ့နာမည်ကြီး Stoic စာရေးဆရာတစ်ယောက်ရဲ့စကားပါ 113 00:05:11,155 --> 00:05:13,115 အဲ့ဒီကနေ ကျွန်တော်သူ့စာတွေကိုဖတ်ဖြစ်တယ် 114 00:05:13,265 --> 00:05:15,385 အဲ့ဒီကနေမှ ဒီလေ့ကျင့်ခန်းကို လိုက်လုပ်ဖြစ်တယ် 115 00:05:15,385 --> 00:05:17,122 "premeditatio malorum" လို့ခေါ်တယ် 116 00:05:17,512 --> 00:05:20,151 အဓိပ္ပာယ်ကတော့ ဆိုးယုတ်မှုများကို ကြိုတင်ကြံဆခြင်း ပေါ့ 117 00:05:20,201 --> 00:05:21,738 ရိုးရိုးရှင်းရှင်းပြောရရင်တော့ 118 00:05:21,818 --> 00:05:24,962 ဒါက အဆိုးရွားဆုံး အခြေနေကို အသေးစိတ်မြင်ယောင်ကြည့်တာပါပဲ။ 119 00:05:24,982 --> 00:05:27,755 ခင်ဗျားကြောက်ရွံတဲ့အရာ တစ်ခုခု လုပ်ဆောင်ဖို့ တားဆီးနေတဲ့အရာ 120 00:05:27,775 --> 00:05:30,715 ဒါမှ ဒီတုံ့ဆိုင်းနေတဲ့အရာကို ကျော်လွှားဖို့လုပ်ဆောင်နိုင်မယ် 121 00:05:30,715 --> 00:05:34,242 ကျွန်တော့်အတွက် ပြဿနာကတော့ မျောက်စိတ် အရမ်း ဆူညံပြီးတော့ အလွန် အနားမရတာပေါ့ 122 00:05:34,242 --> 00:05:37,585 ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းကို ဒီအတိုင်းတွေးနေရုံနဲ့ အလုပ်မဖြစ်ဘူး 123 00:05:37,585 --> 00:05:39,699 ကျွန်တော့်အတွေးတွေကို စာရွက်မှာချရေးရတယ် 124 00:05:39,709 --> 00:05:41,493 ချရေးတဲ့လေ့ကျင့်ခန်းတစ်ခုထွင်လိုက်တယ် 125 00:05:41,493 --> 00:05:44,856 "ကြောက်ရွံ့မှုချမှတ်ခြင်း" လို့ခေါ်တယ် ပန်းတိုင်ချမှတ်ခြင်းလိုမျိုးပေါ့ 126 00:05:44,856 --> 00:05:45,813 ကျွန်တော့်အတွက်ပေါ့ 127 00:05:45,963 --> 00:05:47,863 အဲ့ဒီမှာ စာမျက်နှာသုံးမျက်နှာပါတယ် 128 00:05:47,907 --> 00:05:48,746 အဆမတန်လွယ်ပါတယ် 129 00:05:49,440 --> 00:05:51,699 ပထမ စာမျက်နှာက ဒီမှာပါ 130 00:05:51,773 --> 00:05:53,938 "အကယ်၍ ကျွန်တော်...?" 131 00:05:54,072 --> 00:05:55,549 ခင်ဗျားကို ကြောင့်ကြစေသမျှပေါ့။ 132 00:05:55,563 --> 00:05:57,315 ခင်ဗျားတို့ကို သောကရောက်စေတဲ့ ဘာမဆို 133 00:05:57,319 --> 00:05:59,178 ခင်ဗျားတို့ တုံ့ဆိုင်းနေသမျှ အရာတိုင်း 134 00:05:59,178 --> 00:06:00,998 တစ်ယောက်ယောက်ကို ရည်းစားစကားပြောဖို့ 135 00:06:01,018 --> 00:06:01,979 လမ်းခွဲဖို့ 136 00:06:02,017 --> 00:06:05,167 ရာထူးတိုးဖို့ တောင်းဆိုဖို့ အလုပ်ထွက်ဖို့၊ ကုမ္ပဏီတစ်ခု စထောင်ဖို့ 137 00:06:05,211 --> 00:06:06,207 ဘာမဆိုဖြစ်နိုင်ပါတယ် 138 00:06:06,241 --> 00:06:09,368 ကျွန်တော့်အတွက်ကတော့ လေးနှစ်အတွင်းမှာ ပထမဆုံး အားလပ်ရက်ယူပြီး 139 00:06:09,422 --> 00:06:12,385 ကျွန်တော့်လုပ်ငန်းကနေ တစ်လလောက်ခွာြပီး လန်ဒန်ကိုသွားဖို့ပါ 140 00:06:12,475 --> 00:06:15,020 အဲ့ဒီမှာ ကျွန်တော့်သူငယ်ချင်းအိမ်မှာ အလားကားနေလို့ရတယ် 141 00:06:15,364 --> 00:06:18,091 ကျွန်တော့်လုပ်ငန်း ကျပ်တည်းနေတာကနေ ခဏ ရှောင်တာြဖစ်ဖြစ် 142 00:06:18,145 --> 00:06:19,859 ဒါမှမဟုတ် အပြီးပိတ်လိုက်ဖို့ပေါ့ 143 00:06:20,177 --> 00:06:21,735 ပထမဆုံး ကော်လံမှာက "သတ်မှတ်ပါ" 144 00:06:21,735 --> 00:06:25,182 ခင်ဗျားတွေးလို့ရတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အဆိုးဆုံး အရာတွေကို ဒီမှာချရေးမယ် 145 00:06:25,182 --> 00:06:27,782 တကယ်လို့ ခင်ဗျားအဲ့ဒီခြေလှမ်းကို လှမ်းခဲ့မယ်ဆိုရင်ပေါ့ 146 00:06:27,782 --> 00:06:28,983 ၁၀ ခု အခု ၂၀ လောက် ရေးပါ 147 00:06:29,033 --> 00:06:32,387 ဒါတွေအားလုံးကိုတော့ ပြောမနေတော့ပါဘူး ဒါပေမယ့် ဥပမာ နှစ်ခုလောက်ပြောပြမယ် 148 00:06:32,391 --> 00:06:35,861 ပထမတစ်ခုက ကျွန်တော် လန်ဒန်ကိုသွားမယ် မိုးကရွာမယ် ကျွန်တော် စိတ်ဓာတ်ကျလာမယ် 149 00:06:35,861 --> 00:06:38,056 ဒီအရာတစ်ခုလုံးက အချိန်ကုန်ရုံသက်သက်ဖြစ်သွားမယ် 150 00:06:38,099 --> 00:06:40,667 နံပါတ် နှစ် က IRS က ပို့တဲ့စာလွတ်သွားမယ် 151 00:06:40,757 --> 00:06:42,425 ပြီးတော့ ကျွန်တော် စာရင်းစစ်ခံရမယ် 152 00:06:42,425 --> 00:06:45,376 ဒါမှမဟုတ် ဝင်စီးခံရမယ် ဒါမှမဟုတ် ချိတ်ပိတ်ခံရမယ် တစ်ခုခုပေါ့ 153 00:06:45,446 --> 00:06:47,440 ဒီနောက်မှာ "ကာကွယ်ဖို့" ကော်လံ ဆီသွားမယ် 154 00:06:47,440 --> 00:06:49,370 အဲ့ဒီကော်လံမှာ ချရေးရမယ့်အဖြေက 155 00:06:49,370 --> 00:06:52,856 ဒီ အချက်တစ်ခုချင်းစီကို မဖြစ်လာအောင်လို့ ဘယ်လို ကာကွယ်လို့ရမလည်းဆိုတာပါဘဲ 156 00:06:52,916 --> 00:06:56,733 ဒါမှမဟုတ် အနည်းဆုံးတော့ ဖြစ်နိုင်ခြေကို လျော့အောင်လုပ်ဖို့ နည်းနည်းပဲဖြစ်ဖြစ်ပေါ့ 157 00:06:56,827 --> 00:06:58,715 ဒီတော့ လန်ဒန်မှာ စိတ်ဓာတ်မကျအောင်အတွက် 158 00:06:58,715 --> 00:07:00,990 ခရီးဆောင်အပြာရောင်မီးလုံးယူသွားလို့ရတယ် 159 00:07:00,990 --> 00:07:03,125 ပြီးတော့ မနက်ခင်းမှာ ၁၅ မိနစ်လောက်သုံးမယ် 160 00:07:03,125 --> 00:07:05,919 အဲ့ဒါက စိတ်ကျတဲ့အဖြစ်တွေကို ပယ်ရှားပေးတာကို ကျွန်တော်သိတယ် 161 00:07:05,923 --> 00:07:09,443 IRS အတွက်ကတော့ IRS က စာရွက်စာတမ်းတွေကို ပို့ရမယ့်လိပ်စာပြောင်းလို့ရတယ် 162 00:07:09,450 --> 00:07:10,735 အဲ့ဒါဆို ဒီစာရွက်စာတမ်းတွေက 163 00:07:10,735 --> 00:07:13,839 ကျွန်တော့် အိမ်လိပ်စာအစား ကျွန်တော့် စာရင်းကိုင်ဆီကိုရောက်လိမ့်မယ် 164 00:07:13,949 --> 00:07:15,174 လွယ်လွယ်လေး 165 00:07:15,248 --> 00:07:17,872 နောက်ပြီးတော့ ကျွန်တော်တို့ "ပြုပြင်ခြင်း" ကိုသွားမယ် 166 00:07:18,016 --> 00:07:20,691 ဒီတော့တကယ်လို့ အဆိုးဆုံးအခြေနေဖြစ်လာခဲ့ရင် 167 00:07:20,725 --> 00:07:23,820 အပျက်အစီးကို နည်းနည်းလေးဖြစ်ဖြစ် ပြုပြင်လို့ရအောင် ဘာလုပ်လို့ရမလဲ 168 00:07:23,822 --> 00:07:26,103 ဒါမှမဟုတ် ဘယ်သူ့ကို အကူအညီတောင်းလို့ရမလဲ 169 00:07:26,313 --> 00:07:27,810 ဒီတော့ ပထမ ကိစ္စမှာ လန်ဒန်အတွက် 170 00:07:27,810 --> 00:07:31,913 ကောင်းပြီလေ ကျွန်တော်ငွေထပ်စိုက်ပြီးတော့ စပိန်သွားပြီး နေရောင်သွားခံလို့ရတယ် 171 00:07:31,913 --> 00:07:34,226 စိတ်ကျခဲ့ရင်လည်း ပြန်ပြင်ဆင်လို့ရတယ် 172 00:07:34,310 --> 00:07:36,662 IRS ကစာကို လွတ်သွားခဲ့ရင်တော့ 173 00:07:36,728 --> 00:07:39,198 သူငယ်ချင်းရှေ့နေတစ်ယောက်ကို ခေါ်လို့ရတယ် 174 00:07:39,222 --> 00:07:41,648 ဒါမှမဟုတ်ထားပါတော့ ဥပဒေပါမောက္ခ တစ်ယောက်ကိုမေးမယ် 175 00:07:41,815 --> 00:07:43,601 သူတို့ဘာလုပ်ဖို့ အကြံပေးမလဲပေါ့ 176 00:07:43,691 --> 00:07:47,080 ဘယ်သူ့ကိုတိုင်ပင်သင့်သလဲ အရင်ကတခြားသူတွေကော ဘယ်လိုဖြေရှင်းခဲ့လဲပေ့ါ 177 00:07:47,208 --> 00:07:50,863 ဒီတော့ ပထမဆုံးစာမျက်နှာမှာ စိတ်ထဲမှာမှတ်ထားရမယ့် မေးခွန်းတစ်ခုက 178 00:07:50,943 --> 00:07:53,360 တခြား တစ်ယောက်ယောက်က ခေတ်ကာလ သမိုင်းတစ်လျှောက်မှာ 179 00:07:53,384 --> 00:07:56,053 ခင်ဗျားလောက် ဥာဏ်ရည်မမြင့် ဒါမှမဟုတ် ဆန္ဒမပြင်းပျဘဲနဲ့ 180 00:07:56,053 --> 00:07:57,398 ဒါကိုလုပ်ဆောင်ခဲ့ဖူးလား 181 00:07:57,413 --> 00:08:00,467 ဖြစ်နိုင်တဲ့အဖြေက "လုပ်နိုင်တယ်" ဖြစ်မှာပါ 182 00:08:00,512 --> 00:08:01,253 (ရယ်သံ) 183 00:08:01,253 --> 00:08:03,254 ဒုတိယစာမျက်နှာက ရှင်းပါတယ် 184 00:08:03,306 --> 00:08:07,345 လုပ်ကြည့်ရင် သို့မဟုတ် တပိုင်းအောင်မြင်ရင် ရလာမယ့်အကျိုးကျေးဇူးတွေက ဘာတွေဖြစ်နိုင်မလဲ 185 00:08:07,345 --> 00:08:10,074 ကျွန်တော့်တို့က ကြောက်ရွံ့တဲ့အရာတွေကို အကျယ်ချဲ့ပြီးတော့ 186 00:08:10,104 --> 00:08:12,795 ကောင်းကျိုးတွေကို တကယ့်ကို လျော့တွက်နေတယ်ဆိုတာမြင်မှာပါ 187 00:08:12,795 --> 00:08:15,693 ဒီတော့ ခင်ဗျားချိန်ဆနေတဲ့ ဘာဖြစ်ဖြစ် လုပ်ဖို့ ကြိုးစားကြည့်ရင် 188 00:08:15,703 --> 00:08:18,112 ယုံကြည်မှု တည်ဆောက်တာ အတတ်ပညာ ကျွမ်းကျင်အောင်လုပ်တာ 189 00:08:18,112 --> 00:08:20,900 စိတ်ခံစားမှု၊ ငွေးရေးကြေးရေး တစ်ခုခုမှာ တိုးတက်လာနိုင်မလား 190 00:08:20,900 --> 00:08:23,243 ဆိုပါတော့ လုံးဝအောင်မြင်ခဲ့ရင် ဘာအကျိုးကျေးဇူးရမလဲ 191 00:08:23,243 --> 00:08:25,226 ဒီမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်အချိန်ပေးပါ 192 00:08:25,239 --> 00:08:26,180 စာမျက်နှာ သုံး 193 00:08:26,198 --> 00:08:29,049 ဒီဟာက အရေးကြီးဆုံးဖြစ်နိုင်တယ် ဆိုတော့ဒါကို မကျော်ပါနဲ့ 194 00:08:29,049 --> 00:08:30,727 "ဘာမှမလုပ်ခြင်းကြောင့် နစ်နာမှု" 195 00:08:30,727 --> 00:08:34,211 လူတွေက လွဲချော်သွားနိုင်တဲ့အရာကို စဥ်းစားချင့်ချိန်တဲ့နေရာမှာ အရမ်းတော်တယ် 196 00:08:34,211 --> 00:08:36,971 အသစ်ကို စမ်းလုပ်ကြည့်ရင် ထားပါတော့ ရာထူးတိုးတောင်းခဲ့ရင် 197 00:08:36,971 --> 00:08:42,214 ကျွန်တော်တို့ မကြာခဏ ထည့်မစဥ်းစားတာက ရှိရင်းစွဲမပြောင်းလဲမှုရဲ့ ဆုံးရှူံးမှုပဲ 198 00:08:42,901 --> 00:08:44,069 ဘာမှမပြောင်းလဲခြင်း 199 00:08:44,723 --> 00:08:46,723 ဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ 200 00:08:47,112 --> 00:08:49,616 တကယ်လို့ ဒီ လုပ်ရပ် ဒါမှမဟုတ် ဆုံးဖြတ်ချက် 201 00:08:49,770 --> 00:08:53,400 ပြီးတော့ ဒါနဲ့တူတဲ့ လုပ်ဆောင်ချက်တွေ နဲ့ ဆုံးဖြတ်ချက်တွေကို ရှောင်ကြဥ်ခဲ့ရင် 202 00:08:53,928 --> 00:08:58,397 ငါ့ဘဝက ဘယ်လိုဖြစ်နေမလဲ၊ ဆိုပါစို့ နောက် ၆ လ၊ ၁၂ လ၊ သုံးနှစ်နေရင် 203 00:08:58,555 --> 00:09:01,098 ဒီကနေ ပိုကြာသွားရင်တော့ သိပ်ပြီး မှန်းဆလို့မရလောက်ဖူး 204 00:09:01,142 --> 00:09:04,329 တကယ်ကို အသေးစိတ် စဥ်းစားပါ ဒီမှာလည်း စိတ်ခံစားမှု၊ ငွေရေးကြေးရေး၊ 205 00:09:04,450 --> 00:09:05,800 ကိုယ်ကာယပိုင်း၊ ဘာဖြစ်ဖြစ်ပါ 206 00:09:06,099 --> 00:09:09,094 ကျွန်တော် ဒါကိုလုပ်ကြည့်တဲ့အခါ ကြောက်စရာကောင်းတဲ့ ပုံစံထွက်လာတယ် 207 00:09:09,195 --> 00:09:11,184 ကိုယ့်ဟာကိုယ် ဆေးတွေလျှောက်သောက်နေတယ် 208 00:09:11,284 --> 00:09:13,986 ကျွန်တော့် လုပ်ငန်းကလည်း အချိန်မရွေး ပြိုဆင်းနိုင်တယ် 209 00:09:13,986 --> 00:09:16,551 တကယ်လို့ ကျွန်တော်သာ ခြေတစ်လှမ်းမဆုတ်ခဲ့ရင်ပေါ့ 210 00:09:16,551 --> 00:09:19,076 ကျွန်တော့် ဆက်ဆံရေးတွေကလည်း ကတောက်ကဆဖြစ် ယိုယွင်းလာပြီ 211 00:09:19,590 --> 00:09:22,818 ကျွန်တော် ဒီအတိုင်းဆက်သွားနေလို့ မရတော့ဘူးဆိုတာ သိလိုက်တယ် 212 00:09:22,988 --> 00:09:26,879 ဒါတွေက စာမျက်နှာ သုံးမျက်နှာပါ ဒါပါပဲ ဒါ အကြောက်တရားကို ချမှတ်ခြင်းပါပဲ 213 00:09:26,959 --> 00:09:30,063 အဲ့ဒီနောက်မှာတော့ ကျွန်တော်သိလိုက်တာက ၁ ကနေ ၁၀ အတွင်းမှာ 214 00:09:30,660 --> 00:09:33,226 ၁ က သက်ရောက်မှု အနိမ့်ဆုံး ၁၀ က သက်ရောက်မှု အပြင်းဆုံး 215 00:09:33,313 --> 00:09:35,964 ကျွန်တော်သာ ခရီးသွားခဲ့ရင် ကျွန်တော် စွန့်စားနေတာက 216 00:09:36,030 --> 00:09:38,608 ၁ ကနေ ၃ လောက်ရှိတဲ့ ယာယီ ပြန်ပြင်ဆင်လို့ရတဲ့ ဒုက္ခအတွက် 217 00:09:38,683 --> 00:09:42,779 ၈ ကနေ ၁၀ လောက်ရှိတဲ့ အပြုသဘောဆောင်တဲ့ ဘဝကိုပြောင်းပေးနိုင်တဲ့ ကောင်းကျိုးဖြစ်တယ် 218 00:09:42,855 --> 00:09:44,749 ပြီးတော့ ရေရှည်နီးပါးတည်တံ့ နိုင်တယ် 219 00:09:44,975 --> 00:09:46,497 ဒီတော့ ကျွန်တော် ခရီးထွက်ခဲ့တယ် 220 00:09:46,497 --> 00:09:48,471 ဘယ် ဘေးအန္တရာယ်မှလည်း မကျရောက်ခဲ့ပါဘူး 221 00:09:48,471 --> 00:09:50,447 ကြန့်ကြာတာ တချို့တော့ သေချာပေါက်ရှိတာပေါ့ 222 00:09:50,447 --> 00:09:52,836 ကိုယ့်ကိုကိုယ်လည်းလုပ်ငန်းထဲကနေ ဖယ်ထုတ်နိုင်ခဲ့တယ် 223 00:09:52,836 --> 00:09:56,000 အဲဒီ ခရီးစဥ်ကို တစ်နှစ်ခွဲ အထိ တိုးပြီး ကမ္ဘာတစ်ပါတ် သွားဖြစ်ခဲ့တယ် 224 00:09:56,293 --> 00:09:58,749 ပြီးတော့ ဒါက ကျွန်တော့်ကို ဒီနေ့ဒီနေရာရောက်စေခဲ့တဲ့ 225 00:09:58,749 --> 00:10:00,439 ပထမဆုံး စာအုပ်ရဲ့ အခြေခံဖြစ်သွားတယ် 226 00:10:00,469 --> 00:10:01,739 ပြန်ပြီးခြေရာကောက်လိုက်ရင် 227 00:10:01,749 --> 00:10:04,203 ကျွန်တော့်ရဲ့ အကြီးမားဆုံးသော အောင်မြင်မှုအကုန်လုံး 228 00:10:04,223 --> 00:10:07,141 ရှောင်ရှားလိုက်နိုင်တဲ့ အကြီးမားဆုံး အန္တရာယ်တွေ အားလုံးက 229 00:10:07,141 --> 00:10:10,025 အနည်းဆုံး သုံးလပတ်တစ်ခါ စိုးရိမ်မှုတွေကို ချမှတ်တာကြောင့်ပါပဲ 230 00:10:10,711 --> 00:10:11,984 ဒါက နတ်ဆေးတော့မဟုတ်ဘူး 231 00:10:11,984 --> 00:10:15,548 ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတစ်ချို့က အခြေအမြစ်ရှိတယ်ဆိုတာ တွေ့ရလိမ့်မယ် 232 00:10:15,558 --> 00:10:16,280 (ရယ်သံ) 233 00:10:16,366 --> 00:10:20,325 ဒါပေမယ့် ဒါကို အနုကြည့်မှောင်ပြောင်းအောက် မထားကြည့်ရသေးဘဲနဲ့တော့ ကောက်ချမချသင့်ဘူး 234 00:10:20,704 --> 00:10:24,493 ဒါက အကျပ်တည်း ခက်ခဲတဲ့ဆုံးဖြတ်ချက် တိုင်းကို လွယ်အောင်မလုပ်ပေးနိုင်ပေမဲ့ 235 00:10:24,493 --> 00:10:26,515 အတော်များများတော့ ပိုလွယ်အောင်လုပ်ပေးနိုင်တယ် 236 00:10:27,204 --> 00:10:31,582 အကြိုက်ဆုံး ဒီနေ့ခေတ် Stoic တွေထဲကတစ်ယောက် အကြောင်းနဲ့ အဆုံးသတ်ချင်ပါတယ် 237 00:10:32,315 --> 00:10:33,662 ဒါက Jerzy Gregorek ပါ 238 00:10:35,005 --> 00:10:37,881 သူက လေးထပ်ကွမ်း အိုလံပစ် အလေးမ ကမ္ဘာ့ ချမ်ပီယံပါ 239 00:10:38,262 --> 00:10:39,302 နိုင်ငံရေးခိုလှုံသူ 240 00:10:39,859 --> 00:10:41,118 ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာဆရာ 241 00:10:41,387 --> 00:10:42,523 အသက် ၆၂ နှစ်ရှိပါပြီ 242 00:10:42,720 --> 00:10:44,572 ခုထိ ကျွန်တော့်ကို ဆော်နိုင်တုန်း 243 00:10:44,572 --> 00:10:47,049 ဒီအခန်းထဲက တော်တော်များများကိုလည်း နိုင်လောက်တယ် 244 00:10:47,051 --> 00:10:48,731 သူကအထင်ကြီးစရာကောင်းတဲ့သူပါ 245 00:10:48,758 --> 00:10:52,049 ကျွန်တော်သူ့ stoa၊ သူ့ အိမ်ရှေ့ဆင်ဝင်မှာ အချိန်အများကြီးကုန်လွန်ခဲ့တယ် 246 00:10:52,049 --> 00:10:54,323 ဘဝ နဲ့ လေ့ကျင့်ရေး အကြံဉာဏ်တွေတောင်းရင်းနဲ့ပေါ့ 247 00:10:54,578 --> 00:10:57,053 သူက ပိုလန်'သွေးစည်းညီညွတ်ရေး' ရဲ့အဖွဲ့ဝင်တစ်ယောက်ပါ 248 00:10:57,053 --> 00:11:00,107 အဲ့ဒါက အကြမ်းမဖက်တဲ့ လူနေမှုပြုပြင်ရေး လှုပ်ရှားမှုဖြစ်တယ် 249 00:11:00,107 --> 00:11:02,416 အစိုးရရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်တာကိုခံခဲ့ရတယ် 250 00:11:02,440 --> 00:11:04,355 မီးသတ်သမား အလုပ်ကိုလည်း ဆုံးရှူံးသွားတယ် 251 00:11:04,385 --> 00:11:08,187 နောက် သူ့ဆရာ ခရစ်ယာန်ဘုန်းတော်ကြီးလည်း ပြန်ပေးဆွဲ နှိပ်စက်ခံ အသတ်ခံရ ပြီးတော့ 252 00:11:08,187 --> 00:11:09,221 မြစ်ထဲ ပစ်ချခံခဲ့ရတယ် 253 00:11:09,225 --> 00:11:10,459 သူလည်း ချိန်းခြောက်ခံရတယ် 254 00:11:10,459 --> 00:11:12,700 သူနဲ့ သူ့အမျိုးသမီးနဲ့ ပိုလန်ကနေ ထွက်ပြေးလာရတယ် 255 00:11:12,700 --> 00:11:14,223 တစ်နိုင်ငံကနေ တစ်နိုင်ငံကူးပြီး 256 00:11:14,228 --> 00:11:16,738 နောက်ဆုံး US ကို ဘာမှမရှိတော့သလောက်နဲ့ ရောက်လာခဲ့တယ် 257 00:11:16,748 --> 00:11:18,063 ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ရတယ် 258 00:11:18,345 --> 00:11:21,789 ခုတော့ သူက California က Woodside မှာနေတယ် သူ့အိမ်ကလည်း အရမ်းကောင်းပါတယ် 259 00:11:21,890 --> 00:11:24,934 ကျွန်တော့်ဘဝမှာတွေ့ကြုံခဲ့တဲ့ လူပေါင်း တစ်သောင်းကျော်လောက်ထဲမှာ 260 00:11:25,026 --> 00:11:27,319 ကျွန်တော်သူ့ကို ထိပ်ဆုံး ဆယ်ယောက်ထဲမှာထား ထားတယ် 261 00:11:27,319 --> 00:11:30,307 အောင်မြင်မှုနဲ့ ပျော်ရွှင်မှု အရဆိုရင်ပေါ့ 262 00:11:30,363 --> 00:11:32,030 ဟာသ လာတော့မယ်နော် အာရုံစိုက်ထားပါ 263 00:11:32,030 --> 00:11:35,202 လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းလောက်တုန်းက ကျွန်တော်သူ့ဆီ စာပို့ခဲ့တယ် 264 00:11:35,202 --> 00:11:37,352 Stoic အတွေးအခေါ် ကို ဖတ်ဖူးလားလို့ မေးတော့ 265 00:11:37,527 --> 00:11:39,792 စာမျက်နှာ နှစ်မျက်နှာလောက်စာပြန်ခဲ့တယ် 266 00:11:40,148 --> 00:11:42,498 ဒါသူ့ပုံစံမဟုတ်ဘူး သူက တိုတိုပြတ်ပြတ်သမား 267 00:11:42,735 --> 00:11:43,617 (ရယ်သံ) 268 00:11:44,068 --> 00:11:46,199 သူက stoicism နဲ့ရင်းနှီးယုံတင်မကဘဲ 269 00:11:46,274 --> 00:11:49,608 သူထောက်ပြခဲ့တာတွေက သူ့ရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေ အားလုံးအတွက် 270 00:11:49,739 --> 00:11:51,140 သူ့ရဲ့ အချိုးအကွေ့တွေ 271 00:11:51,255 --> 00:11:54,871 သူ့ ခံယူချက် နဲ့ ကိုယ်ကျင့်တရားအတွက် ရပ်တည်ခဲ့တဲ့အချိန် 272 00:11:54,904 --> 00:11:58,937 သူ stoicism နဲ့ ကြောက်ရွံ့မှုချမှတ်တာနဲ့ ဆင်တူတဲ့နည်းကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတာပဲ 273 00:11:58,977 --> 00:12:00,664 ကျွန်တော် တော်တော် အံအားသင့်သွားတယ် 274 00:12:00,664 --> 00:12:02,717 ပြီးတော့သူ အချက်နှစ်ချက်နဲ့ အဆုံးသတ်ထားတယ် 275 00:12:02,717 --> 00:12:07,281 နံပါတ်တစ်၊ Stoic တစ်ယောက်ရဲ့ဘဝထက် ပိုပြီး လှပတဲ့ဘဝကို စိတ်ကူးကြည့်လို့မရဘူး 276 00:12:09,001 --> 00:12:12,148 နောက်ဆုံးကတော့ အရာရာတိုင်းမှာသူသုံးတဲ့ သူ့မန္တာန် 277 00:12:12,148 --> 00:12:14,627 ခင်ဗျားတို့လည်း အရာရာတိုင်းအတွက် အသုံးချနိုင်ပါတယ် 278 00:12:15,374 --> 00:12:17,278 "လွယ်ကူတဲ့ ရွေးချယ်မှု၊ ခက်ခဲတဲ့ဘဝ" 279 00:12:17,988 --> 00:12:20,258 "ခက်ခဲတဲ့ ရွေးချယ်မှု၊ လွယ်ကူတဲ့ဘဝ" 280 00:12:22,268 --> 00:12:23,828 ခက်ခဲတဲ့ ရွေးချယ်မှုတွေ ... 281 00:12:24,438 --> 00:12:28,168 ကျွန်တော်တို့ ပြုလုပ်ဖို့၊ မေးမြန်းဖို့၊ ပြောဆိုဖို့ အကြောက်ဆုံးအရာတွေ ... 282 00:12:29,398 --> 00:12:32,628 ဒီအရာတွေက မကြာခဏဆိုသလို ကျွန်တော်တို့လုပ်ဖို့အလိုအပ်ဆုံးအရာတွေပါပဲ 283 00:12:33,788 --> 00:12:36,678 ပြီးတော့ ကျွန်တော်တို့ကြုံတွေ့ရတဲ့ အကြီးမားဆုံး ပြဿနာတွေက 284 00:12:36,768 --> 00:12:39,678 စကားလှလှတွေနဲ့ ဘယ်တော့မှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး 285 00:12:39,888 --> 00:12:42,378 ခင်ဗျားစိတ်ထဲမှာဖြစ်ဖြစ် တခြားသူတွေနဲ့ဖြစ်ဖြစ်ပါ 286 00:12:42,378 --> 00:12:45,098 ဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးဖို့ ကျွန်တော်တိုက်တွန်းပါတယ် 287 00:12:45,118 --> 00:12:47,258 ခင်ဗျားတို့အခုလက်ရှိဘဝရဲ့ ဘယ်နေရာမှာ 288 00:12:47,368 --> 00:12:51,818 ကိုယ့်အကြောက်တရားတွေကို သတ်မှတ်တာက ပန်းတိုင်တွေထက်ပိုပြီးအရေးကြီးသလဲ 289 00:12:52,218 --> 00:12:55,368 တစ်ချိန်တည်းမှာပဲ Seneca ရဲ့ စကားကိုလည်း မှတ်ထားပါ။ 290 00:12:55,628 --> 00:12:59,968 "ကျွန်ုပ်တို့ဟာ လက်တွေ့ထက် စိတ်ကူးထဲမှာ ပိုပြီး မကြာခဏ ဒုက္ခခံစားကြရတယ်" 291 00:13:00,148 --> 00:13:01,368 ကျေးဇူး အများကြီးတင်ပါတယ် 292 00:13:01,518 --> 00:13:03,838 (လက်ခုပ်တီးသံ)