ဒါက ကျွန်တော်ပျော်နေတဲ့
ဓာတ်ပုံက ၁၉၉၉ တုန်းကပုံပေါ့
တက္ကသိုလ် နောက်ဆုံးနှစ်မှာ
အကလေ့ကျင့်ပြီးပြီးချင်း ရိုက်ထားတာပါ
အမှန်အကန် ပျော်နေခဲ့တာပေါ့
အသေအချာမှတ်မိသေးတယ် နောက်တစ်ပတ်ခွဲလောက်
နေတော့ ကျွန်တော့်အခြေအနေကို
ကျွန်တော့် တစ်ပတ်ရစ်
မီနီဗန်နောက်ခန်းမှာ ထိုင်နေရင်းနဲ့
ကျောင်းဝင်းထဲက ကားပါကင်ထဲမှာ
အဲ့အချိန်မှာပဲ
သေကြောင်းကြံဖို့ ဆုံးဖြတ်ခဲ့တာပေါ့
ဆုံးဖြတ်ချက်ချရာကနေ
အတည်စီစဥ်တဲ့အဆင့်ကို
ခဏလေးနဲ့တင်ရောက်သွားတယ်
ချောက်ကမ်းပါးစပ်အစွန်းရောက်ဖို့
ဒီလောက် သီသီလေးပဲလိုတော့တာ
ကျွန်တော် အန္တာရယ်နဲ့
အနီးကပ်ဆုံးရောက်ဖူးခဲ့တဲ့အကြိမ်ပါပဲ
သေနတ်မောင်းကိုမနှိပ်ဖြစ်လိုက်တဲ့
တစ်ခုတည်းသော အကြောင်းရင်းက
ကံကောင်းတဲ့ တိုက်ဆိုင်မှုတစ်ချို့ကြောင့်ပါ
ဒီဖြစ်ရပ်အပြီးမှာတော့
ဒါကို ကျွန်တော် အစိုးရိမ်ဆုံးပဲ
ဖြစ်နိုင်ခြေ အလားအလာပါ
ဒါကြောင့် ကျွန်တော်နည်းမျိုးစုံကို
စနစ်တကျစမ်းဖြစ်လာတယ်
အတက်အကျတွေကို ရင်ဆိုင်နိုင်ဖို့ပေါ့
အဲ့ဒါက အရင်းနှီးကောင်းဖြစ်သွားတယ်ဆိုတာ
မြင်သာပါတယ် (ရယ်သံ)
သာမန်လူတော်တော်များများက
သက်တမ်းတစ်လျှောက်မှာ
စိတ်ဓာတ်ကျတာ ၆ ကြိမ် ကနေ
၁၀ ကြိမ်လောက်ရှိမှာပါ၊
ကျွန်တော်က စိတ်နှစ်ခွ စိတ်ကျရောဂါရှိတယ်
မျိုးရိုးလိုက်တာ
လက်ရှိအချိန်ထိဆိုရင်
အခေါက် ၅၀ လောက်ဖြစ်ပြီးပြီပေါ့
တော်တော်လည်း သင်ခန်းစာရသွားပြီ
ရိုက်နှက်ခံရတာလည်း မြောက်များစွာပါ
အမှောင်ထုနဲ့ကြိုးဝိုင်းထဲမှာ
အခေါက်ပေါင်းများစွာယှဥ်ထိုးခဲ့ပြီးပြီ
သေသေချာချာလည်းမှတ်သားထားခဲ့တယ်
ဒါကြောင့် အောင်မြင်ရေးနည်းလမ်းတွေ
ပေးတာထက်စာရင်
ဒါမှမဟုတ်ဘဝဇာတ်ကြောင်းတစေ့တစောင်းထက်စာရင်
ကျွန့်တော့်ရဲ့ ကိုယ့်ကိုကိုယ်ဖျက်စီးတာကို
ရှောင်ရှားနည်းကို မျှဝေပေးချင်ပါတယ်
ကိုယ့်ကိုကိုယ် တုံဆိုင်းစေတာရောပေါ့
ကျွန်တော်ရှာတွေ့ခဲ့တဲ့ အရာက
စိတ်ကျဆင်းမှုအတွက် စိတ်အချရဆုံး
ကယ်ဆယ်ရေးပိုက်ကွန်တစ်ခုဖြစ်တယ်
ဒါက အကောင်းဆုံးစီးပွားရေး ဆုံးဖြတ်ချက်တွေ
ချနိုင်အောင် ကူညီပေးခဲ့တဲ့အရာနဲ့အတူတူပါပဲ
ဒါပေမယ့်ဒါက သိပ်အရေးမပါပါဘူး
အဲ့ဒီနည်းလမ်းကတော့ Stoicism ပါ
ပျင်းစရာကောင်းမယ့်ပုံပေါ်တယ်နော်
(ရယ်သံ)
Spock ကို တွေးရင်တွေးမိကျလိမ့်မယ်
ဒါမှမဟုတ် ဒီလိုပုံမျိုးကို မြင်ယောင်မိမယ်
(ရယ်သံ)
နွားတစ်ကောင် မိုးထဲမှာရပ်နေတဲ့ပုံ
ဝမ်းနည်းဖို့တော့မကောင်းပါဘူး
အထူးတလည်တော့လည်းပျော်စရာမကောင်းဘူး
ဘဝကပေးသမျှကို အတုံအပြန်မရှိ
ခံယူနေတဲ့ သတ္တဝါတစ်ကောင်ပေါ့
အကောင်းဆုံးပြိုင်ပွဲဝင်တစ်ယောက်ကိုတော့
တွေးမိမှာမဟုတ်ဘူး
ဆိုပါတော့ Bill Belichick
နယူး အင်္ဂလန်ပတ်ထရီးရော့ နည်းပြချုပ်
NFL သမိုင်းတစ်လျှောက် စံချိန်တင်
Super Bowlဂုဏ်ပုဒ်တွေလည်းရထားတဲ့သူတစ်ယောက်
ပြီးတော့ NFL ရဲ့ထိပ်တန်းကစားသမားတွေကြားမှာ
စိတ်ဓာတ်ကြံခိုင်အောင် လေ့ကျင့်နည်းအဖြစ်
Stoicism က တောမီးလို အလျင်မြန်
ဒီနှစ်အနည်းငယ်အတွင်းမှာပျံနှံခဲ့တာပေါ့
အမေရိကန်ရဲ့ စတင်တည်ထောင်သူတွေကိုလည်း
ထင်မိမှာမဟုတ်ဘူး
Thomas Jefferson, John Adams,
George Washington တို့ကလည်း
Stoicism ကို ကျင့်သုံးတဲ့သူ သုံးယောက်ပေါ့
George Washington က တကယ်တမ်း
Stoic တစ်ယောက်အကြောင်းပြဇာတ်တစ်ခု
အဲ့ဒါက "ကေတို၊ အဖြစ်ဆိုး တစ်ရပ်"
Valley Forge ကသူ့ တပ်သားတွေကို
စိတ်တက်ကြွအောင် ဖြော်ဖြေခိုင်းခဲ့ဖူးတယ်
ဒီတော့ လက်တွေ့သမားတွေက ဘာလို့
ရှေးကျတဲ့အတွေးအခေါ်တစ်ခုကို အလေးထားတာလဲ
ဒါက သိပ်ကိုသဘောတရားဆန်တယ်လေ
ကျွန်တော်က ခင်ဗျားတို့ကို Stoicism ကို
နည်းနည်းတမူထူးခြားပြီးတွေးကြည့်စေချင်တယ်
စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်တွေမှာ
အောင်မြင်နိုင်ဖို့ စီမံလည်ပတ်တဲ့စနစ်တစ်ခု
ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့အတွက်ပါ။
ဒါတွေအားလုံးက ဒီကနေစခဲ့တာပါ
တနည်းအားဖြင့်ပေါ့
အိမ်ရှေ့ဆင်ဝင်တစ်ခုပေါ်ကနေပါ
ဒီတော့ ဘီစီ ၃၀၀ လောက်တုန်းက အေသင်မှာ
"Zeno of Citium" လို့ခေါ်တဲ့လူတစ်ယောက်က
ဟောပြောချက်တွေအများကြီး သင်ကြားပေးခဲ့တယ်
ဆေးသုတ်ထားတဲ့အိမ်ရှေ့ဆင်ဝင်
"Stoa"(ဂရိအခေါ်) မှာလမ်းလျှောက်ရင်းနဲ့ပေါ့
အဲ့ဒီကနေပြီး နောက်ပိုင်းကျတော့
"stoicism" လို့ ဖြစ်လာတာပေ့ါ
ပြီးတော့ ဂရိ-ရောမ ခေတ်တုန်းက
လူတွေက stoicism ကို
အလုံးစုံသော ကိရိယာတစ်ခုအနေနဲ့
ကိစ္စအမြောက်အများလုပ်ဆောင်ဖို့အတွက်
အသုံးပြုခဲ့ကြတယ်
ဒါပေမယ့် ကျွန်တော်တို့ရည်ရွယ်ချက်အတွက်
အဲဒီထဲက အဓိကျတာကတော့
ကိုယ်ထိန်းချုပ်လို့ရတဲ့အရာနဲ့ မရတဲ့အရာကို
ခွဲခြားဖို့ကိုယ်တိုင်လေ့ကျင့်ဖို့
ပြီးတော့ ထိန်းချုပ်လို့ရတဲ့အရာကိုပဲ
သီးသန့် အာရုံစိုက်တတ်အောင် လေ့ကျင့်ဖို့ပါ
ဒီလိုလုပ်ခြင်းအားဖြင့်
စိတ်ခံစားတုန့်ပြန်မှုကိုလျှော့ချနိုင်တယ်
ဒါက စူပါပါဝါ တစ်မျိုးဖြစ်နိုင်ပါတယ်
အပြန်အလှန်အားဖြင့် ဆိုကြပါစို့
ခင်ဗျားက တိုက်စစ်မှူးတစ်ယောက်ပေါ့
ဘောလုံးပေးလိုက်တာတစ်ခေါက်ချော်သွားတယ်ပေါ့
ကိုယ့်ကိုကိုယ် ဒေါသထွက်မယ်
ဒါဆို ဒီပွဲကိုရှူံးသွားမယ်
ခင်ဗျားက စီအီးအို တစ်ယောက်
တန်ဖိုးထားရတဲ့ ဝန်ထမ်းတစ်ယောက်အပေါ်
သာမည စည်းကမ်းတစ်ခုဖောက်မိတဲ့အတွက်
အပြင်းအထန်ဒေါသထွက်မိတယ်ဆိုရင်
ခင်ဗျားအဲ့ဒီဝန်ထမ်းကိုဆုံးရှူံးသွားမှာပေါ့
ခင်ဗျားက တက္ကသိုလ်ကျောင်းသားတစ်ယောက်
ထားပါတော့ စိတ်ဓာတ်ကအဆုံးမရှိကျနေတယ်
ပြီးတော့ အကူညီမရမျှော်လင့်ချက်မဲ့နေတယ်
ခံစားမှုကလည်းပြင်းထန်တယ်
ဒါဆို ခင်ဗျားအသက်ဆုံးရှူံးသွားနိုင်တယ်
ဆိုတော့ လောင်းကြေးက
အရမ်း အရမ်းကြီးတယ်
ဒီထဲမှာ ခင်ဗျားတို့ကို အောင်မြင်အောင်
ကူညီပေးနိုင်တဲ့ အရာတွေအများကြီးပါတယ်
၂၀၀၄ ခုနှစ်မှာ ကျွန်တော့်ဘဝကို လုံးဝ
ပြောင်းလဲစေခဲ့တဲ့အရာကို ပြောပြပါမယ်
ကိစ္စနှစ်ခုကြောင့် ဒါကိုကြုံတွေ့ခဲ့တာပေါ့
အရမ်းရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်၊
လူငယ်၊ ကျွန့်တော့်အရွယ်လောက်
ပန်ကရိယ ကင်ဆာနဲ့ မထင်မှတ်ဘဲ ဆုံးသွားတယ်
နောက်ပြီးတော့ ကျွန်တော့်ချစ်သူ
လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့သူ
ကျွန်တော့်ကိုပစ်သွားတယ်
သူက စိတ်ကုန်သွားပြီ။ သူကကျွန်တော့်ကို
"ချစ်ရသော ဂျွန်" စာတော့မပေးခဲ့ပါဘူး
ဒါပေမယ့် ဒီဟာတော့ပေးခဲ့တယ်
"ချစ်ရသော ဂျွန်" ကတ်ပြား
(ရယ်သံ)
ဒါကျွန်တော် ဖန်တီးပြောနေတာမဟုတ်ဘူး
တကယ်သိမ်းထားတဲ့ဟာပါ
"အလုပ်ချိန်သည် ၅ နာရီတွင် ပြီးသည်"
သူက ဒါကို ကျွန်တော့်ကျန်းမာရေးအတွက်
ကျွန်တော့်စားပွဲပေါ်မှာ တင်ထားဖို့ပေးခဲ့တာ
ဘာလို့ဆိုတော့ အဲ့ဒီအချိန်တုန်းက
ပထမဆုံး တကယ့်စီးပွားရေး လုပ်နေတာ
ဘာလုပ်လို့လုပ်နေမှန်း လုံးဝမသိဘူးလေ
တစ်နေ့ကို ၁၄ နာရီကျော်
တစ်ပတ် ၇ ရက် အလုပ်လုပ်နေတာပေါ့
စိတ်တက်ကြွဆေးတွေနဲ့ ရှေ့ဆက်နေခဲ့တာ
အနားယူပြီး အိပ်ရာဝင်ဖို့အတွက်တော့
စိတ်ငြိမ်ဆေးကိုသုံးခဲ့တာပေါ့
အခြေအနေဆိုးခဲ့တာပေါ့
လုံးဝ ချောင်ပိတ်မိနေသလို ခံစားခဲ့ရတယ်
အဖြေရှာဖို့ ရိုးရှင်းမှုအကြောင်း
စာအုပ်တစ်အုပ်ကိုဝယ်ဖတ်ခဲ့တယ်
ပြီးတော့ ကျွန်တော့်ဘဝကို
အများကြီးပြောင်းလဲသွားစေတဲ့
စကားစုတစ်ခုကို ရှာတွေ့ခဲ့တယ်
အဲ့ဒါကတော့ "ကျွန်ုပ်တို့ဟာ လက်တွေ့ထက်
စိတ်ကူးမှာ ပိုမကြာခဏ ဒုက္ခခံစားကြရတယ်"
Seneca the Younger ဆိုတဲ့နာမည်ကြီး
Stoic စာရေးဆရာတစ်ယောက်ရဲ့စကားပါ
အဲ့ဒီကနေ ကျွန်တော်သူ့စာတွေကိုဖတ်ဖြစ်တယ်
အဲ့ဒီကနေမှ ဒီလေ့ကျင့်ခန်းကို
လိုက်လုပ်ဖြစ်တယ်
"premeditatio malorum" လို့ခေါ်တယ်
အဓိပ္ပာယ်ကတော့ ဆိုးယုတ်မှုများကို
ကြိုတင်ကြံဆခြင်း ပေါ့
ရိုးရိုးရှင်းရှင်းပြောရရင်တော့
ဒါက အဆိုးရွားဆုံး အခြေနေကို
အသေးစိတ်မြင်ယောင်ကြည့်တာပါပဲ။
ခင်ဗျားကြောက်ရွံတဲ့အရာ
တစ်ခုခု လုပ်ဆောင်ဖို့ တားဆီးနေတဲ့အရာ
ဒါမှ ဒီတုံ့ဆိုင်းနေတဲ့အရာကို
ကျော်လွှားဖို့လုပ်ဆောင်နိုင်မယ်
ကျွန်တော့်အတွက် ပြဿနာကတော့ မျောက်စိတ်
အရမ်း ဆူညံပြီးတော့ အလွန် အနားမရတာပေါ့
ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းကို
ဒီအတိုင်းတွေးနေရုံနဲ့ အလုပ်မဖြစ်ဘူး
ကျွန်တော့်အတွေးတွေကို စာရွက်မှာချရေးရတယ်
ချရေးတဲ့လေ့ကျင့်ခန်းတစ်ခုထွင်လိုက်တယ်
"ကြောက်ရွံ့မှုချမှတ်ခြင်း" လို့ခေါ်တယ်
ပန်းတိုင်ချမှတ်ခြင်းလိုမျိုးပေါ့
ကျွန်တော့်အတွက်ပေါ့
အဲ့ဒီမှာ စာမျက်နှာသုံးမျက်နှာပါတယ်
အဆမတန်လွယ်ပါတယ်
ပထမ စာမျက်နှာက ဒီမှာပါ
"အကယ်၍ ကျွန်တော်...?"
ခင်ဗျားကို ကြောင့်ကြစေသမျှပေါ့။
ခင်ဗျားတို့ကို သောကရောက်စေတဲ့ ဘာမဆို
ခင်ဗျားတို့ တုံ့ဆိုင်းနေသမျှ အရာတိုင်း
တစ်ယောက်ယောက်ကို ရည်းစားစကားပြောဖို့
လမ်းခွဲဖို့
ရာထူးတိုးဖို့ တောင်းဆိုဖို့
အလုပ်ထွက်ဖို့၊ ကုမ္ပဏီတစ်ခု စထောင်ဖို့
ဘာမဆိုဖြစ်နိုင်ပါတယ်
ကျွန်တော့်အတွက်ကတော့ လေးနှစ်အတွင်းမှာ
ပထမဆုံး အားလပ်ရက်ယူပြီး
ကျွန်တော့်လုပ်ငန်းကနေ တစ်လလောက်ခွာြပီး
လန်ဒန်ကိုသွားဖို့ပါ
အဲ့ဒီမှာ ကျွန်တော့်သူငယ်ချင်းအိမ်မှာ
အလားကားနေလို့ရတယ်
ကျွန်တော့်လုပ်ငန်း ကျပ်တည်းနေတာကနေ
ခဏ ရှောင်တာြဖစ်ဖြစ်
ဒါမှမဟုတ် အပြီးပိတ်လိုက်ဖို့ပေါ့
ပထမဆုံး ကော်လံမှာက "သတ်မှတ်ပါ"
ခင်ဗျားတွေးလို့ရတဲ့ ဖြစ်နိုင်ခြေရှိတဲ့
အဆိုးဆုံး အရာတွေကို ဒီမှာချရေးမယ်
တကယ်လို့ ခင်ဗျားအဲ့ဒီခြေလှမ်းကို
လှမ်းခဲ့မယ်ဆိုရင်ပေါ့
၁၀ ခု အခု ၂၀ လောက် ရေးပါ
ဒါတွေအားလုံးကိုတော့ ပြောမနေတော့ပါဘူး
ဒါပေမယ့် ဥပမာ နှစ်ခုလောက်ပြောပြမယ်
ပထမတစ်ခုက ကျွန်တော် လန်ဒန်ကိုသွားမယ်
မိုးကရွာမယ် ကျွန်တော် စိတ်ဓာတ်ကျလာမယ်
ဒီအရာတစ်ခုလုံးက
အချိန်ကုန်ရုံသက်သက်ဖြစ်သွားမယ်
နံပါတ် နှစ် က IRS က ပို့တဲ့စာလွတ်သွားမယ်
ပြီးတော့ ကျွန်တော် စာရင်းစစ်ခံရမယ်
ဒါမှမဟုတ် ဝင်စီးခံရမယ်
ဒါမှမဟုတ် ချိတ်ပိတ်ခံရမယ် တစ်ခုခုပေါ့
ဒီနောက်မှာ "ကာကွယ်ဖို့" ကော်လံ ဆီသွားမယ်
အဲ့ဒီကော်လံမှာ ချရေးရမယ့်အဖြေက
ဒီ အချက်တစ်ခုချင်းစီကို မဖြစ်လာအောင်လို့
ဘယ်လို ကာကွယ်လို့ရမလည်းဆိုတာပါဘဲ
ဒါမှမဟုတ် အနည်းဆုံးတော့ ဖြစ်နိုင်ခြေကို
လျော့အောင်လုပ်ဖို့ နည်းနည်းပဲဖြစ်ဖြစ်ပေါ့
ဒီတော့ လန်ဒန်မှာ စိတ်ဓာတ်မကျအောင်အတွက်
ခရီးဆောင်အပြာရောင်မီးလုံးယူသွားလို့ရတယ်
ပြီးတော့ မနက်ခင်းမှာ ၁၅ မိနစ်လောက်သုံးမယ်
အဲ့ဒါက စိတ်ကျတဲ့အဖြစ်တွေကို
ပယ်ရှားပေးတာကို ကျွန်တော်သိတယ်
IRS အတွက်ကတော့ IRS က စာရွက်စာတမ်းတွေကို
ပို့ရမယ့်လိပ်စာပြောင်းလို့ရတယ်
အဲ့ဒါဆို ဒီစာရွက်စာတမ်းတွေက
ကျွန်တော့် အိမ်လိပ်စာအစား
ကျွန်တော့် စာရင်းကိုင်ဆီကိုရောက်လိမ့်မယ်
လွယ်လွယ်လေး
နောက်ပြီးတော့ ကျွန်တော်တို့
"ပြုပြင်ခြင်း" ကိုသွားမယ်
ဒီတော့တကယ်လို့ အဆိုးဆုံးအခြေနေဖြစ်လာခဲ့ရင်
အပျက်အစီးကို နည်းနည်းလေးဖြစ်ဖြစ်
ပြုပြင်လို့ရအောင် ဘာလုပ်လို့ရမလဲ
ဒါမှမဟုတ် ဘယ်သူ့ကို
အကူအညီတောင်းလို့ရမလဲ
ဒီတော့ ပထမ ကိစ္စမှာ လန်ဒန်အတွက်
ကောင်းပြီလေ ကျွန်တော်ငွေထပ်စိုက်ပြီးတော့
စပိန်သွားပြီး နေရောင်သွားခံလို့ရတယ်
စိတ်ကျခဲ့ရင်လည်း ပြန်ပြင်ဆင်လို့ရတယ်
IRS ကစာကို လွတ်သွားခဲ့ရင်တော့
သူငယ်ချင်းရှေ့နေတစ်ယောက်ကို ခေါ်လို့ရတယ်
ဒါမှမဟုတ်ထားပါတော့
ဥပဒေပါမောက္ခ တစ်ယောက်ကိုမေးမယ်
သူတို့ဘာလုပ်ဖို့ အကြံပေးမလဲပေါ့
ဘယ်သူ့ကိုတိုင်ပင်သင့်သလဲ
အရင်ကတခြားသူတွေကော ဘယ်လိုဖြေရှင်းခဲ့လဲပေ့ါ
ဒီတော့ ပထမဆုံးစာမျက်နှာမှာ
စိတ်ထဲမှာမှတ်ထားရမယ့် မေးခွန်းတစ်ခုက
တခြား တစ်ယောက်ယောက်က
ခေတ်ကာလ သမိုင်းတစ်လျှောက်မှာ
ခင်ဗျားလောက် ဥာဏ်ရည်မမြင့်
ဒါမှမဟုတ် ဆန္ဒမပြင်းပျဘဲနဲ့
ဒါကိုလုပ်ဆောင်ခဲ့ဖူးလား
ဖြစ်နိုင်တဲ့အဖြေက "လုပ်နိုင်တယ်" ဖြစ်မှာပါ
(ရယ်သံ)
ဒုတိယစာမျက်နှာက ရှင်းပါတယ်
လုပ်ကြည့်ရင် သို့မဟုတ် တပိုင်းအောင်မြင်ရင်
ရလာမယ့်အကျိုးကျေးဇူးတွေက ဘာတွေဖြစ်နိုင်မလဲ
ကျွန်တော့်တို့က ကြောက်ရွံ့တဲ့အရာတွေကို
အကျယ်ချဲ့ပြီးတော့
ကောင်းကျိုးတွေကို တကယ့်ကို
လျော့တွက်နေတယ်ဆိုတာမြင်မှာပါ
ဒီတော့ ခင်ဗျားချိန်ဆနေတဲ့ ဘာဖြစ်ဖြစ်
လုပ်ဖို့ ကြိုးစားကြည့်ရင်
ယုံကြည်မှု တည်ဆောက်တာ
အတတ်ပညာ ကျွမ်းကျင်အောင်လုပ်တာ
စိတ်ခံစားမှု၊ ငွေးရေးကြေးရေး
တစ်ခုခုမှာ တိုးတက်လာနိုင်မလား
ဆိုပါတော့ လုံးဝအောင်မြင်ခဲ့ရင်
ဘာအကျိုးကျေးဇူးရမလဲ
ဒီမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်အချိန်ပေးပါ
စာမျက်နှာ သုံး
ဒီဟာက အရေးကြီးဆုံးဖြစ်နိုင်တယ်
ဆိုတော့ဒါကို မကျော်ပါနဲ့
"ဘာမှမလုပ်ခြင်းကြောင့် နစ်နာမှု"
လူတွေက လွဲချော်သွားနိုင်တဲ့အရာကို
စဥ်းစားချင့်ချိန်တဲ့နေရာမှာ အရမ်းတော်တယ်
အသစ်ကို စမ်းလုပ်ကြည့်ရင်
ထားပါတော့ ရာထူးတိုးတောင်းခဲ့ရင်
ကျွန်တော်တို့ မကြာခဏ ထည့်မစဥ်းစားတာက
ရှိရင်းစွဲမပြောင်းလဲမှုရဲ့ ဆုံးရှူံးမှုပဲ
ဘာမှမပြောင်းလဲခြင်း
ဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ
တကယ်လို့ ဒီ လုပ်ရပ်
ဒါမှမဟုတ် ဆုံးဖြတ်ချက်
ပြီးတော့ ဒါနဲ့တူတဲ့ လုပ်ဆောင်ချက်တွေ နဲ့
ဆုံးဖြတ်ချက်တွေကို ရှောင်ကြဥ်ခဲ့ရင်
ငါ့ဘဝက ဘယ်လိုဖြစ်နေမလဲ၊ ဆိုပါစို့
နောက် ၆ လ၊ ၁၂ လ၊ သုံးနှစ်နေရင်
ဒီကနေ ပိုကြာသွားရင်တော့
သိပ်ပြီး မှန်းဆလို့မရလောက်ဖူး
တကယ်ကို အသေးစိတ် စဥ်းစားပါ
ဒီမှာလည်း စိတ်ခံစားမှု၊ ငွေရေးကြေးရေး၊
ကိုယ်ကာယပိုင်း၊ ဘာဖြစ်ဖြစ်ပါ
ကျွန်တော် ဒါကိုလုပ်ကြည့်တဲ့အခါ
ကြောက်စရာကောင်းတဲ့ ပုံစံထွက်လာတယ်
ကိုယ့်ဟာကိုယ် ဆေးတွေလျှောက်သောက်နေတယ်
ကျွန်တော့် လုပ်ငန်းကလည်း
အချိန်မရွေး ပြိုဆင်းနိုင်တယ်
တကယ်လို့ ကျွန်တော်သာ
ခြေတစ်လှမ်းမဆုတ်ခဲ့ရင်ပေါ့
ကျွန်တော့် ဆက်ဆံရေးတွေကလည်း
ကတောက်ကဆဖြစ် ယိုယွင်းလာပြီ
ကျွန်တော် ဒီအတိုင်းဆက်သွားနေလို့
မရတော့ဘူးဆိုတာ သိလိုက်တယ်
ဒါတွေက စာမျက်နှာ သုံးမျက်နှာပါ ဒါပါပဲ
ဒါ အကြောက်တရားကို ချမှတ်ခြင်းပါပဲ
အဲ့ဒီနောက်မှာတော့ ကျွန်တော်သိလိုက်တာက
၁ ကနေ ၁၀ အတွင်းမှာ
၁ က သက်ရောက်မှု အနိမ့်ဆုံး
၁၀ က သက်ရောက်မှု အပြင်းဆုံး
ကျွန်တော်သာ ခရီးသွားခဲ့ရင်
ကျွန်တော် စွန့်စားနေတာက
၁ ကနေ ၃ လောက်ရှိတဲ့
ယာယီ ပြန်ပြင်ဆင်လို့ရတဲ့ ဒုက္ခအတွက်
၈ ကနေ ၁၀ လောက်ရှိတဲ့ အပြုသဘောဆောင်တဲ့
ဘဝကိုပြောင်းပေးနိုင်တဲ့ ကောင်းကျိုးဖြစ်တယ်
ပြီးတော့ ရေရှည်နီးပါးတည်တံ့ နိုင်တယ်
ဒီတော့ ကျွန်တော် ခရီးထွက်ခဲ့တယ်
ဘယ် ဘေးအန္တရာယ်မှလည်း မကျရောက်ခဲ့ပါဘူး
ကြန့်ကြာတာ တချို့တော့
သေချာပေါက်ရှိတာပေါ့
ကိုယ့်ကိုကိုယ်လည်းလုပ်ငန်းထဲကနေ
ဖယ်ထုတ်နိုင်ခဲ့တယ်
အဲဒီ ခရီးစဥ်ကို တစ်နှစ်ခွဲ အထိ တိုးပြီး
ကမ္ဘာတစ်ပါတ် သွားဖြစ်ခဲ့တယ်
ပြီးတော့ ဒါက ကျွန်တော့်ကို
ဒီနေ့ဒီနေရာရောက်စေခဲ့တဲ့
ပထမဆုံး စာအုပ်ရဲ့ အခြေခံဖြစ်သွားတယ်
ပြန်ပြီးခြေရာကောက်လိုက်ရင်
ကျွန်တော့်ရဲ့ အကြီးမားဆုံးသော
အောင်မြင်မှုအကုန်လုံး
ရှောင်ရှားလိုက်နိုင်တဲ့ အကြီးမားဆုံး
အန္တရာယ်တွေ အားလုံးက
အနည်းဆုံး သုံးလပတ်တစ်ခါ
စိုးရိမ်မှုတွေကို ချမှတ်တာကြောင့်ပါပဲ
ဒါက နတ်ဆေးတော့မဟုတ်ဘူး
ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတစ်ချို့က
အခြေအမြစ်ရှိတယ်ဆိုတာ တွေ့ရလိမ့်မယ်
(ရယ်သံ)
ဒါပေမယ့် ဒါကို အနုကြည့်မှောင်ပြောင်းအောက်
မထားကြည့်ရသေးဘဲနဲ့တော့ ကောက်ချမချသင့်ဘူး
ဒါက အကျပ်တည်း ခက်ခဲတဲ့ဆုံးဖြတ်ချက်
တိုင်းကို လွယ်အောင်မလုပ်ပေးနိုင်ပေမဲ့
အတော်များများတော့
ပိုလွယ်အောင်လုပ်ပေးနိုင်တယ်
အကြိုက်ဆုံး ဒီနေ့ခေတ် Stoic တွေထဲကတစ်ယောက်
အကြောင်းနဲ့ အဆုံးသတ်ချင်ပါတယ်
ဒါက Jerzy Gregorek ပါ
သူက လေးထပ်ကွမ်း
အိုလံပစ် အလေးမ ကမ္ဘာ့ ချမ်ပီယံပါ
နိုင်ငံရေးခိုလှုံသူ
ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာဆရာ
အသက် ၆၂ နှစ်ရှိပါပြီ
ခုထိ ကျွန်တော့်ကို ဆော်နိုင်တုန်း
ဒီအခန်းထဲက တော်တော်များများကိုလည်း
နိုင်လောက်တယ်
သူကအထင်ကြီးစရာကောင်းတဲ့သူပါ
ကျွန်တော်သူ့ stoa၊ သူ့ အိမ်ရှေ့ဆင်ဝင်မှာ
အချိန်အများကြီးကုန်လွန်ခဲ့တယ်
ဘဝ နဲ့ လေ့ကျင့်ရေး
အကြံဉာဏ်တွေတောင်းရင်းနဲ့ပေါ့
သူက ပိုလန်'သွေးစည်းညီညွတ်ရေး'
ရဲ့အဖွဲ့ဝင်တစ်ယောက်ပါ
အဲ့ဒါက အကြမ်းမဖက်တဲ့
လူနေမှုပြုပြင်ရေး လှုပ်ရှားမှုဖြစ်တယ်
အစိုးရရဲ့ ပြင်းပြင်းထန်ထန်
ဖိနှိပ်တာကိုခံခဲ့ရတယ်
မီးသတ်သမား အလုပ်ကိုလည်း ဆုံးရှူံးသွားတယ်
နောက် သူ့ဆရာ ခရစ်ယာန်ဘုန်းတော်ကြီးလည်း
ပြန်ပေးဆွဲ နှိပ်စက်ခံ အသတ်ခံရ ပြီးတော့
မြစ်ထဲ ပစ်ချခံခဲ့ရတယ်
သူလည်း ချိန်းခြောက်ခံရတယ်
သူနဲ့ သူ့အမျိုးသမီးနဲ့
ပိုလန်ကနေ ထွက်ပြေးလာရတယ်
တစ်နိုင်ငံကနေ တစ်နိုင်ငံကူးပြီး
နောက်ဆုံး US ကို
ဘာမှမရှိတော့သလောက်နဲ့ ရောက်လာခဲ့တယ်
ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ရတယ်
ခုတော့ သူက California က Woodside မှာနေတယ်
သူ့အိမ်ကလည်း အရမ်းကောင်းပါတယ်
ကျွန်တော့်ဘဝမှာတွေ့ကြုံခဲ့တဲ့
လူပေါင်း တစ်သောင်းကျော်လောက်ထဲမှာ
ကျွန်တော်သူ့ကို ထိပ်ဆုံး
ဆယ်ယောက်ထဲမှာထား ထားတယ်
အောင်မြင်မှုနဲ့ ပျော်ရွှင်မှု အရဆိုရင်ပေါ့
ဟာသ လာတော့မယ်နော်
အာရုံစိုက်ထားပါ
လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းလောက်တုန်းက
ကျွန်တော်သူ့ဆီ စာပို့ခဲ့တယ်
Stoic အတွေးအခေါ် ကို ဖတ်ဖူးလားလို့ မေးတော့
စာမျက်နှာ နှစ်မျက်နှာလောက်စာပြန်ခဲ့တယ်
ဒါသူ့ပုံစံမဟုတ်ဘူး
သူက တိုတိုပြတ်ပြတ်သမား
(ရယ်သံ)
သူက stoicism နဲ့ရင်းနှီးယုံတင်မကဘဲ
သူထောက်ပြခဲ့တာတွေက သူ့ရဲ့ အရေးအကြီးဆုံး
ဆုံးဖြတ်ချက်တွေ အားလုံးအတွက်
သူ့ရဲ့ အချိုးအကွေ့တွေ
သူ့ ခံယူချက် နဲ့ ကိုယ်ကျင့်တရားအတွက်
ရပ်တည်ခဲ့တဲ့အချိန်
သူ stoicism နဲ့ ကြောက်ရွံ့မှုချမှတ်တာနဲ့
ဆင်တူတဲ့နည်းကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတာပဲ
ကျွန်တော် တော်တော် အံအားသင့်သွားတယ်
ပြီးတော့သူ အချက်နှစ်ချက်နဲ့ အဆုံးသတ်ထားတယ်
နံပါတ်တစ်၊ Stoic တစ်ယောက်ရဲ့ဘဝထက်
ပိုပြီး လှပတဲ့ဘဝကို စိတ်ကူးကြည့်လို့မရဘူး
နောက်ဆုံးကတော့ အရာရာတိုင်းမှာသူသုံးတဲ့
သူ့မန္တာန်
ခင်ဗျားတို့လည်း အရာရာတိုင်းအတွက်
အသုံးချနိုင်ပါတယ်
"လွယ်ကူတဲ့ ရွေးချယ်မှု၊ ခက်ခဲတဲ့ဘဝ"
"ခက်ခဲတဲ့ ရွေးချယ်မှု၊ လွယ်ကူတဲ့ဘဝ"
ခက်ခဲတဲ့ ရွေးချယ်မှုတွေ ...
ကျွန်တော်တို့ ပြုလုပ်ဖို့၊ မေးမြန်းဖို့၊
ပြောဆိုဖို့ အကြောက်ဆုံးအရာတွေ ...
ဒီအရာတွေက မကြာခဏဆိုသလို
ကျွန်တော်တို့လုပ်ဖို့အလိုအပ်ဆုံးအရာတွေပါပဲ
ပြီးတော့ ကျွန်တော်တို့ကြုံတွေ့ရတဲ့
အကြီးမားဆုံး ပြဿနာတွေက
စကားလှလှတွေနဲ့ ဘယ်တော့မှ
ဖြေရှင်းလို့ရမှာမဟုတ်ဘူး
ခင်ဗျားစိတ်ထဲမှာဖြစ်ဖြစ်
တခြားသူတွေနဲ့ဖြစ်ဖြစ်ပါ
ဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးဖို့
ကျွန်တော်တိုက်တွန်းပါတယ်
ခင်ဗျားတို့အခုလက်ရှိဘဝရဲ့ ဘယ်နေရာမှာ
ကိုယ့်အကြောက်တရားတွေကို သတ်မှတ်တာက
ပန်းတိုင်တွေထက်ပိုပြီးအရေးကြီးသလဲ
တစ်ချိန်တည်းမှာပဲ Seneca ရဲ့
စကားကိုလည်း မှတ်ထားပါ။
"ကျွန်ုပ်တို့ဟာ လက်တွေ့ထက် စိတ်ကူးထဲမှာ
ပိုပြီး မကြာခဏ ဒုက္ခခံစားကြရတယ်"
ကျေးဇူး အများကြီးတင်ပါတယ်
(လက်ခုပ်တီးသံ)