[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.00,0:00:05.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှု။ အထူးလိုအပ်နေချိန်မှာ \Nကျွန်တော်တို့ ကြီးကျယ်တဲ့ ဖန်တီးမှု လိုအပ်ပါတယ် Dialogue: 0,0:00:05.00,0:00:13.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ အံ့ဩစရာလည်းကောင်း၊ ဖြစ်နိုင်ခြေလည်းလုံးဝမရှိ၊ \Nယုတ္တိလည်းတန်သလို၊ ယုတ္တိမတန်ဘဲနဲ့လည်း စွမ်းအားကြီးမားတတ်ပါတယ် Dialogue: 0,0:00:13.00,0:00:17.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ သည်းခံစိတ်ကို၊ \Nပြိုင်ဘက်ကင်းတဲ့ လွတ်လပ်စိတ်ကို ပျံ့နှံ့စေတယ်၊ Dialogue: 0,0:00:17.00,0:00:20.00,Default,,0000,0000,0000,,ပညာသင်ယူမှုကို ထက်မြက်တဲ့ အကြံဉာဏ်လို တောက်ပ လာစေတယ် Dialogue: 0,0:00:20.00,0:00:21.00,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:00:21.00,0:00:25.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှုက ချို့ငဲ့မှုဆိုတာကို မီးမောင်းထိုးပြပေးနိုင်သလို Dialogue: 0,0:00:25.00,0:00:29.00,Default,,0000,0000,0000,,ဒီချို့ငဲ့မှုက အဲဒီလောက်ကြီး မဆိုးဘူးဆိုတာကိုလည်း ပြပေးနိုင်တယ် Dialogue: 0,0:00:29.00,0:00:32.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှုက နိုင်ငံရေးသမားတွေကို အရွေးချယ်ခံရအောင် လုပ်ပေးနိုင်တယ် Dialogue: 0,0:00:32.00,0:00:35.00,Default,,0000,0000,0000,,ဒါမှမဟုတ်ရင် လည်း န်ိုင်ငံရေးပါတီတွေကို အရွေးမခံရအောင် လုပ်ပေးနိုင်တယ်။ Dialogue: 0,0:00:35.00,0:00:39.00,Default,,0000,0000,0000,,ကြီးကျယ်တဲ့ ဖန်တီးမှုက စစ်မက်တွေကို ကြေကွဲဝမ်းနည်းစရာအဖြစ် \Nမြင်လာစေနိုင်သလို ဗရွတ်ရွှတ်တ ဟာသဇာတ်လိုလည်း မြင်လာစေနိုင်တယ် Dialogue: 0,0:00:39.00,0:00:43.00,Default,,0000,0000,0000,,ဖန်တီးမှုဆိုတာ ကျွန်တော်တို့ တီရှပ်တွေပေါ်ကို ဆောင်ပုဒ်တွေ တင်ပေးတဲ့ Dialogue: 0,0:00:43.00,0:00:45.00,Default,,0000,0000,0000,,ကျွန်တော်တို့ နှုတ်ခမ်းပေါ်ကို စကားစုတွေ တင်ပေးတဲ့ အကြံဉာဏ်တွေကို တီထွင်ပေးတဲ့အရာပါ Dialogue: 0,0:00:45.00,0:00:48.00,Default,,0000,0000,0000,,ဖန်တီးမှုဆိုတာ ကျွန်တော်တို့အတွက် ရိုးရှင်းတဲ့လမ်းကို Dialogue: 0,0:00:48.00,0:00:50.00,Default,,0000,0000,0000,,ထိုးဖောက်ဝင်ရောက်လို့မရတဲ့ စာရိတ္တ ဝင်္ကဘာထဲမှ \Nထွက်ရပ် လမ်းကြောင်းကိုရှာဖွေပေးတဲ့အရာပါ Dialogue: 0,0:00:50.00,0:00:55.00,Default,,0000,0000,0000,,သိပ္ပံပညာဆိုတာ ထက်မြက်ပါတယ်၊ \Nဒါပေမယ့် ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာကတော့ သိရှိနိုင်မှုနည်းပေမဲ့ Dialogue: 0,0:00:55.00,0:00:58.00,Default,,0000,0000,0000,,မှော်ဆန်ပါတယ်၊ အခု ကျွန်တော်တို့ \Nအဲဒီ မှော်ဆန်မှုကို လိုအပ်နေပါပြီ။ Dialogue: 0,0:00:58.00,0:01:00.00,Default,,0000,0000,0000,,ဒီအချိန်ဟာ အထူး လိုအပ်နေတဲ့ အချိန်ကာလပါ Dialogue: 0,0:01:00.00,0:01:02.00,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ ရာသီဥတုဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်၊ \Nအလွန်မှကို လျင်မြန်လွန်းပါတယ် Dialogue: 0,0:01:02.00,0:01:05.00,Default,,0000,0000,0000,,ဖန်တီးမှုက ကောင်းကောင်းလုပ်တတ်တဲ့ အရာအတွက်\Nကြီးကျယ်တဲ့ ဖန်တီးမှုကို လိုအပ်နေပါပြီ Dialogue: 0,0:01:05.00,0:01:09.00,Default,,0000,0000,0000,,အံ့ဩဖွယ် တီထွင်ဆန်းသစ်ထားတဲ့ ကြေညာချက်တွေနဲ့ \Nကျွန်တော်တို့ကို တမျိုးတဖုံ တွေးခေါ်လာအောင် ဆွပေးဖို့ပါ Dialogue: 0,0:01:09.00,0:01:11.00,Default,,0000,0000,0000,,ကျွန်တော်တို့ကို ထူးထူးခြားခြား တုံ့ပြန်လာအောင် ဆွဲဆောင်ဖို့ပါ Dialogue: 0,0:01:11.00,0:01:14.00,Default,,0000,0000,0000,,အားတက်စရာကောင်းတဲ့ ဖန်တီးမှု အပိုင်းအစလေးတွေနဲ့ပေါ့ Dialogue: 0,0:01:14.00,0:01:17.00,Default,,0000,0000,0000,,ဒါကတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့\Nပဏာမခြေလှမ်းဖြစ်တဲ့ အဲဒီလို အပိုင်းအစလေးပါ Dialogue: 0,0:01:17.00,0:01:20.00,Default,,0000,0000,0000,,ဖန်တီးနိုင်စွမ်းကို အသုံးချပြီး လူတွေကို စိမ်းလန်းစိုပြေရေးသမားတွေ\Nဖြစ်လာအောင်တွန်းအားပေးလှုံ့ဆော်ဖို့ပါ Dialogue: 0,0:01:20.00,0:01:24.00,Default,,0000,0000,0000,,ဗီဒီယိုအမျိုးသားအသံသိလား၊ ဒီနေ့ကားမောင်းသွားမယ့်အစား \Nကျွန်တော်က လမ်းလျှောက်ပြီးသွားမလို့ Dialogue: 0,0:01:24.00,0:01:28.00,Default,,0000,0000,0000,,နောက်ခံပြောပေးသူ၊ ဒီလိုနဲ့ သူလမ်းလျှောက်ပြီးသွားတယ်၊ \Nသူလမ်းလျှောက်တဲ့အတွက် အရာဝတ္ထုတွေကို သူမြင်ခဲ့ရတယ် Dialogue: 0,0:01:28.00,0:01:32.00,Default,,0000,0000,0000,,ကားမောင်းပြီးသာ သွားခဲ့ရင် ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ \Nအရာဝတ္ထုတွေကို သူမြင်ခဲ့ရမှာ မဟုတ်ပါဘူး Dialogue: 0,0:01:32.00,0:01:35.00,Default,,0000,0000,0000,,ခြေထောက်ယားလို့ ကုတ်နေတဲ့ သမင်တစ်ကောင် နဲ့ \Nပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ်ရယ် Dialogue: 0,0:01:35.00,0:01:40.00,Default,,0000,0000,0000,,အဖေနဲ့သမီးတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ နံရံတစ်ခုရဲ့ \Nဒီဘက်မှာ၊ စက်ဘီးက ဟိုတစ်ဘက်မှာ Dialogue: 0,0:01:40.00,0:01:45.00,Default,,0000,0000,0000,,ပြီးတော့ သူရပ်သွားတယ်၊ သူ့ရှေ့မှာ \Nလမ်းလျှောက်နေတာက သူမပေါ့ Dialogue: 0,0:01:45.00,0:01:47.00,Default,,0000,0000,0000,,ကလေးဘဝတုန်းက သူနဲ့အတူ လယ်ကွင်းတွေထဲ့ဖြတ်ပြီး \Nအတန်းလစ်ခဲ့ဖူးတဲ့ အမျိုးသမီး Dialogue: 0,0:01:48.00,0:01:49.00,Default,,0000,0000,0000,,သူ့အသည်းကို ခွဲသွားခဲ့သူပါပဲ Dialogue: 0,0:01:49.00,0:01:51.00,Default,,0000,0000,0000,,သေချာတယ်၊ သူမက အခု နည်းနည်းတော့ အသက်ကြီးနေပြီ Dialogue: 0,0:01:51.00,0:01:52.00,Default,,0000,0000,0000,,အမှန်တော့ သူမက အသက်အရမ်းကို ကြီးနေပါပြီ Dialogue: 0,0:01:52.00,0:01:55.00,Default,,0000,0000,0000,,ဒါပေမယ့် သူမပြန်လာတာနဲ့ ဟိုတုန်းက သူမအား \Nချစ်ခြင်းတွေကို ပြန်ခံစားလာရတယ် Dialogue: 0,0:01:55.00,0:01:58.00,Default,,0000,0000,0000,,"ဖော့ဒ်" လို့ သူ ညင်သာစွာ ခေါ်လိုက်တယ်၊ \Nအဲဒါက သူမ နာမည်ဖြစ်နေလို့ပါ Dialogue: 0,0:01:59.00,0:02:01.00,Default,,0000,0000,0000,,"ဘာမှ ထပ်မပြောနေပါနဲ့တော့ ဂတ်စ်တီ" လို့ သူမက ပြောတယ် Dialogue: 0,0:02:01.00,0:02:02.00,Default,,0000,0000,0000,,ဂတ်စ်တီဆိုတာ သူ့နာမည် ဖြစ်နေတယ်လေ Dialogue: 0,0:02:02.00,0:02:07.00,Default,,0000,0000,0000,,"ဒီနေရာကနေ ကိုက် ၃၀၀ တိတိအကွာ နောက်တွဲယာဉ် တစ်ခုနဲ့ ကပ်လျက်\Nတဲကလေးတစ်ခု ရှိတာကို ကျွန်တော် သိတယ် Dialogue: 0,0:02:07.00,0:02:10.00,Default,,0000,0000,0000,,အဲဒီကိုသွားပြီး တဲထဲမှာ ချစ်ကြည်နူးရအောင်လားကွယ်" တဲ့ Dialogue: 0,0:02:10.00,0:02:14.00,Default,,0000,0000,0000,,ဖော့ဒ် အဝတ်တွေချွတ်လိုက်တယ်၊ သူမ ခြေတစ်ချောင်း ဖြန့်လိုက်တယ်၊\Nပြီးတော့ နောက်ခြေတစ်ချောင်းပေါ့ Dialogue: 0,0:02:14.00,0:02:18.00,Default,,0000,0000,0000,,ဂတ်စ်တီက သူမဆီကို ရဲရဲဝံ့ဝံ့နဲ့ ဝင်သွားပြီး သူမနဲ့\Nစည်းချက်ကျကျ ချစ်တင်းနှောတယ် Dialogue: 0,0:02:18.00,0:02:21.00,Default,,0000,0000,0000,,အဲဒီအချိန်မှာ သူမက သူ့ကို ရုပ်ရှင် ရိုက်တယ်၊\Nသူမက လိင်ဆက်ဆံတဲ့ဟာတွေကို အပျော်တမ်း ရုပ်ရှင် ရိုက်ကူးသူဖြစ်နေတာကိုး Dialogue: 0,0:02:21.00,0:02:23.00,Default,,0000,0000,0000,,မြေကြီးဟာ သူတို့နှစ်ယောက်လုံးအတွက် လှုပ်ခါသွားတယ် Dialogue: 0,0:02:23.00,0:02:26.00,Default,,0000,0000,0000,,ပြီးတော့ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့\Nအတူတကွ ထာဝရ နေသွားကြတယ် Dialogue: 0,0:02:26.00,0:02:31.00,Default,,0000,0000,0000,,ဒါတွေအားလုံးက အဲဒီနေ့မှာ သူလမ်လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့လို့ပါ Dialogue: 0,0:02:32.00,0:02:42.00,Default,,0000,0000,0000,,(လက်ခုပ်အားပေးသံများ) Dialogue: 0,0:02:42.00,0:02:45.00,Default,,0000,0000,0000,,အန်ဒီဟော့စ်ဘောမ် း ကျွန်တော်တို့မှာ သိပ္ပံပညာ ရှိနေပြီ၊\Nကျွန်တော်တို့ ငြင်းခုံဆွေးနွေးလို့လဲပြီးပြီ Dialogue: 0,0:02:45.00,0:02:47.00,Default,,0000,0000,0000,,ကျင့်ဝတ်စည်းကမ်းတွေက ညှိနှိုင်းပြောင်းလဲလို့ ရပါသေးတယ် Dialogue: 0,0:02:47.00,0:02:49.00,Default,,0000,0000,0000,,ဒါတွေအားလုံးကို ယူပြီး Dialogue: 0,0:02:49.00,0:02:51.00,Default,,0000,0000,0000,,ရိုးရှင်း ပြတ်သားအောင် လုပ်ပေးဖို့ ကြီးကျယ်တဲ့ \Nဖန်တီးမှု လိုအပ်ပါတယ် Dialogue: 0,0:02:51.00,0:02:55.00,Default,,0000,0000,0000,,ဒီကျင့်ဝတ်စည်းကမ်းတွေကို ချိတ်ဆက်ပေးဖို့ရယ်၊\Nလူတွေ လုပ်ဆောင်ချင်လာအောင် လုပ်ဖို့ရယ် ဖန်တီးမှုလိုပါတယ် Dialogue: 0,0:02:55.00,0:02:57.00,Default,,0000,0000,0000,,ဒါကြောင့် ဒါဟာ နှိုးဆော်ချက်ပါ၊ မေတ္တာရပ်ခံချက်ပါ Dialogue: 0,0:02:57.00,0:02:59.00,Default,,0000,0000,0000,,မယုံနိုင်လောက်အောင် ပင်ကိုယ်စွမ်းရည်တွေ ပြည့်၀ကြတဲ့\NTED အသိုင်းအဝိုင်း ကိုရည်ရွယ်ပါတယ် Dialogue: 0,0:02:59.00,0:03:01.00,Default,,0000,0000,0000,,ရာသီဥတုပြောင်းလဲမှုကို ဖန်တီးမှုနဲ့ \Nဆန့်ကျင် တုံ့ပြန်ကြရအောင်လားဗျာ Dialogue: 0,0:03:01.00,0:03:03.00,Default,,0000,0000,0000,,ပြီးတော့ အခုကို စလုပ်ကိုင်ကြရအောင်၊ \Nကျေးဇူးတင်ပါတယ်။ Dialogue: 0,0:03:03.00,0:03:04.00,Default,,0000,0000,0000,,(လက်ခုပ်အားပေးသံများ)