1 00:00:00,000 --> 00:00:05,000 ကြီးကျယ်တဲ့ ဖန်တီးမှု။ အထူးလိုအပ်နေချိန်မှာ ကျွန်တော်တို့ ကြီးကျယ်တဲ့ ဖန်တီးမှု လိုအပ်ပါတယ် 2 00:00:05,000 --> 00:00:13,000 ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ အံ့ဩစရာလည်းကောင်း၊ ဖြစ်နိုင်ခြေလည်းလုံးဝမရှိ၊ ယုတ္တိလည်းတန်သလို၊ ယုတ္တိမတန်ဘဲနဲ့လည်း စွမ်းအားကြီးမားတတ်ပါတယ် 3 00:00:13,000 --> 00:00:17,000 ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ သည်းခံစိတ်ကို၊ ပြိုင်ဘက်ကင်းတဲ့ လွတ်လပ်စိတ်ကို ပျံ့နှံ့စေတယ်၊ 4 00:00:17,000 --> 00:00:20,000 ပညာသင်ယူမှုကို ထက်မြက်တဲ့ အကြံဉာဏ်လို တောက်ပ လာစေတယ် 5 00:00:20,000 --> 00:00:21,000 (ရယ်မောသံများ) 6 00:00:21,000 --> 00:00:25,000 ကြီးကျယ်တဲ့ ဖန်တီးမှုက ချို့ငဲ့မှုဆိုတာကို မီးမောင်းထိုးပြပေးနိုင်သလို 7 00:00:25,000 --> 00:00:29,000 ဒီချို့ငဲ့မှုက အဲဒီလောက်ကြီး မဆိုးဘူးဆိုတာကိုလည်း ပြပေးနိုင်တယ် 8 00:00:29,000 --> 00:00:32,000 ကြီးကျယ်တဲ့ ဖန်တီးမှုက နိုင်ငံရေးသမားတွေကို အရွေးချယ်ခံရအောင် လုပ်ပေးနိုင်တယ် 9 00:00:32,000 --> 00:00:35,000 ဒါမှမဟုတ်ရင် လည်း န်ိုင်ငံရေးပါတီတွေကို အရွေးမခံရအောင် လုပ်ပေးနိုင်တယ်။ 10 00:00:35,000 --> 00:00:39,000 ကြီးကျယ်တဲ့ ဖန်တီးမှုက စစ်မက်တွေကို ကြေကွဲဝမ်းနည်းစရာအဖြစ် မြင်လာစေနိုင်သလို ဗရွတ်ရွှတ်တ ဟာသဇာတ်လိုလည်း မြင်လာစေနိုင်တယ် 11 00:00:39,000 --> 00:00:43,000 ဖန်တီးမှုဆိုတာ ကျွန်တော်တို့ တီရှပ်တွေပေါ်ကို ဆောင်ပုဒ်တွေ တင်ပေးတဲ့ 12 00:00:43,000 --> 00:00:45,000 ကျွန်တော်တို့ နှုတ်ခမ်းပေါ်ကို စကားစုတွေ တင်ပေးတဲ့ အကြံဉာဏ်တွေကို တီထွင်ပေးတဲ့အရာပါ 13 00:00:45,000 --> 00:00:48,000 ဖန်တီးမှုဆိုတာ ကျွန်တော်တို့အတွက် ရိုးရှင်းတဲ့လမ်းကို 14 00:00:48,000 --> 00:00:50,000 ထိုးဖောက်ဝင်ရောက်လို့မရတဲ့ စာရိတ္တ ဝင်္ကဘာထဲမှ ထွက်ရပ် လမ်းကြောင်းကိုရှာဖွေပေးတဲ့အရာပါ 15 00:00:50,000 --> 00:00:55,000 သိပ္ပံပညာဆိုတာ ထက်မြက်ပါတယ်၊ ဒါပေမယ့် ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာကတော့ သိရှိနိုင်မှုနည်းပေမဲ့ 16 00:00:55,000 --> 00:00:58,000 မှော်ဆန်ပါတယ်၊ အခု ကျွန်တော်တို့ အဲဒီ မှော်ဆန်မှုကို လိုအပ်နေပါပြီ။ 17 00:00:58,000 --> 00:01:00,000 ဒီအချိန်ဟာ အထူး လိုအပ်နေတဲ့ အချိန်ကာလပါ 18 00:01:00,000 --> 00:01:02,000 ကျွန်တော်တို့ရဲ့ ရာသီဥတုဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်၊ အလွန်မှကို လျင်မြန်လွန်းပါတယ် 19 00:01:02,000 --> 00:01:05,000 ဖန်တီးမှုက ကောင်းကောင်းလုပ်တတ်တဲ့ အရာအတွက် ကြီးကျယ်တဲ့ ဖန်တီးမှုကို လိုအပ်နေပါပြီ 20 00:01:05,000 --> 00:01:09,000 အံ့ဩဖွယ် တီထွင်ဆန်းသစ်ထားတဲ့ ကြေညာချက်တွေနဲ့ ကျွန်တော်တို့ကို တမျိုးတဖုံ တွေးခေါ်လာအောင် ဆွပေးဖို့ပါ 21 00:01:09,000 --> 00:01:11,000 ကျွန်တော်တို့ကို ထူးထူးခြားခြား တုံ့ပြန်လာအောင် ဆွဲဆောင်ဖို့ပါ 22 00:01:11,000 --> 00:01:14,000 အားတက်စရာကောင်းတဲ့ ဖန်တီးမှု အပိုင်းအစလေးတွေနဲ့ပေါ့ 23 00:01:14,000 --> 00:01:17,000 ဒါကတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ပဏာမခြေလှမ်းဖြစ်တဲ့ အဲဒီလို အပိုင်းအစလေးပါ 24 00:01:17,000 --> 00:01:20,000 ဖန်တီးနိုင်စွမ်းကို အသုံးချပြီး လူတွေကို စိမ်းလန်းစိုပြေရေးသမားတွေ ဖြစ်လာအောင်တွန်းအားပေးလှုံ့ဆော်ဖို့ပါ 25 00:01:20,000 --> 00:01:24,000 ဗီဒီယိုအမျိုးသားအသံသိလား၊ ဒီနေ့ကားမောင်းသွားမယ့်အစား ကျွန်တော်က လမ်းလျှောက်ပြီးသွားမလို့ 26 00:01:24,000 --> 00:01:28,000 နောက်ခံပြောပေးသူ၊ ဒီလိုနဲ့ သူလမ်းလျှောက်ပြီးသွားတယ်၊ သူလမ်းလျှောက်တဲ့အတွက် အရာဝတ္ထုတွေကို သူမြင်ခဲ့ရတယ် 27 00:01:28,000 --> 00:01:32,000 ကားမောင်းပြီးသာ သွားခဲ့ရင် ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ အရာဝတ္ထုတွေကို သူမြင်ခဲ့ရမှာ မဟုတ်ပါဘူး 28 00:01:32,000 --> 00:01:35,000 ခြေထောက်ယားလို့ ကုတ်နေတဲ့ သမင်တစ်ကောင် နဲ့ ပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ်ရယ် 29 00:01:35,000 --> 00:01:40,000 အဖေနဲ့သမီးတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ နံရံတစ်ခုရဲ့ ဒီဘက်မှာ၊ စက်ဘီးက ဟိုတစ်ဘက်မှာ 30 00:01:40,000 --> 00:01:45,000 ပြီးတော့ သူရပ်သွားတယ်၊ သူ့ရှေ့မှာ လမ်းလျှောက်နေတာက သူမပေါ့ 31 00:01:45,000 --> 00:01:47,000 ကလေးဘဝတုန်းက သူနဲ့အတူ လယ်ကွင်းတွေထဲ့ဖြတ်ပြီး အတန်းလစ်ခဲ့ဖူးတဲ့ အမျိုးသမီး 32 00:01:48,000 --> 00:01:49,000 သူ့အသည်းကို ခွဲသွားခဲ့သူပါပဲ 33 00:01:49,000 --> 00:01:51,000 သေချာတယ်၊ သူမက အခု နည်းနည်းတော့ အသက်ကြီးနေပြီ 34 00:01:51,000 --> 00:01:52,000 အမှန်တော့ သူမက အသက်အရမ်းကို ကြီးနေပါပြီ 35 00:01:52,000 --> 00:01:55,000 ဒါပေမယ့် သူမပြန်လာတာနဲ့ ဟိုတုန်းက သူမအား ချစ်ခြင်းတွေကို ပြန်ခံစားလာရတယ် 36 00:01:55,000 --> 00:01:58,000 "ဖော့ဒ်" လို့ သူ ညင်သာစွာ ခေါ်လိုက်တယ်၊ အဲဒါက သူမ နာမည်ဖြစ်နေလို့ပါ 37 00:01:59,000 --> 00:02:01,000 "ဘာမှ ထပ်မပြောနေပါနဲ့တော့ ဂတ်စ်တီ" လို့ သူမက ပြောတယ် 38 00:02:01,000 --> 00:02:02,000 ဂတ်စ်တီဆိုတာ သူ့နာမည် ဖြစ်နေတယ်လေ 39 00:02:02,000 --> 00:02:07,000 "ဒီနေရာကနေ ကိုက် ၃၀၀ တိတိအကွာ နောက်တွဲယာဉ် တစ်ခုနဲ့ ကပ်လျက် တဲကလေးတစ်ခု ရှိတာကို ကျွန်တော် သိတယ် 40 00:02:07,000 --> 00:02:10,000 အဲဒီကိုသွားပြီး တဲထဲမှာ ချစ်ကြည်နူးရအောင်လားကွယ်" တဲ့ 41 00:02:10,000 --> 00:02:14,000 ဖော့ဒ် အဝတ်တွေချွတ်လိုက်တယ်၊ သူမ ခြေတစ်ချောင်း ဖြန့်လိုက်တယ်၊ ပြီးတော့ နောက်ခြေတစ်ချောင်းပေါ့ 42 00:02:14,000 --> 00:02:18,000 ဂတ်စ်တီက သူမဆီကို ရဲရဲဝံ့ဝံ့နဲ့ ဝင်သွားပြီး သူမနဲ့ စည်းချက်ကျကျ ချစ်တင်းနှောတယ် 43 00:02:18,000 --> 00:02:21,000 အဲဒီအချိန်မှာ သူမက သူ့ကို ရုပ်ရှင် ရိုက်တယ်၊ သူမက လိင်ဆက်ဆံတဲ့ဟာတွေကို အပျော်တမ်း ရုပ်ရှင် ရိုက်ကူးသူဖြစ်နေတာကိုး 44 00:02:21,000 --> 00:02:23,000 မြေကြီးဟာ သူတို့နှစ်ယောက်လုံးအတွက် လှုပ်ခါသွားတယ် 45 00:02:23,000 --> 00:02:26,000 ပြီးတော့ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ထာဝရ နေသွားကြတယ် 46 00:02:26,000 --> 00:02:31,000 ဒါတွေအားလုံးက အဲဒီနေ့မှာ သူလမ်လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့လို့ပါ 47 00:02:32,000 --> 00:02:42,000 (လက်ခုပ်အားပေးသံများ) 48 00:02:42,000 --> 00:02:45,000 အန်ဒီဟော့စ်ဘောမ် း ကျွန်တော်တို့မှာ သိပ္ပံပညာ ရှိနေပြီ၊ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးလို့လဲပြီးပြီ 49 00:02:45,000 --> 00:02:47,000 ကျင့်ဝတ်စည်းကမ်းတွေက ညှိနှိုင်းပြောင်းလဲလို့ ရပါသေးတယ် 50 00:02:47,000 --> 00:02:49,000 ဒါတွေအားလုံးကို ယူပြီး 51 00:02:49,000 --> 00:02:51,000 ရိုးရှင်း ပြတ်သားအောင် လုပ်ပေးဖို့ ကြီးကျယ်တဲ့ ဖန်တီးမှု လိုအပ်ပါတယ် 52 00:02:51,000 --> 00:02:55,000 ဒီကျင့်ဝတ်စည်းကမ်းတွေကို ချိတ်ဆက်ပေးဖို့ရယ်၊ လူတွေ လုပ်ဆောင်ချင်လာအောင် လုပ်ဖို့ရယ် ဖန်တီးမှုလိုပါတယ် 53 00:02:55,000 --> 00:02:57,000 ဒါကြောင့် ဒါဟာ နှိုးဆော်ချက်ပါ၊ မေတ္တာရပ်ခံချက်ပါ 54 00:02:57,000 --> 00:02:59,000 မယုံနိုင်လောက်အောင် ပင်ကိုယ်စွမ်းရည်တွေ ပြည့်၀ကြတဲ့ TED အသိုင်းအဝိုင်း ကိုရည်ရွယ်ပါတယ် 55 00:02:59,000 --> 00:03:01,000 ရာသီဥတုပြောင်းလဲမှုကို ဖန်တီးမှုနဲ့ ဆန့်ကျင် တုံ့ပြန်ကြရအောင်လားဗျာ 56 00:03:01,000 --> 00:03:03,000 ပြီးတော့ အခုကို စလုပ်ကိုင်ကြရအောင်၊ ကျေးဇူးတင်ပါတယ်။ 57 00:03:03,000 --> 00:03:04,000 (လက်ခုပ်အားပေးသံများ)