1 00:00:01,015 --> 00:00:04,008 ကျနော် ပြောချင်တဲ့ ဇာတ်လမ်းက ဒီနှစ်ယောက်နဲ့ စတင်ခဲ့တယ်-- 2 00:00:04,032 --> 00:00:05,290 ကျွန်တော့ ကလေးတွေပါ။ 3 00:00:05,314 --> 00:00:06,996 Oakland တောတွေမှာ ခြေလျင်ခရီး 4 00:00:07,020 --> 00:00:11,154 ထွက်နေတုန်း ချောင်းထဲမှာ ကြောင်အိမ်သာ အတွက် သုံးတဲ့ဘူးကို တွေ့လိုက်တယ်။ 5 00:00:11,647 --> 00:00:13,309 သူက ကျွန်တော့ဆီကို ကြည့်ရင်း၊ 6 00:00:13,333 --> 00:00:15,840 “ဖေဖေ တွေ့လား။ 7 00:00:15,864 --> 00:00:17,514 ဒါ ဒီမှာ မရှိသင့်တဲ့ဟာပဲ။” 8 00:00:17,538 --> 00:00:19,960 သူ ဒီလို ပြောလိုက်တော့ နွေရာသီစခန်းကို သတိရမိတယ်။ 9 00:00:19,984 --> 00:00:21,482 သူတို့ဆီ သွားလည်တဲ့ နံနက်တွင်၊ 10 00:00:21,506 --> 00:00:25,169 စိုးရိမ်နေကြတဲ့ မိဘတွေ ဂိတ်ဝတွေကို ဖြတ်ပြီး ထွက်လာနေချိန်မှာ၊ 11 00:00:25,193 --> 00:00:26,562 စခန်း ညွှန်ကြားရေးမှူးက၊ 12 00:00:26,586 --> 00:00:28,895 “လူတိုင်း ခပ်မြန်မြန် အမှိုက် ငါးခုကောက်ယူကြပါ။” 13 00:00:28,919 --> 00:00:31,959 အဲဒီမှာ ကလေးတွေ နှစ်ရာလောက် ရှိနေတော့ ငါးခုစီ ကောက်လိုက်ရင်၊ 14 00:00:31,983 --> 00:00:34,520 မကြာမီမှာပဲ စခန်းဟာ များစွာမှ ပိုသန့်ရှင်းလာမှာပေါ့။ 15 00:00:34,520 --> 00:00:35,999 အဲဒါနဲ့ ကျွန်တော် တွေးမိတာက၊ 16 00:00:35,999 --> 00:00:40,300 အမှိုက်ရှင်းရေး အဲဒီလို လူအုပ်စုနည်းကို တစ်ကမ္ဘာလုံးအတွက် သုံးလိုက်ရင်ကော။ 17 00:00:40,324 --> 00:00:43,275 အဲဒါကမှ Litterati ကို စပြီး လှုံ့ဆော်ပေးလိုက်တာပါ။ 18 00:00:43,299 --> 00:00:46,648 အမှိုက်မဲ့ ကမ္ဘာကြီး ဖန်တီးရေး အမြင်ပါ။ 19 00:00:46,672 --> 00:00:48,180 စလုပ်ကိုင်ခဲ့ပုံကို ပြပေးပါရစေ။ 20 00:00:48,204 --> 00:00:51,590 ကျွန်တော်ဟာ Instagram ကို သုံးပြီး စီးကရက်ကို ဓာတ်ပုံရိုက်လိုက်တယ်။ 21 00:00:52,222 --> 00:00:54,089 အဲဒီနောက် နောက် ပုံကို ရိုက်ခဲ့တယ်... 22 00:00:54,113 --> 00:00:55,670 နောက် တစ်ပုံ... 23 00:00:55,694 --> 00:00:56,861 နောက် တစ်ပုံ။ 24 00:00:56,885 --> 00:00:58,531 ကျွန်တော် သတိထားမိတဲ့ နှစ်ချက်က- 25 00:00:58,531 --> 00:01:01,667 တစ်ချက်က၊ အမှိုက်ဟာ အနုပညာ ပစ္စည်း ဖြစ်လာပြီး ချဉ်းကပ်လို့ ရလာတယ်၊ 26 00:01:01,934 --> 00:01:03,139 ဒုတိယ အချက်က၊ 27 00:01:03,139 --> 00:01:05,934 ရက်အနည်းငယ် ကြာတော့၊ ကျွန်တော် ဖုန်းထဲမှာ ပုံ ၅၀ ရှိနေပြီး 28 00:01:05,958 --> 00:01:07,995 အမှိုက်တိုင်းကို ကျွန်တော် ကောက်ယူခဲ့တယ်၊ 29 00:01:07,995 --> 00:01:11,034 အဲဒါဟာဖြင့် ဂြိုဟ်ကြီးအား အကောင်းဘက်မှ အကျိုးသက်ရောက်စေခဲ့တာရဲ့ 30 00:01:11,034 --> 00:01:13,209 မှတ်တမ်းကို ကျွန်တော် ပြုစုနေခြင်း ဖြစ်လာတယ်။ 31 00:01:13,209 --> 00:01:15,341 ခင်ဗျားတို့ အားလုံး မြင်နိုင်ခဲ့ကြတာ၊ 32 00:01:15,365 --> 00:01:16,958 ခင်ဗျားတို့ ခြေနဲ့ နင်းမိနိုင်တာ၊ 33 00:01:16,958 --> 00:01:18,780 ငှက်တွေ စားမိနိုင်တာထက် ၅၀ နည်းလာတယ်။ 34 00:01:18,780 --> 00:01:21,421 အဲဒါနဲ့ ကျွန်တော် လုပ်နေတာကို လူတွေကို ပြောပြလာတယ်။ 35 00:01:21,445 --> 00:01:23,801 သူတို့လည်း အဲဒီထဲ လိုက်ပါလာကြတယ်။ 36 00:01:24,831 --> 00:01:26,524 တစ်နေ့တွင်၊ 37 00:01:26,548 --> 00:01:29,076 ဒီပုံကို တရုတ်နိုင်ငံမှ ပြလာတယ်။ 38 00:01:30,039 --> 00:01:31,310 အဲဒီကျမှ Litterati ဟာ 39 00:01:31,334 --> 00:01:34,600 လှပတဲ့ ပုံတွေထက် ပိုအရေးပါတာကို ကျွန်တော် နားလည်လိုက်တယ်၊ 40 00:01:34,624 --> 00:01:37,993 ကျွန်တော်တို့ဟာ ဒေတာကို စုစည်းပေးတဲ့ အသိုက်အဝန်း ဖြစ်လာပါတယ်။ 41 00:01:38,659 --> 00:01:40,759 ဓာတ်ပုံတိုင်း ပုံပြင် တစ်ခုစီကို ပြောပြတယ်။ 42 00:01:41,279 --> 00:01:43,472 ဘယ်သူက ဘာကို ကောက်ယူလိုက်တယ်၊ 43 00:01:43,496 --> 00:01:45,507 ဘူမိတံဆိပ်က ဘယ်မှာ ဖြစ်ခဲ့တယ်၊ 44 00:01:45,531 --> 00:01:47,561 အချိန်တံဆိပ်ကျတော့ အချိန်ကို ပြတယ်။ 45 00:01:48,006 --> 00:01:50,435 အဲဒါနဲ့ ကျွန်တော်ဟာ Google ကို ရေးဆွဲလိုက်တယ်၊ 46 00:01:50,459 --> 00:01:54,512 အမှိုက်တွေ ကောက်ယူခဲ့တဲ့ နေရာတွေကို အဲဒီပေါ်ကို တင်ပေးလာတယ်။ 47 00:01:54,536 --> 00:01:58,454 အဲဒီလုပ်ငန်းစဉ်ကနေပြီး အသိုက်အဝန်းဟာ ကြီးကြီးလာတယ်၊ 48 00:01:58,478 --> 00:02:00,117 ဒေတာလည်း ကြီးထွားလာခဲ့တယ်။ 49 00:02:00,806 --> 00:02:04,267 ကျွန်တော့ ကလေး နှစ်ယောက် ကျောင်းကို သွားတိုင်း မျက်လုံးပြူးကြီးနဲ့။ 50 00:02:05,125 --> 00:02:06,336 အမှိုက်ဟာ- 51 00:02:06,360 --> 00:02:09,064 ကျွန်တော်တို့ ဘဝရဲ့ နောက်ခံထဲမှာ ရောယှက် နေရာယူတတ်တယ်။ 52 00:02:09,088 --> 00:02:11,187 အဲဒါကို ရှေ့တန်းကို တင်ပေးလိုက်မယ် ဆိုရင်ကော။ 53 00:02:11,211 --> 00:02:14,123 ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်မှာ၊ 54 00:02:14,147 --> 00:02:15,536 လမ်းဘေးမှာ၊ ကျောင်းဝင်းထဲမှာ 55 00:02:15,560 --> 00:02:17,098 ဘာတွေ ရှိနေတာ သိသင့်ပါတယ်။ 56 00:02:17,122 --> 00:02:20,369 အဲဒီ ဒေတာကို သုံးပြီး ပြောင်းလဲလာအောင် ဘယ်လိုများ သုံးနိုင်မလဲ။ 57 00:02:21,189 --> 00:02:22,387 ကျွန်တော ပြပေးပါရစေ။ 58 00:02:22,411 --> 00:02:23,796 ပထမအနေနဲ့ မြို့တွေပါ။ 59 00:02:24,418 --> 00:02:29,057 San Francisco က အမှိုက်တွေထဲမှာ စီးကရက်ရဲ့ ရာခိုင်နှုန်းကို သိချင်ခဲ့တယ်။ 60 00:02:29,081 --> 00:02:30,243 ဘာအတွက်ကြောင့်လဲ။ 61 00:02:30,267 --> 00:02:31,476 အခွန်သစ်ကို ဖန်တီးဖို့ပါ။ 62 00:02:31,723 --> 00:02:34,208 ဒါနဲ့ သူတို့ဟာ လူနှစ်ယောက်ကို လမ်းတွေမှာ ချထားလျက် 63 00:02:34,232 --> 00:02:35,593 ခဲတံနဲ့ မှတ်စုစာအုပ်နဲ့ 64 00:02:35,617 --> 00:02:37,680 လျှောက်ကြည့်ရင်း အချက်တွေကို စုစည်းဖို့ပါ၊ 65 00:02:37,704 --> 00:02:40,815 အဲဒါနဲ့ စီးကရက် ရောင်းရသမျှအပေါ် အခွန် ၂၀ % ပေးလာရတယ်။ 66 00:02:41,787 --> 00:02:43,940 ဒါပေမဲ့ သူတို့ကို စီးကရက် ကုမ္ပဏီကြီးတွေက 67 00:02:43,964 --> 00:02:45,140 တရားစွဲလာကြတယ်၊ 68 00:02:45,164 --> 00:02:48,380 ခဲတံနဲ့ မှတ်စုစာအုပ်ဖြင့် အချက်အလက် ကောက်ခံမှုဟာ မတိကျဘူး၊ 69 00:02:48,404 --> 00:02:50,735 သက်သေထူလို့ မရနိုင်ဘူးလို့ ဆိုကြတယ်။ 70 00:02:51,454 --> 00:02:55,134 မြို့က ကျွန်တော့ကို ဖုန်းဆက်ပြီးကျွန်တော့ နည်းပညာ ကူနိုင်မလား မေးတယ်။ 71 00:02:55,158 --> 00:02:56,407 ကျွန်တော်တို့ရဲ့ နည်းပညာဟာ 72 00:02:56,431 --> 00:02:58,679 Instagram အကောင့် ဖြစ်တာ သူတို့ သိမသိ မသေချာပါ။ 73 00:02:58,703 --> 00:02:59,736 (ရယ်မောသံများ) 74 00:02:59,736 --> 00:03:01,252 ဒါပေမဲ့၊ “ဟုတ်ကဲ့၊ ကူနိုင်တယ်။” 75 00:03:01,252 --> 00:03:02,292 (ရယ်မောသံများ) 76 00:03:02,292 --> 00:03:06,004 “ပြီးတော့ အဲဒါဟာ Parliament လား၊ ဒါမှမဟုတ် Pall Mall လား ပြောနိုင်မယ်။ 77 00:03:06,028 --> 00:03:09,453 အဲဒါ့အပြင်၊ ဓာတ်ပုံတိုင်းမှာ ဘူမိတံဆိပ်နဲ့ အချိန် တံဆိပ်တောင် ပါဦးမယ်၊ 78 00:03:09,477 --> 00:03:10,858 အဲဒါက သက်သေ အထောက်အထားပဲ။” 79 00:03:11,839 --> 00:03:15,059 လေးရက်အကြာတွင်၊ အမှိုက် ၅၀၀၀ နဲ့အတူ 80 00:03:15,083 --> 00:03:20,021 ကျွန်ုပ်တို့ရဲ့ ဒေတာကို တရားရုံးမှာ သုံးခဲ့ကာ အခွန်ကို ကာကွယ်နိုင်ခဲ့ရုံသာမက 81 00:03:20,045 --> 00:03:24,368 အခွန်ကို နှစ်ဆတိုးနိုင်ခဲ့လို့ နှစ်စဉ် အခွန် ဒေါ်လာ လေးသန်း ရလာရာ 82 00:03:24,392 --> 00:03:26,987 San Francisco ရဲ့ သန့်ရှင်းမှုအတွက် သုံးနိုင်တယ်။ 83 00:03:27,261 --> 00:03:30,236 အဲဒီ ရုံးတင်ကြားနာမှု အတွင်းမှာ ကျွန်တော် နှစ်ချက် နားလည်လာတယ်- 84 00:03:30,260 --> 00:03:32,814 Instagram ဟာ မှန်ကန်တဲ့ ကိရိယာ မဟုတ်ဘူး-- 85 00:03:32,838 --> 00:03:33,773 (ရယ်မောသံများ) 86 00:03:33,773 --> 00:03:35,896 အဲဒါကြောင့် ကျွန်ုပ်တို့ အက်ပ်ကို တီထွင်ရတယ်။ 87 00:03:35,896 --> 00:03:37,403 နောက်တစ်ချက်က၊ စဉ်းစားကြည့်ရင်၊ 88 00:03:37,403 --> 00:03:40,694 ကမ္ဘာကြီးထဲက မြို့တိုင်းဆီမှာ သူများနဲ့မတူတဲ့ လက်ဗွေလိုဟာ ရှိတယ်၊ 89 00:03:40,718 --> 00:03:44,554 ပြီးတော့ လက်ဗွေဟာ ပြဿနာရဲ့ ဇာတ်မြစ်ကို ထောက်ပြပေးသလို 90 00:03:44,578 --> 00:03:46,499 အဖြေကိုပါ ဖေါ်ပြပေးတယ် ဆိုတာပါ။ 91 00:03:47,646 --> 00:03:50,024 စီးကရက်ရဲ့ ရာခိုင်နှုန်းကို သိရုံနဲ့ 92 00:03:50,048 --> 00:03:52,511 အခွန် ရရှိလာအောင် လုပ်နိုင်တယ်ဆိုရင်၊ 93 00:03:52,535 --> 00:03:54,631 ကော်ဖီခွက်တွေ ဒါမှမဟုတ် 94 00:03:54,655 --> 00:03:56,361 ဆိုဒါဘူးတွေ ဆိုရင်ကော၊ 95 00:03:56,385 --> 00:03:57,799 ပလပ်စတစ် ပုလင်းတွေကော။ 96 00:03:58,501 --> 00:04:01,702 ခုနကလို San Francisco ရဲ့ လက်ဗွေကို ရခဲ့သလို Oakland 97 00:04:01,726 --> 00:04:03,422 ဒါမှမဟုတ် Amsterdam 98 00:04:03,446 --> 00:04:06,416 ဒါမှမဟုတ် ကိုယ့်အိမ်နဲ့ ပိုနီးတဲ့ မြို့အတွက် ဆိုရင်ကော။ 99 00:04:06,698 --> 00:04:08,236 ပြီးတော့ ကုမ္ပဏီကြီးတွေကော။ 100 00:04:08,236 --> 00:04:10,567 ဒီဒေတာကို သူတို့ရဲ့ ပတ်ဝန်းကျင် နဲ့ စီးပွားရေး 101 00:04:10,591 --> 00:04:14,803 ဆိုင်ရာ အကျိုးစီးပွားများအတွက် ဘယ်လိုများ သုံးနိုင်ကြမလဲ။ 102 00:04:15,646 --> 00:04:18,858 Oakland မြို့လယ်ကောင်မှာ အမှိုက်တွေနဲ့ ပြည့်နေတဲ့ နေရာရှိတယ်။ 103 00:04:19,325 --> 00:04:23,429 Litterati အသိုက်အဝန်းဟာ အတူတူ သွားပြီး အမှိုက် ၁၅၀၀ ကို ကောက်ခဲ့ကြတယ်။ 104 00:04:23,812 --> 00:04:25,152 အဲဒီကနေ ကျွန်ုပ်တို့ သိလာတာ- 105 00:04:25,176 --> 00:04:28,386 အမှိုက် အများစုဟာ နာမည်ကြီး taco တံဆိပ်ဆီက ဖြစ်တယ်။ 106 00:04:29,738 --> 00:04:33,315 အဲဒီတံဆိပ်ပါ အမှိုက် အများစုဟာ သူတို့ရဲ့ ဆော့ထုပ်တွေပါ၊ 107 00:04:34,438 --> 00:04:38,064 ပြီးတော့ ဆော့ထုပ် အများအပြားကို ဖွင့်တောင် မဖွင့်ရသေးဘူး။ 108 00:04:39,965 --> 00:04:42,680 ပြဿနာ နဲ့ ဖြေရှင်းရေး နည်းလမ်းက-- 109 00:04:42,704 --> 00:04:46,665 အဲဒီတံဆိပ်အနေနှင့် လူတွေ တောင်းမှသာ ဆော့တွေကို ထုတ်ပေးရန် 110 00:04:46,689 --> 00:04:48,698 ဒါမှမဟုတ် လူတွေ ယူနိုင်ဖို့ ချပေးထားရန်၊ 111 00:04:48,722 --> 00:04:51,274 ဒါမှမဟုတ် ပိုပြီး လက်တွေ့ကျတဲ့ အထုပ် စီစဉ်ပေးဖို့ပါ။ 112 00:04:51,298 --> 00:04:54,267 ကုမ္ပဏီကြီး တစ်ခုအနေနဲ့ ပတ်ဝန်းကျင် အန္တရာယ်ကို ယူပြီး 113 00:04:54,291 --> 00:04:56,297 စီးပွားရေး တွန်းအားအဖြစ် ပြောင်းလဲပစ်ဖို့ 114 00:04:56,321 --> 00:04:58,759 လုပ်ငန်းထဲက ဟီရိုး ဖြစ်လာဖို့ ဘာလုပ်ရမလဲ။ 115 00:04:59,292 --> 00:05:01,494 ကျွန်ုပ်တို့က အပြောင်းအလဲကို ဖန်တီးချင်လိုရင်၊ 116 00:05:01,518 --> 00:05:04,392 ကျွန်ုပ်တို့ရဲ့ ကလေးတွေထက် ပိုပြီး ကောင်းတဲ့ နေရာ မရှိပါ။ 117 00:05:04,416 --> 00:05:07,819 ငါးတန်း ကျောင်းသား တစ်စုဟာ သူတို့ရဲ့ ကျောင်းဝင်းထဲမှာကို 118 00:05:07,843 --> 00:05:09,691 အမှိုက် ၁၂၄၇ ခုကို ရှာနိုင်ခဲ့ကြတယ်။ 119 00:05:09,715 --> 00:05:12,247 ပြီးတော့ သူတို့ရဲ့ အမှိုက်တွေထဲမှာ အများဆုံး တွေ့ရတဲ့ 120 00:05:12,271 --> 00:05:15,505 အမှိုက်က ကျောင်း စားသောက်ဆိုင်မှ စုပ်တံကို ထုပ်တဲ့ ပလပ်စတစ်ပဲ။ 121 00:05:15,947 --> 00:05:18,370 အဲဒါနဲ့ ကလေးတွေက ကျောင်းအုပ်ကြီး ကို မေးကြတယ်၊ 122 00:05:18,370 --> 00:05:21,160 “ကျွန်ုပ်တို့ အခုထက်ထိ စုပ်တံတွေကို ဝယ်နေကြတာ ဘာကြောင့်လဲ။” 123 00:05:21,166 --> 00:05:22,921 သူတို့ ရပ်လိုက်ကြပြီ။ 124 00:05:22,945 --> 00:05:26,599 ပြီးတော့ သူတို့ တစ်ဦးချင်း တစ်ခုခု ပြောင်းလဲအောင် လုပ်နိုင်ပေမဲ့၊ 125 00:05:26,623 --> 00:05:29,321 အတူတူ လုပ်တော့ အကျိုးသက်ရောက်မှု ပိုရှိလာတာ သိလာကြတယ်။ 126 00:05:29,503 --> 00:05:33,515 ကိုယ်က ကျောင်းသားလား၊ သိပ္ပံပညာရှင်လား၊ ကိုယ်နေတာက 127 00:05:33,539 --> 00:05:36,674 Honolulu ဒါမှမဟုတ် Hanoi မှာလား၊ အရေးမကြီးပါ။ 128 00:05:36,698 --> 00:05:39,139 ဒီလူ့အဖွဲ့အစည်းက လူတိုင်းအတွက်ပါ။ 129 00:05:39,974 --> 00:05:44,653 ကလေး နှစ်ယောက်က Northern California တောထဲတွင် 130 00:05:44,677 --> 00:05:47,491 စတင်လိုက်တာနဲ့ ဒါဟာ စလျက် တကမ္ဘာလုံးကို ပျံ့လာခဲ့ပါတယ်။ 131 00:05:47,938 --> 00:05:49,721 ဒါကို ဘယ်လို လုပ်နိုင်ခဲ့ကြတာလဲ။ 132 00:05:50,067 --> 00:05:51,945 တစ်ချိန်မှာ အမှိုက် တစ်ခုပါ။ 133 00:05:52,508 --> 00:05:53,723 ကျေးဇူးတင်ပါတယ်။ 134 00:05:53,747 --> 00:05:57,365 (လက်ခုပ်တီးသံများ)