စားလို့ရတဲ့ အစေ့တွေနဲ့ ဆေးပင်တွေရှာဖို့ တောထဲမှာ ရှည်လှတဲ့ တစ်နေ့ ဦးတည်ရာသွားစဉ် ပင်ပန်းနေတဲ့ အံ့ဖွယ် လယ်သမား Shennong ဟာ အမှတ်မထင် အဆိပ် ၇၂ ခါသင့်ခဲ့တယ်။ ဒါပေမဲ့ အဆိပ်က သူ့အသက်ကို အဆုံးမသတ်ခင်မှာ သစ်ရွက်တစ်ရွက်က သူ့ပါးစပ်ထဲ လှိမ့်ဝင်လာခဲ့တယ်။ ဒါကို သူဝါးစားပြီး ပြန်လည်ရှင်သန်ခဲ့တယ်။ ဒါက လက်ဖက်ကို စတင်တွေ့ရှိပုံပါ။ ဒါမှမဟုတ် အနည်းဆုံးတော့ ရှေးဟောင်း ဒဏ္ဍာရီတစ်ပုဒ်ပေါ့။ တကယ်က လက်ဖက်ဟာ အဆိပ်တွေကို မကုစားပေမဲ့ Shennong ရဲ့ပုံပြင်မှာတော့ စိတ်ကူးယဉ် တရုတ်လူမျိုး စိုက်ပျိုးရေး တီထွင်သူက ရှေးဟောင်း တရုတ်ပြည်မှာ လက်ဖက်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြတယ်။ ရှေးဟောင်းသုသေသန အထောက်အထားက ပြဆိုတာက
လက်ဖက်ဟာ လွန်ခဲ့တဲ့ နှစ်၆၀၀၀ အစောပိုင်းက အဲဒီမှာ ပထမဆုံး စိုက်ပျိုးခဲ့တယ် (သို့) ဖာရိုဘုရင်တွေ Giza ပိရမစ်ကြီး မဆောက်ခင် နှစ် ၁၅၀၀၀ လောက်ကပေါ့။ မူလ တရုတ် လက်ဖက်ပင်ဟာ ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ စိုက်ပျိုးတာနဲ့ အမျိုးအစားတူပေမဲ့ မူလအစက စားသုံးတာကတော့ အရမ်း ကွဲပြားပါတယ်။ ဟင်းသီးဟင်းရွက် (သို့) အစေ့ယာဂုနဲ့ ချက်စားခဲ့ပါတယ်။ လက်ဖက်ကို အစာကနေ ပြောင်းသောက်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၁၅၀၀ ကပါ။ အပူနဲ့ အစိုဓာတ်ရဲ့ ပေါင်းစပ်မှုဟာ အရွက်ဝေတဲ့ အစိမ်းကနေ စုံလင်၊ထွေပြားတဲ့ အရသာ ဖန်တီးနိုင်တယ်လို့ လူတွေ သဘောပေါက်ချိန်ပေါက်ချိန်ပါ။ နှစ်ရာချီတဲ့ ပြင်ဆင်နည်း မူကွဲတွေနောက်မှာ စံဖြစ်လာတာကတော့ လက်ဖက်ကို အပူပေး၊ သယ်ရလွယ်တဲ့ အခဲလေးတွေအဖြစ်ထုပ်၊ အမှုံ့ဖြစ်အောင်ကြိတ် ရေနွေးနဲ့ ရောစပ်ပြီး muo cha (သို့) Matcha လို့ခေါ်တဲ့ သောက်စရာတစ်ခုအဖြစ် ဖန်တီးခဲ့တယ်။ Matcha ဟာ ထင်ရှားတဲ့ တရုတ်ယဉ်ကျေးမှု တစ်ခု ပေါ်လာတဲ့အထိ လူကြိုက်များခဲ့တယ်၊ လက်ဖက်ရည်ဟာ စာအုပ်နဲ့ကဗျာစာပေရဲ့ အကြောင်းအရာ ဧကရာဇ်တွေရဲ့ အကြိုက်ဆုံး သောက်စရာ၊ ပန်းချီဆရာတွေရဲ့ ကြားခံဖြစ်ခဲ့တယ်၊ သူတို့ဟာ လက်ဖက်ရည်ရဲ့ အမြှုပ်ထဲမှာ လွန်ကဲတဲ့ ပုံတွေဆွဲကြမယ်၊ ယနေ့ ကော်ဖီဆိုင်တွေမှာ သင်တွေ့လောက်မယ့် espresso အနုပညာနဲ့ အရမ်းဆင်ပါတယ်။ ၉ ရာစု Tang မင်းဆက်အတွင်းမှာ ဂျပန်ဘုန်းကြီးတစ်ပါးက ဂျပန်ကို ပထမဆုံး လက်ဖက်ပင်ယူဆောင်လာခဲ့တယ်။ နောက်ဆုံး ဂျပန်လူမျိုးတွေဟာ လက်ဖက်ရည်ကို သူတို့ကိုယ်ပိုင် ထူးခြားတဲ့ အစဉ်အလာတွေကို ချဲ့ထွင်လိုက်တာ ဂျပန် လက်ဖက်ရည်ပွဲ ဖန်တီးမှုအထိ ဖြစ်သွားတယ်။ နောက် ၁၄ ရာစု Ming မင်းဆက်အတွင်းမှာ တရုတ်ဧကရာဇ်က အခဲတွေအဖြစ် ဖိသိပ်ထားတဲ့ လက်ဖက်ကနေ ချည်မထားတဲ့ လက်ဖက်ရွက်အဖြစ် စံကို ပြောင်းခဲ့တယ်။ ဒီအခိုက်မှာ တရုတ်ပြည်ဟာ ကမ္ဘာ့ လက်ဖက်ပင်တွေမှာ လက်ဝါးကြီးအုပ်လုနီး ဆုပ်ကိုင်ထားဆဲဖြစ်ကာ လက်ဖက်ကို ကြွေထည်၊ ပိုးထည်နဲ့အတူ အဓိက တရုတ် ပြည်ပပို့ကုန် သုံးခုမှာ တစ်ခု ဖြစ်လာခဲ့တယ်။ တစ်ကမ္ဘာလုံး လက်ဖက်ရည်သောက်တာ ပျံ့သွားတာကြောင့် တရုတ်ပြည်ကို ကြီးမားတဲ့ ဩဇာနဲ့ စီးပွားရေး အရှိန်အဝါကိုပေးခဲ့တယ်။ ဒီပျံ့နှံ့မှု အသည်းအသန် စခဲ့တာက ၁၆၀၀ အစောပိုင်းလောက်က ဒတ်ချ် ကုန်သည်တွေ ဥရောပကို လက်ဖက်တွေ အမြောက်အမြားယူလာတဲ့ အချိန်မှာပါ။ အများအပြားက ပေါ်တူဂီ ဂုဏ်သရေရှိ အမျိုးသမီး Queen Catherine of Braganza ကို ၁၆၆၁ မှာ King Charles II ကို လက်ဆက်တော့ လက်ဖက်ရည်ကို အင်္ဂလိပ် မင်မျိုးစိုးနွယ်တွေနဲ့ ရေပန်းစား အောင်လုပ်ပေးတဲ့အတွက် ချီးကျူးကြတယ်။ အဲဒီအချိန်မှာ Great Britain ဟာ ၎င်းရဲ့ ကိုလိုနီဩဇာကြီးလာအောင်လုပ်နေတုန်း၊ အင်အားကြီး ကမ္ဘာ့ဩဇာသစ် ဖြစ်လာနေတုန်းပါ။ Great Britain ကြီးထွားလာသလို လက်ဖက်ရည် စိတ်ဝင်စားမှုဟာ တစ်ကမ္ဘာလုံး ပျံ့သွားတယ်။ ၁၇၀၀ မတိုင်မီ ဥရောပက လက်ဖက်ရည်ဟာ ကော်ဖီစျေးရဲ့ ဆယ်ဆရောင်းချတယ်၊ အပင်ကတော့ တရုတ်ပြည်မှာပဲ စိုက်ပျိုးတုန်းပါ။ လက်ဖက် ကုန်သွယ်မှုက အမြတ်များလွန်းတော့ အနောက်တိုင်း ကုမ္ပဏီတွေကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုက ကမ္ဘာ့ အမြန်ဆုံး ရွက်လှေ ရွက်သင်္ဘော ပေါ်ခဲ့တယ်။ အားလုံးဟာ အမြတ် များနိုင်သမျှရဖို့ လက်ဖက်ကို ဥရောပကို အမြန်ဆုံး ပြန်ယူဖို့ ပြိုင်ဆိုင်နေကြတယ်။ ပထမတော့ ဗြိတိန်က တရုတ်လက်ဖက်အားလုံးကို ငွေဒင်္ဂါးနဲ့ ပေးချေတယ်။ စျေးကြီးလွန်းတာကို ကြုံရတော့ နောက်ပစ္စည်းဖြစ်တဲ့ ဘိန်းနဲ့ လက်ဖက်ကို ရောင်းဝယ်ဖို့ အကြံပြုခဲ့တယ်။ ဒါက တရုတ်ပြည်မှာ လူတွေက ဆေးစွဲလာတာကြောင့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုကို အစပြုပေးလိုက်တယ်။ ၁၈၃၉ မှာ တရုတ်အာဏာပိုင်တစ်ဦးက တရုတ်အပေါ် ဗြိတိန် လွှမ်းမိုးမှု ဆန့်ကျင်တဲ့ ထုတ်ပြန်ချက် အနေနဲ့. သူ့လူတွေကို များပြားတဲ့ ဗြိတိသျှ ဘိန်းပို့ကုန်တွေကို ဖျက်စီးဖို့ အမိန့်ပေးခဲ့တယ်။ ဒီလုပ်ဆောင်ချက်က နှစ်နိုင်ငံအကြား ပထမ ဘိန်းစစ်ကို အစပြုပေးခဲ့တယ်။ ၁၈၄၂ ထိ တရုတ် ကမ်းရိုးတန်းမှာ တိုက်ခိုက် မှုက စုန်ချည်ဆန်ချည် ပြင်းထန်ခဲ့ပြီး အရေးနိမ့်တဲ့ Qing မင်းဆက်က ဟောင်ကောင်ဆိပ် ကမ်းကို ဗြိတိသျှတို့ကိုပေးလိုက်ရပြီး မသင့်တော်တဲ့ စည်းကမ်းချက်တွေနဲ့ ကုန်သွယ်မှု ပြန်စခဲ့တယ်။ စစ်က တရုတ်ပြည်ရဲ့ ကမ္ဘာ့ ရပ်တည်မှုကို ရာစုနှစ်တစ်ခုကျော် ချိနဲ့စေခဲ့တယ်။ ဗြိတသျှ အရှေ့အိန္ဒိယကုမ္ပဏီကလည်း လက်ဖက်ကို သူတို့ကိုယ်တိုင် စိုက်ပြီး ထပ်ပြီး စျေးကွက်ကို ထိန်းချုပ်နိုင်ချင်တယ် ဒါနဲ့ ရုက္ခဗေဒပညာရှင် Robert Fortune ကို တိတ်တဆိတ် လုပ်ငန်းတစ်ခုမှာ တရုတ်ပြည်က လက်ဖက်ပင်ကို ခိုးယူဖို့ စေခိုင်းခဲ့တယ်။ သူ့ကိုယ်တိုင် ရုပ်ဖျက်ပြီး တရုတ်ပြည်က တောင်ထူတဲ့ လက်ဖက် ဒေသတွေဖြတ်ကာ ဘေးရှိတဲ့ ခရီးစခဲ့တယ် နောက်ဆုံး လက်ဖက်ပင်တွေနဲ့ အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို အိန္ဒိယက ဒါဂျီလင်ကို ခိုးသွင်းခဲ့တယ်။ အဲဒီကနေ အပင်ဟာ ဆက်လက် ပျံ့နှံ့ခဲ့ပြီး နေ့စဉ်သုံးကုန်အဖြစ် လက်ဖက်ရဲ့ အမြန် ကြီးထွားမှုကို မောင်းနှင်ရာမှာ ထောက်ပံ့တယ် ယနေ့ လက်ဖက်ရည်ဟာ ရေပြီးလျှင် ကမ္ဘာမှာ ဒုတိယ အများဆုံးစားသုံးကြတဲ့ အဖျော်ရည်ပါ။ အချိုကဲတဲ့ Turkish Rize လက်ဖက်ရည်ကနေ ဆားငံတဲ့ Tibetan ထောပတ် လက်ဖက်ရည်အထိ ကမ္ဘာလုံးပေါ်ရှိကြတဲ့ ယဉ်ကျေးမှုတွေ နီးပါးလောက်ကို များပြားလှတဲ့ နည်းတွေရှိပါတယ်။