တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊
ခုနစ်၊ ရှစ်၊ ကိုး၊ နဲ့ သုည။
အဲဒီသင်္ကေတ ဆယ်ခု တည်းနဲ့ ကျန်ုပ်တို့ဟာ
စိတ်ကူးရနိုင်တဲ့ ကိန်းကို ရေးနိုင်ကြပါတယ်။
ဘာဖြစ်လို့ အဲဒီလို သင်္ကေတာတွေကိုမှ
သုံးနေကြတာလဲ။
ဘာဖြစ်လို့ ဆယ်ခုကို သုံးကြတာလဲ။
ပြီးတော့ ၎င်းတို့ကို ကျွန်ုပ်တို့ဟာ
အဲဒီလိုမှာမှ စီစဉ်ရေးကြတာလဲ။
သမိုင်းစဉ် တလျှောက်မှာ ကိန်းဂဏန်းများဟာ
ဘဝဆိုင်ရာ အချက်အလက်တွေပါ။
ခေတ်ဦးပိုင်း လူတွေဟာ တိရိစ္ဆာန်အုပ်ထဲက
အကောင်တွေကို သို့မဟုတ် လူမျိုးစုထဲက
အဖွဲ့ဝင်တွေကို ရေတွက်ခဲ့ကြပုံ ရပါတယ်။
ဒါပေမဲ့ ဘဝဟာ ပိုပိုရှုပ်ထွေးလာတာနဲ့အမျှ၊
ရေတွက်စရာ အရာတွေလည်း တိုးလာခဲ့ကြလို့၊
ခုနက နည်းတွေဟာ မလုံလောက်ကြတော့ပါ။
နည်းစနစ်တွေ ဖွံဖြိုးလာခဲ့ကြရာ
လူ့ယဉ်ကျေးမှု အမျိုးမျိုးတို့က ပိုကြီးတဲ့
ကိန်းဂဏန်း ရေးမှတ်နည်းတွေ တီထွင်ခဲ့ကြတယ်။
ဂရိ၊ ဟေဗြဲ၊ အီဂျစ်
ကိန်းတွေလို၊
အဲဒီလို စနစ်
အများအပြားတို့ဟာ
ရေးမှတ်ရေး နည်းတွေကို
ပိုကြီးမားတဲ့ တန်ဖိုးကို ဖေါ်ပြနိုင်ရန်
သင်္ကေတ အသစ်တွေ ထည့်သွင်းမှု ဖြစ်ခဲ့တယ်။
သင်္ကေတတိုင်းကို လိုအပ်သလောက် ထပ်ထည့်လျက်
အားလုံးကို ထည့်ပေါင်းခဲ့ကြတယ်။
ရောမ ဂဏန်းတွေထဲ နောက်တမျိုး
ထွင်ခဲ့ကြပါသေးတယ်။
ဂဏန်း တစ်ခုဟာ ပိုကြီးတဲ့ ဂဏန်းရဲ့
ရှေ့မှာ ရပ်နေရင်၊
ထည့်ပေါင်းရမယ့် အစား ၎င်းကို
နှုတ်ယူရပါမယ်။
အဲဒီလို တီထွင်ခဲ့ကြပေမဲ့
ကြီးတဲ့ ကိန်းဂဏန်းတွေကို ရေးသားမှုဟာ
အတော့်ကို မလွယ်ခဲ့ပါ။
အနေအထားကို လိုက်ပြီး ရေးရတဲ့ စနစ်က
ပိုပြီး အသုံးတည့်ကာ
ကျော့ရှင်းမှု ရှိခဲ့ပါတယ်။
ကိန်းဂဏန်း စနစ်ဟောင်းတွေထဲမှာ ကျတော့
ကြီးမားတဲ့ ကိန်းများအတွက်
သင်္ကေတ အများကြီးကို ထပ်တလဲလဲ
ရေးရန် လိုအပ်ခဲ့ပါတယ်။
ဒါပေမဲ့ အနေအထားကို ထည့်တွက်ရတဲ့
စနစ်ထဲတွင် တူတဲ့ သင်္ကေတကို ထပ်သုံးလျက်
ကိန်းတွေရဲ့ အစီအစဉ်ကို လိုက်ပြီး
တန်ဖိုး အမျိုးမျိုးကို သတ်မှတ်နိုင်တယ်။
ယဉ်ကျေးမှု တော်တော်များများတို့က မိမိဘာသာ
မိမိ စီစဉ်လျက် ရေးမှတ်နည်း တီထွင်ခဲ့ကြရာ၊
ဗေဗီလုံ လူမျိုးတွေ၊
ရှေးခေတ် တရုတ်လူမျိုးတွေ၊
Aztec လူမျိုးတွေ ပါဝင်ခဲ့ကြပါတယ်။
ရှစ်ရာစု အရောက်တွင် အိန္ဒိယ သင်္ချာပညာရှင်
များက အဲဒီလို စနစ်ကို စနစ်တကျ ပြုစုခဲ့ကြရာ
အဲဒီ နောက်ပိုင်း ရာစုနှစ်များ အတွင်းမှာ
အာရပ် ကုန်သည်တွေ၊ ပညာရှင်တွေ စသည်တို့က
အဲဒါကို ဥရောပသို့ ဖြန့်ဝေခဲ့ကြတယ်။
အဲဒါဟာ ဒသမ စနစ်၊ တနည်း တဆယ်ကို
အခြေခံတဲ့ စနစ် ဖြစ်ခဲ့ပြီး
မတူကွဲပြားကြတဲ့ သင်္ကေတ ဆယ်ခုတည်းဖြင့်
ဘယ်ကိန်းဂဏန်းကိုမဆို ရေးနိုင်လာတယ်။
အဲဒီ သင်္ကေတများရဲ့ အနေအထားများက
တဆယ်ရဲ့ ထပ်ကိန်းများကို ညွှန်ပြကြပြီး
ညာဘက်မှ စလျက် ဘယ်သို့ ရွှေ့ရင်
ထပ်ကိန်း တိုးတိုးလာပါတယ်။
ဥပမာ၊ ၃၁၆ ဆိုတဲ့ ကိန်းဂဏန်း ဆိုရင်
၆x၁၀^၀
အပေါင်း ၁x၁၀^၁
အပေါင်း ၃x၁၀^၂ ဖြစ်ပါတယ်။
အလားတူပဲ မာယာ လူမျိုးများကပါ
တီထွင်ခဲ့ကြတဲ့ အဲဒီ စနစ်ရဲ့ သော့ချက်
ထိုးဖောက်မှုမှာ
သုည ဆိုတဲ့ ဂဏန်းပဲ ဖြစ်ခဲ့ပါတယ်။
အနေအထားကို အခြေခံခဲ့ကြတဲ့ စနစ်ဟောင်း
တွေထဲ အဲဒီသင်္ကေတ မရှိခဲ့လို့
၎င်းရဲ့ နေရာကို ဗလာအဖြစ် ထားခဲ့ကြရာ
၆၃ နဲ့ ၆၀၃ ဒါမှမဟုတ် ၁၂ နဲ့ ၁၂၀ လို
ဂဏန်းတွေကို ခွဲခြားရေးဟာ
သိပ်ကို မလွယ်ခဲ့ပါ။
သုညကို ဂဏန်း တစ်ခုအနေဖြင့်၎င်း၊
နေရာမှတ်ပေးမှု အဖြစ်၎င်း၊
နားလည် လက်ခံလာခြင်းကမှ အဲဒီစနစ်ကို
တညီတညွတ်တည်း လက်ခံစရာ ဖြစ်လာခဲ့တယ်။
တကယ်ပါပဲ၊ သုညမှ ကိုးအထိ
ဂဏန်းတွေကို သုံးရာတွင်
ဘယ်လို သင်္ကေတတွေကိုမဆို
သုံးလို့ ရနိုင်တာ အမှန်ပါပဲ။
အချိန်အတော်ကြာအထိ ဒေသအလိုက်
သင်္ကေတပုံစံတွေ ကွဲပြားခဲ့ကြတယ်။
နိုင်ငံတကာမှာ လက်ရှိအချိန်တွင်
သုံးနေကြတဲ့
သင်္ကေတတွေဟာ အာရပ် အင်ပါယာ နိုင်ငံတော်ရဲ့
မြောက်အာဖရိက မာဂရက် ဒေသတွင်
သုံးခဲ့ရာမှ ဆင့်ကဲ ပြောင်းလာခဲ့တာပါ။
၁၅ ရာစုအရောက်တွင် အားလုံးက
ဟင်ဒူ- အာရပ်လို သိထားကြတဲ့
ဂဏန်းတွေက ရောမ ဂဏန်းတွေကို
အထားထိုး နေရာယူလာခဲ့ကြရာ
ဒီနေ့တွင် ကမ္ဘာကြီးတဝမ်းမှာ
အများသုံး ကိန်းဂဏန်းစနစ် ဖြစ်လာတယ်။
ဒါနဲ့ ဟင်ဒူ- အာရပ်စနစ်နဲ့ တခြား
စနစ်တွေက ဘာဖြစ်လို့များ တဆယ်ကို အခြေခံ
သုံးလာရတာလဲ မေးစရာရှိပါတယ်။
အဖြစ်နိုင်ဆုံး အဖြေမှာ အရိုးဆုံး
အရှင်းဆုံး မို့လို့ ဖြစ်ပါတယ်။
ပြီးတော့ Aztec တွေကပါ ၂၀ ကို အခြေခံတဲ့
vigesimal စနစ် သုံးခဲ့တာလဲ အဲဒါကြောင့်ပါ။
အခြား အခြေခံတွေလည်း သုံးရနိုင်ပါတယ်။
ဗေဗီလုံ ဂဏန်းတွေဆိုရင် sexigesimal
သို့မဟုတ် ၆၀ ကို အခြေခံခဲ့ပါတယ်။
ပြီးတော့ ၁၂ ကို အခြေခံမယ့်
duodecimal စနစ်ဟာလည်း
ကောင်းခဲ့မှာပါလို့ ထင်သူတွေ အများကြီးပါပဲ။
၆၀ လိုပဲ၊ ၁၂ ကလည်း နှစ်၊ သုံး၊
လေး နဲ့ ခြောက် စသဖြင့်
စားလို့
ရနိုင်တဲ့
ဂဏန်းတွေ များလေရာ၊
သာမန် အပိုင်းဂဏန်းတွေကို
ရေးသားရာတွင် ပိုကောင်းမှာပါ။
လက်တွေ့ ဘဝထဲတွင်၊ ဒီဂရီများနဲ့
အချိန်ကို တိုင်းမှုမှအစ၊
ဒါဇင် သို့မဟုတ် ဂရွတ် လို သာမန်
တိုင်းထွာမှုတွေထဲမှာ စနစ်
နှစ်မျိုးစလုံးကို သုံးကြတယ်။
ပြီးတော့၊ နှစ်ကို အခြေခံတဲ့
ဘိုင်နရီ စနစ်ကို
ကျွန်ုပ်တို့ရဲ့ ဒီဂျီတယ် ကိရိယာတွေ
အားလုံးမှာ သုံးကြပေမဲ့၊
ကိန်းတွေ သိပ်သည်းစွာ ဖေါ်ပြရန် လိုတဲ့အခါ
ရှစ် သို့မဟုတ် ၁၆ ကို အခြေခံကို သုံးကြတယ်။
ဒါကြောင့်မို့ ကြီးတဲ့ ဂဏန်းကို
သုံးရန် လိုရင်
ခုနက သင်္ကေတ အနည်းငယ်မျှဖြင့် ကြီးမားတဲ့
ဂဏန်းတွေ ရေးချနိုင်စွမ်းကို သတိရလျက်
အလားတူ ရေးချနိုင်မယ့် အခြားနည်းလမ်းကို
တင်ပြနိုင်မလားကို စဉ်းစားကြည့်စမ်းပါ။