အပြည်ပြည်ဆိုင်ရာ ဘုရားသခင်အိမ်တော်
(ဘုရားစာရွတ်သံ)
ကျွန်တော်က မိုဟာမက်အဇီဇန်ဘင်ဟာဂျီဆလဲခ်ျပါ
ကျွန်တော့်မှာ မလေးရှားရဲ့ ဂျလန်ကီဘန်နဲ့ကလန်ဘက်မှာနေရာတစ်ခုရှိတယ်
အိမ်ရှင်အနေနဲ့ ဒီနေရာလေးကို ဘာသာရေးကျောင်းအဖြစ်ထောက်ပံ့ပါတယ်
အိပ်ယာမ၀င်ခင်မှာ ဘုရားဆီကို ဆုတောင်းသင့်တယ်
လာပါ။ အတူဆိုရအောင်..
ကျွန်တော်က ဟာဒီဆာယိုနို
အင်ဒိုနီးရှားကလာတာ
ဒီမှာရှိတဲ့အင်ဒိုနီးရှားတွေနဲ့ပတ်သတ်လို့ပြောရရင် တစ်ခုမှမကောင်းဘူး
အဆိုးမြင်ချည်းပဲပေါ့
ဒါက ဖြစ်နေကျပါ
ဒီနေရာကိုလာတာက အင်ဒိုတစ်ယောက်(၂)ယောက်လာပြီး အများကြီးလာတာလေ
ဒီတော့ မျိုးစုံသဘောထားအမြင်တွေလည်း သိရတာပေါ့
ဒီမှာနေတဲ့ အင်ဒိုနီးရှားတွေအားလုံး သဘောဆိုးတာမဟုတ်ဘူး
သူတို့က ရာဇ၀တ်မှုတွေမှာလည်း ပါနေတယ်
ဒါကအင်ဒိုတွေနဲ့ချည်းပတ်သတ်တာမဟုတ်ပါဘူး။ ကောင်းတဲ့အင်ဒိုနီးရှားတွေလည်းရှိပါတယ်
ဥပမာ ဒီနေရာကလူတွေဆိုရင် ဘာသာရေးနဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီနေကြတယ်လေ
သူတို့ကိုယ်တိုင်သာမက တခြားလူကိုပါအကောင်းဘက်ရောက်စေမယ့် လှုပ်ရှားမှုမျိုးလည်း လုပ်ကြတယ်
ကျွန်တော့်နာမည် ဒီဒီးရာဟောဆန်
ဘင်္ဂလားဒေ့ရှ်ကလာတာပါ
ဒီမှာ စက်ကိုင် အဖြစ်အလုပ်လာလုပ်တာ
ဒီမှာ ဘင်္ဂလားလူမျိုး၊ အင်ဒိုလူမျိုး
မလေးလူမျိုး၊နိုင်ငံစုံကလူတွေရော...ကျွန်တော်ကတော့အားလုံးကိုခင်တယ်
ဒီပွဲလိုပါပဲ...သူတို့ကဦးဆောင်ပြီး ဖိတ်ကြားကြတယ်
တခြားလူတွေနဲ့ တသားတည်းဖြစ်စေမယ်။ ဒီတော့မှ အစ္စလာမ်ဘာလဲ လူတွေသိနိုင်မယ်
နိုင်ငံစုံကလာပေမယ့် အားလုံးဟာ ညီတူညီမျှပါပဲ
ဒါက ဒီကလူတွေကသိတော့ ဒီလိုပွဲမျိုးကို ဦးဆောင်ကျင်းပတာပေါ့
ဘင်္ဂလားဒေ့ရှ်၊ အင်ဒို အိန္စ္ဒိယတွေနဲ့ မလေးလူမျိုးတွေအတွက် ကျွန်တော်တို့က ဒီပွဲကို ကမကထလုပ်တယ်
ကျွန်တော်က မြန်မာပြည်က ရိုဟင်ဂျာတစ်ယောက်ပါ
မြန်မာမှာနေတုန်းကအတော်ဒုက္စ္ဒ္ခရောက်ခဲ့တယ်။ မြန်မာမှာက အစ္စ္ဒ္ခ္စလာမ်ကိုမကြိုက်သူများတယ်လေ။ဒီတော့ဆူပူမှုမကြာခဏဖြစ်ပြီး လူလည်းသေတယ်
ရန်ပွဲတွေဖြစ်လေ များများသေလေပါပဲ
ကလေးတွေနဲ့ ဦးလေးတွေလည်း သေကုန်ပြီ
လူတွေက မီးရှို့ခဲ့တယ်..မီးစကို အသုံးချခဲ့ပြီး အများစုဟာမီးလောင်သေခဲ့ရတယ်
ကလေးအတော်များများလည်း အရိုက်ခံခဲ့ရတယ်
အတော်များများ လမ်းမတလျှောက်အရိုက်ခံရတာ
သေတဲ့အထိရိုက်တာ..ရိုက်ပြီးရင်ရိုက်ပဲ
ဒီနေရာမှာပဲ ငြိမ်းချမ်းခြင်းကို ကျွန်တော်တွေ့တယ်
ဒီနေရာမှာ ကျွန်တော်တို့ကောင်းကောင်း အတူတင်ဆက်နိုင်တာသိပ်ကောင်းတဲ့လှုပ်ရှားမှုပဲ။
နေ့စဉ်နေ့တိုင်း အလုပ်သွားကြတော့ ဘာမှလုပ်စရာမရှိလို့ သိပ်ကောင်းတယ်ပြောတာ
ဒီနေရာမှာနေနေတဲ့ နိုင်ငံစုံက လူစုံတွေကို ကျွန်တော်တို့ နှစ်သက်တယ်
ဖြစ်နိုင်မယ်ဆိုရင် တခြားလူတွေလည်း ကျွန်တော်တို့ဆီလာပြီး ဆက်သွယ်မယ်ဆိုရင် ဒီလှုပ်ရှားမှုက ပိုအသက်ဝင်မှာ
မြင်တဲ့အတိုင်းပဲ။ ပစ္စည်းကိရိယာလိုတယ်။ လူတွေအများကြီးလာပေမယ့် ဘယ်သူမှဂီတပစ္စည်း ယူမလာကြဘူး
တကယ်လိုများ တခြားလူတွေပါ ဒီလှုပ်ရှားမှုကိုကူနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့
ကျွန်တော်တို့ မှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှားစတဲ့လူမျိုးတွေရှိတယ်
ဘာသာရေးသင်တန်းကျောင်းမှာ အစ္စ္ဒ္ခ္စ္စလာမ့်အခမ်းအနားလုပ်ဖို့လာဖိတ်တာပါ
သေချာတာပေါ့။ ကိုရမ်ကျမ်းစာလို ဘာသာရေးစာပေပဲဖတ်ဖို့ ဆုံးဖြတ်လိုက်ပြီ
ပြီး ခေတ်သစ်ဟန်ဒရာဂီတ
ဒါကြောင့် သဘောထားအမြင်ဆိုးတွေကွယ်ပျောက်ဖို့ဒီနေရာမှာလူစုတယ်
တစ်ချိန်ထဲမှာပဲ အမြင်ဆိုး၊သဘောဆိုးတွေကို ပြောင်းလဲနိုင်ဖို့လည်းပါတယ်
လူတွေကပြောတယ်။ ငါတို့တွေက ပြည်ပကလာတဲ့နိုင်ငံခြားသားတွေ..အဆိုးပဲအမြဲလုပ်တယ်တဲ့။ ဒါမမှန်ဘူး။
ဒါကြောင့်လည်း အကောင်းမြင်သဘောထားရှိဖို့ ဒီဘာသာရေးကျောင်းလေးကို ဆောက်ခဲ့တာ
ကျွန်တော်တို့ရဲ့ ဟန်ဒရာဂီတအဖွဲံကလည်း ဖျော်ဖြေဖို့ အဆင်သင့်ပါပဲ
မင်္ဂလာဆောင်လို...ကလေးနာမည်ပေးကင်ပွန်းတပ်လို
အစ္စလာမ်စာသင်တန်းတွေနဲ့ တခြားပွဲတွေအတွက်တော့ ဒါကမရှိမဖြစ်ပဲ။
ဆက်သွယ်နိုင်သည့်လိပ်