ဦးနှောက်ဟာ အံ့ဩစရာကောင်းပြီး ရှုပ်ထွေးလှတဲ့အင်္ဂါပါ။ တော်တော်များများက ဦးနှောက်ကို သိပ်စိတ်ဝင်စားပေမဲ့ တကယ်တော့ ဦးနှောက်အလုပ်လုပ်ပုံ ဂုဏ်သတ္တိအကြောင်းကို သိပ်မပြောနိုင်ပါဘူး။ အာရုံကြောဆေးသိပ္ပံကို ကျောင်းတွေမှာ မသင်လို့ပါ။ အကြောင်းတစ်ခုက ဒီကိရိယာဟာ ရှုပ်ထွေးလွန်းပြီး၊ စျေးကြီးလွန်းတာကြောင့် အဓိကတက္ကသိုလ်တွေနဲ့ အဖွဲ့အစည်းကြီး တွေမှာပဲလုပ်ကြတာကြောင့်ပါ ဒါကြောင့် ဦးနှောက်ဆီကိုရောက်နိူင်ဖို့ ခင်ဗျားဟာ ဘွဲ့ရကျောင်းသားအဖြစ် ၆နှစ်ခွဲလောက်အကုန်ခံကာ ရည်စူးဖို့လိုပါတယ်။ ဒီကိရိယာတွေသုံးခွင့်ရတဲ့ အာရုံကြော ဆေးပညာရှင်ဖြစ်လာဖို့ပါ။ ဝမ်းနည်းစရာက ကျွန်တော်တို့ ၅ ယောက်မှာ ၁ ယောက်ဟာ တစ်ကမ္ဘာလုံးရဲ့ ၂၀% ဟာ အာရုံကြော ကစဉ့်ကလျား ရောဂါရကြတော့မှာလေ။ ဒီရောဂါတွေအတွက်ကုထုံးက နတ္ထိပဲ။ ဒီတော့ ဖြစ်ပုံရတာက ကျွန်တော်တို့တွေ ပညာရေးလုပ်ငန်းစဉ်ရဲ့ အစောပိုင်းကို ပြန်သွားသင့်ပြီး ဦးနှောက်နဲ့အာရုံကြောပညာကို ကျောင်းသားတွေကို သင်သင့်တာပေါ့။ ဒါမှ နောင် ဦးနှောက်ပညာရှင်ဖြစ်ဖို့ အလားအလာ စဉ်းစားလို့ရမှာလေ။ ဘွဲ့ရကျောင်းသားတုန်းက ကျွန်တော်နဲ့ လက်တွေ့ခန်းဖော် Tim Marzullo တို့ ဦးနှောက်ကိုလေ့လာဖို့ ကိုယ့်မှာရှိတဲ့ ရှုပ်ထွေးလှတဲ့ ကိရိယာကိုယူပြီး ကိုယ်သိတဲ့လူတိုင်း ဝယ်နိုင်ဖို့ ရိုးရိုးလေး လုပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဝါသနာရှင် (သို့) အထက်တန်းကျောင်းသား ၁ ယောက်လေ့လာနိုင်ပြီး အာရုံကြောသိပ္ပံရှာဖွေမှုကို တကယ် ပါဝင်လို့ရအောင်ပေါ့။ ဒီလိုနဲ့ ဒါကိုပဲလုပ်ခဲ့ပါတယ်။ နှစ်အနည်းငယ်က Backyard Brains ဆိုတဲ့ကုမ္ပဏီကို စခဲ့ပြီး အာရုံကြောသိပ္ပံ ကိုယ်တိုင်လုပ် ပစ္စည်းတွေဖန်တီးခဲ့တယ်၊ တစ်ချို့ ဒီည ဒီမှာယူလာပြီး သရုပ်ပြတာတွေ လုပ်ချင်ပါတယ်၊ ကြည့်ချင်ကြတယ်မို့လားဗျာ။ ဒီတော့ လုပ်အားပေးတစ်ယောက် လိုတယ်ဗျာ၊ ဟော ရှေ့တည့်တည့်မှာ နာမည်ကဘယ်သူတုန်း။ S K :Sam ပါရှင်။ G G: ကောင်းပြီ Sam ၊ မင်းဦးနှောက် ကနေ ဖမ်းယူတော့မှာနော်။ အရင်က ဒါမျိုးလုပ်ဖူးလား။ SK ဟင့်အင်း။ GG စမ်းသပ်ချက်အတွက် လက်ကို ဆန့်ထားဖို့လိုတယ်၊ အကျင်္ီလက်ကို နည်းနည်းလိပ်တင်လိုက်၊ ဒီတော့ လုပ်မှာက မင်းလက်မောင်းပေါ် လျှပ်ခေါင်းတွေ တပ်မယ်။ မင်းအံ့ဩချင် အံ့ဩနေမှာပေါ့၊ ဦးနှောက်ကနေ ဖမ်းယူတော့မယ်လို့ ပြောခဲ့တယ်၊ လက်မောင်းနဲ့ ဘာလုပ်မှာပါလိမ့်။ ကောင်းပြီ၊ အခု မင်းဦးနှောက်ထဲမှာ နူရွန်း ၈၀ဘီလီယံရှိတယ်။ သူတို့တွေဟာ ရှေ့နောက် လျှပ်စစ်သတင်းတွေ၊ ဓာတုသတင်းတွေပို့နေတယ်။ ဒါပေမဲ့ ဦးနှောက်အပြင်လွှာက ဟောဒီနားက နူရွန်းတစ်ချို့က လက်ကို ဒီလိုလှုပ်တဲ့အခါ သတင်းကို အောက်ဘက်ပို့ပေးတယ်။ ဒါတေွဟာ corpus callosum ကိုဖြတ်ပြီး အာရုံကြောထိဆင်းတယ်၊ အောက်ပိုင်း မော်တာနူရွန်းကနေ ဟောဒီကြွက်သားတွေ အထိပေါ့။ အဲဒီလျှပ်ထွက်မှုကို ဟောဒီလျှပ်ခေါင်းတွေနဲ့ ဖမ်းမှာဖြစ်ပြီး မင်းဦးနှောက်က ဘာလုပ်တော့မယ်ဆိုတာ တိတိကျကျ ကြားနိုင်ကြတော့မှာပါ။ ဒါကြောင့် ဒါကိုခဏလေး ဖွင့်လိုက်မယ်နော်။ မင်းဦးနှောက်က ဒီလို အသံထွက်တာမျိုးကြားဖူးလား။ SK ဟင့်အင်း၊ GG စမ်းကြည့်ကြစို့၊ ဒီတော့ ရှေ့တိုးပြီးး လက်ကိုညှစ်လိုက်၊ (လိမ့်ဆင်းသံ) ဒီတော့ မင်းဘာကြားနေရလဲ၊ ဟောဒါက ဖြစ်ပျက်နေတဲ့ မင်းရဲ့ မော်တာယူနစ်တွေလေ။ ဒါကိုလည်းကြည့်ရအောင်လေ။ ဒီတော့ ဟိုမှာသွားရပ်နေလိုက်မယ်၊ ဒီက တိုရဲ့ app ကိုဖွင့်ရအောင်လေ၊ ဒီတော့ အခု မင်းကို ညှစ်စေချင်တယ်။ (လိမ့်ဆင်းသံ) ဒီတော့ ဟောဒီမှာ အာရုံကြောကနေ ဟောဒီကြွက်သားအထိ ဖြစ်ပျက်နေကြတဲ့ သူမရဲ့ မော်တာယူနစ်တွေပါ။ သူမဒါကိုလုပ်နေခိုက်မှာ ဟောဒီမှာဖြစ်ပျက်နေတဲ့ လျှပ်စစ် လှုပ်ရှားမှုကို မြင်တွေ့ရမှာပါ။ ဒါကိုနှိပ်ပြီးတော့ အဲဒီထဲက တစ်ခုကို စမ်းကြည့်နိုင်ပါတယ်။ ခပ်ပြင်းပြင်းလေး ဆက်လုပ်နေလိုက်ပါ။ ဒီတော့ အခု ခဏရပ်ထားတာက ဦးနှောက်ထဲမှာဖြစ်နေတ့ဲ့မော်တာ လှုပ်ရှားမှု အလားအလာတစ်ခုပါ။ နောက်ထပ်ကြည့်ချင်ကြသေးလား။ (လက်ခုပ်သံများ) စိတ်ဝင်စားစရာပဲ၊ ဒါကို ပိုကောင်းအောင် လုပ်ရအောင်။ နောက်ထပ်လုပ်အားပေး တစ်ယောက်လိုပါတယ်။ နာမည်ဘယ်သူလဲကွ။ Miguel Goncalves: Miguel ပါ။ GG: Miguel ဟုတ်ပါပြီ။ မင်းက ဒီမှာရပ်နေရမှာနော်။ မင်းလက်မောင်းကို ဒီလိုလှုပ်နေတုန်းမှာ ဦးနှောက်ကအချက်ပြတစ်ခုကို ဟောဒီ ကြွက်သားတွေဆီကို ပို့တော့မှာပါ။ ခင်ဗျား လက်မောင်းကိုရော လှုပ်စေချင်တယ်။ ဒီတော့ ဦးနှောက်က အချက်ပြတစ်ခုကို ဟောဒီ ကြွက်သားတွေဆီကို ပို့တော့မှာပါ။ ဒီတော့ဖြစ်သွားတာက ဒီမှာရှိတဲ့ နာဗ့်တစ်ချောင်းက ဟောဒီမှာပြေးတက်ကာ လက်ချောင်းတွေကို အားဖြည့်ပေးပြီး ဒါက လှုံဆော်နိူင်လောက်အောင် အရေပြားနဲ့ နီးကပ်လွန်းတော့ ကျွန်တော်တို့လုပ်နိုင်တာက လက်ကိုသွားတဲ့ ဦးနှောက်အချက်ပြတွေကိုကူးပြီး ဒါကိုလက်ထဲထိုးသွင်းလိုက်တာပေါ့။ ဦးနှောက်က လက်ကိုလှုပ်လို့ပြောတဲ့အခါ လှုပ်နိုင်အောင်လေ။ သဘောတစ်ခုအနေနဲ့ သူမဟာ မင်းရဲ့ စိတ်အလိုကိုယူလိုက်ပြီး မင်းဟာ ဒီလက်အပေါ် မထိန်းချုပ်နိုင်တော့ဘူးပေါ့။ နားလည်တယ်နော်။ ဒီတော့ မင်းကိုချိတ်ဖို့လိုတာပေါ့။ (ရယ်သံများ) မင်းရဲ့လက်မောင်းရိုး နာ့ဗ်ကြောကို ရှာတော့မယ် ဒီနားလောက်မှာပေါ့၊ မင်းပေါ်လာတော့ ဘာကိုမင်းပတ်သက်နေလဲ ဆိုတာ မင်းမသိပါဘူး။ ဒီတော့ အခုကျွန်တော်ဖယ်လိုက်ပြီး ကျွန်တော်တို့လူသားချင်း ပေါင်းကူးတဲ့စနစ်ထဲမှာ ဒါကိုတပ်လိုက်မယ်။၊ ကောင်းပြီ ဒီတော့ Samလက်ကို ထပ်ညှစ်စေချင်တယ်၊ ထပ်ညှစ်လိုက်ပါ။ သိပ်ကောင်းတယ်၊ ဒီတော့မင်းကို ဟိုမှာ ချိတ်လိုက်တော့မယ်၊ မင်း.. ပထမတော့ နည်းနည်းလန့်သွားမှာပေါ့၊ ဘယ်လိုမျိုးလဲဆိုတော့........(ရယ်သံများ) သိတယ်နော်၊ မင်းစိတ်မင်းမပိုင်တော့ရင် အခြားသူက မင်းရဲ့ဖန်တီးသူ ဖြစ်လာတယ်။ နည်းနည်းတော့ ဆန်းတာပေါ့ကွာ။ အခု လက်ကိုဖြေလျှော့စေချင်တယ်၊ Sam နားလည်တယ်နော်။ မင်းညှစ်တော့မှာနော်။ ငါမဖွင့်ရသေးပါဘူး၊ ဒီတော့ ရှေ့ဆက်ပြီး တစ်ချက်လောက် ညှစ်လိုက်ကွာ။ ဒီတော့ အဆင်သင့်ဖြစ်ပြှီလား Miguel ရေ။ MG: အဆင်သင့်ဖြစ်ပါပြီကောဗျာ။ GG: ဖွင့်လိုက်ပြီ၊ဒီတော့ ဆက်ပြီး၊ လက်ကိုလှည့်လိုက်၊ မဆိုစလောက်လေးခံစားရလား။ MG: ဟင့်အင်းဗျ။ GG:ဟုတ်ပြီ၊ထပ်လုပ်ပါ၊ MG:နည်းနည်းလေး GG: နည်းနည်းလေး၊ (ရယ်သံများ} စိတ်လျှော့ထားပါ၊ ဒီတော့ ထပ်လုပ်ပါဦး။ (ရယ်သံများ) အိုး ကောင်းတယ်၊ကောင်းတယ်။ ဒီတော့ စိတ်လျှော့ထား၊ ထပ်လုပ်လိုက်ပါဦး ကောင်းပြီး ဒီတော့ အခု မင်းဦးနှောက်က မင်းလက်ကို ထိန်းချုပ်နေပြီး သူ့လက်ကိုလည်း ထိန်းချုပ်နေတယ်၊ ဒီတော့ ဆက်ပြီးတော့ ထပ်လုပ်လိုက်ပါဦး။ ကောင်းပြီး၊ သိပ်ကောင်းတာပဲ။ (ရယ်သံများ) ဒီတော့ မင်းတို့လက်ရဲ့ထိန်းချုပ်မှုကို ယူလိုက်ရင် ဘာဖြစ်သွားမလဲ။ ဒီတော့ လက်ကို ဖြေလျှော့လိုက်ပါ၊ ဘာဖြစ်သွားလဲ။ အား၊ ဘာမှမဖြစ်ပါလား။ ဘာလို့မဖြစ်တာလဲ။ အကြောင်းက ဦးနှောက်က လုပ်ဖို့လိုတာပါ။ ဒီတော့ ထပ်လုပ်လိုက်ပါ၊ ဟုတ်ပြီ၊ သိပ်ကောင်းတာပေါ့။ ဒီလိုမိတ်ဆွေကောင်းဖြစ်ပေးတဲ့ အတွက် ကျေးဇူးပါကွာ။ ဒါကကမ္ဘာတစ်လွှားမှာ ဖြစ်ပျက်နေတာပါ၊ လျှပ်စစ်ဇီဝကမ္မဗေဒပါ။ အာရုံကြောဆိုင်ရာပြောင်းလဲမှုကြီး ဖြစ်ပေါ်တော့မှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)