(ဂီတသံ) ကျောင်းက ဖြစ်ရိုးဖြစ်စဉ် နေ့တစ်နေ့မှာ မေးခွန်းတွေအတွက် အဖြေတွေကို လေ့လာရင်း အဆုံးမရှိတဲ့ နာရီတွေ ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ဆန့်ကျင်ဘက်ကို လုပ်မှာပါ။ အဖြေ သိမရနိုင်တဲ့ မေးခွန်းတွေကို အာရုံစိုက်တော့မှာပါ။ ဘာလို့လဲဆိုတော့ ဒါတွေကို မသိသေးတာကြောင့်ပါ။ ကလေးတစ်ယောက်အနေနဲ့ အရာများစွာအကြောင်း အကြံအိုက်ဖူးတယ်။ ဥပမာ၊ ခွေးတစ်ကောင်သာဆိုရင် ငါ ဘယ်လိုများ ခံစားရမလဲ။ ငါးတွေက နာကျင်တတ်လား။ အင်းဆက်တွေ ကျတော့ရော။ မဟာ ပေါက်ကွဲမှုက မတော်တဆ ဖြစ်မှု တစ်ခုလား။ ဘုရားသခင်ဆိုတာ ရှိလား။ ရှိတယ်ဆိုရင် ဘာလို့ အဲဒါ သေချာတာလဲ။ သူက အထီးလား၊ အမလား။ ဘာဖြစ်လို့ အပြစ်မဲ့တဲ့ လူတွေနဲ့ သတ္တဝါ အများအပြားဟာ ဆိုးဆိုးဝါးဝါးတွေ ခံစားရတာလဲ။ ငါ့ဘဝအတွက် အစီအစဉ်တစ်ခု တကယ်ရှိလား။ အနာဂတ်ကို ရေးဖို့ လိုသေးသလား၊ (သို့) ရေးပြီးနှင့်ပြီ ဖြစ်ပေမဲ့ ဒါကို ကျုပ်တို့ မတွေ့နိုင်ဘူး။ ဒါနဲ့ ကိုယ်ဟာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိလား။ ဘာဖြစ်ဖြစ် ငါ ဘယ်သူလဲ။ ငါဟာ ဇီဝ စက်ရုပ်တစ်ခု သက်သက်လား။ ဒါနဲ့ ငါ့ဆီမှာ အသိစိတ်ရှိတာ ဘာ့အတွက်လဲ။ အသိစိတ်ဆိုတာက ဘာလဲ။ တစ်နေ့မှာ စက်ရုပ်တွေ အသိရှိလာကြမလား။ ဆိုလိုတာက တစ်နေ့နေ့မှာ ဒီမေးခွန်းအားလုံးအတွက် အဖြေတွေကို ကျွန်တော့အား ပြောပြကြလိမ့်မယ်လို ယူဆမိတာမျိုးပါ။ ဆိုလိုတာက တစ်ယောက်ယောက် သိရမယ်မို့လား။ ဘာလဲ မှန်းကြည့်ပါ။ ဘယ်သူမှ မသိပါဘူး။ ဒီမေးခွန်းအများစုက အခု ခါတိုင်းထက်ပိုပြီး အကြံအိုက်စေပါတယ်။ ဒါပေမဲ့ ဒါတွေထဲကို ငုပ်လျှိုးခြင်းက စိတ်လှုပ်ရှားစရာပါ။ ဘာလို့လဲဆိုတော့ ဒါက သင့်ကို အသိသုတ အစွန်းကို ခေါ်ဆောင်သွားပြီး အဲဒီမှာ ဘာတွေ့မယ်ဆိုတာကို ကိုယ်ဟာ လုံးဝ မသိနိုင်လို့ပါ။ ဒီတော့ ဒီအစီအစဉ်ကို စဖို့ မေးခွန်းနှစ်ခု ရှိပါတယ်၊ ကမ္ဘာပေါ်က ဘယ်သူမှ အဖြေ မသိတဲ့ မေးခွန်းတွေပါ။ စာသား။ စကြာဝဠာတွေ ဘယ်လောက်များရှိလဲ။ ဂြိုဟ်သားတွေရဲ့ အထောက်အထားကို ကျုပ်တို့ ဘာကြောင့် မမြင်ရတာလဲ။