တကယ်တမ်းက
အိမ်ဖြူတော်က ထွက်တည်းက
အလုပ်အကြောင်းကိုတွေးနေပြီး
ပြီးတဲ့ ၁ နှစ် ၂ နှစ်ကThe New Yorker က
အကောင်းဆုံးနမူနာ ကာတွန်း ၁ ခုရှိတယ်
ဒီကောင်လေးက သူ့အဖေကို မော့ကြည့်နေတဲ့ပုံပါ။
သူပြောတာက အဖေ၊
သားကြီရင် သမ္မတဟောင်းဖြစ်ချင်တယ်တဲ့။
(ရယ်သံများ)
အင်း သမ္မတဟောင်းအနေနဲ့ အတော့ကို
ကောင်းချီးပေးခံခဲ့ရတာပေါ့ဗျာ။
ဘာလို့ဆို ကျုပ်အနေနဲ့ ကမ္ဘာပေါ်က
လူအနည်းငယ်လောက်ပဲရတဲ့
တစ်လောကလုံးက
လူတော်တော်များများနဲ့
သိကျွမ်းခွင့်ရထားတာကိုးဗျ။
U.S က ပြည်နယ် ၅၀ ကို
အကျွမ်းတဝင်ရှိရုံမက
ကျုပ်တို့မောင်နှံဟာ နိုင်ငံပေါင်း
၁၄၅ ကျော်ကို လည်ပတ်ဖူးသေးတယ်။
ပြီး Carter Center ဟာ ကမ္ဘာ့နိူင်ငံ
၈၀ မှာ အချိန်ပြည့်အစီအစဉ်ရှိတယ်
အကြိမ်များစွာမှာ
နိုင်ငံတစ်နိုင်ငံကို ရောက်ရင်
ရှင်ဘုရင် ဒါမှမဟုတ် သမ္မတတင်မကပဲ
အာဖရိကက
ဝေးလံတဲ့ဒေသအများစုက ရွာသား
တွေကိုလည်းတွေ့ဆုံရတယ်လေ။
Carter Center မှာ ကျွန်တော်တို့
အလုံးစုံ ကတိပြုတာက
လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးဖို့၊
ကျုပ်လို ကမ္ဘာကြီးကို သိထားသူ အနေနဲ့
ရေရေရာရာ ပြောနိုင်တာကတော့
ကမ္ဘာပေါ်က လူ့အခွင့်အရေး
အလွဲသုံးစားလုပ်ခံနေရတာ နံပါတ် ၁ က
အံ့ဩစရာ ကောင်းပြီး သိပ်မပြောကြတာက
မိန်းမတွေကို မတရားဖိနှိပ်တာပါ
(လက်ခုပ်သံများ)
စပြောမယ့်ကိစ္စ
အတွက် အကြောင်းပြချက်တွေရှိတယ်။
ပထမက ဘာသာရေးကျမ်းချက်
တွေကိုအဓိပ္ပါယ်ကောက်လွဲတာပါ။
သမ္မာကျမ်းအဟောင်း၊ အသစ်၊ ကိုရမ်
ကျမ်းစတာတွေထဲကတွေပေါ့၊
အခု ဘုရားကျောင်း၊ ရဟူဒီကျောင်း၊
ဗလီတွေမှာ ရာထူးမြင့်မြင့် ရထားတဲ့
ယောကျ်ားတွေကနေ အဓိပ္ပါယ်မှား
ကောက်ထားကြတာတွေပေါ့။
ဒီစည်းမျဉ်းတွေကိုသူတို့ ကောက်ယူတာက
ဘုရာသခင်အမြင်မှာ
ယောကျ်ားတွေနဲ့ယှဉ်ရင်
မိန်းမတွေကို သာမာန်အားဖြင့်
ဒုတိယတန်းစားနေရာမှာ ချောင်ထိုး
ထားတာသေချာဖို့ပါ။
ဒီပြဿနာကတော်တော်ကြီးတယ်၊
ပုံမှန်ဆိုရင် မပြောကြဘူးလေ။
နစ်တော်တော်အကြာက ၂၀၀၀ ခုထဲမှာပေါ့
တောင်ပိုင်းနှစ်ခြင်းခရစ်ယာန်အဖြစ်
နှစ် ရ၀ ကြာဖြစ်ဖူးတယ်။
ပြောမယ်၊ တနင်္ဂနွေတိုင်း
Sunday schools မှာသင်တုန်း၊
ဒီတနင်္ဂနွေရော သင်ဦးမှာပါ။
ဒါပေမဲ့ ၂၀၀၀ ခုနှစ် တောင်ပိုင်းနှစ်ခြင်း
ညီလာခံကဆုံးဖြတ်ခဲ့တာက
မိန်းမတွေဟာ ဒုတိယတန်းစား
နေရာမှာပဲ ပါဝင်သင့်တယ်တဲ့။
ယောကျ်ားတွေကိုအောက်ကျို့ရတဲ့
တစ်နေရာပေါ့။
ဒီတော့ သူတို့ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့
ရလာဒ်က
ဘုရားကျောင်းမှာမိန်းမတွ ဘုန်းကြီး၊
သင်းအုပ်၊ ဂိုဏ်းထောက်၊
ဒါမှမဟုတ် စစ်တပ်ထဲမှာ ဘုန်းကြီး
မဖြစ်အောင် တားမြစ်တာပါ
တောင်ပိုင်းနှစ်ခြင်းကျမ်းစာသင်ကျောင်းမှာ
မိန်းမတစ်ယောက် အတန်းမှာစာသင်ရင်
ကောင်လေး ၁ ယောက် အတန်းထဲမှာရှိရင်
သင်ခွင့်မပေးဘူး၊
ကျမ်းစာမှာ အပိုဒ်တွေတွေ့နိူင်လို့ပါ၊
ကျမ်းစာမှာအပိုဒ်ပေါင်း
၃ သောင်းကျော်ရှိတယ်။
မိန်းမ၁ယောက်ဟာ ယောကျ်ား၁ယောက်ကို
မသင်ပေးသသ့်ဘူး၊ စတာတွေပေါ့။
ဒါပေမဲ့ တကယ့်အချက်က
ယောကျ်ားတွေကို ဩဇာရှိတဲ့နေရာမှာထား
ဆိုတဲ့ကျမ်းစာတွေကို နားလည်မှုလွဲနေတာပါ။
ဒါက နေရာတကာ ပျံ့နှံ့နေတဲ့ ပြဿနာတစ်ရပ်ပါ။
အကြောင်းက ယောကျ်ားတွေက
ဒီအင်အားကိုသုံးနိုင်ပြီး
ဥပမာအနိုင်ကျင့်တဲ့ ယောကျ်ား ဒါမှမဟုတ်
အလုပ်ရှင်ဟာ မိန်းမတွေကို လှည့်စားချင်ရင်
မိန်းမတွေဟာ ဘုရားသခင်ရဲ့အမြင်မှာ
တန်းတူမဟုတ်ဘူးလို့ပြောလို့ရရင်
ဘာလို့သူတို့ကို တန်းတူ
ဆက်ဆံရမှာတုန်း။
တူညီတဲ့အလုပ်အတွက်ဘာလို့
သူတို့ကို တန်းတူပေးရမှာတုန်းပေါ့။
အခြားဆိုးရွားတဲ့ အကျည်းတန်မှုက
အကြမ်းဖက်မှုကို အပို
ဖြေရှင်းရတာဖြစ်စေပြီး
ဒါဟာ ကမ္ဘာမှာ ကြောက်ခမန်းလိလိ
တိုးပွားနေတာပါ။
ဥပမာ အမေရိကားမှာ ဆင်းရဲသားတွေကို
အနိုင်ကျင့်တာဟာ
အင်မတန်ကြီးကို တိုးပွားလာပြီလေ။
အများစုက လူမည်းတွေနဲ့ လူနည်းစုတွေကို
ထောင်ချတဲ့နည်းနဲ့ပေါ့။
Georgia မှာ အုပ်ချုပ်ရေးမှုးအနေနဲ့
ရုံးထိုင်တုန်းက
အမေရိကန် ၁၀၀၀ မှာ ၁ ယောက်လောက်ကို
ထောင်ကျနေခဲ့ကြတယ်။
ဒီနေ့ခေတ်ဆို ၁၀၀၀ မှာ ၇.၃ ယောက်ဟာ
ထောင်ထဲမှာလေ။
၇ ဆ တိုးလာတာပေါ့။
အိမ်ဖြူတော်က ထွက်ကတည်းက
ထောင်ထဲမှာရှိတဲ့ လူမည်းအမျိုးသမီး
အရေအတွက်ဟာ
၈၀၀% တိုးပွားလာပြီ။
ကမ္ဘာပေါ်က နိုင်ငံတွေထဲက
သေဒဏ်ချမှတ်တဲ့
တစ်ခုတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံ
တစ်ခုဖြစ်နေတုန်းပဲ။
လူ့အခွင့်ရေးကိစ္စတွေမှာ သေဒဏ်ကိုအားပေးတဲ့
မတော်တရော်အပြုဆုံး
တိုင်းပြည်တွေနဲ့ တန်းတူရှိနေတယ်။
အခု California မှာပါ၊ ဟိုနေ့က မှန်းဆမိတာက
California ဟာ လူ ၁၃ ယောက်ကို
သေဒဏ်စီရင်ဖို့
ဒေါ်လာ သန်း ၄၀၀၀ အကုန်ခံထားတယ်။
ဒါကို ထည့်တွက်လိုက်ရင် လူတစ်ယောက်ကို
ကွက်မျက်ဖို့
California ဟာ ဒေါ်လာ ၃၀၇ သန်း ကုန်ကျပါတယ်။
Nebraska က သေဒဏ်ကို ဖျက်သိမ်းဖို့
ဒီတစ်ပတ်ပဲ ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်တယ်
အကုန်အကျ များလွန်းတာကိုး။
(လက်ခုပ်သံများ)
ဆင်းရဲသားတွေ မျှော်လင့်ချက် မရှိတဲ့ ပြည်သူ
အကြမ်းဖက် ခံရတာ အလွဲသုံးစားခံရတာ
မိန်းမတွေကို မတရားပြုခြင်းကို
တိုးစေတဲ့ နောက်တစ်ကြောင်းပေါ့။
ကိုယ်နဲ့အဆိုင်ဆုံး မိန်းမတွေ
မတရားခံရတာ နည်းနည်းပြောပါရစေ၊
အတိုလေးပါ၊ သိတဲ့အတိုင်း အချိန်
ကန့်သတ်ချက် ရှိနေလို့ပါ။
တစ်ခုက လိင်အင်္ဂါ ဖြတ်တောက်ခြင်းပါ၊
လိင်အင်္ဂါ ဖြတ်တောက်ခြင်းဟာ ဆိုးရွားပြီး
အမေရိကန် အမျိုးသမီးတွေ မသိတဲ့အရာပါ။
ဒါပေမဲ့ တချို့တိုင်းပြည်တွေ၊ တိုင်းပြည်
တော်တော်များမှာ
မိန်ကလေးမွေးတဲ့အခါ၊ သူမဘဝရဲ့
တော်တော် အသက်ငယ်တုန်း
သူမရဲ့ လိင်အင်္ဂါတွေဟာ အဖြတ်သမားဆိုတဲ့
သင်တုန်ဓားကိုင်သမားရဲ့
တုံးတိအဖြတ်ခံရတယ်၊
ပိုးသတ်ဆေးမသုံးပဲနဲ့
မိန်းမအင်္ဂါ ရဲ့ အပြင်ဘက်ပိုင်းတွေကို
ဖယ်ရှားလိုက်ကြတယ်။
တခါတလေ ပိုလို့ကိုဆိုးတဲ့ ကိစ္စတွေမှာ၊
သိပ်မရှားလှပါဘူး၊
ဒွါရကိုချုပ်လိုက်တော့ မိန်းကလေးဟာ
ဆီးသွားရုံ၊ ရာသီဆင်းရုံပဲ ရတော့တယ်။
နောက်ပိုင်း သူအိမ်ထောင်ကျတော့
ဒီအဖြတ်သမားပဲ ဝင်လာပြီး
လိင်ဆက်ဆံလို့ရအောင် ဒွါရကို ဖွင့်ပေးတယ်။
ဒါ မရှားဘူး၊ နိုင်ငံအများစုမှာ
ဒါ ဥပဒေကိုဆန့်ကျင့်ပေမဲ့၊
ဥပမာ၊ အီဂျစ်လိုနိုင်ငံမှာ
ယနေ့ အီဂျစ်မှာနေတဲ့ ၉၁% အမျိုးသမီးတွေဟာ
ဒီနည်းနဲ့ လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်
ခံထားရသူတွေပါ။
တချို့နိုင်ငံတွေမှာ အမျိုးသမီး ၉၈% ကျော်ဟာ
အရွယ်မတိုင်မှီ ဒီနည်းနဲ့
ဖြတ်တောက် ခံထားရတာပါ။
ဒါဟာ အဲဒီတိုင်းပြည်တွေမှာနေတဲ့
အမျိုးသမီးအားလုံးမှာရှိတဲ့
ဆိုးရွားတဲ့ဒုက္ခကြီးပါ။
နောက် ပြင်းထန်တဲ့ ကိစ္စကတော့
ဂုဏ်ပြုပြီး သတ်ဖြတ်ခြင်းပါ၊
ထပ်ပြီး ဘုရားစာတွေကို
နားလည်မှုလဲွတဲ့မိသားစုဟာ
ဒါကို Quran ကျမ်းထဲမှာ ပြဋ္ဌားမထားပေမဲ့
မိသားစုထဲက မိန်းကလေးကို
ကွက်မျက်ပစ်တယ်။
မိန်းကလေးဟာ အစော်ကားခံရင် ဒါမှမဟုတ်
သူ့အဖေသဘောမတူတဲ့သူကိူယူရင်၊ ဒါမှမဟုတ်
တခါတလေ မသင့်တော်တဲ့အဝတ်ကို
ဝတ်မိရင်တောင်မှပေါ့။
ဒါကို သူ့မိသားစုဝင်တွေ
ကိုယ်တိုင်လုပ်တာဆိုတော့
မိန်းကလေးက အခေါ်အရ
မိသားစုအရှက်ရစေတဲ့ခါ
ဒီမိသားစုဟာ လူသတ်သမားတွေ
ဖြစ်ကုန်တာပေါ့။
သိပ်မကြာခင်က ကုလသမဂ္ဂကနေ
အီဂျစ်မှာ စီစစ်လေ့လာမှုတစ်ခုလုပ်ခဲ့ပြီး
မိန်းကလေးတစ်ယောက်ကို
သတ်ဖြတ်မှုမှာ ၇၅%ဟာ ဖခင်၊
ဦးလေးနဲ့ အစ်ကိုတွေက ပြစ်မှုကျူးလွန်တယ်
ဆိုတာကိုပြဆိုတယ်။
ဒါပေမဲ့ လူသတ်မှုရဲ့ ၂၅% ကတော့
အမျိုးသမီးတွေ ကျူးလွန်တာပါ။
နောက်ပြဿနာက ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ
အထူးသဖြင့် ကျွန်ပြုမှု ဒါမှမဟုတ်
အခုခေတ်အခေါ်
လူကုန်ကူးမှုနဲ့ ပတ်သက်နေတာပါ။
၁၈ ရာစုနဲ့ ၁၉ ရာစုတုန်းက
အာဖရိကကနေ ကမ္ဘာသစ်ဆီကို
ကျွန်အဖြစ်ရောင်းစားခံရသူ
၁၂.၅ သန်းလောက်ရှိခဲ့တယ်။
အခု ကျွန်ပြုခံနေရသူ သန်း ၃၀ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်ဋ္ဌာနက
ကွန်ဂရက်ကနေ နှစ်စဉ်
အစီရင်ခံစာတင်ဖို့
ပြဋ္ဌာန်းချက် ထုတ်ထားပြီး
ပြည်နယ်ဋ္ဌာနက နှစ်စဉ် နိုင်ငံတကာ
နယ်ခြားတွေကိုဖြတ်ပြီး
ကျွန်အဖြစ်ရောင်းစားခံရသူ ၈ သိန်းရှိပြီး
၈၀% ဟာ အမျိုးသမီးတွေ
ဖြစ်ပြီး လိင်ကျွန်ပြုခံဖို့
အရောင်းခံရတာလို့ စီအရင်ခံတယ်။
အခုလောလောဆယ် အမေရိကမှာ လူ ၆ သောင်းဟာ
လူ့အကျဉ်းသား(သို့) ကျွန်အဖြစ်နဲ့
နေထိုင်နေကြတယ်။
Cater Center က Georgia က
Atlanta မှာ တည်ရှိပြီး
အဲဒီက ကျွန်တော်သင်ကြားတဲ့
Emory တက္ကသိုလ်မှာ
လစဉ် ကျွန်အဖြစ်ရောင်းစားခံရတဲ့
လူတွေ၊ အမျိုးသမီး ၂၀၀ နဲ့ ၃၀၀ အကြားရှိတယ်။
ဒိအတွက်ကြောင့် ဒီနေရာဟာ နိုင်ငံမှာ
နံပါတ် ၁ နေရာရှိတဲ့နေရာပါ။
Atlanta ဟာ ကမ္ဘာ့လူအစည်ကားဆုံး
လေဆိပ်ရှိပြီး
ခရီးသည်တော်တော်များများက
တောင်ပိုင်း ကမ္ဘာခြမ်းက လာတာများတယ်။
ဇိမ်ခန်းပိုင်ရှင် ၁ ယောက်ဟာ
အသားညို(သို့)အသားမည်း
မိန်းကလေး ကိုဝယ်ချင်ရင်
ဒေါ်လာ ၁၀၀၀ နဲ့ဝယ်လို့ရတယ်။
အသားဖြူဖြူကောင်မလေးဆိုရင်
ဒီထက်အဆပေါင်းများများပေးရပြီး
Atlanta နဲ့ U.S မှာရှိတဲ့ သာမာန်
ဇိမ်ခန်းပိုင်ရှင် ၁ ယောက်ဟာ
ကျွန် ၁ ယောက်ကို ဒေါ်လာ ၃၅၀၀၀
လောက်ဝင်ငွေရနိုင်တယ်လေ။
Georgia Atlanta မှာ လိင်အရောင်းအဝယ်က
မူးယစ်ဆေးထက် ပိုများတယ်။
ဒီတော့ ဒါကနောက်ထပ် အရမ်းအရေးကြီးတဲ့
ပြဿနာပါ၊ အခြေခံကတော့ ပြည့်တန်ဆာမှုပါ၊
ဘာလို့လဲဆိုတော့ အမေရိကမှာ
အာဏာပိုင်တွေ၊
အရပ်ထဲကရဲတွေ၊ရဲမှူးတွေ၊
မြို့တော်ဝန် စတာတွေ
မသိတဲ့ ဇိမ်ခန်းတစ်ခန်းမှ မရှိဘူးလေ၊
ဒါက အဆိုးဝါးဆုံး ပြဿနာတစ်ရပ်ကို
ဦးတည်သွားစေပြီး
အမျိုးသမီးတွေ တိုးကာတိုးကာ
အရောင်းခံရပြီး ကမ္ဘာ့နိုင်ငံတွေမှာ
လိင်ကျွန်အဖြစ် ရောက်ကြတော့တာပေါ့။
Sweden မှာတော့ ဒါကို ကိုင်တွယ်တဲ့
နည်းကောင်းရှိတယ်။
လွန်ခဲ့တဲ့ ၁၅နှစ်၊ အနှစ် ၂၀ က Sweden ဟာ
ဥပဒေကို ပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီး
လိင်ကျွန်အပြုခံရရင် အမျိုးသမီးတွေဟာ
တရားစွဲဆိုခြင်းမခံရတော့ပဲ
ဇိမ်ခန်းပိုင်ရှင်တွေ၊ အဆွယ်တွေ
ယောက်ျားဝယ်သူတွေ တရားစွဲခံရတယ်၊
ဒီတော့ (လက်ခုပ်သံများ)
ပြည့်တန်ဆာလုပ်ငန်း ကျသွားတယ်။
အမေရိကမှာတော့ ဆန့်ကျင်ဘက် အနေအထားပါ။
အမေရိကားက တရားမဝင် လိင်ရောင်းဝယ်မှုမှာ
ယောကျ်ား ၁ ယောက် အဖမ်းခံရင်
အမျိုးသမီး ၂၅ ယောက် အဖမ်းခံရတယ်။
ကနေဒါ၊ အိုင်ယာလန်၊ ခုနကပြောတဲ့ ဆွီဒင်
ပြင်သစ် နဲ့ အခြားနိုင်ငံတွေဟာ အခု ဆိုကြတဲ့
ဆွီဒင် ပုံစံကို ပြောင်းနေပါတယ်
ဒါကလုပ်လို့ရတဲ့ နောက်တစ်နည်းပါ။
ဒီနိုင်ငံမှာ ကျွန်တော်တို့
လေးစားရတဲ့ ဗိမာန်ဋ္ဌာနကြီး ၂ ခုရှိတယ်၊
ကျွန်တော်တို့ရဲ့ စစ်တပ်နဲ့
ကြီးကျယ်တဲ့ တက္ကသိုလ်စနစ်ပါ။
စစ်တပ်မှာ အခု လိင်ဆိုင်ရာစော်ကားမှု
ဘယ်လောက်ရှိလဲဆိုတာ စီစစ်နေတယ်
ပြီးခဲ့တဲ့ အစီရင်ခံစာမှာ
စစ်တပ်မှာ လိင်ဆိုင်ရာစော်ကားမှု
၂၆၀၀၀ ဖြစ်ခဲ့တယ်တဲ့။
၂၆၀၀၀ ပါ။
၃၀၀၀ ကိုပဲ၊ ၁% ကျော်ကျော် လောကိုသာ
တကယ် တရားစွဲဆိုခံရတယ်။
အကြောင်းက အဖွဲ့အစည်းတိုင်းက
ကွပ်ကဲရေးအရာရှိဟာ
ရေငုတ်သင်္ဘောလို သင်္ဘောမျိုး
ကြည်းတပ်က တပ်ရင်းတစ်ရင်း
ရေကြောင်းတပ်က အဖွဲ့တစ်ဖွဲ့မှာ
ကွပ်ကဲရေးအရာရှိဟာ
ဥပဒေအောက်မှာ အဓမ္မကျင့်မှုကို
တရားစွဲဖို့ မစွဲဖို့ ဆုံးဖြတ်ခွင့်ရှိတယ်။
တကယ်တော့ အချုပ်ကတော့
သူ့အုပ်ချုပ်မှုအောက်မှာ
လိင်ဆိုင်ရာ စော်ကားမှုတွေဖြစ်နေတာ
လူတိုင်းကို သိစေချင်ပြီး
ဒါကို သူတို့မလုပ်ကြအောင်ပေါ့။
ဒီဥပဒေကို ပြောင်းဖို့လိုပါတယ်။
အမေရိကန် တက္ကသိုလ်တွေမှာ ဝင်ကြတဲ့
ကျောင်းသူ ၄ ယောက်မှာ တစ်ယောက်ဟာ
ဘွဲ့မရခင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု
ခံရမှာဖြစ်ပြီး
ဒါဟာ အခုတော့ အတော်များများ
အာရုံစိုက်နေလာပါပြီ၊
တစ်ပိုင်းက ကျုပ်စာအုပ်ကြောင့်၊
အခြားဟာတွေရောပေါ့
ဒီလိုနဲ့ အမေရိကန်တက္ကသိုလ်
၈၉ ခုဟာပညာရေးဋ္ဌာန
လုပ်ပိုင်ခွင့်၉အရ ရှုတ်ချခံနေရပါတယ်။
တက္ကသိုလ် အာဏာပိုင်တွေဟာ
လိင်စော်ကားမှုကနေ အမျိုးသမီးတွေကို
ကာကွယ်ပေးဖို့ မဆောင်ရွက်ခဲ့လို့ပါ။
တရားရေးဋ္ဌာနက ကျောင်းဝင်း
ထဲက မုဒိန်းမှု တစ်ဝက်ကျော်ဟာ
မရပ်မနား မုဒိန်းမှုကို ကျူးလွန်နေသူတွေ
ကြောင့် ဖြစ်တယ်
တက္ကသိုလ်စနစ်ရဲ့ ပြင်ပမှာသာ
တယောက်ယောက်ကို မုဒိန်းကျင့်ရင်
တရားစွဲဆိုခံရမှာဖြစ်ပေမဲ့
သူတို့ကျောင်းဝင်းထဲကိုရောက်တဲ့အခါ
ဒဏ်ခတ်မခံရဘဲ ပြုကျင့်လို့ရတယ် ဆိုပါတယ်။
သူတို့တွေ တရားစွဲမခံရဘူးလေ။
ဒါတေွဟာ ကွန်တော်တို့အဖွဲ့အစည်းမှာ
ဆက်ဖြစ်နေတာတွေပါ၊
အမျိုးသမီးကြီး၊ ငယ်တွေကို မတရားပြုတာနဲ့
ပတ်သက်တဲ့ အရမ်းအရေးကြီးတာက
အလုပ်အတူတူအတွက် သိတဲ့အတိုင်း
ညီမျှတဲ့ လုပ်အားခ မပေးတာပါ (လက်ခုပ်သံများ)
ဒါက တခါတလေမှာ နားလည်မှုလွဲတာဆိုပေမဲ့
အချိန်ပြည့် အလုပ်အကိုင်ကျတော့
U.S မှာအလုပ်လုပ်တဲ့ မိန်းမ ၁ ဦးဟာ
ယောကျ်ား ၁ ဦးထက် ၂၃% လျော့ပြီးရတယ်။
ကျွန်တော် သမ္မတဖြစ်လာတော့ ကွာဟချက်က
၃၉% ရှိခဲ့တယ်။
ဒီတော့ တိုးတက်မှု တချို့တော့ ရှိလာတယ်၊
တစိတ်တပိုင်းက ကျုပ်က သမ္မတကိုး။
ဒီလိုနဲ့ပေါ့ဗျာ၊ (လက်ခုပ်သံများ)
(ရယ်သံများ)
ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၅ နှစ်မှာတော့
တိုးတက်မှု မရှိထားဘူး၊
ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်
လုံးလုံး ကွာခြားချက်က
၂၅%၊ ၂၆% လောက်ရှိတာပေါ့။
ဒီလိုမျိုးတွေ ဆက်ဖြစ်နေပါတယ်။
Fortune 500 ကုမ္ပဏီတွေကို ကြည့်ရင်
ကုမ္ပဏီ ၅၀၀ ထဲက ၂၃ ခုမှာ
အမျိုးသမီး CEO တွေရှိတယ်။
ဒီ CEO တွေဟာ၊ ပြောဖို့တော့မလိုဘူးဗျ၊
အခြား CEO တွေထက်စာရင် ပျမ်းမျှအားဖြင့်
နည်းပါတယ်။
ကဲ ဒါက ကျွန်တော်တို့နိုင်ငံမှာ
ဆက်ဖြစ်နေတာပါ။
U.S နဲ့ပတ်သက်ပြီး နောက်ပြဿနာက
ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ စစ်အလိုလားဆုံး
နိုင်ငံဖြစ်နေတယ်။
ဒုတိယကမ္ဘာစစ် ကတည်းက နိုင်ငံစုံ
၂၅ နိုင်ငံလောက်မှာ
စစ်တိုက်ဖူးတယ်။
တစ်ခါတစ်ခါ မြေပြင်မှာ တိုက်ခိုက်ခဲ့တဲ့
စစ်သားတွေရှိတယ်၊
အခြားအချိန်တွေကျတော့
ကောင်းကင်ကပျံသန်းပြီး
လူတွေပေါ်ကို ဗုံးတွေကြဲခဲ့တယ်။
အခြားအချိန်မှာ လူတွေ၊ ဘာတွေကို
တိုက်ဖို့ မောင်းသူမဲ့ ယာဉ်တွေရှိတယ်။
ဒုတိယကမ္ဘာစစ် ကတည်းက နိုင်ငံစုံ
၂၅ နိုင်ငံလောက်မှာ
ပိုချင်လည်းပိုမယ်ပေါ့ စစ်တိုက်ဖူးတယ်။
၄ နစ်ရှိခဲ့တယ်၊ ဘယ်ဟာလဲတော့ မပြောတော့ဘူး၊
ကျွန်တော်တို့ မတိုက်ခဲ့တဲ့နှစ်တွေ ..
(လက်ခုပ်သံများ)
ဗုံးမကြဲခဲ့တဲ့၊ ဒုံးကျည်မပစ်ခဲ့တဲ့
ကျည်တစ်ချက် မဖောက်ခဲ့တဲ့နှစ်တွေ
ဒါပေမဲ့ဗျာ၊ ဒီလိုဟာမျိုးတွေက
အကြမ်းဖက်မှုကို ဖြေရှင်းတာ
ကျမ်းချက်တွေကို နားလည်မှုလွဲတာဟာ
အကြောင်းရပ်တွေ
မိန်းမကြီးငယ်တွေကို အနိုင်ကျင့်တာရဲ့
အခြေခံ အကြောင်းရင်းတွေပါ။
ကျွန်တော် ထည့်ပြောစရာ မလိုတဲ့နောက်
အခြေခံအကြောင်းရပ် တစ်ခုက
ယျေဘုယျအားဖြင့် ဒါကို
ယောကျ်ားတွေက ဂရုကိုမစိုက်တာပါ။
(လက်ခုပ်သံများ)
ဒါအမှန်ပဲဗျ။
သာမန်ယောကျ်ားက မိန်းမတွေကို
အနိုင်ကျင့်တာ ဆန့်ကျင်တယ်ဆိုပြီး
ယူထားတဲ့ အခွင့်ထူးခံအနေအထား
ကိုတော့တိတ်တိတ် လက်ခံကြတယ်။
ဒါဟာ ကျုပ်ကလေးတုန်းက
သိခဲ့တာနဲ့ အတူတူပါပဲ။
ခွဲထားပေမယ့်လည်း
တူညီမှုကရှိနေတယ်။
လူမျိုးရေးခွဲခြားမှုဟာ တရားဝင်
ရပ်တည်နေခဲ့တာ နစ် ၁၀၀ ရှိခဲ့တယ်။
၁၈၆၅၊ ပြည်နယ်တွေ အကြား၊
ပြည်တွင်းစစ် ပြီးချိန်ကနေ
၁၉၆၀ နှစ်လွန်ကာလတွေ
တစ်လျှောက်လုံးပါ။
တူညီတဲ့ အခွင့်အရေးတွေအတွက်
Lyndon Johnson က
ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အထိပါ။
ဒါပေမဲ့ ဒီကာလအတွင်း လူမျိူးရေး
ခွဲခြားမှုဟာ ကောင်းတယ်လို့
မယူဆတဲ့လူဖြူတွေ တော်တော်
များများရှိခဲ့ပေမယ့်
သူတို့ဟာ နှုတ်ဆိတ်နေခဲ့ကြတယ်။
အကြောင်းက ပိုကောင်းတဲ့အလုပ်၊
အခွင့်ထူးတွေကို နှစ်ခြိုက်လို့ပေါ့။
တာဝန်ရွေးဖို့ရာ ထူးခြားတဲ့လမ်း၊
ပိုကောင်းတဲ့ကျောင်း၊ အရာရာမှာပေါ့၊
ဒီကနေ့ တည်ရှိတဲ့ဟာနဲ့ အတူတူပဲလေ။
သာမန်ယောကျ်ားက တကယ့်ကို
ဂရုမစိုက်တာကြောင့်ပါ။
မိန်းမတွေကို အနိုင်ကျင့်တာ
ဆန်ကျင့်တယ်လို့ ပြောတောင်မှ
အခွင့်ထူးခံအနေအထားကို
သူတို့နှစ်ခြိုက်တယ်
တက္ကသိုလ်စနစ်ကို ချုပ်ကိုင်
နေတဲ့ ယောကျ်ားအများစု
နားလည်စေဖို့က တော်တော်ခက်ပါတယ်။
စစ်တပ်စနစ်ကို ချုပ်ကိုင်နေတဲ့
ယောကျ်ားအများစု
ကမ္ဘာပေါ်က အစိုးရတွေကို
ချုပ်ကိုင်နေတဲ့ ယောကျ်ားအများစု
ဘာသာကြီးတွေကို ချုပ်ကိုင်နေတဲ့
ယောကျ်ားအများစုပါ။
ဒီတော့ ဒီနေ့လုပ်ဖို့လိုတဲ့ အခြေခံ
အချက်ကဘာလဲ။
ပြောချင်တဲ့ ကျုပ်တို့လုပ်နိုင်တဲ့
အကောင်းဆုံးဆိုတာက
အင်အားကြီးနိုင်ငံတွေက အမျိုးသမီးတွေအတွက်
ဒါမျိုးလေးပေါ့၊ ဘယ်ကလာတာလဲ၊
ဥရောပ စတာတွေ၊ ဩဇာရှိ၊ လွပ်လပ်စွာ ပြောဆို၊
လုပ်ကိုင်ခွင့်ရှိသူတွေဟာ
ကိုယ့်ကိုကိုယ် တာဝန်ယူဖို့လိုပါတယ်၊
တစ်ကမ္ဘာလုံးက အမျိုးသမီးကြီ၊ငယ်တွေကို
လူမျိုးရေးခွဲမှု အဆုံးသတ်မှုကို
တောင်းဆိုရာမှာ
ပိုပြီးပြင်းထန်ဖို့ပါ။
အီဂျစ်က သာမန်မိန်းမဟာ
လိင်အင်္ဂါဖြတ်ခံရတာမျိုးလို
ခံရတဲ့သူ့သမီးတွေ
အကြောင်း အများကြီး
ပြောစရာမရှိပါဘူး။
ဒီအကြောင်း အသေးစိပ် ကျွန်တော်
မပြောခဲ့ပါဘူး၊
ဒါပေမဲမျှော်လင့်တာက ဒီကွှန်ဖရင့်ကနေပြီး
ဒီက အမျိုးသမီးတိုင်း ကိုယ့်အိမ်သား
တွေကို သဘောပေါက်အောင်ပြောဖို့က
ကောလိပ်ဝင်း၊ စစ်တပ် စတာတွေ၊ အနာဂတ်
အလုပ်အကိုင်စျေးကွက်တွေမှာ
အနိုင်ကျင့်မှုတွေကနေ
ကိုယ့်သမီး၊ မြေးသားတွေကို
ကာကွယ်ပေးဖို့ လိုတာကိုပါ။
ကျုပ်မှာ မြေး ၁၂ ယောက်၊
ကလေး ၄ ယောက်၊ မြစ် ၁၀ ယောက်ရှိပြီး
မကြာခဏ သူတို့အကြောင်းနဲ့
အမေရိကမှာ သူတို့ကြုံရမယ့်
အကျပ်အတည်းကို တွေးမိတယ်။
တူညီတဲ့ အခွင့်အရေးတွေ ရှိနေတဲ့
အီဂျစ် (သို့)
နိုင်ငံခြားတိုင်ပြည်မှာ
နေထိုင်ခဲ့တာတင် မဟုတ်ပါဘူး
ခင်ဗျားတို့ ပူးပေါင်း ကူညီကြမယ်လို့
မျှော်လင့်ပါတယ်
တစ်ကမ္ဘာလုံးက အမျိုးသမီးကြီးငယ်
တွေအတွက် ချန်ပီယံအဖြစ် ရှေ့မှပါဝင်ပြီး
လူ့အခွင့်အရေးတွေ
ကာကွယ်ပေးကြဖို့ပါ။
ကျေးဇူးအများကြီးတင်ပါတယ်။
(လက်ခုပ်သံများ)