1 00:00:00,334 --> 00:00:04,117 New York၊ Suffolk County မှာ အရေးပေါ် စောင့်ရှောက်မှု EMT လုပ်တာ ၇ နှစ်ရှိပါပြီ 2 00:00:04,117 --> 00:00:06,599 ယဉ်မတော်တဆမှု ကနေ Sandy မုန်တိုင်းအထိ များပြားလှတဲ့ 3 00:00:06,599 --> 00:00:08,707 ဖြစ်ရပ်တွေမှာ ပထမဆုံးတုံ့ပြန်ရသူ ဖြစ်ဖူးပါတယ် 4 00:00:08,707 --> 00:00:10,571 အများစုလိုပဲဆိုရင် သေခြင်းဟာခင်ဗျားရဲ့ 5 00:00:10,571 --> 00:00:13,009 အကြီးမားဆုံး ကြောက်စရာတစ်ခု ဖြစ်ကောင်းဖြစ်မှာပါ 6 00:00:13,009 --> 00:00:14,810 တစ်ချို့က အဲဒါလာနေတာကို မြင်လိမ့်မယ် 7 00:00:14,810 --> 00:00:16,589 တစ်ချို့ကျတော့ မမြင်ဘူးပေါ့ 8 00:00:16,589 --> 00:00:19,183 ဆေးဖက်ဆိုင်ရာဝေါဟာရ "သေမည့်ဆဲဆဲ" အခြေအနေနဲ့ ပတ်သက်ပြီး 9 00:00:19,183 --> 00:00:20,769 မှတ်တမ်းပြုစုထားမှု မရှိသလောက်ပါ။ 10 00:00:20,769 --> 00:00:21,816 အရိပ်အခြည်လောက်ပါပဲ။ 11 00:00:21,816 --> 00:00:23,919 အခြားဟာတွေလိုပဲ ဒီအရိပ်လက္ခဏာကို တုံ့ပြန်ဖို့ 12 00:00:23,919 --> 00:00:25,801 ဆေးဖက်ဝန်ထမ်းဖြစ်တာမို့ ကျင့်သားရထားသူပါ 13 00:00:25,801 --> 00:00:27,712 နှလုံးရောဂါရှိသူက ကျွန်တော့ကိုကြည့်ပြီး 14 00:00:27,712 --> 00:00:30,120 "ကျွန်တော် ဒီနေ့ သေတော့မှာလား"လို့မေးတော့ 15 00:00:30,120 --> 00:00:33,236 လူနာရဲ့အခြေအနေကို ပြန်ချင့်တွက်ဖို့ ကျင့်သားရနေပြီ 16 00:00:33,236 --> 00:00:35,382 ကျွန်တော့ အလုပ်သက်တမ်းတ စ်လျှောက်မှာ 17 00:00:35,382 --> 00:00:37,648 မိနစ်ပိုင်းလောက်ပဲ အသက်ရှင်နိုင်မယ့် သူတွေအတွက် 18 00:00:37,648 --> 00:00:39,115 ကျွန်တော်ဘာမှမတတ်နိူင်တော့တဲ့ 19 00:00:39,115 --> 00:00:42,090 လူနာတွေ အများအပြားကို တုံ့ပြန်ရခဲ့ဖူးတယ်။ 20 00:00:42,090 --> 00:00:44,876 အဲဒါက ဘေးကျပ်နံကျပ်ဖြစ်စရာ ကိ္စစတစ်ခုပါပဲ။ 21 00:00:44,876 --> 00:00:48,588 သေခါနီးလူနာကို သေရတော့မယ်လို့ ပြောရမလား၊ 22 00:00:48,588 --> 00:00:51,615 ဒါမှမဟုတ် သူတို့ကိုနှစ်သိမ့်ဖို့ ညာပြောရမလား 23 00:00:51,615 --> 00:00:54,168 အလုပ် အစပိုင်းတုန်းကတော့ ဒီဘေးကျပ်နံကျပ်ကိစ္စမျိုးကို 24 00:00:54,168 --> 00:00:55,366 လိမ်ပြောပြီးတော့ 25 00:00:55,366 --> 00:00:57,295 ရင်ဆိုင်မိခဲ့ပါတယိဗျာ။ 26 00:00:57,295 --> 00:00:59,635 သူတို့ကို အမှန်ပြောပြလိုက်ရင် သူတို့တွေ 27 00:00:59,635 --> 00:01:02,976 ကြောက်ရွံ့ထိတ်လန့်ပြီး ဘဝရဲ့နောက်ဆုံး ကာလတွေကို 28 00:01:02,976 --> 00:01:06,182 ဆုပ်ကိုင်ရင်း သေသွားမှာကို စိုးရွံ့မိခဲ့တယ်။ 29 00:01:06,182 --> 00:01:08,950 အဖြစ်အပျက်တစ်ခုကြောင့် အဲဒါ ပြောင်းလဲသွားခဲ့ပါတယ်။ 30 00:01:08,950 --> 00:01:11,799 လွန်ခဲ့တဲ့၅နှစ်က ဆိုင်ကယ်တိုက်မှုတစ်ခုကို တုံ့ပြန်ခဲ့ရတယ်။ 31 00:01:11,799 --> 00:01:14,601 စီးသူကအရမ်းဆိုးဝါးတဲ့ ဒဏ်ရာတွေကို ခံစားနေခဲ့ရတာပါ 32 00:01:14,601 --> 00:01:17,432 သူ့ကိုတွက်ကြည့်လိုက်တော့ သူ့အတွက် 33 00:01:17,432 --> 00:01:19,329 ဘာမှ လုပ်မပေးနိူင်တာ သဘောပေါက်လိုက်တယ်။ 34 00:01:19,329 --> 00:01:22,664 အခြားများစွာသော ဖြစ်စဉ်တွေလိုပါပဲ သူက ကျွန်တော့ မျက်လုံးဆီကိုကြည့်ပြီး 35 00:01:22,664 --> 00:01:27,076 ဒီမေးခွန်းမေးတယ် "ကျွန်တော်သေတော့မှာလား" တဲ့ 36 00:01:27,076 --> 00:01:30,582 ဒီအခိုက်မှာ တစ်မျိုးတစ်ဖုံ လုပ်ကိုင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ် 37 00:01:30,582 --> 00:01:33,462 သူ့ကို အမှန်အတိုင်း ပြောပြဖို့ပါ။ 38 00:01:33,462 --> 00:01:36,556 သူ့ကို အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်ကာ သူဟာသေတော့မယ် 39 00:01:36,556 --> 00:01:39,820 သူ့အတွက် ကျွှန်တော်ဘာမှ လုပ်မပေးနိူင်တော့ဘူးလို့ပါ 40 00:01:39,820 --> 00:01:43,596 သူရဲ့တုံ့ပြန်မှုက ကျွန်တော့ကို ချောက်ခြားသွားစေခဲ့ပါတယ် 41 00:01:43,596 --> 00:01:45,501 သူဟာ နောက်ကို လှဲချလိုက်ပြီး 42 00:01:45,501 --> 00:01:47,867 သူ့မျက်နှာပြင်ကျတော့ လက်ခံတဲ့ပုံမျိုး ပေါက်နေတယ် 43 00:01:47,867 --> 00:01:49,630 သူကြည့်ရတာ ကျွန်တော် ထင်မှတ်နေခဲ့တဲ့ 44 00:01:49,630 --> 00:01:52,550 ကြောက့်ရွံမှု ဒါမှမဟုတ် ခြောက်ြခားမှုတွေ သူမရင်ဆိုင်ခဲ့ရပါဘူး။ 45 00:01:52,550 --> 00:01:55,222 သူဟာ လှဲနေခဲ့တယ် သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ 46 00:01:55,222 --> 00:01:57,740 အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ လက်ခံမှုကိုတွေ့လိုက်ရတယ် 47 00:01:57,740 --> 00:01:59,648 ဒီနောက်မှာ သေခါနီးလူကို အလိမ်အညာတွေနဲ့ 48 00:01:59,648 --> 00:02:03,612 အဲဒီအချိန်ကစလို့ ဖြေသိမ့်ဖို့ဟာ ကျွန်တော့ အလုပ်မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ 49 00:02:03,612 --> 00:02:06,177 နောက်ဆုံးကာလထဲမှာ ရှိနေကြတဲ့လူနာတွေကို၊ 50 00:02:06,177 --> 00:02:09,035 အဲဒီနောက်ပိုင်းမှာ အလားတူအဖြစ်မျိုးတွေကို တုံ့ပြန်လာခဲ့ရရာ 51 00:02:09,035 --> 00:02:11,591 သူတို့အတွက် ကျွန်တော် ဘာမှမတတ်နိူင်တဲ့ အချိန်မျိုးမှာ 52 00:02:11,591 --> 00:02:13,150 ဖြစ်စဉ်အားလုံးနီးပါးတိုင်းထဲမှာ 53 00:02:13,150 --> 00:02:16,484 သူတို့အားလုံးက အမှန်တရားကို တုံ့ပြန်မှုကတော့ အတူတူပါပဲ 54 00:02:16,484 --> 00:02:18,550 အတွင်းစိတ်ငြီမ်းချမ်းခြင်းနဲ့ လက်ခံခြင်းပါ 55 00:02:18,550 --> 00:02:20,972 တကယ်တော့ ဒီဖြစ်စဉ်တွေမှာ 56 00:02:20,972 --> 00:02:25,247 ကျွန်တော် သတိထားမိတဲ့ ပုံစံ ၃ မျိုးရှိပါတယ်။ 57 00:02:25,247 --> 00:02:28,903 ပထမပုံစံက ကျွန်တော့ကို အမြဲထိတ်လန့်စေပါတယ် 58 00:02:28,903 --> 00:02:32,840 ဘာသာရေးယုံကြည်မှု (ဝါ) ယဉ်ကျေးမူနောက်ခံ ဘယ်လိုပဲရှိရှိ 59 00:02:32,840 --> 00:02:35,675 ခွင့်လွတ်ပေးချင်တဲ့ လိုအပ်ချက် တစ်ရပ်ရှိပါတယ် 60 00:02:35,675 --> 00:02:37,021 ဒါကို ဒုစရိက်ပဲခေါ်ခေါ် 61 00:02:37,021 --> 00:02:38,650 ဒါမှမဟုတ် နောင်တရမှု ဆိုဆို 62 00:02:38,650 --> 00:02:40,993 သူတို့ရဲ့အပြစ်မျိုးကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ 63 00:02:40,993 --> 00:02:42,779 တစ်ခါက နှလုံးရောဂါ အကြီးအကျယ်ဖြစ်နေတဲ့ 64 00:02:42,779 --> 00:02:46,317 သက်ကြီး လူကြီးလူကောင်းတစ်ယောက်ကို ပြုစုစောင့်ရှောက်ခဲ့ဖူးတယ် 65 00:02:46,317 --> 00:02:48,443 သူ့ရဲ့ဖြစ်အံ့ဆဲ နှလုံးရပ်တန့်မှုအတွက် 66 00:02:48,443 --> 00:02:51,368 ကိုယ့်ကိုယ်ကိုနဲ့ ကိရိယာတွေကို ပြင်ဆင်နေတုန်း 67 00:02:51,368 --> 00:02:55,721 လူနာအား ရင်ဆိုင်ရတော့မယ့်သေခြင်း အကြောင်းကို စပြောမိလိုက်တယ် 68 00:02:55,721 --> 00:02:58,639 ကျွန်တော့ အသံအနေအထားနဲ့ ကိုယ်ဟန် အမူအရာအရ သူကသိနေပါပြီ 69 00:02:58,639 --> 00:03:01,385 သူ့ရင်ဘတ်ပေါ် နှလုံးရှော့ရိုက်တဲ့ အပြားကို တင်ပေးလိုက်ကာ 70 00:03:01,385 --> 00:03:03,289 နောက်ဖြစ်လာမယ့်ဟာကို ပြင်ဆင်နေစဉ် 71 00:03:03,289 --> 00:03:05,817 ကျွန်တော့မျက်လုံးကိုကြည့်ပြီး သူပြောလိုက်တာက 72 00:03:05,817 --> 00:03:08,517 "အချိန်ကို ကိုယ့်အတွက် သုံးခဲ့မှုအစား 73 00:03:08,517 --> 00:03:11,418 ငါ့မြေးလေးတွေ၊ သားလေးတွေနဲ့ ပိုပြီး ကုန်ဆုံးချင်လိုက်တာ" တဲ့လေ 74 00:03:11,418 --> 00:03:13,920 ရှောင်လွဲမရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်လိုက်ရတော့ 75 00:03:13,920 --> 00:03:16,854 သူလိုချင်တာက ခွင့်လွတ်မှုပါပဲ။ 76 00:03:16,854 --> 00:03:18,742 ကျွန်တော်လေ့လာမိတဲ့ ဒုတိယပုံစံကတော့ 77 00:03:18,742 --> 00:03:21,280 သတိရမှုအတွက် လိုအပ်ချက်ပါ။ ။ 78 00:03:21,280 --> 00:03:23,097 ကျွန်တော့အတွေးထဲမှာ သတိရဖို့ပဲဖြစ်ဖြစ် 79 00:03:23,097 --> 00:03:25,421 သူတို့ချစ်တဲ့လူတွေရဲ့ အတွေးများထဲမှာဖြစ်ဖြစ် 80 00:03:25,421 --> 00:03:27,860 သူတို့ဆက်ပြီး ရှင်သန်နေဦးမှာကို ခံစားမိဖို့လိုပါတယ်။ 81 00:03:27,860 --> 00:03:31,637 သူတို့ချစ်ကြသူတွေရဲ့ ၊ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့အဖွဲ့သားတွေရဲ့ 82 00:03:31,637 --> 00:03:33,174 နှလုံးသားတွေထဲမှာ၊ အတွေးတွေထဲမှာ 83 00:03:33,174 --> 00:03:35,911 သူတို့ ထာဝရ အသက်ရှင်လျက် ရှိနေမှာကို သူတို့ လိုအပ်ပါတယ်။ 84 00:03:35,911 --> 00:03:38,682 ကျွန်တော့မျက်လုံးတွေကိုကြည့်ပြီး "ကျုပ်ကို သတိရမှာလား"လို့ 85 00:03:38,682 --> 00:03:42,220 မေးတဲ့ လူနာကို ကျွန်တော့မှာ ကြုံတွေ့ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ 86 00:03:42,220 --> 00:03:44,672 လေ့လာမိတဲ့ နောက်ဆုံးပုံစံကတော့ ကျွန်တော့ကို 87 00:03:44,672 --> 00:03:47,900 နှလုံးသားကို အသဲကို အနက်ရှိုင်းဆုံး ထိခိုက်စေခဲ့ပါတယ် 88 00:03:47,900 --> 00:03:51,440 သေခါနီးလူတွေဟာ သူတို့ဘဝဟာ အဓိပ္ပါယ်ရှိခဲ့တာကို သိဖို့လိုပါတယ် 89 00:03:51,440 --> 00:03:54,222 အဓိပ္ပါယ်မဲ့ လုပ်ရပ်တွေမှာ သူတို့ဘဝ မဖြုန်းတီးခဲ့ဘူး 90 00:03:54,222 --> 00:03:57,020 ဆိုတာကို သိဖို့လိုပါတယ် 91 00:03:57,020 --> 00:04:00,319 အဲဒါကိုတော့ ကျွန်တော့အလုပ်သက်တမ်း ခပ်စောစောပိုင်းမှာ နားလည်လာခဲ့တာပါ 92 00:04:00,319 --> 00:04:02,408 ဖုန်းခေါ်လာတာ တစ်ခုကိုဖြေလိုက်တယ်။ 93 00:04:02,408 --> 00:04:04,332 ကားတစ်စီးထဲမှာ အပြင်းအထန် ပိညှပ်ခံနေရတဲ့ 94 00:04:04,332 --> 00:04:06,390 အသက် ၅၀ နှောင်းပိုင်း မိန်းမတစ်ယောက်ပါ။ 95 00:04:06,390 --> 00:04:10,068 သူမဟာ မြင့်မားတဲ့အဟုန်နဲ့ ဘေးမှ အတိုက်ခံခဲ့ရတာပါ 96 00:04:10,068 --> 00:04:12,500 သေရေးရှင်ရေး ပြင်းထန်လှတဲ့ အခြေအနေမှာပါ။ 97 00:04:12,500 --> 00:04:14,740 သူမကို မီးသတ်ဌာနက ကားထဲကဆွဲထုတ်တုန်း၊ 98 00:04:14,740 --> 00:04:17,707 ကျွန်တော် သူ့ကိုစပြီးပြုစုဖိဖို့ အထဲကို ဝင်လိုက်တယ်။ 99 00:04:17,707 --> 00:04:20,767 ကျွန်တော်တို့ စကားပြောတုန်း သူမပြောလိုက်တာက 100 00:04:20,767 --> 00:04:23,980 "ကျွန်မ ဘဝမှာလုပ်ချင်တာတွေ အများကြီးရှိသေးတယ်" တဲ့ 101 00:04:23,980 --> 00:04:27,832 ကမ္ဘာပေါ်မှာ သူမရဲ့အမှတ်အသား မချန်ခဲ့ရသေးဘူးလို့ ခံစားနေရတယ်။ 102 00:04:27,832 --> 00:04:29,789 နောက်ထပ်ပြီး ပြောတော့ သူမဟာ 103 00:04:29,789 --> 00:04:32,197 မွေးစာကလေး၂ယောက်ရဲ့ အမေဖြစ်နေတယ်။ 104 00:04:32,197 --> 00:04:35,312 ၂ယောက်စလုံးက ဆေးကျောင်း တက်တော့မှာလေ။ 105 00:04:35,312 --> 00:04:37,382 သူမသာ မရှိခဲ့ရင် 106 00:04:37,382 --> 00:04:40,100 အဲဒီကလေး၂ယောက် ဆေးကျောင်းကို 107 00:04:40,100 --> 00:04:42,321 တက်နိင်ခဲ့လို့ ဆရာဝန်တွေအဖြစ်နဲ့ 108 00:04:42,321 --> 00:04:44,683 အသက်တွေကို ကယ်နိူင်ခဲ့မှာ မဟုတ်ဘူးလေ။ 109 00:04:44,683 --> 00:04:46,472 သူမကို ကားထဲက ဆွဲထုတ်ဖို့ 110 00:04:46,472 --> 00:04:48,339 ၄၅ မိနစ်ကြာခဲ့တယ်။ 111 00:04:48,339 --> 00:04:51,529 ဒါပေမဲ့ သူမကို မထုတ်နိုင်သေးခင် ဆုံးသွားခဲ့တယ်။ 112 00:04:51,529 --> 00:04:54,661 ရုပ်ရှင်တွေထဲမှာ ခင်ဗျားတို့လည်း တွေ့မြင်ခဲ့ကြမှာ ဆိုတာယုံပါတယ် 113 00:04:54,661 --> 00:04:57,245 အပြင်းအထန်ထိတ်လန့်ရတဲ့ အဲဒီနောက်ဆုံးကာလတွေမျိုး 114 00:04:57,245 --> 00:04:58,857 မြင်ခဲ့ကြရမှာပါ။ 115 00:04:58,857 --> 00:05:01,535 ကျွန်တော်နားလည်လိုက်တာက အခြေအနေတွေက ဘယ်လိုပဲဖြစ်ဖြစ် 116 00:05:01,535 --> 00:05:04,448 အများအားဖြင့် ငြိမ်းချမ်းခြင်းနဲ့ လက်ခံခြင်းကို တွေ့ရပါတယ်၊ 117 00:05:04,448 --> 00:05:08,140 ဒါက မပြောပလောက်တာလေးတွေ၊ မပြောပလေက်တဲ့ ကာလလေးတွေပါ။ 118 00:05:08,140 --> 00:05:11,704 လောကထဲကို ခင်ဗျားယူလာတဲ့ မဖြစ်စလောက်လေးတွေဟာ ခင်ဗျားကို 119 00:05:11,704 --> 00:05:14,633 ဒီနောက်ဆုံး တဒင်္ဂလေးတွေမှာ ငြိမ်းချမ်းမှုကို ပေးတယ်ဆိုတာပါ။ 120 00:05:14,633 --> 00:05:16,665 ကျေးဇူးတင်ပါတယ် 121 00:05:16,665 --> 00:05:20,319 (လက်ခုပ်သံများ)