WEBVTT 00:00:08.375 --> 00:00:10.981 ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ကမ္ဘာကြီးအား ထုတ်ပြောကြပါတယ်။ 00:00:10.982 --> 00:00:14.497 ကျွန်တော်တို့ ပြောင်းလဲမှုတွေ အကြောင်းကို ပြောကြသလို မပြောဘဲလည်း နေနိုင်ကြတယ်။ 00:00:15.162 --> 00:00:19.367 အလားအလာ အသစ်တွေ၊ ပြီးတော့ ကျွန်တော်တို့ အတွက်ရလဒ်အသစ် အကြောင်း ဖြစ်နိုင်ပါတယ်။ 00:00:20.000 --> 00:00:22.152 TED ဟာ ဖြန့်ဝေဖို့ ကောင်းတဲ့ အတွေးအခေါ်တွေ အကြောင်းပါ၊ 00:00:22.153 --> 00:00:25.611 ဒါပေမဲ့ ၎င်းဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သတိပေးဖို့ရမယ့် အတွေးအခေါ် ပါဖြစ်တယ်လို့ 00:00:25.612 --> 00:00:27.744 ကျွန်တော် ယူဆပါတယ်၊ ဒီနေ့ပြောမှာက အဲဒီ အကြောင်းပါ။ 00:00:27.745 --> 00:00:29.722 ကျွန်တော်တို့ တော်တော်များများက သိကြတယ်၊ သိခဲ့ကြတယ်၊ ဒါပေမဲ့၊ 00:00:29.723 --> 00:00:32.803 တဖြည်းဖြည်းနဲ့ အဲဒါကို မေ့သွားခဲ့ကြတဲ့ အကြောင်း တခုပါ။ 00:00:33.253 --> 00:00:35.500 တကယ်တော့ အဲဒါကို မေ့လွယ်ပါတယ်၊ 00:00:35.501 --> 00:00:38.004 ကျွန်တော်တို့က အဲဒါကို နဖူးတွေ့ ဒူးတွေ့ မမြင်ကြရလို့ပါ၊ 00:00:38.005 --> 00:00:39.637 သိပ်ကို ထင်ရှားလွန်းလို့ ကျွန်တော်တို့ မေ့သွားနိုင်ကြပါတယ်။ 00:00:39.638 --> 00:00:41.743 ဒီနေ့ ကျွန်တော်က ခင်ဗျားတို့ကို တင်ပြချင်တာက 00:00:41.744 --> 00:00:45.620 ခင်ဗျားတို့ကို ပြန်ပြီး မိတ်ဆက်ပေးချင်တဲ့ ပြန်ပြီး သတိပေးချင်တဲ့ အတွေးအခေါ်က 00:00:45.621 --> 00:00:48.262 - အဲဒီမှာ ဒင်္ဂါးစေ့လိုပဲ တူညီတဲ့ ဘက်နှစ်ဘက် ရှိပါတယ်၊ 00:00:48.263 --> 00:00:50.740 အားကောင်းလှတဲ့ တခုတည်းသော အတွေးအခေါ်ရဲ့ ဘက်နှစ်ဘက်ကိုပါ၊ 00:00:50.741 --> 00:00:53.488 ပြီးတော့ ခင်ဗျားတို့ အနေနဲ့ ဒီနေ့ဒီကနေပြီး ထွက်သွားကြတဲ့ အခါမှာ 00:00:53.489 --> 00:00:56.072 အဲဒါကို ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ပိုပြီး အသိစိတ်ပါပါ 00:00:56.073 --> 00:00:59.403 ရည်ရွယ်ချက်ဖြင့် ကျင့်သုံးကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ 00:01:00.003 --> 00:01:01.740 ဒီခန်းမကြီးထဲ ထိုင်နေကြတဲ့ လူတွေအားလုံးကို မေးလိုပါတယ်၊ 00:01:01.741 --> 00:01:03.957 "ဘာသာစကား ဆိုတာ ဘာလဲ? ဘာသာစကားဟာ ဘာ့အတွက်လဲ?" 00:01:03.958 --> 00:01:06.379 အဲဒါကို ဧရာမ အများစုက ဘယ်လိုများ ဖြေကြမယ် ထင်ပါသလဲ? 00:01:07.179 --> 00:01:09.626 ဆက်သွယ်ပြောဆိုဖို့ ကိရိယာ တခု ဒါမှမဟုတ် အဲဒါမျိုးဆန်ဆန်ပါ။ 00:01:09.627 --> 00:01:12.262 အဲဒါဟာ လူတွေအားလုံး လက်ခံထားတဲ့ အတွေးအခေါ်ဖြစ်တယ်၊ 00:01:12.263 --> 00:01:14.371 ဒါမှမဟုတ် ဘာသာစကားကို နားလည်မှုလည်း ဖြစ်နိုင်ပါတယ်၊ 00:01:14.372 --> 00:01:16.619 လူအများစုက အဲဒါကို အတွေးအခေါ် တခုရယ်လို့ မြင်ကို မမြင်ကြပါ။ 00:01:16.620 --> 00:01:20.952 ကျွန်တော်တို့ဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အချက်တချက် အဖြစ် မြင်ကြပါတယ်။ 00:01:20.953 --> 00:01:25.529 ကျွန်တော် ကမ်းလှမ်းချင်တာက - ဘာသာစကားဟာ ကိရိယာ တခုဖြစ်ရင်၊ အဲဒါကို ချပစ်မရနိုင်ပါ။ 00:01:25.530 --> 00:01:27.728 ကျွန်တော်တို့က ပိုပြီး နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင်၊ 00:01:27.729 --> 00:01:31.005 ကျွန်တော်တို့ဟာ ဘာသာစကားဖြင့် တော်တော်များများကို လုပ်ကိုင်ကြပါတယ်၊ 00:01:31.006 --> 00:01:34.080 ဆက်သွယ်ပြောဆိုမှု နဲ့ ဖေါ်ပြမှုထက် များစွာ ပိုပါတယ်။ 00:01:34.081 --> 00:01:35.284 ဒီတော့ နံပါတ်တစ် အချက်က- 00:01:35.285 --> 00:01:38.901 ဘာသာစကားဟာ ဖေါ်ပြမှုသက်သက် မကဘဲ ဖန်တီး ထုတ်လွင့်ပေးတတ်ပါတယ်။ 00:01:39.541 --> 00:01:42.674 ဥပမာ တချို့- ခင်ဗျားတို့ရဲ့ ဘဝထဲက အချိန်ကာလ တခုခုကို စဉ်းစားကြည့်ကြပါ၊ 00:01:42.675 --> 00:01:45.020 ခင်ဗျားတို့က "ဟုတ်ကဲ့"လို့ ပြောခဲ့ရတဲ့ အချိန်မျိုးပါ။ 00:01:45.021 --> 00:01:46.520 ပြောခဲ့ရတဲ့ အခါတိုင်းကိုပါ။ 00:01:46.521 --> 00:01:49.281 အခု စဉ်းစားဖို့လိုတာက - အကြိမ်တိုင်းမှာ ခင်ဗျားတို့က မဟုတ်လို့ ဖြေခဲ့ရင်၊ 00:01:49.282 --> 00:01:51.003 ခင်ဗျားတို့ရဲ့ ဘဝဟာ တမျိုး ပြောင်းသွားခဲ့မှာလား? 00:01:51.773 --> 00:01:53.494 ခင်ဗျားတို့ဟာ ဒီမှာ ထိုင်နေကြမှာ မဟုတ်ပါဘူး။ 00:01:53.495 --> 00:01:56.482 ဟုတ်ကဲ့လို့ ပြောလိုက်ရုံနဲ့ ခင်ဗျားတို့ အားလုံးကမ္ဘာကြီးထဲမှာ လှုပ်ရှားနေခဲ့ကြတယ်၊ 00:01:56.501 --> 00:01:59.002 တံခါးတချို့ ပွင့်လာခဲ့ကြတယ်၊ တံခါး တချို့ ပိတ်သွားခဲ့ကြတယ် စသဖြင့်ပေါ့လေ။ 00:01:59.003 --> 00:02:00.639 ဒီတော့ အဲဒါဟာ ဖေါ်ပြမှု သက်သက် မဟုတ်တော့ပါ။ 00:02:00.640 --> 00:02:03.238 ဘာသာစကားရဲ့ ဖန်တီးနိုင်စွမ်း အကြောင်း လှပတဲ့ အဖြစ်အပျက် တခုက 00:02:03.239 --> 00:02:04.500 ဘေ့စ်ဘော ဖြစ်ရပ် တခုပါ။ 00:02:04.501 --> 00:02:07.556 ဒိုင်လူကြီး နှစ်ယောက်တို့ ထိုင်စကား ပြောနေခဲ့ကြရာ၊ တယောက်က၊ 00:02:07.557 --> 00:02:09.466 "ခင်ဗျားသိလား၊ Joeဟာ အံ့အားသင့်စရာ ဒိုင်လူကြီးပဲ၊ 00:02:09.467 --> 00:02:12.253 သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူက ခေါ်ချင်သလို ခေါ်နိုင်တယ်။" 00:02:12.254 --> 00:02:14.929 နောက် ဒိုင်လူကြီးကျတော့၊ "မဟုတ်သေးပါဘူး၊ Joe ဟာ ပြောင်မြောက်တဲ့ ဒိုင်လူကြီးပါ။ 00:02:14.930 --> 00:02:18.127 သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူခေါ်ပုံက အဲဒါတွေကို မြင်နေရသလိုပါပဲ။" 00:02:18.128 --> 00:02:19.583 Joe ကိုယ်တိုင် ရောက်လာပြီး ပြောလိုက်တာက၊ "ခင်ဗျားတို့ နှစ်ယောက်စလုံး မှားတယ်။" 00:02:19.584 --> 00:02:23.304 "ကျွန်တော် သွင်းလိုက်တဲ့ ဘောလုံးရှိပေမဲ့ ကျွန်တော် မပြောမီ အဲဒါဘာမှ မဟုတ်သေးပါဘူး။" 00:02:23.305 --> 00:02:24.443 (ရယ်မောသံများ) 00:02:24.444 --> 00:02:28.155 သူက "သွင်းလိုက်ပြီ သုံးလုံး" ပြောလိုက်ရင် အဲဒါဟာ " သုံးလုံး ရိုက်သွင်းမှုပါပဲ"။ 00:02:28.156 --> 00:02:29.605 အခု မေးမယ့် မေးခွန်းက လူတိုင်းအတွက်ပါ 00:02:29.606 --> 00:02:31.779 လက်ထပ်ပြီးသူ၊ လက်မထပ်ရသေးသူ အတွက်ပါ။ 00:02:31.780 --> 00:02:32.886 မေးခွန်းက ရိုးရိုးလေးပါ- 00:02:32.887 --> 00:02:35.940 လက်ထပ်ပြီးသူ နဲ့ လက်မထပ်ရသေးသူ တို့အကြား ခြားနားချက် ရှိသလား? 00:02:37.190 --> 00:02:38.421 ရှိတာပေါ့။ 00:02:38.422 --> 00:02:42.472 ဥပဒေ အရရော၊ လူမှုရေးအရပါ၊ လိင်ဆက်ဆံမှု၊ စိတ်ခံစားမှု၊ ငွေရေးကြေးရေး ကွာခြားပါတယ်။ 00:02:42.473 --> 00:02:43.522 မတူကွဲပြားပါတယ်။ 00:02:43.523 --> 00:02:44.531 ဆက်မေးချင်တဲ့ မေးခွန်းက။ 00:02:44.532 --> 00:02:48.136 ကျွန်တော်တို့ဟာ လက်မထပ်ရသေးသူ ကနေပြီး ဘယ်လိုလုပ် လက်ထပ်သူ ဖြစ်လာကြတာလဲ? 00:02:48.137 --> 00:02:49.459 အဲဒါ ဘယ်လိုများ ဖြစ်လာနိုင်တာလဲ? 00:02:50.359 --> 00:02:52.336 တယောက်က တခုခု ပြောလိုက်တယ်။ 00:02:52.337 --> 00:02:54.177 အဲဒါနဲ့ အဲဒီအချိန်ကာလမှ ခြားနားသွားပြီ၊ 00:02:54.178 --> 00:02:56.966 ပြီးတော့ နည်းနည်းပါးပါး မဟုတ်ဘဲ တကယ့်ကို ခြားနားချက်ကြီးပါ။ 00:02:56.967 --> 00:02:59.406 ကျွန်တော်တို့ဟာ ကမ္ဘာကြီးအား ထုတ်ပြောဆိုကြရပါတယ်။ 00:02:59.906 --> 00:03:02.683 အမေရိက ပြည်ထောင်စု ဆိုတာကို ဘယ်လိုများ ဖန်တီးခဲ့ကြတာလဲ? 00:03:03.463 --> 00:03:06.625 ဝါရှင်တန် ဒီ၊ စီ၊ မြို့တော်ထဲက မော်ကွန်း ဌာနမှာဖွဲ့စည်းပုံ အခြေခံဥပဒေကြီ အပြင် 00:03:06.626 --> 00:03:07.975 ဘာတွေများ ရှိပါသေးလဲ? 00:03:07.976 --> 00:03:09.066 ကြေညာစားတမ်းကြီးပါပဲ။ 00:03:09.067 --> 00:03:11.575 နိုင်ငံတော်ရဲ့ ရပ်တည်မှုကို ကြေညာပေးလိုက်ပါတယ်။ 00:03:11.576 --> 00:03:13.631 အဲဒီနောက်မှာ လုပ်စရာတွေ ရှိခဲ့တာ အမှန်ပါပဲ။ 00:03:13.632 --> 00:03:16.601 ဒါပေမဲ့၊ ကြေညာစာတမ်းသာ မရှိခဲ့ရင် အဲဒီလို ဖြစ်လာခဲ့မှာ မဟုတ်ပါ။ 00:03:16.602 --> 00:03:19.551 ဒီလမ်းပေါ်က Jim's Auto Body Shop ကိုရော ဘယ်လို ဖန်တီးခဲ့တာလဲ? 00:03:20.391 --> 00:03:22.770 ပြီးတော့ အဲဒါ့အတွက် ဘယ်လို စည်းရုံးလုပ်ကိုင်ခဲ့ကြရတာလဲ? 00:03:23.180 --> 00:03:25.318 သူတို့ဟာလည်း ကြေညာမှုရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြတာပါ၊ 00:03:25.319 --> 00:03:28.616 Jim တင်မက၊ ကျွန်တော်တို့ကပါ သူတို့ရဲ့ ဖိုင်တွဲအခန်းထဲမှာ လေ့လာကြည့်ကြမယ်ဆိုရင်၊ 00:03:28.626 --> 00:03:31.078 "ကျွန်တော်တို့ အစုရှယ်ယာရှင် က၊ ခ၊ ဂ၊ တို့က 00:03:31.079 --> 00:03:34.729 ကြေညာလိုက်ကြသည်။ ဩဂုတ် ၁ ရက်နေ့ မှာ မရှိခဲ့ဘူး၊ ဩဂုတ် ၂ ရက်မှာ ပေါ်လာခဲ့တယ်။" 00:03:34.730 --> 00:03:37.923 ခေါင်းဆောင်တွေဟာ ထိထိရောက်ရောက် ဆွေးနွေးပြောဆိုဖို့ လခ ကောင်းကောင်း ရကြတယ်။ 00:03:38.673 --> 00:03:42.428 ခေါင်းဆောင်တွေကို ထိမရနိုင်ပေမဲ့ တကယ့်ကို ထက်မြက်တဲ့ အရာဖြစ်တဲ့ 00:03:42.429 --> 00:03:45.293 ကော်ပိုရေးရှင်း ယဉ်ကျေးမှုဆိုတာကို ပြုစုပျိုးထောင်ပေးကြကာ 00:03:45.294 --> 00:03:46.893 ထိန်းသိမ်းထားပေးတဲ့ သူတွေပါ၊ , 00:03:46.894 --> 00:03:50.027 ပေါက်ပြားတွေနဲ့ ဓာတ်မြေဩဇာတွေနဲ့ လုပ်ကြတာ မဟုတ်ဘဲ၊ 00:03:50.028 --> 00:03:53.798 သူတို့ ပြုလုပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ သူတို့ လိုအပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ 00:03:53.799 --> 00:03:57.032 သူတို့အဖွဲ့အစည်းထဲ ဆွေးနွေးမှုကို တားမြစ်ခြင်းဖြင့် ဆောင်ရွက်ကြတာပါ။ 00:03:58.002 --> 00:04:01.237 အဲဒီလို ဆွေးနွေးပြောဆိုမှုတွေဟာ ခုနကပြောတဲ့ ယဉ်ကျေးမုကို ပုံသွင်းပေးပါတယ်၊ 00:04:01.238 --> 00:04:05.947 အဲဒီယဉ်ကျေးမှုက လုပ်ငန်းခွင်ထဲက ဆွေးနွေးမှုတွေကို အကျိုးသက်ရောက်နိုင်လို့ပါ။ 00:04:06.537 --> 00:04:08.370 ကြောင်းကျိုးဆက်နွှယ်မှုဆိုတာ နှစ်မျိုး ရှိတတ်ပါတယ်။ 00:04:09.520 --> 00:04:11.334 အခုတော့ ကိုယ်ရေးကို ယူကြည့်ပါမယ်။ 00:04:11.335 --> 00:04:13.231 ခင်ဗျားတို့ဘဝထဲက လူတယောက်ကို စဉ်းစားကြည့်ပါ 00:04:13.232 --> 00:04:16.522 သိပ်ကို နီးစပ်ကာ၊ နက်ရှိုင်းလျက် သိပ်ကောင်းတဲ့ ဆက်ဆံမှု ရှိသူကိုပါ။ 00:04:17.402 --> 00:04:19.742 အဲဒီလူနဲ့ ခင်ဗျားရဲ့ စကားပြောဆိုမှုဟာ 00:04:19.743 --> 00:04:22.621 ရင်းနှီးတဲ့ အတွေ့အကြုံကို ဖန်တီးပါတယ်၊ 00:04:22.622 --> 00:04:27.527 စစ်မှန်တဲ့ ဝန်းကျင်မျိုးကို၊ ထိခိုက်လွယ်တဲ့ ခံစားမှုကို ဖန်တီးတာပါ၊ ဖေါ်ပြမှု မဟုတ်ပါ။ 00:04:28.531 --> 00:04:30.702 ခင်ဗျားတို့ရဲ့ အဲဒီလို ပြောဆိုမှုတွေ ပြောင်းလဲသွားတယ်ဆိုရင်၊ 00:04:31.462 --> 00:04:33.237 ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို ပြောင်းလဲပစ်လိုက်တာပါပဲ။ 00:04:33.867 --> 00:04:35.582 ခင်ဗျားတို့က အဲဒီလို ပြောဆိုမှုတွေ အဆုံးသတ်လိုက်ရင်၊ 00:04:36.342 --> 00:04:38.058 ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို အဆုံးသတ်လိုက်တာပါ။ 00:04:38.566 --> 00:04:41.422 လက်ထပ်ခြင်းကိစ္စဆီကို ပြန်သွားကြရအောင်၊ လက်ထပ်ပွဲ အများစုတို့ထဲမှာ 00:04:41.423 --> 00:04:44.472 "ဒီမှာ ရှိကြသူတွေထဲတွင် ဘယ်သူတို့ဟာ လက်မထပ်သင့်ဘူးလို့ ထင်သူ ရှိပါသလား? 00:04:44.473 --> 00:04:47.854 အခု ပြောပါ၊ ဒါမှမဟုတ်ရင် ငြိမ်းချမ်းစွာ ရှိနေကြပါစေ" 00:04:47.855 --> 00:04:49.718 ဆိုတဲ့ စကားလုံးမျိုးကို မေးလေ့ ရှိတတ်ပါတယ်။ 00:04:49.719 --> 00:04:51.387 ကျွန်တော် စိတ်ထင် ဒီလို ဖြစ်နိုင်ပါတယ်၊ 00:04:51.388 --> 00:04:54.375 တယောက်က ထရပ်လိုက်ကာ၊ "ကျွန်ုပ် ကန့်ကွက်ပါတယ်!" 00:04:54.376 --> 00:04:57.972 အဲဒါဟာ ဖေါ်ြပမှု မဟုတ်တော့ပါ၊ ထိုသူဟာ ဖန်တီးနေသူပါ။ (ရယ်မောသံများ) 00:04:57.973 --> 00:04:59.275 အဲဒါကို စဉ်းစားကြည့်ကြပါ။ 00:04:59.276 --> 00:05:02.071 ထိုသူဟာ ပရမ်းမတာ ဖြစ်အောင်၊ အကြပ်အတည်းဖြစ်အောင် လုပ်နေတာပါ၊ 00:05:02.072 --> 00:05:06.058 အဲဒီလိုနည်းဖြင့် ထိုသူဟာ လက်ထပ်သူနဲ့လည်း ဆက်ဆံရေး အသစ်ကို ဖန်တီးနေခြင်းပါပဲ။ 00:05:06.928 --> 00:05:08.492 အဲဒါကို စဉ်းစားကြည့်ကြပါ။ 00:05:08.493 --> 00:05:12.064 ပြီးတော့ ထိုသူဟာ လုံးဝအသစ်ဖြစ်တဲ့ ချောက်ထိုးသမား နာမည်ကို ရလာမှာ သေချာတယ်။ 00:05:12.065 --> 00:05:14.750 (ရယ်မောသံများ) 00:05:14.751 --> 00:05:17.113 ကျွန်တော်တို့ဟာ ဖေါ်ပြဖို့အတွက် ဘာသာစကားကို မသုံးကြဘူးလို့ ကျွန်တော် မဆိုလိုပါ။ 00:05:17.114 --> 00:05:20.022 ကျွန်တော်တို့ လုပ်ကြတာ အားလုံး အဲဒါဘဲ မဟုတ်တာကို ပြောနေတာပါ။ 00:05:21.452 --> 00:05:24.633 ဒီတော့ ကျွန်တော်တို့ လုပ်ကြတဲ့ အားလုံးထဲမှာ မပါတဲ့ အကြောင်းကို ပြောနေတာပါ။ 00:05:24.634 --> 00:05:26.479 သုံးသပ်ထိုက်တဲ့ အရာတွေပါပဲ။ 00:05:27.209 --> 00:05:29.218 နောက် သာဓက တခုပြပါဦးမယ်။ 00:05:29.219 --> 00:05:33.282 အားလုံး တချိန်လုံး ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ ကျွန်တော်တို့ နေထိုင်နေရတဲ့ ဒီခေတ်ထဲမှာ၊ 00:05:34.172 --> 00:05:38.671 တချိန်လုံး သင်ယူနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်ဟာ သေရေးရှင်ရေး အရေးကြီးလှတယ်။ 00:05:39.481 --> 00:05:43.707 အဲဒီလို သင်ယူနိုင်ဖို့အတွက် အံ့အားသင့်စရာ အကောင်းဆုံး မရှိမဖြစ်လိုအပ်တဲ့ အချက်က၊ 00:05:43.708 --> 00:05:46.212 ကျွန်တော်တို့ဟာ စက်ဘီးစီး သင်ချင်တာလား၊ 00:05:46.213 --> 00:05:49.486 ဆက်ဆံရေး တခုကို ပြန်ပြီး ထူထောင်ရေးကို၊ ဒါမှမဟုတ် ကုမ္ပဏီဦးဆောင်ရေးကို သင်ချင်လား၊ 00:05:49.487 --> 00:05:51.265 မရှိမဖြစ် လိုအပ်ချက်က ဘာသာစကား အဆင့်ပါ၊ 00:05:51.266 --> 00:05:54.216 သင်ယူလိုသူက စိတ်ထဲမှာဖြစ်စေ ကျယ်လောင်စွာဖြစ်စေ 00:05:54.217 --> 00:05:55.705 "ကျွန်တော် မသိဘူး။" ပြောမှုပါပဲ။ 00:05:57.687 --> 00:06:00.899 "ကျွန်တော် မသိဘူး။"ဆိုတဲ့ ကြေညာချက်က အခြေအနေ တခုခုကို ပြနေတာ မဟုတ်ပါ၊ 00:06:00.900 --> 00:06:02.277 အဲဒါဟာ တစုံတခုကို ထုတ်လုပ်လိုက်ပါတယ်။ 00:06:02.737 --> 00:06:05.237 အဲဒါက ထုတ်လုပ်ပေးလိုက်တာက သင်ယူမှုနဲ့ ဆက်နွှယ်နေပါတယ်၊ 00:06:05.238 --> 00:06:07.106 ရုပ်ပိုင်းအရ မဟုတ်ပေမဲ့၊ တကယ့်ကို ရှိတဲ့ အရာပါ။ 00:06:07.876 --> 00:06:10.997 ကျွန်တော်တို့ဟာ တခုခုကို စတင်ချင်ရင် စတင်လိုက်တာကို ကြေညာကြရပါတယ်။ 00:06:10.998 --> 00:06:12.668 ကျွန်တော်တို့ဟာ အဲဒါကို ထုတ်ပြောကြပါတယ်။ 00:06:12.669 --> 00:06:14.579 စောစောပိုင်းက ဒိုင်လူကြီးတွေလိုပါပဲ။ 00:06:16.069 --> 00:06:17.458 ဒီမှာ ရှိနေတဲ့လူတိုင်း ဒါကို သိကြမှာပါ၊ 00:06:17.459 --> 00:06:20.532 ဒီအခန်းထဲက ဘယ်သူကများ အားလုံးသိနှင့်နေလို့ ယူဆတဲ့ လူတွေကို တစုံတခု 00:06:20.533 --> 00:06:22.790 သင်ဖို့ ကြိုးစားခဲ့ဘူးပါသလဲ? 00:06:22.791 --> 00:06:24.995 သင်ယူဖို့ အတွက် အချိန် ဘယ်လောက် ကြာတတ်သလဲ? 00:06:25.495 --> 00:06:26.840 သိပ်မကြာပါ။ 00:06:26.841 --> 00:06:28.029 ဒီတော့ နံပါတ် တစ်အချက်က- 00:06:28.030 --> 00:06:31.254 ဘာသာစကားဟာ ဖေါ်ပြမှု သက်သက်မဟုတ်ဘဲ ဖန်တီးပါတယ်၊ ထုတ်လုပ်ပေးပါတယ်။ 00:06:31.255 --> 00:06:34.482 နံပါတ် နှစ်အချက်က- ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြရတာပါ။ 00:06:35.938 --> 00:06:37.564 ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြတာပါ။ 00:06:37.565 --> 00:06:39.621 ကောင်းပြီ၊ ခုနက ပြောလိုက်တာက ဘာကို ဆိုလိုတာပါလိမ့်? 00:06:39.622 --> 00:06:41.353 ကျွန်တော်ဟာ အဲဒါကို ဒီလို ပုံစံနဲ့ ပြောချင်တယ်။ 00:06:41.354 --> 00:06:44.871 ဒီအခန်းထဲမှာ ထိုင်နေကြတဲ့ သူတွေအထဲက အတွင်းပိုင်း အသံကလေး ရှိသူတွေက ဘယ်သူလဲ? 00:06:44.872 --> 00:06:47.081 အဲဒါက "ဒီလူ ဘာတွေ ပြောနေတောလဲ?" လို့ ဆိုနေပါလိမ့်မယ်။ 00:06:47.083 --> 00:06:48.625 ကျွန်တော် ပြောနေတာက အဲဒီအကြောင်းကိုမှပါ။ 00:06:48.626 --> 00:06:50.150 စကားရည်လုပွဲထဲ ပါဝင်တဲ့ လူတွေ ရှိကြလား? 00:06:50.151 --> 00:06:51.790 (ရယ်မောသံများ) 00:06:52.420 --> 00:06:55.369 ကျွန်တော် ကိုးကားညွှန်းပြီး ပြောရာတွင် အကြိုက်ဆုံးသူက Mark Twain ပါပဲ။ 00:06:55.370 --> 00:06:58.402 "ကျွန်တော်ဟာ အမြဲတမ်း စကားပြောဆိုနေတတ်တယ်။ 00:06:58.403 --> 00:07:00.484 တခါတလေ ဒီပြင်လူတွေလည်း ပါကြတယ်။"လို့ သူမိန့်ကြားခဲ့ဘူးတယ်။ 00:07:00.485 --> 00:07:02.531 (ရယ်မောသံများ) 00:07:02.532 --> 00:07:04.997 အဲဒါကို Mark Twain တင်မကပါ၊ ကျွန်တော်တို့ အားလုံး လုပ်ကြတာပါ။ 00:07:04.998 --> 00:07:06.163 ကျွန်တော်တို့ အားလုံးပါပဲ။ 00:07:06.164 --> 00:07:09.164 ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်နေကြရတော့ ဒီလို လုပ်ကြပါတယ်။ 00:07:09.165 --> 00:07:12.251 ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးတို့ဟာ တချိန်လုံး အရေးအခင်းတွေကို ရင်ဆိုင်ကြရတယ်။ 00:07:12.252 --> 00:07:15.004 အိမ်မှာ၊ အလုပ်မှာ၊ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ အရေးအခင်းတွေ ရှိတယ်၊ 00:07:15.005 --> 00:07:17.504 ကောလိပ်ထဲက အရေးအခင်းတွေ၊ ကမ်းခြေက အရေးအခင်းတွေ အရေးအခင်းတွေချည်းပါပဲ။ 00:07:17.505 --> 00:07:20.902 ဒီတော့ လူသားဖြစ်ကြတဲ့ ကျွန်တော်တို့က အရေးအခင်းတွေအကြောင်း ပုံပြင်တွေ ဖွဲ့ကြတယ်၊ 00:07:20.903 --> 00:07:22.714 အဲဒီပုံပြင်တွေဟာ မှန်ကန်တယ်လို့ ကျွန်တော်တို့ ထင်မှတ်ကြတယ်၊ 00:07:22.715 --> 00:07:24.654 အဲဒါတွေကို ရေးဖွဲ့ခဲ့ပုံကို ကျွန်တော်တို့ဟာ မေ့သွားတတ်ကြပါတယ်။ 00:07:24.655 --> 00:07:26.121 (ရယ်မောသံများ) 00:07:26.122 --> 00:07:29.000 ခုနက ကျွန်တော်က "ပုံပြင်"လို့ ပြောလိုက်တာ လုပ်ကြံ ပြောဆိုမှု၊ တမင်ကို တမျိုးကြံဖန် 00:07:29.001 --> 00:07:32.894 ပြောဆိုမှု ဒါမှမဟုတ် ကိုယ့်ကိုလှည့်ဖြားမှုကို ဆိုလိုတာ မဟုတ်ပါဘူး။ 00:07:32.895 --> 00:07:34.883 အဲဒါဟာ အဓိပ္ပါယ်ဖွင့်ဆိုမှု သက်သက်ပါ။ 00:07:34.884 --> 00:07:36.859 ကိုယ့်ရဲ့ ရှင်းလင်းချက်ပါ။ 00:07:36.860 --> 00:07:40.270 ဒီနေရာမှာ ကျွန်တော်တို့ အသေအချာ မှတ်မိနေရမှာက 00:07:40.271 --> 00:07:43.009 အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီခြင်းကိုပါပဲ။ 00:07:43.949 --> 00:07:46.541 အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီပါ။ 00:07:47.441 --> 00:07:48.495 ဥပမာ တခု- 00:07:48.496 --> 00:07:50.480 ခင်ဗျာ့ ကလေးဟာ ကျောင်းကနေ အိမ်ကို ပြန်လာတယ်၊ 00:07:50.481 --> 00:07:53.942 ခင်ဗျားရဲ့ မျက်လုံးများဆီ တည့်တည့်ကြည့်လျက် "ကျွန်တော် မိုက်လိုက်တာ။" 00:07:53.943 --> 00:07:56.510 "မင်းဘာကို ပြောနေတာလဲ?" "ကျွန်တော် မိုက်လိုက်တာ"ကဘာလဲ။ 00:07:56.511 --> 00:07:58.583 "မင်းဘာကို ပြောနေတာလဲ?" 00:07:58.584 --> 00:08:02.543 "ကျွန်တော် ကျွန်တော့ အင်္ဂလိပ်စာ စာပေးပွဲမှာ F ရခဲ့တယ်။" 00:08:02.564 --> 00:08:05.620 အဲဒီ ဥပမာ သေးသေးလေးထဲမှာ အရေးအခင်းက ဘာလဲ? 00:08:06.965 --> 00:08:08.088 စာမေးပွဲမှာ အမှတ် F ရမှုပါ။ 00:08:08.089 --> 00:08:10.360 အဲဒါ့အတွက် ရှင်းလင်းချက်က ဘာများလဲ? 00:08:10.361 --> 00:08:11.386 "ကျွန်တော် မိုက်လိုက်တာ" 00:08:11.387 --> 00:08:14.509 မေးခွန်းက အဲဒီကလေးဟာ အဲဒီလို စကားပြောဆိုမှု ထဲတွင် အကြာကြီး နေထိုင်နေရရင်၊ 00:08:14.510 --> 00:08:16.934 အဲဒါဟာ ဖေါ်ြပချက်လား၊ ဒါမှမဟုတ် ဖန်တီးချက်လား? 00:08:16.935 --> 00:08:18.507 အဲဒါဟာ ဖန်တီးချက်ပါ။ 00:08:18.508 --> 00:08:21.717 အခုတော့ ခုနက စားမေးပွဲ အမှတ် F ဆီမှ ပြန်လာလျက် ပိုကျယ်ပြန့်စွာ စဉ်းစားကြပါစို့။ 00:08:21.718 --> 00:08:26.315 ခင်ဗျားတို့က ဒီလောကကြီးထဲမှာ တကယ် လုပ်ဖြစ်တဲ့ လုပ်ရပ်တွေကို 00:08:26.316 --> 00:08:28.103 လက်တွေ့မှာ ပိုပြီး ဩဇာသက်ရောက်ခဲ့တာက 00:08:28.104 --> 00:08:31.144 ဘဝထဲက ဖြစ်ရပ်တွေလား ဒါမှမဟုတ် အဲဒီဖြစ်ရပ် များအား ရှင်းပြခဲ့ပုံတွေကများလား? 00:08:31.964 --> 00:08:33.409 ရှင်းပြပုံတွေ အရေးပါကြတာပါ။ 00:08:33.412 --> 00:08:35.916 ပြီးတော့ လောကကြီးထဲမှာ ကျွန်တော်တို့ လက်တွေ့ လုပ်ကိုင်ကြတာတွေသာမက၊ 00:08:35.917 --> 00:08:38.688 ကမ္ဘာပေါ်မှာ ရလဒ်များလို ခေါ်ကြတဲ့ အရာတချို့ကို ထုတ်လုပ်ကြပါသေးတယ်၊ 00:08:38.690 --> 00:08:41.395 မျက်နှာစာ အများအပြားနှင့် သက်ဆိုင်ကြတဲ့ ရလဒ်တွေပါ။ 00:08:42.075 --> 00:08:43.529 ဟုတ်ပါတယ်။ 00:08:43.530 --> 00:08:46.805 အဲဒါတွေ အတွက် ရှင်းပြချက်ကမှ စေ့ဆော်ချက်ပါ၊ ဖြစ်ရပ်တွေ မဟုတ်ကြပါ။ 00:08:47.525 --> 00:08:49.088 ဘယ် ဖြစ်ရပ်ကိုပဲ ယူကြည့်ကြည့်၊ 00:08:49.089 --> 00:08:51.405 ရှင်းပြချက်တွေ ဘယ်လောက်များ ရှိနိုင်ကြပါသဲ? 00:08:52.515 --> 00:08:53.827 မရေမတွက်နိုင်အောင် များနိုင်ပါတယ်။ 00:08:55.587 --> 00:08:57.279 ကျွန်ုပ်တို့ဟာ အကျင့် တခုကို ပြောင်းလဲပစ်နိုင်ကြမယ်ဆိုရင်ကော? 00:08:57.280 --> 00:09:01.121 ကျွန်တော်တို့ ဒါမှမဟုတ် အခြားသူတွေရဲ့ ရှင်းပြချက်ဟာ မှန်တယ်၊ မှားတယ်လို့ 00:09:01.122 --> 00:09:03.586 ချက်ချင်း ပြောလေ့ ရှိကြတဲ့ အကျင့်ကို ပြောင်းလဲနိုင်ကြမယ်ဆိုရင်ကော? 00:09:03.587 --> 00:09:07.171 "ကျွန်တော့ ရှင်းပြချက် မှန်တယ်၊ ခင်ဗျားဟာ မှားနေတယ်၊ ဒါ မှန်တယ်၊ ဟိုဟာ မှားတယ်။" 00:09:07.172 --> 00:09:08.857 ကျွန်တော်တို့ဟာ အဲဒါမျိုးကို ရပ်စဲပစ်လိုက်ကြကာ၊ 00:09:08.876 --> 00:09:12.290 အဲဒါအစား 'အားကောင်းတယ်- အားနည်းတယ်'ဆိုပြီး သုံးနှုံးကြမယ် ဆိုရင်ကော။ 00:09:12.291 --> 00:09:13.747 အဲဒီလိုဆိုရင် အဲဒါဟာ ဒီလို အသွင်မျိုး ဆောင်ပါမယ်- 00:09:13.748 --> 00:09:16.140 ခင်ဗျားရဲ့ ရှင်းလင်းချက်ဟာ၊ ခင်ဗျားက လိုချင်တဲ့ ရလဒ်ကို ကြည့်ပြောရင်၊ 00:09:16.141 --> 00:09:19.113 'အားကောင်းသလား- အားနည်းသလား? 00:09:20.523 --> 00:09:24.243 ကျွန်တော့ရဲ့ ရှင်းပြချက်ဟာ ကျွန်တော့ကို အကျိုးပြုလား အကျိုးမပြုဘူးလား၊ 00:09:24.244 --> 00:09:28.545 ကျွန်တော် ဖြစ်စေချင်တာကို ထည့်တွက်ပြီး၊ ဒါမှမဟုတ် လက်ရှိ အခြေအနေမျိုးထဲတွင်၊ 00:09:28.546 --> 00:09:30.333 လက်ရှိ ဆက်ဆံမှုထဲတွင် ပေါ့လေ? 00:09:30.334 --> 00:09:33.709 အမြဲတမ်းပဲ "ကျွန်တော် လိုချင်တဲ့ ရလဒ်တွေကို ထည့်တွက်ကြည့်ရင်" ဆိုတာ တွဲပြီး 00:09:33.741 --> 00:09:35.486 ပါရန်လိုပါတယ်၊ လေဟာနယ်ထဲမှာ မဟုတ်နိုင်ပါ။ 00:09:35.986 --> 00:09:37.901 လေဟာထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ပါ။ 00:09:37.902 --> 00:09:41.083 ကျွန်တော်တို့က အဲဒီလို လုပ်နေကြလို့ပါ။ 00:09:41.084 --> 00:09:42.514 အဲဒါကို လုံးဝသံသယ ရှိစရာ မရှိနိုင်ပါ။ 00:09:42.515 --> 00:09:43.998 ကျွန်တော်တို့ဟာ Mark Twain အတိုင်းပါပဲ။ 00:09:44.898 --> 00:09:48.157 ခင်ဗျားတို့ဟာ အဲဒီလို လုပ်နေလျက်သားနဲ့ ကိုယ့်ကိုယ်ကို မမြင်သူကို တွေ့ခဲ့ဖူးသလား? 00:09:48.158 --> 00:09:50.761 ဒါဟာ မိမိရဲ့ အသိစိတ်နှင့် ဆက်စပ်နေလို့ပါ။ 00:09:50.771 --> 00:09:52.970 ကျွန်တော်တို့က အဲဒီလို လုပ်ကြခြင်းက ပြဿနာ မဟုတ်ပါ။ 00:09:52.971 --> 00:09:55.461 ပြဿနာက ကျွန်တော်တို့ အဲဒီလို လုပ်နေကြတာကို မမြင်ကြခြင်းပါပဲ! 00:09:55.462 --> 00:09:59.237 အဲဒီလို လုပ်နေပေမဲ့ ကိုယ့်ကိုယ်ကို မမြင်သူဟာ ဒီလို ပုံစံမျိုး ရှိပါလိမ့်မယ်။ 00:09:59.238 --> 00:10:02.990 ဒီမှာ ခင်ဗျားတို့ အားလုံးကို တွေ့မြင်ရတာဟာ အံ့အားသင့်စရာပဲ၊ ရှင်းနေတဲ့ အချက်က 00:10:02.991 --> 00:10:05.878 ခင်ဗျားတို့အားလုံးဟာ ခင်ဗျားတို့ရဲ့ အသက်၊ လူမျိုး၊ လိင်၊ ငယ်စဉ်တုန်းက 00:10:05.879 --> 00:10:08.560 ခင်ဗျားတို့ ခရီးဘယ်လောက် ထွက်ခဲ့လဲ၊ ဒါမှမဟုတ် မထွက်ခဲ့ဘူးလား၊ 00:10:08.561 --> 00:10:10.994 ပြီးတော့ ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှု၊ ပညာရေး၊ နှင့် အလုပ်ဆိုင်ရာ နောက်ခံများ၊ 00:10:10.995 --> 00:10:14.396 လုပ်ငန်းအလိုက် ဆန်ခါတင်မှုတွေကြောင့် အရှိတရားကို လက်ခံမြင်ပုံ ကိုယ်စီ ဖြစ်ပါတယ်။ 00:10:14.397 --> 00:10:17.474 ကျွန်တော်ဟာ၊ အခြားတဘက်မှ ပြောရရင်၊ အာကာသ ထဲမှနေပြီး ကောင်းချီးမင်္ဂလာကို ရခဲ့သူပါ၊ 00:10:17.475 --> 00:10:19.695 တနည်းနည်းနဲ့ မွေးလာခဲ့လို့ ခုနက ပြောခဲ့တဲ့ အနှောင်အဖွဲ့တွေ မရှိခဲ့ဘူး၊ 00:10:19.696 --> 00:10:21.490 ခင်ဗျားတို့ အားလုံးကို ဝန်းရံလျက် ရှိနေတဲ့ သိမြင်မှု၊ စိတ်ခံစားမှု၊ ယဉ်ကျေးမှုဆိုင်ရာ 00:10:21.491 --> 00:10:23.894 ဆန်ခါတင်မှု ဝန်ကို မခံခဲ့ရဘူးလို့ ပြောနိုင်ပါတယ်။ 00:10:23.895 --> 00:10:26.179 ကျွန်တော့ မျက်လုံးတွေဟာ သန့်စင် ကြည်လင် ပြတ်သားလျက် ရှိနေကြလို့၊ 00:10:26.180 --> 00:10:28.589 ကျွန်တော်ဟာ သဘာဝ အရှိတရားကို ပကတိ အာကာသ ရှုဒေါင့်မျိုးမှ 00:10:28.590 --> 00:10:31.576 ဓမ္မဓိဌာန်ကျကျ ကြည့်ရှု မြင်ခွင့်ကို ပေးကြပါတယ်။ 00:10:31.577 --> 00:10:32.726 ကျွန်တော့ကို အဲဒီလို မွေးခဲ့လျက် ခုနက ပြောခဲ့တဲ့ ကောင်းချီး မင်္ဂလာကို 00:10:32.727 --> 00:10:35.534 ချီးမြှင့်ခဲ့ခြင်းဟာ ကျွန်တော့အတွက် တကယ့် ကံကောင်းမှုကြီးပဲ မဟုတ်ပါကလား? 00:10:35.535 --> 00:10:37.268 (ရယ်မောသံများ) (လက်ခုပ်တီးသံများ) 00:10:41.262 --> 00:10:42.988 ဒီနေရာမှာ အလုပ်ရုံ တခုမှာ ဖြစ်ခဲ့တာကို ပြောပြချင်တယ်၊ 00:10:42.989 --> 00:10:45.351 လူတယောက်က ကျွန်တော့ နောက် အခန်းထဲမှာ ရပ်နေရင် ပြောလိုက်တာက၊ 00:10:45.352 --> 00:10:48.789 "အကို၊ အကို၊ တကယ်ပဲ ဖြစ်လာပြီ! ကျွန်တော့ကို နားလည်တဲ့ လူက ပြောလိုက်တာပါ!" (ရယ်မောသံများ) 00:10:48.790 --> 00:10:51.765 "ဒီလို ကောင်းချီးမင်္ဂလာ ဝန်ပိနေတာ တယောက်တည်းလို့ ထင်နေခဲ့တာ! 00:10:51.766 --> 00:10:54.050 ဓမ္မဓိဌာန်ကျကျ မြင်နိုင်သူ ကျွန်တော် တယောက်တည်းပဲ!" 00:10:56.386 --> 00:10:59.083 လူတိုင်းလူတိုင်းဟာ ဘယ်အရာကိုမဆို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖွင့်ဆိုကြတာချည်းပါပဲ 00:10:59.084 --> 00:11:00.526 ခြွင်းချက် မရှိပါဘူး။ 00:11:00.527 --> 00:11:01.932 ကျွန်တော့ ဆရာသမား တယောက် မိန့်ကြားခဲ့ဘူးတာက၊ 00:11:01.933 --> 00:11:05.007 "မိန့်ကြားချက်တိုင်းကို တယောက်ယောက်က ပြောခဲ့တာချင်းပါပဲ"တဲ့။ 00:11:06.497 --> 00:11:08.466 (ရယ်မောသံများ) 00:11:08.467 --> 00:11:09.582 အဲဒါကို စဉ်းစားကြည့်ကြပါ။ 00:11:09.583 --> 00:11:11.726 တနေရာရာမှာ မွေးလာခဲ့သူဟာ၊ 00:11:11.727 --> 00:11:14.463 ယဉ်ကျေးမှု တခုခုထဲ၊ ခေတ်ကာလ တခုခုထဲတွင်၊ 00:11:14.464 --> 00:11:16.657 လူသားတွေ ဝန်းရံလျက် ပျိုးထောင် ပြုစုခဲ့ကြတာ ဖြစ်ပါမယ်၊ 00:11:16.658 --> 00:11:19.495 အဲဒီလူ တဦးချင်းဆီမှာ ကျွန်တော်တို့ အားလုံးလိုပဲ၊ စံနှုန်းတွေ၊ အမှတ်အသားတွေ၊ 00:11:19.496 --> 00:11:21.787 တန်ဖိုးတွေ၊ လုပ်ကိုင်နည်းတွေ၊ အတွေ့အကြုံတွေ၊ စိတ်နေစိတ်ထားတွေ ကိုယ်စီ ရှိခဲ့ကြမှာပါ။ 00:11:22.487 --> 00:11:25.162 ဒါပေမဲ့ ခင်ဗျားတို့ အားလုံး သိထားရမယ့် အကျိုးအကြောင်း ဆက်စပ်နေမှုက- 00:11:25.163 --> 00:11:29.994 ခင်ဗျားတို့ဟာ ဒီလို လုပ်နေတာကို၊ ရှင်းပြချက်တွေ ထုတ်ပြန်နေတာကို၊ 00:11:29.995 --> 00:11:32.089 တချို့သူတွေကျတော့ ဘယ်လိုပဲ လုပ်ကိုင်နေကြစေကာမူ၊ 00:11:32.090 --> 00:11:34.703 သူတို့ လိုချင်ကြတဲ့ အရေးကြီးတဲ့ ရလဒ်တွေ ဖြစ်ထွန်းမလာဘူးဆိုရင်၊, 00:11:34.704 --> 00:11:38.264 အဲဒီလို သူတွေအတွက် ပိုပြီး အားကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုနည်းကို ကမ်းလှမ်းမှုဟာ 00:11:38.265 --> 00:11:40.399 ဘယ်လိုမှ အကျိုးမထူးနိုင်ပါ။ 00:11:40.400 --> 00:11:42.319 အဲဒါဟာ အဲဒီလိုသူတွေရဲ့ ရေဒါ မျက်နှာပြင် ဘေးမှ ဖြတ်ကျော်သွားမှာပါ၊ 00:11:42.320 --> 00:11:44.581 ဘာဖြစ်လို့လဲဆိုတော့၊ ခင်ဗျားတို့က အခုဘာလုပ်နေမှန်း မသိဘူးဆိုရင်၊ 00:11:44.582 --> 00:11:46.434 မြှင့်တင်စရာရယ်လို့ ဘာမှ မရှိနိုင်လို့ပါ။ 00:11:47.504 --> 00:11:51.036 ခင်ဗျားတို့က တကယ့်လုပ်နိုင်ခဲ့ကြတာက စားပွဲမှ ထပြီး ထွက်လာခဲ့ကြတယ်၊ 00:11:51.037 --> 00:11:52.838 တကယ့်ကို အံ့အားသင့်စရာ မင်္ဂလာ ဆုံးဖြတ်ချက်ပါပဲ။ 00:11:52.839 --> 00:11:54.240 အဲဒီလို အဆင့်မျိုးမှာ ဝင်ပြီး စွက်ဖက်မယ်ဆိုရင် 00:11:54.241 --> 00:11:56.430 ခင်ဗျားတို့ဟာ ခင်ဗျားဆိုတဲ့ အထဲမှာ လက်တွေ့ အပြောင်းအလဲကို လုပ်နိုင်မှာပါ။ 00:11:56.431 --> 00:11:58.644 ကျွန်တော်တို့ဟာ ငါးတွေ ရေထဲ ကျင်လည်နေသလို ဘာသာစကားထဲမှာ ကျင်လည်နေကြရတာပါ။ 00:11:58.645 --> 00:12:01.568 ငါးဆိုတာ ရေထဲတွင် မွေးလာရတာ၊ ရေထဲမှာ နေထိုင်နေရတာပါ၊ ရေ၊ ရေ၊ ရေ။ 00:12:01.569 --> 00:12:05.919 မေးစရာက ငါးဟာ ရေထဲတွင် မွေးခဲ့ရကာ နေထိုင်နေရတာကို ဘယ်တော့မှာ သိလာမလဲ? 00:12:05.920 --> 00:12:08.108 အဲဒါကို ငါးဟာ ဘယ်တော့ သိလာရမလဲ? 00:12:08.109 --> 00:12:09.899 ငါးကို ရေထဲကနေပြီး ထုတ်ယူလိုက်တဲ့ အခါမှာပါ။ 00:12:09.900 --> 00:12:13.912 ကျွန်တော်တို့ဟာ ဘာသာစကားထဲ မွေးလာကြတယ်၊ နေထိုင်ကြတယ်၊ ဘယ်သွားသွား ဘာသာစကားချည်းပဲ။ 00:12:13.913 --> 00:12:16.465 ဒီနေ့ ကျွန်တော် အားထုတ်နေတာက နေရာတခုကို ဖန်တီးကြမယ်၊ 00:12:16.466 --> 00:12:20.541 အဲဒီမှာ ဘာသာစကားထဲ နေထိုင်ကြမယ့် အစား ၎င်းကို သုံးသပ်ကြမယ်၊ 00:12:20.542 --> 00:12:24.251 အဲဒီလို ကျွန်တော်တုို့ဟာ ဘာသာစကားနဲ့ ပတ်သက်လာရင် ပိုပြီး အသိစိတ်နဲ့ လုပ်ကိုင်မယ်၊ 00:12:24.252 --> 00:12:26.639 ပြီးတော့ ဘာသာစကားလို့ ကျွန်တော်တို့ ခေါ်တဲ့ တီထွင်ရေး ထုတ်လုပ်ရေး စွမ်းပကားကို 00:12:26.640 --> 00:12:31.295 ပိုပြီး သိရှိနားလည်လျက် ပိုပြီးအကျိုးရှိရှိ အသုံးချလာကြဖို့ပါပဲ။ 00:12:32.027 --> 00:12:36.061 ကျွန်တော်တို့ဟာ၊ လူတိုင်းဟာ၊ ပုံပြင်များ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ ရှင်းပြချက်များ 00:12:36.062 --> 00:12:39.086 ယုံကြည်ချက်များဆိုတဲ့ ရဲ့ သမုဒ္ဒရာထဲတွင် ရေကူးနေကြသူတွေ ဖြစ်ကြလျက်၊ 00:12:39.087 --> 00:12:40.929 ဘာသာစကား ဆိုတာထဲတွင် နေထိုင်နေကြတာပါ၊ 00:12:40.930 --> 00:12:45.232 ပြီးတော့ လူအများစုဆိုရင် ဘာသာစကားကို ကျွန်တော်တို့ ဖန်တီးခဲ့တာကို မေ့နေကြပြီ။ 00:12:46.112 --> 00:12:50.027 လူတိုင်းဟာ၊ ပုံပြင်များ၊ ဖွင့်ဆိုချက်များ၊ ရှင်းပြချက် နဲ့ ယုံကြည်ချက် တချို့တို့ဟာ 00:12:50.028 --> 00:12:54.081 ကျွန်တော်တို့ သွားချင်တဲ့ဆီကို ဒီနေ့ ဒါမှမဟုတ် နက်ဖြန်တွင် 00:12:54.082 --> 00:12:56.551 ခေါ်မသွားနိုင်တာ လုံးဝ သေချာပါတယ်။ 00:12:57.211 --> 00:12:59.763 ကျွန်တော်တို့ဟာ စတင် တီထွင်ပေးခဲ့သူ ဖြစ်ကြတာကို မေ့နေကြသလိုပဲ၊ 00:13:00.803 --> 00:13:04.604 ကျွန်တော်တို့ဟာ ၎င်းကို ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်း၊ မေ့ပစ်ရေး 00:13:04.605 --> 00:13:08.342 လုပ်ပိုင်ခွင့် နဲ့ အာဏာတွေ ကျွန်တော်တို့မှာ ရှိနေတာကိုလည်း မေ့သွားကြပါပြီ။ 00:13:09.480 --> 00:13:12.688 ဒီတော့ နံပါတ် တစ်က - ဘာသာစကားဆိုသည်မှာ ဖန်တီးနိုင်၊ ထုတ်လုပ်နိုင်ပါတယ်။ 00:13:12.689 --> 00:13:15.424 ပြီးတော့၊ နံပါတ် နှစ်က- ကျွန်တော်တို့ဟာ ဘာသာစကား စံနှုန်းများထဲ နေထိုင်ကြပါတယ်၊ 00:13:15.425 --> 00:13:18.470 ကျွန်တော်တို့ဟာ အစဉ်ပဲ တခုခုကို ဖန်တီး သို့မဟုတ် ထုတ်လုပ်နေကြပါတယ်၊ 00:13:19.640 --> 00:13:22.679 အဲဒါဟာ ကျွန်တော်တို့ လိုချင်တာမျိုး ဟုတ်တာ မဟုတ်တာပဲ ရှိနိုင်ပါတယ်။ 00:13:23.959 --> 00:13:29.059 ကျွန်တော်တို့က ဘဝထဲ အများဆုံး ရှာကြံတာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ၊ ရှိလိုတာ ဘာများလဲ? 00:13:30.729 --> 00:13:34.654 အဲဒီလို မေးခွန်းများအတွက် ခင်ဗျားရဲ့ အဖြေက ဘယ်လိုပဲ ဖြစ်စေကာမူ၊ 00:13:34.655 --> 00:13:39.579 ဒီနေ့ ခင်ဗျားတို့ကို ပြန်သတိရစေလိုတာက ကိုယ့်ကိုယ်ကို ကမ္ဘာကြီးအား ထုတ်ပြောကြပါ။ 00:13:40.501 --> 00:13:43.918 ကျွန်တော်တို့ဟာ လူသားဖြစ်ကြတာ မဟုတ်ပဲ၊ လူသား ဖြစ်လာနေကြတာပါ။ 00:13:44.942 --> 00:13:46.062 ကျွန်တော်တို့ ဖြစ်လာနေကြတာပါ။ 00:13:46.063 --> 00:13:51.242 ဘယ်လိုမှ မဆုံးနိုင်တဲ့ သင်ယူကြီးပြင်းရေး၊ ဆင့်ကဲဖြစ်ထွန်းလာမှု ဆိုတဲ့ ကခုန်မှုထဲတွင်၊ 00:13:51.243 --> 00:13:54.755 ဘာသာစကားကို အဲဒီလို နားလည်မှုဟာ၊ ကိုယ့်ကိုယ်ကို အဲဒီလို နားလည်မှုဟာ 00:13:54.756 --> 00:13:57.159 အကောင်းဆုံး အထိုက်တန်ဆုံးပဲ ဖြစ်ကာ၊ 00:13:57.160 --> 00:13:58.677 သော့ချက်ကြီးပါပဲ။ 00:14:00.107 --> 00:14:04.659 ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ကြားလိုပါတယ်၊ ခင်ဗျားတို့ ဒီကနေ ထွက်သွားကြတဲ့ အခါမှာ၊ 00:14:04.660 --> 00:14:10.111 ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကို လေ့လာရာတွင်၊ ဘာသာစကား ဆိုင်ရာ ခင်ဗျားတို့ အမြင်ကို၊ 00:14:10.112 --> 00:14:13.952 ခင်ဗျားတို့ရဲ့ ဘဝအတွက် ခင်ဗျားတို့ ကိုယ်တိုင် ဖန်တီးနိုင်သူ ဖြစ်တယ်ဆိုတဲ့ 00:14:13.953 --> 00:14:16.802 ပိုပြီး မြင့်မားတဲ့ အသိစိတ်မျိုးဖြင့် နေထိုင်ကြရန် စိန်ခေါ်လိုပါတယ်။ 00:14:16.803 --> 00:14:18.193 (လက်ခုပ်တီးသံများ) 00:14:19.293 --> 00:14:20.692 ကျေးဇူးတင်ပါတယ်။ 00:14:20.693 --> 00:14:22.053 (လက်ခုပ်တီးသံများ)