1 00:00:08,375 --> 00:00:10,981 ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ကမ္ဘာကြီးအား ထုတ်ပြောကြပါတယ်။ 2 00:00:10,982 --> 00:00:14,497 ကျွန်တော်တို့ ပြောင်းလဲမှုတွေ အကြောင်းကို ပြောကြသလို မပြောဘဲလည်း နေနိုင်ကြတယ်။ 3 00:00:15,162 --> 00:00:19,367 အလားအလာ အသစ်တွေ၊ ပြီးတော့ ကျွန်တော်တို့ အတွက်ရလဒ်အသစ် အကြောင်း ဖြစ်နိုင်ပါတယ်။ 4 00:00:20,000 --> 00:00:22,152 TED ဟာ ဖြန့်ဝေဖို့ ကောင်းတဲ့ အတွေးအခေါ်တွေ အကြောင်းပါ၊ 5 00:00:22,153 --> 00:00:25,611 ဒါပေမဲ့ ၎င်းဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သတိပေးဖို့ရမယ့် အတွေးအခေါ် ပါဖြစ်တယ်လို့ 6 00:00:25,612 --> 00:00:27,744 ကျွန်တော် ယူဆပါတယ်၊ ဒီနေ့ပြောမှာက အဲဒီ အကြောင်းပါ။ 7 00:00:27,745 --> 00:00:29,722 ကျွန်တော်တို့ တော်တော်များများက သိကြတယ်၊ သိခဲ့ကြတယ်၊ ဒါပေမဲ့၊ 8 00:00:29,723 --> 00:00:32,803 တဖြည်းဖြည်းနဲ့ အဲဒါကို မေ့သွားခဲ့ကြတဲ့ အကြောင်း တခုပါ။ 9 00:00:33,253 --> 00:00:35,500 တကယ်တော့ အဲဒါကို မေ့လွယ်ပါတယ်၊ 10 00:00:35,501 --> 00:00:38,004 ကျွန်တော်တို့က အဲဒါကို နဖူးတွေ့ ဒူးတွေ့ မမြင်ကြရလို့ပါ၊ 11 00:00:38,005 --> 00:00:39,637 သိပ်ကို ထင်ရှားလွန်းလို့ ကျွန်တော်တို့ မေ့သွားနိုင်ကြပါတယ်။ 12 00:00:39,638 --> 00:00:41,743 ဒီနေ့ ကျွန်တော်က ခင်ဗျားတို့ကို တင်ပြချင်တာက 13 00:00:41,744 --> 00:00:45,620 ခင်ဗျားတို့ကို ပြန်ပြီး မိတ်ဆက်ပေးချင်တဲ့ ပြန်ပြီး သတိပေးချင်တဲ့ အတွေးအခေါ်က 14 00:00:45,621 --> 00:00:48,262 - အဲဒီမှာ ဒင်္ဂါးစေ့လိုပဲ တူညီတဲ့ ဘက်နှစ်ဘက် ရှိပါတယ်၊ 15 00:00:48,263 --> 00:00:50,740 အားကောင်းလှတဲ့ တခုတည်းသော အတွေးအခေါ်ရဲ့ ဘက်နှစ်ဘက်ကိုပါ၊ 16 00:00:50,741 --> 00:00:53,488 ပြီးတော့ ခင်ဗျားတို့ အနေနဲ့ ဒီနေ့ဒီကနေပြီး ထွက်သွားကြတဲ့ အခါမှာ 17 00:00:53,489 --> 00:00:56,072 အဲဒါကို ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ပိုပြီး အသိစိတ်ပါပါ 18 00:00:56,073 --> 00:00:59,403 ရည်ရွယ်ချက်ဖြင့် ကျင့်သုံးကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ 19 00:01:00,003 --> 00:01:01,740 ဒီခန်းမကြီးထဲ ထိုင်နေကြတဲ့ လူတွေအားလုံးကို မေးလိုပါတယ်၊ 20 00:01:01,741 --> 00:01:03,957 "ဘာသာစကား ဆိုတာ ဘာလဲ? ဘာသာစကားဟာ ဘာ့အတွက်လဲ?" 21 00:01:03,958 --> 00:01:06,379 အဲဒါကို ဧရာမ အများစုက ဘယ်လိုများ ဖြေကြမယ် ထင်ပါသလဲ? 22 00:01:07,179 --> 00:01:09,626 ဆက်သွယ်ပြောဆိုဖို့ ကိရိယာ တခု ဒါမှမဟုတ် အဲဒါမျိုးဆန်ဆန်ပါ။ 23 00:01:09,627 --> 00:01:12,262 အဲဒါဟာ လူတွေအားလုံး လက်ခံထားတဲ့ အတွေးအခေါ်ဖြစ်တယ်၊ 24 00:01:12,263 --> 00:01:14,371 ဒါမှမဟုတ် ဘာသာစကားကို နားလည်မှုလည်း ဖြစ်နိုင်ပါတယ်၊ 25 00:01:14,372 --> 00:01:16,619 လူအများစုက အဲဒါကို အတွေးအခေါ် တခုရယ်လို့ မြင်ကို မမြင်ကြပါ။ 26 00:01:16,620 --> 00:01:20,952 ကျွန်တော်တို့ဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အချက်တချက် အဖြစ် မြင်ကြပါတယ်။ 27 00:01:20,953 --> 00:01:25,529 ကျွန်တော် ကမ်းလှမ်းချင်တာက - ဘာသာစကားဟာ ကိရိယာ တခုဖြစ်ရင်၊ အဲဒါကို ချပစ်မရနိုင်ပါ။ 28 00:01:25,530 --> 00:01:27,728 ကျွန်တော်တို့က ပိုပြီး နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင်၊ 29 00:01:27,729 --> 00:01:31,005 ကျွန်တော်တို့ဟာ ဘာသာစကားဖြင့် တော်တော်များများကို လုပ်ကိုင်ကြပါတယ်၊ 30 00:01:31,006 --> 00:01:34,080 ဆက်သွယ်ပြောဆိုမှု နဲ့ ဖေါ်ပြမှုထက် များစွာ ပိုပါတယ်။ 31 00:01:34,081 --> 00:01:35,284 ဒီတော့ နံပါတ်တစ် အချက်က- 32 00:01:35,285 --> 00:01:38,901 ဘာသာစကားဟာ ဖေါ်ပြမှုသက်သက် မကဘဲ ဖန်တီး ထုတ်လွင့်ပေးတတ်ပါတယ်။ 33 00:01:39,541 --> 00:01:42,674 ဥပမာ တချို့- ခင်ဗျားတို့ရဲ့ ဘဝထဲက အချိန်ကာလ တခုခုကို စဉ်းစားကြည့်ကြပါ၊ 34 00:01:42,675 --> 00:01:45,020 ခင်ဗျားတို့က "ဟုတ်ကဲ့"လို့ ပြောခဲ့ရတဲ့ အချိန်မျိုးပါ။ 35 00:01:45,021 --> 00:01:46,520 ပြောခဲ့ရတဲ့ အခါတိုင်းကိုပါ။ 36 00:01:46,521 --> 00:01:49,281 အခု စဉ်းစားဖို့လိုတာက - အကြိမ်တိုင်းမှာ ခင်ဗျားတို့က မဟုတ်လို့ ဖြေခဲ့ရင်၊ 37 00:01:49,282 --> 00:01:51,003 ခင်ဗျားတို့ရဲ့ ဘဝဟာ တမျိုး ပြောင်းသွားခဲ့မှာလား? 38 00:01:51,773 --> 00:01:53,494 ခင်ဗျားတို့ဟာ ဒီမှာ ထိုင်နေကြမှာ မဟုတ်ပါဘူး။ 39 00:01:53,495 --> 00:01:56,482 ဟုတ်ကဲ့လို့ ပြောလိုက်ရုံနဲ့ ခင်ဗျားတို့ အားလုံးကမ္ဘာကြီးထဲမှာ လှုပ်ရှားနေခဲ့ကြတယ်၊ 40 00:01:56,501 --> 00:01:59,002 တံခါးတချို့ ပွင့်လာခဲ့ကြတယ်၊ တံခါး တချို့ ပိတ်သွားခဲ့ကြတယ် စသဖြင့်ပေါ့လေ။ 41 00:01:59,003 --> 00:02:00,639 ဒီတော့ အဲဒါဟာ ဖေါ်ပြမှု သက်သက် မဟုတ်တော့ပါ။ 42 00:02:00,640 --> 00:02:03,238 ဘာသာစကားရဲ့ ဖန်တီးနိုင်စွမ်း အကြောင်း လှပတဲ့ အဖြစ်အပျက် တခုက 43 00:02:03,239 --> 00:02:04,500 ဘေ့စ်ဘော ဖြစ်ရပ် တခုပါ။ 44 00:02:04,501 --> 00:02:07,556 ဒိုင်လူကြီး နှစ်ယောက်တို့ ထိုင်စကား ပြောနေခဲ့ကြရာ၊ တယောက်က၊ 45 00:02:07,557 --> 00:02:09,466 "ခင်ဗျားသိလား၊ Joeဟာ အံ့အားသင့်စရာ ဒိုင်လူကြီးပဲ၊ 46 00:02:09,467 --> 00:02:12,253 သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူက ခေါ်ချင်သလို ခေါ်နိုင်တယ်။" 47 00:02:12,254 --> 00:02:14,929 နောက် ဒိုင်လူကြီးကျတော့၊ "မဟုတ်သေးပါဘူး၊ Joe ဟာ ပြောင်မြောက်တဲ့ ဒိုင်လူကြီးပါ။ 48 00:02:14,930 --> 00:02:18,127 သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူခေါ်ပုံက အဲဒါတွေကို မြင်နေရသလိုပါပဲ။" 49 00:02:18,128 --> 00:02:19,583 Joe ကိုယ်တိုင် ရောက်လာပြီး ပြောလိုက်တာက၊ "ခင်ဗျားတို့ နှစ်ယောက်စလုံး မှားတယ်။" 50 00:02:19,584 --> 00:02:23,304 "ကျွန်တော် သွင်းလိုက်တဲ့ ဘောလုံးရှိပေမဲ့ ကျွန်တော် မပြောမီ အဲဒါဘာမှ မဟုတ်သေးပါဘူး။" 51 00:02:23,305 --> 00:02:24,443 (ရယ်မောသံများ) 52 00:02:24,444 --> 00:02:28,155 သူက "သွင်းလိုက်ပြီ သုံးလုံး" ပြောလိုက်ရင် အဲဒါဟာ " သုံးလုံး ရိုက်သွင်းမှုပါပဲ"။ 53 00:02:28,156 --> 00:02:29,605 အခု မေးမယ့် မေးခွန်းက လူတိုင်းအတွက်ပါ 54 00:02:29,606 --> 00:02:31,779 လက်ထပ်ပြီးသူ၊ လက်မထပ်ရသေးသူ အတွက်ပါ။ 55 00:02:31,780 --> 00:02:32,886 မေးခွန်းက ရိုးရိုးလေးပါ- 56 00:02:32,887 --> 00:02:35,940 လက်ထပ်ပြီးသူ နဲ့ လက်မထပ်ရသေးသူ တို့အကြား ခြားနားချက် ရှိသလား? 57 00:02:37,190 --> 00:02:38,421 ရှိတာပေါ့။ 58 00:02:38,422 --> 00:02:42,472 ဥပဒေ အရရော၊ လူမှုရေးအရပါ၊ လိင်ဆက်ဆံမှု၊ စိတ်ခံစားမှု၊ ငွေရေးကြေးရေး ကွာခြားပါတယ်။ 59 00:02:42,473 --> 00:02:43,522 မတူကွဲပြားပါတယ်။ 60 00:02:43,523 --> 00:02:44,531 ဆက်မေးချင်တဲ့ မေးခွန်းက။ 61 00:02:44,532 --> 00:02:48,136 ကျွန်တော်တို့ဟာ လက်မထပ်ရသေးသူ ကနေပြီး ဘယ်လိုလုပ် လက်ထပ်သူ ဖြစ်လာကြတာလဲ? 62 00:02:48,137 --> 00:02:49,459 အဲဒါ ဘယ်လိုများ ဖြစ်လာနိုင်တာလဲ? 63 00:02:50,359 --> 00:02:52,336 တယောက်က တခုခု ပြောလိုက်တယ်။ 64 00:02:52,337 --> 00:02:54,177 အဲဒါနဲ့ အဲဒီအချိန်ကာလမှ ခြားနားသွားပြီ၊ 65 00:02:54,178 --> 00:02:56,966 ပြီးတော့ နည်းနည်းပါးပါး မဟုတ်ဘဲ တကယ့်ကို ခြားနားချက်ကြီးပါ။ 66 00:02:56,967 --> 00:02:59,406 ကျွန်တော်တို့ဟာ ကမ္ဘာကြီးအား ထုတ်ပြောဆိုကြရပါတယ်။ 67 00:02:59,906 --> 00:03:02,683 အမေရိက ပြည်ထောင်စု ဆိုတာကို ဘယ်လိုများ ဖန်တီးခဲ့ကြတာလဲ? 68 00:03:03,463 --> 00:03:06,625 ဝါရှင်တန် ဒီ၊ စီ၊ မြို့တော်ထဲက မော်ကွန်း ဌာနမှာဖွဲ့စည်းပုံ အခြေခံဥပဒေကြီ အပြင် 69 00:03:06,626 --> 00:03:07,975 ဘာတွေများ ရှိပါသေးလဲ? 70 00:03:07,976 --> 00:03:09,066 ကြေညာစားတမ်းကြီးပါပဲ။ 71 00:03:09,067 --> 00:03:11,575 နိုင်ငံတော်ရဲ့ ရပ်တည်မှုကို ကြေညာပေးလိုက်ပါတယ်။ 72 00:03:11,576 --> 00:03:13,631 အဲဒီနောက်မှာ လုပ်စရာတွေ ရှိခဲ့တာ အမှန်ပါပဲ။ 73 00:03:13,632 --> 00:03:16,601 ဒါပေမဲ့၊ ကြေညာစာတမ်းသာ မရှိခဲ့ရင် အဲဒီလို ဖြစ်လာခဲ့မှာ မဟုတ်ပါ။ 74 00:03:16,602 --> 00:03:19,551 ဒီလမ်းပေါ်က Jim's Auto Body Shop ကိုရော ဘယ်လို ဖန်တီးခဲ့တာလဲ? 75 00:03:20,391 --> 00:03:22,770 ပြီးတော့ အဲဒါ့အတွက် ဘယ်လို စည်းရုံးလုပ်ကိုင်ခဲ့ကြရတာလဲ? 76 00:03:23,180 --> 00:03:25,318 သူတို့ဟာလည်း ကြေညာမှုရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြတာပါ၊ 77 00:03:25,319 --> 00:03:28,616 Jim တင်မက၊ ကျွန်တော်တို့ကပါ သူတို့ရဲ့ ဖိုင်တွဲအခန်းထဲမှာ လေ့လာကြည့်ကြမယ်ဆိုရင်၊ 78 00:03:28,626 --> 00:03:31,078 "ကျွန်တော်တို့ အစုရှယ်ယာရှင် က၊ ခ၊ ဂ၊ တို့က 79 00:03:31,079 --> 00:03:34,729 ကြေညာလိုက်ကြသည်။ ဩဂုတ် ၁ ရက်နေ့ မှာ မရှိခဲ့ဘူး၊ ဩဂုတ် ၂ ရက်မှာ ပေါ်လာခဲ့တယ်။" 80 00:03:34,730 --> 00:03:37,923 ခေါင်းဆောင်တွေဟာ ထိထိရောက်ရောက် ဆွေးနွေးပြောဆိုဖို့ လခ ကောင်းကောင်း ရကြတယ်။ 81 00:03:38,673 --> 00:03:42,428 ခေါင်းဆောင်တွေကို ထိမရနိုင်ပေမဲ့ တကယ့်ကို ထက်မြက်တဲ့ အရာဖြစ်တဲ့ 82 00:03:42,429 --> 00:03:45,293 ကော်ပိုရေးရှင်း ယဉ်ကျေးမှုဆိုတာကို ပြုစုပျိုးထောင်ပေးကြကာ 83 00:03:45,294 --> 00:03:46,893 ထိန်းသိမ်းထားပေးတဲ့ သူတွေပါ၊ , 84 00:03:46,894 --> 00:03:50,027 ပေါက်ပြားတွေနဲ့ ဓာတ်မြေဩဇာတွေနဲ့ လုပ်ကြတာ မဟုတ်ဘဲ၊ 85 00:03:50,028 --> 00:03:53,798 သူတို့ ပြုလုပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ သူတို့ လိုအပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ 86 00:03:53,799 --> 00:03:57,032 သူတို့အဖွဲ့အစည်းထဲ ဆွေးနွေးမှုကို တားမြစ်ခြင်းဖြင့် ဆောင်ရွက်ကြတာပါ။ 87 00:03:58,002 --> 00:04:01,237 အဲဒီလို ဆွေးနွေးပြောဆိုမှုတွေဟာ ခုနကပြောတဲ့ ယဉ်ကျေးမုကို ပုံသွင်းပေးပါတယ်၊ 88 00:04:01,238 --> 00:04:05,947 အဲဒီယဉ်ကျေးမှုက လုပ်ငန်းခွင်ထဲက ဆွေးနွေးမှုတွေကို အကျိုးသက်ရောက်နိုင်လို့ပါ။ 89 00:04:06,537 --> 00:04:08,370 ကြောင်းကျိုးဆက်နွှယ်မှုဆိုတာ နှစ်မျိုး ရှိတတ်ပါတယ်။ 90 00:04:09,520 --> 00:04:11,334 အခုတော့ ကိုယ်ရေးကို ယူကြည့်ပါမယ်။ 91 00:04:11,335 --> 00:04:13,231 ခင်ဗျားတို့ဘဝထဲက လူတယောက်ကို စဉ်းစားကြည့်ပါ 92 00:04:13,232 --> 00:04:16,522 သိပ်ကို နီးစပ်ကာ၊ နက်ရှိုင်းလျက် သိပ်ကောင်းတဲ့ ဆက်ဆံမှု ရှိသူကိုပါ။ 93 00:04:17,402 --> 00:04:19,742 အဲဒီလူနဲ့ ခင်ဗျားရဲ့ စကားပြောဆိုမှုဟာ 94 00:04:19,743 --> 00:04:22,621 ရင်းနှီးတဲ့ အတွေ့အကြုံကို ဖန်တီးပါတယ်၊ 95 00:04:22,622 --> 00:04:27,527 စစ်မှန်တဲ့ ဝန်းကျင်မျိုးကို၊ ထိခိုက်လွယ်တဲ့ ခံစားမှုကို ဖန်တီးတာပါ၊ ဖေါ်ပြမှု မဟုတ်ပါ။ 96 00:04:28,531 --> 00:04:30,702 ခင်ဗျားတို့ရဲ့ အဲဒီလို ပြောဆိုမှုတွေ ပြောင်းလဲသွားတယ်ဆိုရင်၊ 97 00:04:31,462 --> 00:04:33,237 ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို ပြောင်းလဲပစ်လိုက်တာပါပဲ။ 98 00:04:33,867 --> 00:04:35,582 ခင်ဗျားတို့က အဲဒီလို ပြောဆိုမှုတွေ အဆုံးသတ်လိုက်ရင်၊ 99 00:04:36,342 --> 00:04:38,058 ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို အဆုံးသတ်လိုက်တာပါ။ 100 00:04:38,566 --> 00:04:41,422 လက်ထပ်ခြင်းကိစ္စဆီကို ပြန်သွားကြရအောင်၊ လက်ထပ်ပွဲ အများစုတို့ထဲမှာ 101 00:04:41,423 --> 00:04:44,472 "ဒီမှာ ရှိကြသူတွေထဲတွင် ဘယ်သူတို့ဟာ လက်မထပ်သင့်ဘူးလို့ ထင်သူ ရှိပါသလား? 102 00:04:44,473 --> 00:04:47,854 အခု ပြောပါ၊ ဒါမှမဟုတ်ရင် ငြိမ်းချမ်းစွာ ရှိနေကြပါစေ" 103 00:04:47,855 --> 00:04:49,718 ဆိုတဲ့ စကားလုံးမျိုးကို မေးလေ့ ရှိတတ်ပါတယ်။ 104 00:04:49,719 --> 00:04:51,387 ကျွန်တော် စိတ်ထင် ဒီလို ဖြစ်နိုင်ပါတယ်၊ 105 00:04:51,388 --> 00:04:54,375 တယောက်က ထရပ်လိုက်ကာ၊ "ကျွန်ုပ် ကန့်ကွက်ပါတယ်!" 106 00:04:54,376 --> 00:04:57,972 အဲဒါဟာ ဖေါ်ြပမှု မဟုတ်တော့ပါ၊ ထိုသူဟာ ဖန်တီးနေသူပါ။ (ရယ်မောသံများ) 107 00:04:57,973 --> 00:04:59,275 အဲဒါကို စဉ်းစားကြည့်ကြပါ။ 108 00:04:59,276 --> 00:05:02,071 ထိုသူဟာ ပရမ်းမတာ ဖြစ်အောင်၊ အကြပ်အတည်းဖြစ်အောင် လုပ်နေတာပါ၊ 109 00:05:02,072 --> 00:05:06,058 အဲဒီလိုနည်းဖြင့် ထိုသူဟာ လက်ထပ်သူနဲ့လည်း ဆက်ဆံရေး အသစ်ကို ဖန်တီးနေခြင်းပါပဲ။ 110 00:05:06,928 --> 00:05:08,492 အဲဒါကို စဉ်းစားကြည့်ကြပါ။ 111 00:05:08,493 --> 00:05:12,064 ပြီးတော့ ထိုသူဟာ လုံးဝအသစ်ဖြစ်တဲ့ ချောက်ထိုးသမား နာမည်ကို ရလာမှာ သေချာတယ်။ 112 00:05:12,065 --> 00:05:14,750 (ရယ်မောသံများ) 113 00:05:14,751 --> 00:05:17,113 ကျွန်တော်တို့ဟာ ဖေါ်ပြဖို့အတွက် ဘာသာစကားကို မသုံးကြဘူးလို့ ကျွန်တော် မဆိုလိုပါ။ 114 00:05:17,114 --> 00:05:20,022 ကျွန်တော်တို့ လုပ်ကြတာ အားလုံး အဲဒါဘဲ မဟုတ်တာကို ပြောနေတာပါ။ 115 00:05:21,452 --> 00:05:24,633 ဒီတော့ ကျွန်တော်တို့ လုပ်ကြတဲ့ အားလုံးထဲမှာ မပါတဲ့ အကြောင်းကို ပြောနေတာပါ။ 116 00:05:24,634 --> 00:05:26,479 သုံးသပ်ထိုက်တဲ့ အရာတွေပါပဲ။ 117 00:05:27,209 --> 00:05:29,218 နောက် သာဓက တခုပြပါဦးမယ်။ 118 00:05:29,219 --> 00:05:33,282 အားလုံး တချိန်လုံး ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ ကျွန်တော်တို့ နေထိုင်နေရတဲ့ ဒီခေတ်ထဲမှာ၊ 119 00:05:34,172 --> 00:05:38,671 တချိန်လုံး သင်ယူနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်ဟာ သေရေးရှင်ရေး အရေးကြီးလှတယ်။ 120 00:05:39,481 --> 00:05:43,707 အဲဒီလို သင်ယူနိုင်ဖို့အတွက် အံ့အားသင့်စရာ အကောင်းဆုံး မရှိမဖြစ်လိုအပ်တဲ့ အချက်က၊ 121 00:05:43,708 --> 00:05:46,212 ကျွန်တော်တို့ဟာ စက်ဘီးစီး သင်ချင်တာလား၊ 122 00:05:46,213 --> 00:05:49,486 ဆက်ဆံရေး တခုကို ပြန်ပြီး ထူထောင်ရေးကို၊ ဒါမှမဟုတ် ကုမ္ပဏီဦးဆောင်ရေးကို သင်ချင်လား၊ 123 00:05:49,487 --> 00:05:51,265 မရှိမဖြစ် လိုအပ်ချက်က ဘာသာစကား အဆင့်ပါ၊ 124 00:05:51,266 --> 00:05:54,216 သင်ယူလိုသူက စိတ်ထဲမှာဖြစ်စေ ကျယ်လောင်စွာဖြစ်စေ 125 00:05:54,217 --> 00:05:55,705 "ကျွန်တော် မသိဘူး။" ပြောမှုပါပဲ။ 126 00:05:57,687 --> 00:06:00,899 "ကျွန်တော် မသိဘူး။"ဆိုတဲ့ ကြေညာချက်က အခြေအနေ တခုခုကို ပြနေတာ မဟုတ်ပါ၊ 127 00:06:00,900 --> 00:06:02,277 အဲဒါဟာ တစုံတခုကို ထုတ်လုပ်လိုက်ပါတယ်။ 128 00:06:02,737 --> 00:06:05,237 အဲဒါက ထုတ်လုပ်ပေးလိုက်တာက သင်ယူမှုနဲ့ ဆက်နွှယ်နေပါတယ်၊ 129 00:06:05,238 --> 00:06:07,106 ရုပ်ပိုင်းအရ မဟုတ်ပေမဲ့၊ တကယ့်ကို ရှိတဲ့ အရာပါ။ 130 00:06:07,876 --> 00:06:10,997 ကျွန်တော်တို့ဟာ တခုခုကို စတင်ချင်ရင် စတင်လိုက်တာကို ကြေညာကြရပါတယ်။ 131 00:06:10,998 --> 00:06:12,668 ကျွန်တော်တို့ဟာ အဲဒါကို ထုတ်ပြောကြပါတယ်။ 132 00:06:12,669 --> 00:06:14,579 စောစောပိုင်းက ဒိုင်လူကြီးတွေလိုပါပဲ။ 133 00:06:16,069 --> 00:06:17,458 ဒီမှာ ရှိနေတဲ့လူတိုင်း ဒါကို သိကြမှာပါ၊ 134 00:06:17,459 --> 00:06:20,532 ဒီအခန်းထဲက ဘယ်သူကများ အားလုံးသိနှင့်နေလို့ ယူဆတဲ့ လူတွေကို တစုံတခု 135 00:06:20,533 --> 00:06:22,790 သင်ဖို့ ကြိုးစားခဲ့ဘူးပါသလဲ? 136 00:06:22,791 --> 00:06:24,995 သင်ယူဖို့ အတွက် အချိန် ဘယ်လောက် ကြာတတ်သလဲ? 137 00:06:25,495 --> 00:06:26,840 သိပ်မကြာပါ။ 138 00:06:26,841 --> 00:06:28,029 ဒီတော့ နံပါတ် တစ်အချက်က- 139 00:06:28,030 --> 00:06:31,254 ဘာသာစကားဟာ ဖေါ်ပြမှု သက်သက်မဟုတ်ဘဲ ဖန်တီးပါတယ်၊ ထုတ်လုပ်ပေးပါတယ်။ 140 00:06:31,255 --> 00:06:34,482 နံပါတ် နှစ်အချက်က- ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြရတာပါ။ 141 00:06:35,938 --> 00:06:37,564 ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြတာပါ။ 142 00:06:37,565 --> 00:06:39,621 ကောင်းပြီ၊ ခုနက ပြောလိုက်တာက ဘာကို ဆိုလိုတာပါလိမ့်? 143 00:06:39,622 --> 00:06:41,353 ကျွန်တော်ဟာ အဲဒါကို ဒီလို ပုံစံနဲ့ ပြောချင်တယ်။ 144 00:06:41,354 --> 00:06:44,871 ဒီအခန်းထဲမှာ ထိုင်နေကြတဲ့ သူတွေအထဲက အတွင်းပိုင်း အသံကလေး ရှိသူတွေက ဘယ်သူလဲ? 145 00:06:44,872 --> 00:06:47,081 အဲဒါက "ဒီလူ ဘာတွေ ပြောနေတောလဲ?" လို့ ဆိုနေပါလိမ့်မယ်။ 146 00:06:47,083 --> 00:06:48,625 ကျွန်တော် ပြောနေတာက အဲဒီအကြောင်းကိုမှပါ။ 147 00:06:48,626 --> 00:06:50,150 စကားရည်လုပွဲထဲ ပါဝင်တဲ့ လူတွေ ရှိကြလား? 148 00:06:50,151 --> 00:06:51,790 (ရယ်မောသံများ) 149 00:06:52,420 --> 00:06:55,369 ကျွန်တော် ကိုးကားညွှန်းပြီး ပြောရာတွင် အကြိုက်ဆုံးသူက Mark Twain ပါပဲ။ 150 00:06:55,370 --> 00:06:58,402 "ကျွန်တော်ဟာ အမြဲတမ်း စကားပြောဆိုနေတတ်တယ်။ 151 00:06:58,403 --> 00:07:00,484 တခါတလေ ဒီပြင်လူတွေလည်း ပါကြတယ်။"လို့ သူမိန့်ကြားခဲ့ဘူးတယ်။ 152 00:07:00,485 --> 00:07:02,531 (ရယ်မောသံများ) 153 00:07:02,532 --> 00:07:04,997 အဲဒါကို Mark Twain တင်မကပါ၊ ကျွန်တော်တို့ အားလုံး လုပ်ကြတာပါ။ 154 00:07:04,998 --> 00:07:06,163 ကျွန်တော်တို့ အားလုံးပါပဲ။ 155 00:07:06,164 --> 00:07:09,164 ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်နေကြရတော့ ဒီလို လုပ်ကြပါတယ်။ 156 00:07:09,165 --> 00:07:12,251 ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးတို့ဟာ တချိန်လုံး အရေးအခင်းတွေကို ရင်ဆိုင်ကြရတယ်။ 157 00:07:12,252 --> 00:07:15,004 အိမ်မှာ၊ အလုပ်မှာ၊ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ အရေးအခင်းတွေ ရှိတယ်၊ 158 00:07:15,005 --> 00:07:17,504 ကောလိပ်ထဲက အရေးအခင်းတွေ၊ ကမ်းခြေက အရေးအခင်းတွေ အရေးအခင်းတွေချည်းပါပဲ။ 159 00:07:17,505 --> 00:07:20,902 ဒီတော့ လူသားဖြစ်ကြတဲ့ ကျွန်တော်တို့က အရေးအခင်းတွေအကြောင်း ပုံပြင်တွေ ဖွဲ့ကြတယ်၊ 160 00:07:20,903 --> 00:07:22,714 အဲဒီပုံပြင်တွေဟာ မှန်ကန်တယ်လို့ ကျွန်တော်တို့ ထင်မှတ်ကြတယ်၊ 161 00:07:22,715 --> 00:07:24,654 အဲဒါတွေကို ရေးဖွဲ့ခဲ့ပုံကို ကျွန်တော်တို့ဟာ မေ့သွားတတ်ကြပါတယ်။ 162 00:07:24,655 --> 00:07:26,121 (ရယ်မောသံများ) 163 00:07:26,122 --> 00:07:29,000 ခုနက ကျွန်တော်က "ပုံပြင်"လို့ ပြောလိုက်တာ လုပ်ကြံ ပြောဆိုမှု၊ တမင်ကို တမျိုးကြံဖန် 164 00:07:29,001 --> 00:07:32,894 ပြောဆိုမှု ဒါမှမဟုတ် ကိုယ့်ကိုလှည့်ဖြားမှုကို ဆိုလိုတာ မဟုတ်ပါဘူး။ 165 00:07:32,895 --> 00:07:34,883 အဲဒါဟာ အဓိပ္ပါယ်ဖွင့်ဆိုမှု သက်သက်ပါ။ 166 00:07:34,884 --> 00:07:36,859 ကိုယ့်ရဲ့ ရှင်းလင်းချက်ပါ။ 167 00:07:36,860 --> 00:07:40,270 ဒီနေရာမှာ ကျွန်တော်တို့ အသေအချာ မှတ်မိနေရမှာက 168 00:07:40,271 --> 00:07:43,009 အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီခြင်းကိုပါပဲ။ 169 00:07:43,949 --> 00:07:46,541 အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီပါ။ 170 00:07:47,441 --> 00:07:48,495 ဥပမာ တခု- 171 00:07:48,496 --> 00:07:50,480 ခင်ဗျာ့ ကလေးဟာ ကျောင်းကနေ အိမ်ကို ပြန်လာတယ်၊ 172 00:07:50,481 --> 00:07:53,942 ခင်ဗျားရဲ့ မျက်လုံးများဆီ တည့်တည့်ကြည့်လျက် "ကျွန်တော် မိုက်လိုက်တာ။" 173 00:07:53,943 --> 00:07:56,510 "မင်းဘာကို ပြောနေတာလဲ?" "ကျွန်တော် မိုက်လိုက်တာ"ကဘာလဲ။ 174 00:07:56,511 --> 00:07:58,583 "မင်းဘာကို ပြောနေတာလဲ?" 175 00:07:58,584 --> 00:08:02,543 "ကျွန်တော် ကျွန်တော့ အင်္ဂလိပ်စာ စာပေးပွဲမှာ F ရခဲ့တယ်။" 176 00:08:02,564 --> 00:08:05,620 အဲဒီ ဥပမာ သေးသေးလေးထဲမှာ အရေးအခင်းက ဘာလဲ? 177 00:08:06,965 --> 00:08:08,088 စာမေးပွဲမှာ အမှတ် F ရမှုပါ။ 178 00:08:08,089 --> 00:08:10,360 အဲဒါ့အတွက် ရှင်းလင်းချက်က ဘာများလဲ? 179 00:08:10,361 --> 00:08:11,386 "ကျွန်တော် မိုက်လိုက်တာ" 180 00:08:11,387 --> 00:08:14,509 မေးခွန်းက အဲဒီကလေးဟာ အဲဒီလို စကားပြောဆိုမှု ထဲတွင် အကြာကြီး နေထိုင်နေရရင်၊ 181 00:08:14,510 --> 00:08:16,934 အဲဒါဟာ ဖေါ်ြပချက်လား၊ ဒါမှမဟုတ် ဖန်တီးချက်လား? 182 00:08:16,935 --> 00:08:18,507 အဲဒါဟာ ဖန်တီးချက်ပါ။ 183 00:08:18,508 --> 00:08:21,717 အခုတော့ ခုနက စားမေးပွဲ အမှတ် F ဆီမှ ပြန်လာလျက် ပိုကျယ်ပြန့်စွာ စဉ်းစားကြပါစို့။ 184 00:08:21,718 --> 00:08:26,315 ခင်ဗျားတို့က ဒီလောကကြီးထဲမှာ တကယ် လုပ်ဖြစ်တဲ့ လုပ်ရပ်တွေကို 185 00:08:26,316 --> 00:08:28,103 လက်တွေ့မှာ ပိုပြီး ဩဇာသက်ရောက်ခဲ့တာက 186 00:08:28,104 --> 00:08:31,144 ဘဝထဲက ဖြစ်ရပ်တွေလား ဒါမှမဟုတ် အဲဒီဖြစ်ရပ် များအား ရှင်းပြခဲ့ပုံတွေကများလား? 187 00:08:31,964 --> 00:08:33,409 ရှင်းပြပုံတွေ အရေးပါကြတာပါ။ 188 00:08:33,412 --> 00:08:35,916 ပြီးတော့ လောကကြီးထဲမှာ ကျွန်တော်တို့ လက်တွေ့ လုပ်ကိုင်ကြတာတွေသာမက၊ 189 00:08:35,917 --> 00:08:38,688 ကမ္ဘာပေါ်မှာ ရလဒ်များလို ခေါ်ကြတဲ့ အရာတချို့ကို ထုတ်လုပ်ကြပါသေးတယ်၊ 190 00:08:38,690 --> 00:08:41,395 မျက်နှာစာ အများအပြားနှင့် သက်ဆိုင်ကြတဲ့ ရလဒ်တွေပါ။ 191 00:08:42,075 --> 00:08:43,529 ဟုတ်ပါတယ်။ 192 00:08:43,530 --> 00:08:46,805 အဲဒါတွေ အတွက် ရှင်းပြချက်ကမှ စေ့ဆော်ချက်ပါ၊ ဖြစ်ရပ်တွေ မဟုတ်ကြပါ။ 193 00:08:47,525 --> 00:08:49,088 ဘယ် ဖြစ်ရပ်ကိုပဲ ယူကြည့်ကြည့်၊ 194 00:08:49,089 --> 00:08:51,405 ရှင်းပြချက်တွေ ဘယ်လောက်များ ရှိနိုင်ကြပါသဲ? 195 00:08:52,515 --> 00:08:53,827 မရေမတွက်နိုင်အောင် များနိုင်ပါတယ်။ 196 00:08:55,587 --> 00:08:57,279 ကျွန်ုပ်တို့ဟာ အကျင့် တခုကို ပြောင်းလဲပစ်နိုင်ကြမယ်ဆိုရင်ကော? 197 00:08:57,280 --> 00:09:01,121 ကျွန်တော်တို့ ဒါမှမဟုတ် အခြားသူတွေရဲ့ ရှင်းပြချက်ဟာ မှန်တယ်၊ မှားတယ်လို့ 198 00:09:01,122 --> 00:09:03,586 ချက်ချင်း ပြောလေ့ ရှိကြတဲ့ အကျင့်ကို ပြောင်းလဲနိုင်ကြမယ်ဆိုရင်ကော? 199 00:09:03,587 --> 00:09:07,171 "ကျွန်တော့ ရှင်းပြချက် မှန်တယ်၊ ခင်ဗျားဟာ မှားနေတယ်၊ ဒါ မှန်တယ်၊ ဟိုဟာ မှားတယ်။" 200 00:09:07,172 --> 00:09:08,857 ကျွန်တော်တို့ဟာ အဲဒါမျိုးကို ရပ်စဲပစ်လိုက်ကြကာ၊ 201 00:09:08,876 --> 00:09:12,290 အဲဒါအစား 'အားကောင်းတယ်- အားနည်းတယ်'ဆိုပြီး သုံးနှုံးကြမယ် ဆိုရင်ကော။ 202 00:09:12,291 --> 00:09:13,747 အဲဒီလိုဆိုရင် အဲဒါဟာ ဒီလို အသွင်မျိုး ဆောင်ပါမယ်- 203 00:09:13,748 --> 00:09:16,140 ခင်ဗျားရဲ့ ရှင်းလင်းချက်ဟာ၊ ခင်ဗျားက လိုချင်တဲ့ ရလဒ်ကို ကြည့်ပြောရင်၊ 204 00:09:16,141 --> 00:09:19,113 'အားကောင်းသလား- အားနည်းသလား? 205 00:09:20,523 --> 00:09:24,243 ကျွန်တော့ရဲ့ ရှင်းပြချက်ဟာ ကျွန်တော့ကို အကျိုးပြုလား အကျိုးမပြုဘူးလား၊ 206 00:09:24,244 --> 00:09:28,545 ကျွန်တော် ဖြစ်စေချင်တာကို ထည့်တွက်ပြီး၊ ဒါမှမဟုတ် လက်ရှိ အခြေအနေမျိုးထဲတွင်၊ 207 00:09:28,546 --> 00:09:30,333 လက်ရှိ ဆက်ဆံမှုထဲတွင် ပေါ့လေ? 208 00:09:30,334 --> 00:09:33,709 အမြဲတမ်းပဲ "ကျွန်တော် လိုချင်တဲ့ ရလဒ်တွေကို ထည့်တွက်ကြည့်ရင်" ဆိုတာ တွဲပြီး 209 00:09:33,741 --> 00:09:35,486 ပါရန်လိုပါတယ်၊ လေဟာနယ်ထဲမှာ မဟုတ်နိုင်ပါ။ 210 00:09:35,986 --> 00:09:37,901 လေဟာထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ပါ။ 211 00:09:37,902 --> 00:09:41,083 ကျွန်တော်တို့က အဲဒီလို လုပ်နေကြလို့ပါ။ 212 00:09:41,084 --> 00:09:42,514 အဲဒါကို လုံးဝသံသယ ရှိစရာ မရှိနိုင်ပါ။ 213 00:09:42,515 --> 00:09:43,998 ကျွန်တော်တို့ဟာ Mark Twain အတိုင်းပါပဲ။ 214 00:09:44,898 --> 00:09:48,157 ခင်ဗျားတို့ဟာ အဲဒီလို လုပ်နေလျက်သားနဲ့ ကိုယ့်ကိုယ်ကို မမြင်သူကို တွေ့ခဲ့ဖူးသလား? 215 00:09:48,158 --> 00:09:50,761 ဒါဟာ မိမိရဲ့ အသိစိတ်နှင့် ဆက်စပ်နေလို့ပါ။ 216 00:09:50,771 --> 00:09:52,970 ကျွန်တော်တို့က အဲဒီလို လုပ်ကြခြင်းက ပြဿနာ မဟုတ်ပါ။ 217 00:09:52,971 --> 00:09:55,461 ပြဿနာက ကျွန်တော်တို့ အဲဒီလို လုပ်နေကြတာကို မမြင်ကြခြင်းပါပဲ! 218 00:09:55,462 --> 00:09:59,237 အဲဒီလို လုပ်နေပေမဲ့ ကိုယ့်ကိုယ်ကို မမြင်သူဟာ ဒီလို ပုံစံမျိုး ရှိပါလိမ့်မယ်။ 219 00:09:59,238 --> 00:10:02,990 ဒီမှာ ခင်ဗျားတို့ အားလုံးကို တွေ့မြင်ရတာဟာ အံ့အားသင့်စရာပဲ၊ ရှင်းနေတဲ့ အချက်က 220 00:10:02,991 --> 00:10:05,878 ခင်ဗျားတို့အားလုံးဟာ ခင်ဗျားတို့ရဲ့ အသက်၊ လူမျိုး၊ လိင်၊ ငယ်စဉ်တုန်းက 221 00:10:05,879 --> 00:10:08,560 ခင်ဗျားတို့ ခရီးဘယ်လောက် ထွက်ခဲ့လဲ၊ ဒါမှမဟုတ် မထွက်ခဲ့ဘူးလား၊ 222 00:10:08,561 --> 00:10:10,994 ပြီးတော့ ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှု၊ ပညာရေး၊ နှင့် အလုပ်ဆိုင်ရာ နောက်ခံများ၊ 223 00:10:10,995 --> 00:10:14,396 လုပ်ငန်းအလိုက် ဆန်ခါတင်မှုတွေကြောင့် အရှိတရားကို လက်ခံမြင်ပုံ ကိုယ်စီ ဖြစ်ပါတယ်။ 224 00:10:14,397 --> 00:10:17,474 ကျွန်တော်ဟာ၊ အခြားတဘက်မှ ပြောရရင်၊ အာကာသ ထဲမှနေပြီး ကောင်းချီးမင်္ဂလာကို ရခဲ့သူပါ၊ 225 00:10:17,475 --> 00:10:19,695 တနည်းနည်းနဲ့ မွေးလာခဲ့လို့ ခုနက ပြောခဲ့တဲ့ အနှောင်အဖွဲ့တွေ မရှိခဲ့ဘူး၊ 226 00:10:19,696 --> 00:10:21,490 ခင်ဗျားတို့ အားလုံးကို ဝန်းရံလျက် ရှိနေတဲ့ သိမြင်မှု၊ စိတ်ခံစားမှု၊ ယဉ်ကျေးမှုဆိုင်ရာ 227 00:10:21,491 --> 00:10:23,894 ဆန်ခါတင်မှု ဝန်ကို မခံခဲ့ရဘူးလို့ ပြောနိုင်ပါတယ်။ 228 00:10:23,895 --> 00:10:26,179 ကျွန်တော့ မျက်လုံးတွေဟာ သန့်စင် ကြည်လင် ပြတ်သားလျက် ရှိနေကြလို့၊ 229 00:10:26,180 --> 00:10:28,589 ကျွန်တော်ဟာ သဘာဝ အရှိတရားကို ပကတိ အာကာသ ရှုဒေါင့်မျိုးမှ 230 00:10:28,590 --> 00:10:31,576 ဓမ္မဓိဌာန်ကျကျ ကြည့်ရှု မြင်ခွင့်ကို ပေးကြပါတယ်။ 231 00:10:31,577 --> 00:10:32,726 ကျွန်တော့ကို အဲဒီလို မွေးခဲ့လျက် ခုနက ပြောခဲ့တဲ့ ကောင်းချီး မင်္ဂလာကို 232 00:10:32,727 --> 00:10:35,534 ချီးမြှင့်ခဲ့ခြင်းဟာ ကျွန်တော့အတွက် တကယ့် ကံကောင်းမှုကြီးပဲ မဟုတ်ပါကလား? 233 00:10:35,535 --> 00:10:37,268 (ရယ်မောသံများ) (လက်ခုပ်တီးသံများ) 234 00:10:41,262 --> 00:10:42,988 ဒီနေရာမှာ အလုပ်ရုံ တခုမှာ ဖြစ်ခဲ့တာကို ပြောပြချင်တယ်၊ 235 00:10:42,989 --> 00:10:45,351 လူတယောက်က ကျွန်တော့ နောက် အခန်းထဲမှာ ရပ်နေရင် ပြောလိုက်တာက၊ 236 00:10:45,352 --> 00:10:48,789 "အကို၊ အကို၊ တကယ်ပဲ ဖြစ်လာပြီ! ကျွန်တော့ကို နားလည်တဲ့ လူက ပြောလိုက်တာပါ!" (ရယ်မောသံများ) 237 00:10:48,790 --> 00:10:51,765 "ဒီလို ကောင်းချီးမင်္ဂလာ ဝန်ပိနေတာ တယောက်တည်းလို့ ထင်နေခဲ့တာ! 238 00:10:51,766 --> 00:10:54,050 ဓမ္မဓိဌာန်ကျကျ မြင်နိုင်သူ ကျွန်တော် တယောက်တည်းပဲ!" 239 00:10:56,386 --> 00:10:59,083 လူတိုင်းလူတိုင်းဟာ ဘယ်အရာကိုမဆို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖွင့်ဆိုကြတာချည်းပါပဲ 240 00:10:59,084 --> 00:11:00,526 ခြွင်းချက် မရှိပါဘူး။ 241 00:11:00,527 --> 00:11:01,932 ကျွန်တော့ ဆရာသမား တယောက် မိန့်ကြားခဲ့ဘူးတာက၊ 242 00:11:01,933 --> 00:11:05,007 "မိန့်ကြားချက်တိုင်းကို တယောက်ယောက်က ပြောခဲ့တာချင်းပါပဲ"တဲ့။ 243 00:11:06,497 --> 00:11:08,466 (ရယ်မောသံများ) 244 00:11:08,467 --> 00:11:09,582 အဲဒါကို စဉ်းစားကြည့်ကြပါ။ 245 00:11:09,583 --> 00:11:11,726 တနေရာရာမှာ မွေးလာခဲ့သူဟာ၊ 246 00:11:11,727 --> 00:11:14,463 ယဉ်ကျေးမှု တခုခုထဲ၊ ခေတ်ကာလ တခုခုထဲတွင်၊ 247 00:11:14,464 --> 00:11:16,657 လူသားတွေ ဝန်းရံလျက် ပျိုးထောင် ပြုစုခဲ့ကြတာ ဖြစ်ပါမယ်၊ 248 00:11:16,658 --> 00:11:19,495 အဲဒီလူ တဦးချင်းဆီမှာ ကျွန်တော်တို့ အားလုံးလိုပဲ၊ စံနှုန်းတွေ၊ အမှတ်အသားတွေ၊ 249 00:11:19,496 --> 00:11:21,787 တန်ဖိုးတွေ၊ လုပ်ကိုင်နည်းတွေ၊ အတွေ့အကြုံတွေ၊ စိတ်နေစိတ်ထားတွေ ကိုယ်စီ ရှိခဲ့ကြမှာပါ။ 250 00:11:22,487 --> 00:11:25,162 ဒါပေမဲ့ ခင်ဗျားတို့ အားလုံး သိထားရမယ့် အကျိုးအကြောင်း ဆက်စပ်နေမှုက- 251 00:11:25,163 --> 00:11:29,994 ခင်ဗျားတို့ဟာ ဒီလို လုပ်နေတာကို၊ ရှင်းပြချက်တွေ ထုတ်ပြန်နေတာကို၊ 252 00:11:29,995 --> 00:11:32,089 တချို့သူတွေကျတော့ ဘယ်လိုပဲ လုပ်ကိုင်နေကြစေကာမူ၊ 253 00:11:32,090 --> 00:11:34,703 သူတို့ လိုချင်ကြတဲ့ အရေးကြီးတဲ့ ရလဒ်တွေ ဖြစ်ထွန်းမလာဘူးဆိုရင်၊, 254 00:11:34,704 --> 00:11:38,264 အဲဒီလို သူတွေအတွက် ပိုပြီး အားကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုနည်းကို ကမ်းလှမ်းမှုဟာ 255 00:11:38,265 --> 00:11:40,399 ဘယ်လိုမှ အကျိုးမထူးနိုင်ပါ။ 256 00:11:40,400 --> 00:11:42,319 အဲဒါဟာ အဲဒီလိုသူတွေရဲ့ ရေဒါ မျက်နှာပြင် ဘေးမှ ဖြတ်ကျော်သွားမှာပါ၊ 257 00:11:42,320 --> 00:11:44,581 ဘာဖြစ်လို့လဲဆိုတော့၊ ခင်ဗျားတို့က အခုဘာလုပ်နေမှန်း မသိဘူးဆိုရင်၊ 258 00:11:44,582 --> 00:11:46,434 မြှင့်တင်စရာရယ်လို့ ဘာမှ မရှိနိုင်လို့ပါ။ 259 00:11:47,504 --> 00:11:51,036 ခင်ဗျားတို့က တကယ့်လုပ်နိုင်ခဲ့ကြတာက စားပွဲမှ ထပြီး ထွက်လာခဲ့ကြတယ်၊ 260 00:11:51,037 --> 00:11:52,838 တကယ့်ကို အံ့အားသင့်စရာ မင်္ဂလာ ဆုံးဖြတ်ချက်ပါပဲ။ 261 00:11:52,839 --> 00:11:54,240 အဲဒီလို အဆင့်မျိုးမှာ ဝင်ပြီး စွက်ဖက်မယ်ဆိုရင် 262 00:11:54,241 --> 00:11:56,430 ခင်ဗျားတို့ဟာ ခင်ဗျားဆိုတဲ့ အထဲမှာ လက်တွေ့ အပြောင်းအလဲကို လုပ်နိုင်မှာပါ။ 263 00:11:56,431 --> 00:11:58,644 ကျွန်တော်တို့ဟာ ငါးတွေ ရေထဲ ကျင်လည်နေသလို ဘာသာစကားထဲမှာ ကျင်လည်နေကြရတာပါ။ 264 00:11:58,645 --> 00:12:01,568 ငါးဆိုတာ ရေထဲတွင် မွေးလာရတာ၊ ရေထဲမှာ နေထိုင်နေရတာပါ၊ ရေ၊ ရေ၊ ရေ။ 265 00:12:01,569 --> 00:12:05,919 မေးစရာက ငါးဟာ ရေထဲတွင် မွေးခဲ့ရကာ နေထိုင်နေရတာကို ဘယ်တော့မှာ သိလာမလဲ? 266 00:12:05,920 --> 00:12:08,108 အဲဒါကို ငါးဟာ ဘယ်တော့ သိလာရမလဲ? 267 00:12:08,109 --> 00:12:09,899 ငါးကို ရေထဲကနေပြီး ထုတ်ယူလိုက်တဲ့ အခါမှာပါ။ 268 00:12:09,900 --> 00:12:13,912 ကျွန်တော်တို့ဟာ ဘာသာစကားထဲ မွေးလာကြတယ်၊ နေထိုင်ကြတယ်၊ ဘယ်သွားသွား ဘာသာစကားချည်းပဲ။ 269 00:12:13,913 --> 00:12:16,465 ဒီနေ့ ကျွန်တော် အားထုတ်နေတာက နေရာတခုကို ဖန်တီးကြမယ်၊ 270 00:12:16,466 --> 00:12:20,541 အဲဒီမှာ ဘာသာစကားထဲ နေထိုင်ကြမယ့် အစား ၎င်းကို သုံးသပ်ကြမယ်၊ 271 00:12:20,542 --> 00:12:24,251 အဲဒီလို ကျွန်တော်တုို့ဟာ ဘာသာစကားနဲ့ ပတ်သက်လာရင် ပိုပြီး အသိစိတ်နဲ့ လုပ်ကိုင်မယ်၊ 272 00:12:24,252 --> 00:12:26,639 ပြီးတော့ ဘာသာစကားလို့ ကျွန်တော်တို့ ခေါ်တဲ့ တီထွင်ရေး ထုတ်လုပ်ရေး စွမ်းပကားကို 273 00:12:26,640 --> 00:12:31,295 ပိုပြီး သိရှိနားလည်လျက် ပိုပြီးအကျိုးရှိရှိ အသုံးချလာကြဖို့ပါပဲ။ 274 00:12:32,027 --> 00:12:36,061 ကျွန်တော်တို့ဟာ၊ လူတိုင်းဟာ၊ ပုံပြင်များ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ ရှင်းပြချက်များ 275 00:12:36,062 --> 00:12:39,086 ယုံကြည်ချက်များဆိုတဲ့ ရဲ့ သမုဒ္ဒရာထဲတွင် ရေကူးနေကြသူတွေ ဖြစ်ကြလျက်၊ 276 00:12:39,087 --> 00:12:40,929 ဘာသာစကား ဆိုတာထဲတွင် နေထိုင်နေကြတာပါ၊ 277 00:12:40,930 --> 00:12:45,232 ပြီးတော့ လူအများစုဆိုရင် ဘာသာစကားကို ကျွန်တော်တို့ ဖန်တီးခဲ့တာကို မေ့နေကြပြီ။ 278 00:12:46,112 --> 00:12:50,027 လူတိုင်းဟာ၊ ပုံပြင်များ၊ ဖွင့်ဆိုချက်များ၊ ရှင်းပြချက် နဲ့ ယုံကြည်ချက် တချို့တို့ဟာ 279 00:12:50,028 --> 00:12:54,081 ကျွန်တော်တို့ သွားချင်တဲ့ဆီကို ဒီနေ့ ဒါမှမဟုတ် နက်ဖြန်တွင် 280 00:12:54,082 --> 00:12:56,551 ခေါ်မသွားနိုင်တာ လုံးဝ သေချာပါတယ်။ 281 00:12:57,211 --> 00:12:59,763 ကျွန်တော်တို့ဟာ စတင် တီထွင်ပေးခဲ့သူ ဖြစ်ကြတာကို မေ့နေကြသလိုပဲ၊ 282 00:13:00,803 --> 00:13:04,604 ကျွန်တော်တို့ဟာ ၎င်းကို ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်း၊ မေ့ပစ်ရေး 283 00:13:04,605 --> 00:13:08,342 လုပ်ပိုင်ခွင့် နဲ့ အာဏာတွေ ကျွန်တော်တို့မှာ ရှိနေတာကိုလည်း မေ့သွားကြပါပြီ။ 284 00:13:09,480 --> 00:13:12,688 ဒီတော့ နံပါတ် တစ်က - ဘာသာစကားဆိုသည်မှာ ဖန်တီးနိုင်၊ ထုတ်လုပ်နိုင်ပါတယ်။ 285 00:13:12,689 --> 00:13:15,424 ပြီးတော့၊ နံပါတ် နှစ်က- ကျွန်တော်တို့ဟာ ဘာသာစကား စံနှုန်းများထဲ နေထိုင်ကြပါတယ်၊ 286 00:13:15,425 --> 00:13:18,470 ကျွန်တော်တို့ဟာ အစဉ်ပဲ တခုခုကို ဖန်တီး သို့မဟုတ် ထုတ်လုပ်နေကြပါတယ်၊ 287 00:13:19,640 --> 00:13:22,679 အဲဒါဟာ ကျွန်တော်တို့ လိုချင်တာမျိုး ဟုတ်တာ မဟုတ်တာပဲ ရှိနိုင်ပါတယ်။ 288 00:13:23,959 --> 00:13:29,059 ကျွန်တော်တို့က ဘဝထဲ အများဆုံး ရှာကြံတာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ၊ ရှိလိုတာ ဘာများလဲ? 289 00:13:30,729 --> 00:13:34,654 အဲဒီလို မေးခွန်းများအတွက် ခင်ဗျားရဲ့ အဖြေက ဘယ်လိုပဲ ဖြစ်စေကာမူ၊ 290 00:13:34,655 --> 00:13:39,579 ဒီနေ့ ခင်ဗျားတို့ကို ပြန်သတိရစေလိုတာက ကိုယ့်ကိုယ်ကို ကမ္ဘာကြီးအား ထုတ်ပြောကြပါ။ 291 00:13:40,501 --> 00:13:43,918 ကျွန်တော်တို့ဟာ လူသားဖြစ်ကြတာ မဟုတ်ပဲ၊ လူသား ဖြစ်လာနေကြတာပါ။ 292 00:13:44,942 --> 00:13:46,062 ကျွန်တော်တို့ ဖြစ်လာနေကြတာပါ။ 293 00:13:46,063 --> 00:13:51,242 ဘယ်လိုမှ မဆုံးနိုင်တဲ့ သင်ယူကြီးပြင်းရေး၊ ဆင့်ကဲဖြစ်ထွန်းလာမှု ဆိုတဲ့ ကခုန်မှုထဲတွင်၊ 294 00:13:51,243 --> 00:13:54,755 ဘာသာစကားကို အဲဒီလို နားလည်မှုဟာ၊ ကိုယ့်ကိုယ်ကို အဲဒီလို နားလည်မှုဟာ 295 00:13:54,756 --> 00:13:57,159 အကောင်းဆုံး အထိုက်တန်ဆုံးပဲ ဖြစ်ကာ၊ 296 00:13:57,160 --> 00:13:58,677 သော့ချက်ကြီးပါပဲ။ 297 00:14:00,107 --> 00:14:04,659 ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ကြားလိုပါတယ်၊ ခင်ဗျားတို့ ဒီကနေ ထွက်သွားကြတဲ့ အခါမှာ၊ 298 00:14:04,660 --> 00:14:10,111 ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကို လေ့လာရာတွင်၊ ဘာသာစကား ဆိုင်ရာ ခင်ဗျားတို့ အမြင်ကို၊ 299 00:14:10,112 --> 00:14:13,952 ခင်ဗျားတို့ရဲ့ ဘဝအတွက် ခင်ဗျားတို့ ကိုယ်တိုင် ဖန်တီးနိုင်သူ ဖြစ်တယ်ဆိုတဲ့ 300 00:14:13,953 --> 00:14:16,802 ပိုပြီး မြင့်မားတဲ့ အသိစိတ်မျိုးဖြင့် နေထိုင်ကြရန် စိန်ခေါ်လိုပါတယ်။ 301 00:14:16,803 --> 00:14:18,193 (လက်ခုပ်တီးသံများ) 302 00:14:19,293 --> 00:14:20,692 ကျေးဇူးတင်ပါတယ်။ 303 00:14:20,693 --> 00:14:22,053 (လက်ခုပ်တီးသံများ)