မိခင်ကမ္ဘာမြေ။ ငါတို့ရဲ့
နိဂုံးဟာ မလွဲဧကန်ပဲ
ဒါပေမဲ့ အပြီးသတ်မှ ကောင်းလာတယ်
လေ၊ ရေနဲ့ မီး ညင်သာစွာ
ပြန်လည်လန်းဆန်းခဲ့တယ်
မင်းတို့နဲငါ ပြေလည်သွားတယ်
စည်းချက်တွေ ပြန်ညှိခဲ့တယ်
အပြာတွေ စိမ်းသွားပြီ
ငါ့အသီးကို ဖလှယ်ဖို့ စောင့်ရှောက်ခြင်းက
မင်းတို့ရဲ့ ဂရုစိုက်မှု
ဒီရှုခင်းကို ထပ်ဖြည့်ခြင်းနဲ့ ဆေးခြယ်
ထားတဲ့ ကောင်းကင်တွေ ပြန်ထိန်းသိမ်းခြင်းက
တောင်တွေ လူးလှိမ့်နေ
သစ်တောတွေ ဖုံးလွမ်းနေတယ်
ပူနွေးခြင်း မရှိတော့ဘူး
တို့တွေ အရင်ကဖြစ်ခဲ့ဖူးတဲ့
ဖြုစင်ပုံ နဲ့ ရိုးစင်းပုံလေ
မင်းတို့ ငါ့ကို မှတ်မိလား
လူ့လောကကို ငါပေးတာအားလုံးကိုလေ
အိမ်ယာ မြေကွက်၊ ပင်လယ်တွေ၊ ကျေးငှက်တွေ
သားရိုင်းနဲ့ လူသား အားလုံးလေ
မင်းတို့နဲ့ ဒြပ်စင်တွေ ဆုံတွေ့ပြီး
သာယာနာပျော်ဖွယ် တုန်ခါကြတဲ့
သီသန့် ကြားခံနယ်လေ။
(စန္ဒရားတီးသည်)
(တယောထိုးသည်)
(ဂီတသံ)
(ဂီတ နရီ မြန်လာသည်)
(တယောထိုးသည်)
(ဂီတသံ)
(တယောထိုးသည်)
(ဂီတသံ)
(ဂီတသံဆုံးသည်)
(လက်ခုပ်သံများ)
ငါ့အလှ ပြောင်းလဲသွားတယ်၊
ရေတွေလည်း နောက်ကျိ၊ ကွင်းတွေလည်း
ပြောင်တလင်းခါ
ပြင်မရနိုင်အောင် အတွင်းက အမာရွတ်ထင်ကာ
ငါတို့ရဲ့ အမှတ်ရမှုတွေ လျော့ပါးနေပေါ့
ငါ့ကိုယ်လုံးကို တစ်ခါက မင်းတို့ စွဲလန်းခဲ့
ငါဖြစ်တည်လာပုံကိုလေ
ငါ့သဘာဝ၊ ၎င်းရဲ့ ဝိရောဓိ
ငါ့ရဲ့ သာယာတဲ့ လေတွေ တိုးညင်းစွာ ပြောပုံ
ဒါပေမဲ့ ပင်လယ်တွေကို ကျူးလွန်တယ်
မင်းတို့ ငါ့ကို မှတ်မိလား
လူ့လောကကို ငါပေးတာအားလုံးကိုလေ
အိမ်ယာ မြေကွက်၊ ပင်လယ်တွေ၊ ကျေးငှက်တွေ
သားရိုင်းနဲ့ လူသား အားလုံးလေ
မင်းတို့နဲ့ ဒြပ်စင်တွေ ဆုံတွေ့ပြီး
သာယာနာပျော်ဖွယ် တုန်ခါကြတဲ့
သီသန့် ကြားခံနယ်လေ။
မမြင်ရတဲ့ ခရီးသွား
ထာဝရ ဖြတ်ကျော်သွားနေတယ်
ဘဝကို သယ်ဆောင်ရင်း
ရွေ့ရှားရင်း
ခံစား၊ ကြားနာတဲ့ ကမ္ဘာမြေရဲ့ နေကာ
ခိုင်မြဲပြီး နိုးကြားနေ
လွင့်နေတယ်။
မင်းတို့ကို ရှူသွင်းရင်း
လေကို သန့်စင်ပေးတယ်၊
ညင်သာပြီး ငြိမ်သက်
ပိုတိတ်ဆိတ်လာ
ရင်းမြစ်က ထာဝရ ဒီမှာ
တက်ခြင်းနဲ့ ဆင်းသက်ခြင်း
လေ
စည်းချက်ကျတဲ့ စီးမျောမှု
ကြော့ရှင်းကာ ကျက်သရေရှိတယ်
လှိုင်းတွေနဲ့ ငြိမ်းအေးမှု
ဖြူစင်မှုရဲ့ ညက်ညောတဲ့ ကြိုးတွေ
မိုးတွေ ရုတ်ခြည်း ဖြည့်တင်းနေတယ်
အိမ်မက်တွေရဲ့ မြစ်တွေ
မာန်ဟုန်ပြင်းတဲ့ စမ်းတွေ
ကမ္ဘာမြေကို အလျှံပယ် ဖုံးလွှမ်း
ကမ္ဘာကုန် ဖျော်ရည် ပျော်ဝင်နေ
သောက်သုံးပါ၊ အရည်၊ ဇီဝနဲ့ စွမ်းအား
ရေ
စကြာဝဠာ ဖြစ်တည်စဉ်က မွေးဖွားတယ်
လူသားကို နွေးထွေးခဲ့
သူ့ကို အလင်းပေးတယ်
ရောင်စုံ အလင်းတန်းတွေက
မီးစ မှိုတ်တုတ်အလင်းရောင် ထွန်းလင်းခဲ့
ဟုန်းဟုန်းတောက် ပြင်းထန်ကာ တောက်ပ
လေရဲ့ အထွတ်အမြတ်သားတော်၊ ဒေါသရဲ့ ဖခင်
အပူက အားမာန်ပါပါ ကခုန်နေတယ်
ပြိုင်ဖက်ကင်းမှုနဲ့ အလှကြားမှာ
ဘောင်ခတ်မထားတဲ့ သွက်လက်မှု
မြန်ပြီးတော့ ဆန်းပြားတယ်
ထွင်ဉာဏ်ရဲ့ မီးပွားတွေ လူးလွန့်-
မီး
(Canku One Star ကသည်)
(အဖွဲ့လိုက် သံပြိုင်ဆို)
(ဒရမ်တီးသည်)
(ဒရမ်နှင့် သံပြိုင်ဆိုခြင်း)
(ဒရမ်နှင့် သံပြိုင်ဆိုခြင်း)
(ဒရမ်နှင့် သံပြိုင်ဆိုခြင်း)
(ဂီတသံဆုံးသည်)
(လက်ခုပ်သံများ)
(တယောထိုးသည်)
(ဂီတသံ)
(ဂီတသံဆုံးသည်)
(လက်ခုပ်သံများ)