ကျွန်တော်က ထိုင်ဝမ်မှာမွေးတယ်။ ကုန်မာဆိုင်မျိုးစုံ ဝန်းရံပြီး ကြီးပြင်းလာခဲ့ကာ ညစျေးတွေကို သွားရတာကြိုက်တယ်။ ညစျေးတွေရဲ စွမ်းအင်ကို သဘောကျတယ်၊ အရောင်တွေ၊ မီးတွေ၊ အရုပ်တွေနဲ့ ကျွန်တော် သွားတိုင်းတွေ့ရတဲ့ မမျှော်လင့်ထားတဲ့ အရာတွေအားလုံးပေါ့။ စုပ်တံတွေတပ်ထားတဲ့ ဖရဲသီးလိုအရာတွေ၊ (သို့) ခေါင်းရိတ်ထားတဲ့ ခွေးကလေးတွေပေါ့။ ကျွန်တော် ကြီးလာတော့ အရုပ်တွေကို တစ်စစီဖြုတ်ရတာကြိုက်တယ်၊ အိမ်မှာတွေ့တဲ့ ဘယ်အရုပ်မျိုးဖြစ်ဖြစ်၊ ဥပမာ ကျွန်တော့အကိုရဲ့ BB သေနတ်၊ သူမရှိချိန်ပေါ့။ လူတွေအတက် စူးစမ်ပြီး ကစားဖို့ ပတ်ဝန်းကျင်တွေ ဖန်တီးရတာလည်းကြိုက်တယ်။ ဒီအစောပိုင်း ဖန်တီးမှုတွေမှာ ကုန်မာဆိုင်တွေ (သို့) အိမ် အနီးနားမှာတွေ့တဲ့ ပလပ်စတစ်အခင်းတွေ၊ ပလပ်စတစ်အိတ်တွေကို ယူတယ်။ ရောင်စုံမင်တဲလိုဟာမျိုးတွေကို ယူ၊ ရေနဲ့ရောတယ်၊ ပလပ်စတ်ပိုက်ကနေ မှုတ်ထုတ်တယ်၊ လူတွေဖြတ်လျှောက်ပြီး ခံစားဖို့အတွက် ဒီတောက်ပနေတဲ့ သွေးလည်ပတ်မှုစနစ်တွေ ဖန်တီးတာပေါ့။ ဒီကုန်ကြမ်းတွေကို သဘောကျတာက ၎င်းတို့ ကြည့်ပုံ၊ ခံစားပုံနဲ့ ဝယ်နိုင်တာကြောင့်ပါ။ ကိုယ်အစိတ်အပိုင်းတွေနဲ့တွဲလုပ်တဲ့ ကိရိယာတွေ လည်းကြိုက်တယ်။ LED ကင်မရာ မီးလုံးတွေယူ၊ နိုင်လွန်ကြိုးတစ်ချောင်းကို ခါးမှာပတ်ပြီး ကျွန်တော့ချက်ကို ဗီဒီယိုရိုက်တယ်၊ မတူတဲ့ အမြင်တစ်ခုရတယ်၊ ဒါ လုပ်ဆောင်ပုံကို ကြည့်ပါ။ (ရယ်သံများ) အိမ်သုံးပစ္စည်းတွေကိုလည်း ပြုပြင်မွမ်းမံတာ သဘောကျတယ်။ ဒါက ညမီးအိမ်တစ်ခုပါ၊ တစ်ချို့တွေရဲ့အိမ်မှာ ရှိလိမ့်မယ် ဒီအလင်းအာရုံခံကိရိယာကို ဖြတ်မယ်၊ ကြားဆက်ကြိုးတစ်ချောင်းထည့်၊ ပုံသွင်း မြေစေးသုံးပြီး တီဗီပေါ်မှာ ကပ်လိုက်တယ်၊ နောက် ကျွန်တော့မျက်လုံးကို ဗီဒီယိုရိုက်တယ်၊ မျက်လုံးရဲ့ အမှောင်ခြမ်းကိုသုံးပြီး အာရုံခံကို ညလို့ ထင်အောင်လှည့်စားတာပါ၊ ဒါနဲ့ မီးလုံးကို ဖွင့်လိုက်တယ်။ မျက်ဖြူသားနဲ့ မျက်ခွံဟာ အာရုံခံကိရိယာကို နေ့လို့ထင်အောငိ လှည့်စားပြီး အလင်းကို ပိတ်လိုက်မယ်။ နောက်ထပ် မျက်လုံးမျိုးစုံကို စုချင်တော့ စက်ဘီးဆောင်းဦးထုပ်တွေ၊ မီးလုံးတွေ၊ တီဗီစက်တွေကိုသုံးပြီး ဒီကိရိယာကို ဆောက်ခဲ့တယ်။ အခြားသူတွေအတွက် ခေါင်းဆောင်းဝတ်ပြီး မျက်လုံးတွေကို ရိုက်ယူဖို့ လွယ်ကူလိမ့်မယ်။ ဒီကိရိယာက ကျွန်တော့ကို အြခားသူတွေရဲ့မျက်လုံးတွေကို သရုပ်ကျကျ ထုတ်ယူခွင့်ပေးတော့ အြခား ပန်းပုတွေအတွက် အသုံးပြုဖို့ မျက်လုံးမျိုးစုံ ရပါတယ်။ ဒီပန်းပုမှာ မျက်လုံးလေးလုံးပါတယ်။ မျက်လုံးတိုင်းက မတူတဲ့ကိရိယာကို ထိန်းချုပ်တယ်။ ဒီမျက်လုံးက တီဗီတစ်လုံးထဲမှာ လှည့်လည်နေတယ်။ ဒီမျက်လုံးက ပလပ်စတစ်ပြွန်ကို လေထိုးနေတယ်။ ဒီမျက်လုံးက နောက်ထပ် ဖန်တီးနေတဲ့ ဗီဒီယိုကို ကြည့်နေတယ်။ ဒီမျက်လုံးနှစ်လုံးဟာ တောက်ပနေတဲ့ ရေကို အသက်သွင်းပေးနေတယ်။ ဒီလက်ရာအများအပြားကို နောက်ပိုင်းမှာ ကမ္ဘာတစ်လွားက ပြတိုက်တွေ၊ နှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါ ပြပွဲတွေမှာ ပြသတယ်။ ကျွန်တော်က သိပ္ပံနဲ့ 
 ဇီဝဗေဒကို နှစ်သက်တယ်။ ၂၀၀၇ ခုနှစ်မှာ Smithsonian သဘာဝသမိုင်းပြတိုက်မှာ ဘွဲ့အတွက် သုတေသနတစ်လုပ်နေတုန်း သမုဒ္ဒရာထဲက ဇီဝအလင်းထုတ်တဲ့ သက်ရှိတွေကို ကြည့်နေခဲ့တယ်။ ဒီသတ္တဝါတွေကို နှစ်သက်တယ်၊ သူတို့ပုံပန်း၊ ခံစားကြပုံကို နှစ်သက်တယ် ဒါတွေဟာ ပျော့ပြီး ချွဲကျိကျိပါ၊ ၎င်းတို့ပတ်ဝန်းကျင်မှာ အလင်းကို အသုံးပြုပုံကို အရမ်းစိတ်ဝင်စားမိတယ်။ ကြင်ဖော်ကို ဆွဲဆောင်ဖို့၊ ကာကွယ်ဖို့ (သို့) အစာကို မျှားဖို့ တစ်ခုခုပေါ့။ သုတေသနက အလုပ်ကို နည်းများစွာနဲ့ စေ့ဆော်ပေးတယ်။ လှုပ်ရှားမှု (သို့) အလင်းပုံစံ မျိုးစုံဆိုတာမျိုးတွေပေါ့။ ဒီတော့ ကျွန်တော့ စတူဒီယိုမှာ ကုန်ကြမ်းပစ္စည်းမျိုးစုံကို စပြီးစုတယ်၊ လက်တွေ့ စမ်းသပ်ရင်း ဟိုဟာစမ်းလိုက်၊ ဒါစမ်းလိုက်နဲ့ စိတ်မှာပေါ်လာနိုင်တဲ့ သတ္တဝါအမျိုးအစား တွေကိုမြင်တယ်။ ကွန်ပြုတာ အအေးပေးတဲ့ ပန်ကာ အများကြီးသုံးခဲ့ပြီး ဒါတွေကို အတူတူ တပ်ဆင်တာမျိုးလုပ်ပြီး ဖြစ်လာတာကို ကြည့်တာပါ။ ဒါက များစွာသော သတ္တဝါမျိုးစုံပါဝင်တဲ့ စတုရန်းပေ ၈၀၀၀ ရှိတဲ့လက်ရာပါ၊ တစ်ချိုက မျက်နှာကြက်မှာ တွဲလောင်းကျနေပြီး တစ်ချို့ ကြမ်ပြင်မှာ နားနေတယ်။ အဝေးကဆို ဂြိုဟ်သားတွေပုံပါ၊ ဒါပေမဲ့ အနီးကပ်ကြည့်ရင်တော့ အားလုံးဟာ အမှိုက်အိတ်အနက်တွေ (သို့) Tupperware ဘူးကနေ ဖန်တီးတာပါ။ သာမန်အရာဝတ္ထုတွေဟာ မှော်ဆန်ပြီး အံ့ဖွယ်ဖြစ်လာနိုင်ပုံကို ခင်ဗျားတို့နဲ့ မျှဝေချင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)