မှတ်မိနိုင်ကတည်းက စစ်ဟာ
ကျွန်မဘဝ အစိတ်အပိုင်း ဖြစ်ခဲ့တာပါ။
ကျွန်မက အာဖဂန်နစ္စတန်ကို ဆိုဗီယက်တွေ
ကျူးကျော်ပြီး ခြောက်လအကြာမှာ မွေးခဲ့ပြီး
ဘာဖြစ်နေတယ်ဆိုတာ နားမလည်
လောက်အောင် ငယ်သေးတာတောင်မှ
ကျွန်မနားမှာ ဒုက္ခနဲ့ ကြောက်ရွံ့မှုရဲ့
နက်ရှိုင်းတဲ့ အသိရှိခဲ့တယ်။
ဒီအစောပိုင်း အတွေ့အကြုံတွေက အခု ကျွန်မ စစ်
ကို တွေးပုံမှာ အဓိက သက်ရောက်မှုရှိခဲ့ပြီး
သိလိုက်ရတာက လူတွေဟာ အနိုင်အရှုံး
ပေါ်မှာ အခြေခံကျတဲ့ ပြဿနာရှိတဲ့အခါ
သူတို့အများစုအတွက်
အညံ့ခံတာဟာ ရွေးချယ်မှု မဟုတ်တာပါ။
ဒီပဋိပက္ခမျိုးတွေအတွက်...
လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အခါ
သူတို့တိုင်းပြည်တွေ အသိမ်းခံရတဲ့အခါ၊
ဖိနှိပ်ခံရပြီး အရှက်ခွဲခံရတဲ့အခါ
ခုခံပြီး ပြန်တိုက်ခိုက်ဖို့ အစွမ်းရှိတဲ့
နည်းတစ်နည်း လိုပါတယ်။
ဆိုလိုတာက အကြမ်းဖက်မှုက ဘယ်လောက်
ဖျက်စီးပြီး ဘယ်လို ဆိုးဝါးနေနေပါ၊
လူတွေဟာ ဒါကို တစ်ခုတည်းသော
ရွေးစရာအဖြစ်မြင်ရင်
ဒါကို သူတို့ သုံးပါလိမ့်မယ်။
အများစုက ကမ္ဘာမှာရှိတဲ့ အကြမ်းဖက်မှု
အဆင့်နဲ့ ပတ်သက်ပြီး ပူပန်ကြတယ်။
အကြမ်းဖက်တာဟာ ကျင့်ဝတ်အရ
မှားတယ်လို့ပြောတာနဲ့ စစ်ကို
အဆုံးသတ်နိုင်မှာ မဟုတ်ပါ။
ဒီအစား အနည်းဆုံး အကြမ်းဖက်တာလို
စွမ်းအားရှိပြီး ထိရောက်တဲ့
ကိရိယာတစ်ခု သူတို့ကို ပေးရမှာပါ။
ဒါ ကျွန်မလုပ်တဲ့ အလုပ်ပါ။
ပြီးခဲ့တဲ့ ၁၃ နှစ်လုံးလုံး
ကမ္ဘာတစ်ဝှမ်းက အခက်ခဲဆုံး
အခြေအနေမှာရှိတဲ့ လူတွေကို
ပဋိပက္ခကို စီမံဖို့ အကြမ်းမဖက်တဲ့
ရုန်းကန်မှုကို ဘယ်လို သုံးနိုင်တယ်
ဆိုတာ သင်ပေးနေတာပါ။
အများစုက ဒီလုပ်ရပ်မျိုးကို Gandhi၊
Martin Luther King တိုနဲ့ ဆက်စပ်ကြတယ်။
ဒါပေမဲ့ အကြမ်းမဖက်တဲ့ လုပ်ရပ်ကို
ကျင့်သုံးတာ နှစ်ထောင်ချီနေပါပြီ။
တကယ်က ဒီနိုင်ငံမှာ ဒီနေ့
ကျွန်မတို့မှာရှိတဲ့ အခွင့်အရေးအများစုက
အမျိုးသမီးတွေအနေနဲ့၊
လူနည်းစုတွေအနေနဲ့၊
အလုပ်သမားတွေအနေနဲ့၊
မတူညီတဲ့ လိင်ပိုင်း ကိုင်းညွှတ်မှုက
လူတွေအနေနဲ့
ဝန်းကျင်နဲ့ စပ်လျဉ်းတဲ့
နိုင်ငံသားတွေအနေနဲ့
ဒီအခွင့်အရေးတွေ ပေးမထားပါဘူး
ဒါတွေအတွက် တိုက်ခိုက်ပြီး
ဒါတွေအတွက် စွန့်လွတ်သူတွေ ရတာပါ။
ဒါပေမဲ့ ကျွန်မတို့ဟာ သမိုင်းကနေ
မသင်ယူထားတာကြောင့်
အကြမ်းမဖက် လှုပ်ရှားမှုကို နည်းစနစ်တစ်
ခုအဖြစ် အများက နားလည်မှုလွဲနေတာပါ။
Ethiopian လှုပ်ရှားသူတစ်စုနဲ့
တစ်လောက ဆုံခဲ့ပြီး
ကျွန်မ အတော်ကို ကြာဖူးတာတစ်ခုကို
ပြောပြတယ်။
သူတို့က အကြမ်းမဖက်တဲ့ လုပ်ရပ်ကို
စမ်းပြီးပြီ၊
အလုပ်မဖြစ်ဘူးလို့ ပြောတယ်။
နှစ်အတော်ကြာက ကန့်ကွက်ပွဲတစ်ခု
လုပ်ခဲ့တယ်။
အစိုးရက လူတိုင်းကို ဖမ်းချုပ်တော့
အဆုံးသတ်သွားခဲ့တယ်။
အကြမ်းမဖက် ရုန်းကန်မှုဟာ
လမ်းထွက် ဆန္ဒပြတာနဲ့
အတူတူပဲဆိုတာဟာ တကယ့်ပြဿနာပါ။
အကြောင်းက ဆန္ဒပြပွဲတွေတာ လူတွေ ပြောင်း
လဲချင်တာပြဖို့ နည်းကောင်းဖြစ်နိုင်ပေမဲ့
သူတို့ချည်းကတော့ ဘာအပြောင်းအလဲမှ
မဖန်တီးနိုင်ပါဘူး၊
အနည်းဆုံး အပြောင်းအလဲက အခြေခံလောက်ပါ။
(ရယ်သံများ)
အာဏာရှိတဲ့ ရန်ဘက်တွေက လူတွေလိုချင်တာကို
ပေးမှာ မဟုတ်လို့ပါ၊
အကြောင်းက သူတို့က ချိုသာစွာ တောင်းလို့၊
သိပ် မချိုသာဘူးဆိုတောင်မှပေါ့။
(ရယ်သံများ)
အကြမ်းမဖက် ရုန်းကန်မှုဟာ ရန်ဘက်ကို
ဖျက်စီးနိုင်တယ်
ရုပ်ပိုင်းအရမဟုတ်ပဲ
သူတို့ ရှင်သန်ဖို့လိုတဲ့ အဖွဲ့အစည်းတွေကို
ဖော်ထုတ်၊ပြီးတော့ သူတို့ရဲ့
အာဏာ အရင်းအမြစ်တွေကို
ငြင်းဆန်ရင်းနဲ့ပါ။
အကြမ်းမဖက် လှုပ်ရှားသူတွေဟာ
စစ်သားတွေကို တပ်ထဲကထွက်အောင်
လှုံ့ဆော်ကာ စစ်တပ်
အားလျော့အောင် လုပ်နိုင်တယ်။
သပိတ်မှောက်၊ ဆန္ဒပြတာတွေကနေ
စီးပွားရေးကို နှောင့်ယှက်နိုင်တယ်။
အခြား မီဒီယာတစ်ခု ဖန်တီးကာ
အစိုးရ ဝါဒဖြန့်မှုကို စိန်ခေါ်နိုင်တယ်။
ဒါလုပ်ဖို့ သုံးနိုင်တဲ့
နည်းလမ်းစုံရှိပါတယ်။
ကျွန်မလုပ်ဖော်နဲ့ ဆရာဖြစ်သူ Gene Sharp က
အကြမ်းမဖက်တဲ့ နည်းလမ်း ၁၉၈ မျိုးကို
ဖော်ထုတ်ထားပါတယ်။
ဆန္ဒပြမှုက တစ်ခုတည်းပါ။
တစ်လောက နမူနာတစ်ခု ပေးပါရစေ။
လအနည်းငယ် မတိုင်ခင်ကပါ၊
Guatemala ဟာ ရာဇဝတ် ဂိုဏ်းတွေနဲ့
ဆက်နွယ်တဲ့ အကျင့်ပျက်
စစ်အရာရှိတွေ အုပ်ချုပ်တာခံခဲ့ရတယ်။
ယေဘုယျအားဖြင့် ဒါကို လူတွေ သိပေမဲ့
အများစုက ဒါနဲ့ ပတ်သက်ပြီး
တစ်ခုခုလုပ်ဖို့ အင်အားမဲ့နေတယ်။
သာမန်လူ ၁၂ ယောက်ပဲ ပါဝင်တဲ့
နိုင်ငံသားအုပ်စုက၊ သူတို့မိတ်ဆွေတွေဆီ
Facebook မှာ တောင်းဆိုချက်ကို
တင်လိုက်ကာ ဗဟိုရင်ပြင်မှာ
စာသားရေးထားတဲ့ ဆိုင်းဘုတ်ကိုင်
ဆုံတွေ့ဖို့ ရေးလိုက်တဲ့ အထိပါ။
"Renuncia YA"
နုတ်ထွက်လိုက်ပါ။
သူတို့ အံ့ဩသွားတာက
လူပေါင်း ၃၀၀၀၀ ရောက်လာကြတယ်။
ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံး ပြန့်သွား
လိုက်တာ လနဲချီပြီး အဲဒီမှာ နေကြတယ်။
တစ်ချက်မှာတော့
စည်းရုံးသူတွေဟာ အစိုးရရုံး အမျိုးမျိုးကို
ရာချီတဲ့ ကြက်ဥတွေ ပို့လိုက်တယ်။
စာတိုလေး ရေးထားတာက
"အကျင့်ပျက် ကိုယ်စားလှယ်လောင်းတွေ
ဝင်ရွေးတာ တားဆီဖို့
ခင်ဗျားတို့မှာ ကြက်ဥတွေ (ဘောတွေ) မရှိရင်
ကျုပ်တို့ဟာတွေ ငှားနိင်တယ်။"
(ရယ်သံများ)
(လက်ခုပ်သံများ)
သမ္မတ Monila က ဘယ်တော့မှ
မဆင်းပေးဘူဆိုပြီး သစ္စာပြု
တုံ့ပြန်လိုက်တယ်။
လှုပ်ရှားသူတွေက ဆက်ပြီး ဆန္ဒပြမှုဟာ
မလုံလောက်တာ သဘောပေါက်ပြီး
သမ္မတကို ထွက်ဖို့ တောင်းဆိုကြတယ်။
သူ့ကို ရွေးချယ်ခွင့် မပေးလိုကြပါဘူး။
ဒါနဲ့ အထွေထွေ သပိတ်ကြီး စီစဉ်ခဲ့တယ်၊
တစ်နိုင်ငံလုံးက လူတွေ
အလုပ်လုပ်ဖို့ ငြင်းဆိုကြတယ်။
Guatemala City မှာတင်ပဲ
လုပ်ငန်းပေါင်း ၄၀၀ ကျော်နဲ့
ကျောင်းတွေ ပိတ်ခဲ့ရတယ်။
တစ်ချိန်တည်းမှာ
တစ်နိုင်ငံလုံးက လယ်သမားတွေဟာ
အဓိကလမ်းတွေကို ပိတ်ခဲ့တယ်။
ငါးရက်အတွင်းမှာပဲ
သမ္မတနဲ့အတူ
ဒါဇင်ချီတဲ့အခြား အစိုးရ အရာရှိတွေ
ထွက်သွားလိုက်ရတယ်။
(လက်ခုပ်သံများ)
ကမ္ဘာ့နိုင်ငံတိုင်းက အကြမ်းမဖက်
လုပ်ရပ်သုံးသူတွေရဲ့ တီထွင်မှုနဲ့ သတ္တိကနေ
ကျွန်မ စေ့ဆော်မှု
အများကြီးရခဲ့တယ်။
ဥပမာ၊
တစ်လောက Uganda က လှုပ်ရှားသူ တစ်စုကနေ
ဝက်သေတ္တာတစ်လုံး လမ်းတွေထဲ လွှတ်လိုက်တယ်။
ဒီမှာ ရဲတွေ ဒါတွေကို ဘာလုပ်ရမှန်း
မသိ စိတ်ရှုပ်သွားတာ သိနိုင်ပါတယ်။
(ရယ်သံများ)
ဝက်တွေကို အာဏာရပါတီရဲ့
အရောင်နုဲ့ ဆေးချယ်ထားတယ်။
ဝက်တစ်ကောင်ဆို ဦးထုပ်တောင် ဆောင်းထားတယ်၊
လူတွေ မှတ်မိနေတဲ့ ဦးထုပ်တစ်လုံးပါ။
(ရယ်သံများ)
ကမ္ဘာတစ်ဝှမ်းက လှုပ်ရှားသူတွေဟာ
သတင်းခေါင်းစီးတွေ ယူရာမှာ ပိုတော်လာတယ်
ဒါပေမဲ့ ပိုကြီးမားတဲ့ နည်းဗျူဟာရဲ့
အစိတ် အပိုင်းမဟုတ်ရင်
ဒီကွက်ကြား လုပ်ရပ်တွေက မထိရောက်ပါဘူး။
စစ်ပွဲနိုင်ဖို့ အကြံမရှိရင်
ဗိုလ်ချုပ်ကြီးဟာ
သူ့တပ်တွေကို တိုက်ပွဲ
ဝင်ခိုင်းမှာ မဟုတ်ပါ။
အဲဒါက ကမ္ဘာ့ အကြမ်းမဖက်
လှုပ်ရှားမှု အများစု ဆောင်ရွက်ပုံပါ။
အကြမ်းမဖက် ရုန်းကန်မှုဟာ စစ်ရေး
စစ်ရာလို သိမ်မွေ့နက်နဲပါတယ်၊
မပိုရင်တောင်
ပါဝင်သူတွေဟာ ကောင်းကောင်း လေ့ကျင့်ကာ
ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိရမယ်၊
ခေါင်းဆောင်တွေမှာ ဒီရည်မှန်းချက်တွေကို
အောင်မြင်ဖို့ နည်းဗျူဟာ ရှိရပါမယ်။
စစ်ရေးနည်းပညာဟာ ကြီးမားတဲ့
အရင်းအမြစ်တွေနဲ့အတူ ဖွံ့ဖြိုးခဲ့တာ
နှစ်ထောင်ချီရှိနေပြီး
အတော်ဆုံး ပညာရှင်တစ်ချို့က
ဒါလုပ်ဆောင်ပုံကို နားလည်ခြင်းနဲ့
တိုးတက်ခြင်းကို ရည်စူးထားကြတယ်။
တစ်ချိန်တည်းမှာ အကြမ်းမဖက် ရုန်းကန်မှုကို
စနစ်တကျ လေ့လာခဲ့ကာ
အရေအတွက် တိုးလာတယ်ဆိုတာတောင်
ကမ္ဘာမှာ ဒါကို သင်ကြားပေးသူတွေဟာ
ဒါဇင်အနည်းငယ်ပဲ ရှိတာပါ။
ဒါက အန္တရာယ်ပါ၊
အကြောင်းက ပဋိပက္ခကို ကိုင်တွယ်တဲ့ နည်း
ဟောင်းတွေဟာ ကျွန်မတို့ ရငိဆိုင်နေရတဲ့
စိန်ခေါ်မှုအသစ်တွေအတွက်
မလုံလောက်တာ အခု ကျွန်မတို့ သိကြလို့ပါ။
US အစိုးရက မကြာခင်က ဝန်ခံခဲ့တာက
ISIS ကို ဆန့်ကျင်တဲ့ စစ်ထဲမှာ
မတိုးသာ မဆုတ်သာဖြစ်နေတာကိုပါ။
ဒါပေမဲ့ လူအများစု မသိတာက
လူတွေဟာ ISIS ကို အကြမ်းမဖက်တဲ့
လုပ်ရပ်နဲ့ ရင်ဆိုင်ရဲတာပါ။
ဇွန်လ ၂၀၁၄ မှာ ISIS က Mosul ကို သိမ်းတော့
သူတိူ့ရဲ့ အစွန်းရောက် သဘော
တရားကို အခြေခံတဲ့ ပြည်သူ့ကျောင်း
သင်ရိုးအသစ် ရုပ်လုံးဖေါ်မယ်လို့ ကြေညာတယ်။
ဒါပေမဲ့ ကျောင်းရဲ့ ပထမရက်မှာ
ကလေးတစ်ယောက်မှ ပေါ်မလာဘူး။
မိဘတွေက ကလေးတွေကို ပို့ဖို့
ငြင်းဆန်လိုက်တာပါပဲ။
သူတို့ သတင်းစာသမားတွေကို ပြောတာက
ကလေးတွေ ဦးနှောက်ဆေးခံရတာထက်
အိမ်မှာပဲ သင်ပေးချင်တယ်တယ်တဲ့။
ဒါက မြို့တစ်မြိုထဲမှာပဲ
အာဏာဖီဆန်တဲ့ လုပ်ရပ်ရဲ့
ဥပမာတစ်ခုပါ။
ဒါပေမဲ့ ISIS ဆန့်ကျင်မှု
ဖြစ်ပွားတဲ့ အကြမ်းမဖက်
ခုခံမှုရဲ့ ဒါဇင်ချီတဲ့
အခြား လုပ်ရပ်တွေနဲ့ ချိတ်ဆက်လိုက်ရင်ရော။
မိဘတွေရဲ့ သပိတ်မှောက်မှုဟာ ISIS
လည်ပတ်ဖို့လိုတဲ့ အရင်းအမြစ်တွေကို
ဖော်ထုတ်၊ ဖြတ်တောက်ဖို့ ပိုကြီးမားတဲ့
နည်းဗျူဟာရဲ့ အစိတ်အပိုင်းဆိုရင်ရော။
အစာထုတ်လုပ်ဖို့လိုတဲ့
ကျွမ်းကျင်လုပ်သားတွေ၊
ရေနံ ထုတ်ယူ၊ သန်စင်ဖို့လိုတဲ့
အင်ဂျင်နီယာတွေ၊
မီဒီယာ အခြေခံ အဆောက်အဦနဲ့
ဆက်သွယ်ရေး ကွန်ရက်တွေ၊
သယ်ယူပို့ဆောင်ရေး စနစ်တွေ၊
ISIS မှီခိုတဲ့ ဒေသတွင်း
စီးပွားရေး လုပ်ငန်းတွေပေါ့။
အကြမ်းမဖက်တဲ့ လုပ်ရပ်နဲ့
ISIS ကို အနိုင်တိုက်ဖို့
စိတ်ကူးဖို့်ဟာ ခက်ကောင်းခက်ပါလိမ့်မယ်။
ဒါပေမဲ့ ပဋိပက္ခကိုတွေးပုံနဲ့
ဒါကို ရင်ဆိုင်ရာမှာ ကိုယ်မှာရှိတဲ့
ရွေးချယ်မှုတွေကို စိန်ခေါ်ဖို့ အချိန်
ရောက်လာပါပြီ။
ဒါက ပျံ့နှံထိုက်တဲ့ စိတ်ကူးတစ်ခုပါ။
ဘယ်မှာ အကြမ်းမဖက် လုပ်ဆောင်မှု
အလုပ်ဖြစ်တယ်ဆိုတာနဲ့ ဒါကို ဘယ်လို
ပိုအားကောင်းအောင်
လုပ်နိုင်တာကို ပိုလေ့လာကြပါစို့။
လူသား လိုအပ်ချက်တွေနဲ့ ပိုကိုက်ညီဖို့
အဆက်မပြတ် မွမ်းမံနေတဲ့
အခြားစနစ်တွေ၊ နည်းပညာတွေနဲ့
ကျွန်မတို့ လုပ်ကြသလိုပါပဲ။
ဖြစ်နိုင်တာက စစ်အစား အကြမ်းမဖက်
လုပ်ဆောင်မှုကို တိုးတိုးသုံးလာမယ့်
အဆင့်မျိုးဆီကို တိုးမြှင့်အောင်
လုပ်နိုင်ပါတယ်။
လေးတွေနဲ့ မြားတွေကို စွန့်လွတ်ခဲ့ကြသလိုပဲ
ပဋိပက္ခအတွက် လက်နက် တစ်ခုအဖြစ်
အကြမ်းဖက်မှုကို စွန့်လွှတ်နိုင်လောက်ပါတယ်။
အကြောင်းက ပိုထိရောက်တဲ့လက်နက်
တွေနဲ့ ဒါတွေကို အစားထိုးနိုင်ခဲ့လို့ပါ။
လူးသားရဲ့ တီထွင်မှုနဲ့အတူ အကြမ်းမဖက်
ရုန်းကန်မှုကို အသစ်ဆုံး၊ ခေတ်အမီဆုံး
လက်နက်တွေထက် ပိုအားကောင်းအောင်
လုပ်နိုင်ပါတယ်။
လူ့လောကအတွက် အကြီးဆုံး မျှော်လင့်ချက်က
အကြမ်းဖက်တာကို ရှုတ်ချခြင်းမှာ မဟုတ်ပဲ
အကြမ်းဖက်တာကို အသုံးမဝင်အောင်
လုပ်ပစ်မှုထဲမှာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)