WEBVTT 00:00:07.433 --> 00:00:12.010 ဘာသာစကား ဟာ ကျွန်ုပ်တို့ အလေးမမူမိတဲ့ ကျွန်ုပ်တို့ ဘဝတွေရဲ့ မရှိမဖြစ် အပိုင်းပါ။ 00:00:12.010 --> 00:00:15.389 ဒါနဲ့ အတွေးတွေ၊ ခံစားချက်တွေကို ဆက်သွယ်နိုင်တယ်၊ 00:00:15.389 --> 00:00:17.370 ဝတ္ထုတွေထဲမှာ ကိုယ်တိုင် နစ်မျော၊ 00:00:17.370 --> 00:00:18.938 သတင်းတိုတွေ ပို့ကာ 00:00:18.938 --> 00:00:21.124 မိတ်ဆွေတွေကို နှုတ်ဆက်နိုင်တယ်။ 00:00:21.124 --> 00:00:25.468 အတွေးတွေကို စကားလုံးတွေအဖြစ် မပြောင်းနိုင်ဘူးလို့ စိတ်ကူးဖို့ ခက်ပါတယ်။ 00:00:25.468 --> 00:00:29.304 ဒါပေမဲ့ လေဖြတ်တာ၊ နေမကောင်းတာ သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာကြောင့် 00:00:29.304 --> 00:00:33.556 သင့်ဦးနှောက်က ဘာသာစကား ချိတ်ဆက်မှုတွေရဲ့ သိမ်မွေ့တဲ့ ကွန်ရက်ဟာ အလျဉ်ပြတ်သွားရင် 00:00:33.556 --> 00:00:37.484 သင်ဟာ တကယ်ပဲ စကားလုံးတွေကို ရှာမရ ပျောက်ဆုံးနေတာမျိုး ဖြစ်သွားပါတယ်။ 00:00:37.484 --> 00:00:43.505 aphasia လို့ခေါ်တဲ့ ဒီရောဂါဟာ ဆက်သွယ်ရေး ကဏ္ဍအားလုံးကို ထိခိုက်နိုင်ပါတယ်။ 00:00:43.505 --> 00:00:47.035 aphasia ရောဂါရှိပေမဲ့ ထိုသူတို့ဟာ ခါတိုင်းလို့ ဉာဏ်ထက်နေဆဲဖြစ်ပါ။ 00:00:47.035 --> 00:00:48.985 သူတို့ ပြောချင်တာကို သိတယ်၊ 00:00:48.985 --> 00:00:52.246 ဒါပေမဲ့ မှန်ကန်တဲ့ စကားလုံးတွေ နှတ်မှ ထွက်ဖို့ အမြဲတမ်း မလွယ်ပါဘူး။ 00:00:52.246 --> 00:00:56.559 paraphasias လို့ခေါ်တဲ့ အစာထိုးမှုတွေ မရည်ရွယ်ပဲ သုံးမိနိုင်တယ်။ 00:00:56.559 --> 00:00:59.684 ဆက်စပ်တဲ့ စကားလုံးတွေ ပြောင်းရင်း ဥပမာ "ကြောင်" ဆို "ခွေး"ပေါ့၊ 00:00:59.684 --> 00:01:06.055 ဒါမှမဟုတ် အသံတူတဲ့ စကားလုံးတွေ ဥပမာ "တိမ်" ဆို "အိမ်" ပေါ့။ 00:01:06.055 --> 00:01:09.254 တစ်ခါတစ်ရံ သူတို့စကားလုံးတွေက မှန်းလို့တောင် မရနိုင်တာတွေပါ။ 00:01:09.254 --> 00:01:13.995 အုပ်စုနှစ်မျိုးထဲမှာ aphasia အမျိုးအစား အများကြီးရှိတယ်၊ 00:01:13.995 --> 00:01:16.325 ပြေပြစ်တာ သို့မဟုတ် လက်ခံလွယ်တဲ့ aphasia နဲ့ 00:01:16.325 --> 00:01:19.966 မပြေပြစ်၊ သို့မဟုတ် ခံစားချက်ပြနိုင်တဲ့ aphasia ပါ။ 00:01:19.966 --> 00:01:23.776 ပြေပြစ်တဲ့ aphasia နဲ့ လူတွေဟာ ပုံမှန် အသံနိမ့်မြင့် ရှိနိုင်ပေမဲ့ 00:01:23.776 --> 00:01:26.457 အဓိပ္ပါယ်မဲ့တဲ့ စကားလုံးတွေ သုံးတယ်။ 00:01:26.457 --> 00:01:29.526 သူများတွေရဲ့ ပြောစကားကို နားလည်ရာမှာ ခက်ခဲမှုရှိပြီး 00:01:29.526 --> 00:01:33.535 မကြာခဏ သူတို့ ကိုယ်တိုင်ရဲ့ စကားပြော အမှားတွေကို မမှတ်မိကြဘူး။ 00:01:33.535 --> 00:01:36.305 အခြားဘက်မှာက မပြေပြစ်တဲ့ aphasia နဲ့ လူတွေက 00:01:36.305 --> 00:01:38.206 နားလည်မှု ကောင်းလောက်ပေမဲ့ 00:01:38.206 --> 00:01:43.367 စကားလုံးတွေကြားမှာ တုံ့ဆိုင်းနေပြီး သဒ္ဒါပိုင်း အမှားတွေလုပ်ကြမယ်။ 00:01:43.367 --> 00:01:46.607 ကျွန်ုပ်တို့အားလုံး တစ်ခါတစ်လေမှာ စကားလုံးတစ်လုံးကို ရှာမရတဲ့အခါ 00:01:46.607 --> 00:01:48.488 လျှာဖျားမှာ ဆိုတဲ့ ခံစားချက်ရှိပါတယ်။ 00:01:48.488 --> 00:01:52.818 ဒါပေမဲ့ aphasia ရှိခြင်းက ရိုးရိုး နေ့စဉ် အရာဝတ္ထုတွေကို အမည်တပ်ဖို့ ခက်ခဲစေပါတယ်။ 00:01:52.818 --> 00:01:56.518 စာဖတ်ခြင်းနဲ့ စာရေးခြင်းမှာတောင် ခက်ခဲပြီး စိတ်ပျက်စရာကောင်းနိုင်တယ်။ 00:01:56.518 --> 00:01:59.308 ဒီတော့ ဒီဘာသာစကား ဆုံးရှုံးမှုက ဘယ်လိုဖြစ်တာလဲ။ 00:01:59.308 --> 00:02:01.807 လူ့ဦးနှောက်မှာ အခြမ်းနှစ်ခြမ်းရှိပါတယ်။ 00:02:01.807 --> 00:02:05.567 လူအများစုမှာ ဘယ်အခြမ်းက ဘာသာစကားကို ထိန်းချုပ်ပါတယ်။ 00:02:05.567 --> 00:02:07.978 ဒါကိုသိရတာ ၁၈၆၁ မှာ ရူဗဗေဒပညာရှင် 00:02:07.978 --> 00:02:10.677 Paul Broca ဟာ "tan" ကလွဲပြီး ကျန်တဲ့ စကားလုံးတွေ 00:02:10.677 --> 00:02:15.506 ပျောက်သွားတဲ့ လူနာတစ်ဦးကို လေ့လာခဲ့တာကြောင့်ပါ။ 00:02:15.506 --> 00:02:17.998 လူနာရဲ့ ဦးနှောက်ကို သေသွားလို့ ခွဲစိတ်လေ့လာမှုအတွင်း 00:02:17.998 --> 00:02:21.338 Broca ဟာ ဝဲဘက်အခြမ်းထဲမှာ အခု Broca's area လို့သိကြတဲ့ 00:02:21.338 --> 00:02:23.727 ကြီးမားတဲ့ ဒဏ်ရာတစ်ခုတွေ့ခဲ့တယ်။ 00:02:23.727 --> 00:02:28.158 ယနေ့ သိပ္ပံပညာရှင်တွေ ယုံကြည်တာက Broca's area ဟာ အရာဝတ္ထုတွေ အမည်ပေးတာနဲ့ 00:02:28.158 --> 00:02:31.078 စကားပြောမှာပါတဲ့ ကြွက်သားတွေ ထိန်းရာမှာ တာဝန်ရှိတဲ့အပိုင်းပါ။ 00:02:31.078 --> 00:02:35.878 Broca's area နောက်မှာက Wernicke's area ပါ။ အကြားအာရုံအလွှာ အနားမှာပါ။ 00:02:35.878 --> 00:02:39.008 ဒါက ဦးနှောက်ဟာ စကားသံတွေကို အဓိပ္ပါယ်တွဲပေးတဲ့ နေရာပါ။ 00:02:39.008 --> 00:02:43.338 Wernick's area ပျက်စီးမှုဟာ ဦးနှောက်ရဲ့ဘာ သာစကား နားလည်စွမ်းကို ချွတ်ယွင်းစေတယ်။ 00:02:43.338 --> 00:02:48.489 Aphasia ဟာ ဒီဘာသာစကား ဧရိယာတွေ တစ်ခု(သို့) နှစ်ခုလုံး ဒဏ်ရာရမှုကြောင့်ဖြစ်တာပါ။ 00:02:48.489 --> 00:02:50.829 ကံကောင်းချင်တော့ ဒီဘာသားစကား ဗဟိုတွေကို 00:02:50.829 --> 00:02:52.779 ထောက်ပံ့ပြီး ဆက်သွယ်ရေးနဲ့ 00:02:52.779 --> 00:02:55.218 ကူပေးနိုင်တဲ့ ဦးနှောက်ရဲ့ အခြားနေရာတွေရှိပါတယ်။ 00:02:55.218 --> 00:02:59.078 လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေတောင် ဘာသာစကားနဲ့ ဆက်နေတယ်။ 00:02:59.078 --> 00:03:04.478 FMRI လေ့လာမှုတွေမှာ တွေ့ရတာက "ပြေး" "က"တို့လို လှုပ်ရှားမှု ကြိယာတွေကို 00:03:04.478 --> 00:03:07.600 ကြားတဲ့အခါ လှုပ်ရှားမှုအတွက် တာဝန်ရှိတဲ့ ဦးနှောက်ပိုင်းတွေဟာ 00:03:07.600 --> 00:03:10.969 ကိုယ်ခန္ဓာက တကယ်ပဲ ပြေးနေ၊ ကနေသလို လင်းလက်လာတယ်။ 00:03:10.969 --> 00:03:13.929 ကျွန်ုပ်တို့ရဲ့ အခြားအခြမ်းကလည်း စကားရဲ့ စည်းဟန်နဲ့ အသံ 00:03:13.929 --> 00:03:17.369 အနိမ့်အမြင့်ကို မြှင့်တင်ရင်း ဘာသာစကားကို ထောက်ကူပါတယ်၊ 00:03:17.369 --> 00:03:21.099 ဒီဘာသာစကား မဟုတ်တဲ့ ဧရိယာတွေဟာ aphasia လူနာတွေ ဆက်သွယ်မှု 00:03:21.099 --> 00:03:23.469 ခက်ခဲချိန်မှာ ကူညီပေးတယ်။ 00:03:23.469 --> 00:03:25.668 ဒီတော့ aphasia ဟာ ဘယ်လောက် အဖြစ်များလဲ။ 00:03:25.668 --> 00:03:28.913 U.S တစ်ခုတည်းမှာတင် ခန့်မှန်းခြေ လူ ၁ သန်းလောက် ရှိကြတယ်။ 00:03:28.913 --> 00:03:32.530 တစ်နှစ် လူနာ အသစ် ၈၀၀၀၀ လောက်လို့ ခန့်မှန်းကြတယ်။ 00:03:32.530 --> 00:03:35.669 လေဖြတ်ပြီး ရှင်ကျန်တဲ့ သုံးပုံတစ်ပုံဟာ aphasia ရောဂါ ခံစားရပြီး 00:03:35.669 --> 00:03:38.260 Parkinson's ရောဂါ ဒါမှမဟုတ် အသိနည်းသေးတဲ့ 00:03:38.260 --> 00:03:40.180 ဦးနှောက် အသားမျှင်ခက်မာခြင်းထက် NOTE Paragraph 00:03:40.180 --> 00:03:42.469 ပို အတွေ့များစေတယ်၊ 00:03:42.469 --> 00:03:47.880 primary progressive aphasia (သို့) PPA ဆို တဲ့ aphasia ရဲ့ ရှားပါး ပုံစံတစ်ခုရှိတယ်။ 00:03:47.880 --> 00:03:50.771 ဒါက လေဖြတ်တာ၊ ဦးနောက်ထိခိုက် တာကြောင့်မဟုတ်ပဲ 00:03:50.771 --> 00:03:53.209 ဘာသာစကား ဆုံးရှုံးမှုက 00:03:53.209 --> 00:03:56.061 ပထမ လက္ခဏာဖြစ်တဲ့ စိတ်ဖောက်ပြန်မှု ပုံစံတစ်ခုကြောင့်ပါ။ 00:03:56.061 --> 00:04:01.232 PPA ကို ကုသခြင်း ရည်ရွယ်ချက်က ဘာသာစကား လုပ်ဆောင်ပုံကို အခြား စိတ်ဖောက်ပြန်မှု 00:04:01.232 --> 00:04:04.560 လက္ခဏာတွေ နောက်ဆုံး မဖြစ်ခင်မှာ ကြာနိုင်မျှ ထိန်းထားဖို့ပါ။ 00:04:04.560 --> 00:04:08.330 ဒါပေမဲ့ လေဖြတ်တာ (သို့) ဦးနှောက် ဒဏ်ရာကနေ aphasia ရတဲ့အခါ 00:04:08.330 --> 00:04:12.041 ဘာသာစကား တိုးတက်မှုကို စကားသံ ကုထုံးကနေ စွမ်းဆောင်နိုင်လောက်တယ်။ 00:04:12.041 --> 00:04:15.911 ကျွန်ုပ်တို့ ဦးနှောက်ဟာ နာလန်ထူခြင်း ဖြစ်စဉ်အတွင်း ဦးနှောက် ဒဏ်ရာ 00:04:15.911 --> 00:04:18.480 ပတ်ပတ်လည်နေရာတွေကို လုပ်ဆောင်မှုတစ်ချို့ ခွင့်ပေးတဲ့ 00:04:18.480 --> 00:04:21.994 ဦးနှောက် ပျော့ပြောင်းမှုလို့ သိကြတဲ့ အစွမ်းနဲ့ ၎င်ဘာသာ ပြုပြင်နိုင်ပါတယ်။ 00:04:21.994 --> 00:04:26.405 သိပ္ပံပညာရှင်တွေဟာ aphasia လူနာတေွမှာ ဦးနှောက်ပျော့ပြောင်းမှုကို အားပေးတယ်လို့ 00:04:26.405 --> 00:04:31.340 ယုံကြည်တဲ့ နည်းပညာ ပုံစံသစ်တွေသုံးပြီး စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ 00:04:31.340 --> 00:04:35.254 Really ချိန်တည်းမှာ အြခားသူတွေ သူတို့ကို နားမလည်မှာ (သို့) သူတို့ကို စကားပြောဖို့ 00:04:35.254 --> 00:04:39.941 အချိန်ပိုပေးရမှာကြောက်ပြီး aphasia ဝေဒနာရှင်တွေဟာ အထီးကျန်နေပါတယ်၊ 00:04:39.941 --> 00:04:44.311 သူတို့တွေ တတ်နိုင်သမျှနဲ့ ဆက်သွယ်ဖို့ အချိန်နဲ့ ပျော့ပြောင်းညင်သာမှုပေးခြင်းနဲ့ 00:04:44.311 --> 00:04:47.105 aphasia ရဲ့ အကန့်အသတ်တွေကို ကျော်လွန်ရင်း 00:04:47.105 --> 00:04:50.034 ဘာသာစကား တံခါးကို ပြန်ဖွင့်ပေးဖို့ သင်ကူညီနိုင်ပါတယ်။