0:00:00.810,0:00:04.841 ကျွန်မဟာ သေဆုံးမှု နဲ့ ဗိသုကာ[br]အကြောင်း ပုံပြင်ကို ပြောပြချင်တယ်။ 0:00:04.841,0:00:09.471 လွန်ခဲ့တဲ့ နှစ်တရာတုန်းက ကျွန်မတို့ဟာ[br]အဆုတ်ရောင်ရောဂါလို 0:00:09.471,0:00:12.768 ကူးစက်ရောဂါ ဖြစ်လာရင် လျင်မြန်စွာ[br]သေဆုံးခဲ့ကြရတာများပါတယ်။ 0:00:12.768,0:00:16.502 အိမ်မှာ၊ မိမိကုတင်းတွေပေါ်မှာ၊[br]မိသားစုရဲ့ စောင့်ရှောက်မှုအောက်မှာ၊ 0:00:16.502,0:00:18.294 ပုံမှန်ဆိုသလို သေခဲ့ကြရတာပါ၊ 0:00:18.294,0:00:20.884 လူတွေ အများစုဟာ ဆေးကုသမှုကို[br]မရယူနိုင်ခဲ့ကြလို့ပါ။ 0:00:21.614,0:00:24.393 ဒါပေမဲ့ ၂၀ ရာစုထဲမှာကျတော့[br]အရာတော်တော်များများ ပြောင်းလာခဲ့တယ်။ 0:00:24.393,0:00:26.490 ကျွန်မတို့ဟာ ပင်နီစလင် လို[br]ဆေးဝါးအသစ်တွေကို တီထွင်လာနိုင်ကြလို့ 0:00:26.490,0:00:28.975 ခုနကလို ကူးစက်ရောဂါတွေကို[br]ကုစားလာနိုင်ခဲ့ကြတယ်။ 0:00:28.975,0:00:32.249 ပြီးတော့ ဓာတ်မှန် စက်လို[br]နည်းပညာအသစ်တွေ ပေါ်လာခဲ့ကြတယ်။ 0:00:32.249,0:00:34.501 ဒါပေမဲ့ အဲဒါတွေ သိပ်ကြီးမားခဲ့ကြကာ[br]ဈေးကြီးခဲ့ကြလို့၊ 0:00:34.501,0:00:37.519 အဲဒါတွေကို ထားရှိနိုင်ဖို့အတွက် ကြီးမားတဲ့[br]ဗဟိုအဆောက်အအုံတွေ လိုလာခဲ့တယ်၊ 0:00:37.519,0:00:39.818 အဲဒီလိုနည်းဖြင့် ခေတ်ပေါ် ဆေးရုံတွေ[br]ပေါ်ပေါက်လာခဲ့ကြတယ်။ 0:00:39.818,0:00:41.241 ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်မှာ၊ 0:00:41.241,0:00:43.881 နိုင်ငံ အများအပြားတို့ဟာ အထွေထွေ[br]ကျန်းမာရေး စန်စ်တွေကို ထူထောင်ခဲ့ကြရာ 0:00:43.881,0:00:46.528 ကုသမှု လိုအပ်သူတိုင်းဟာ[br]ကုသမှုကို ရရှိလာနိုင်ပါတယ်။ 0:00:46.528,0:00:50.777 အဲဒါရဲ့ ရလဒ်အဖြစ် ရာစုနှစ် အစပိုင်းမှာ[br]၄၅ နှစ်သာရှိခဲ့တဲ့ မျှော်မှန်းချက် အသက်ဟာ 0:00:50.777,0:00:52.960 ဒီနေ့ဆိုရင် နှစ်ဆနီးနီး မြင့်မားလာခဲ့ပါပြီ။ 0:00:52.960,0:00:57.058 ဒီလိုနဲ့ ၂၀ ရာစုဟာဖြင့် သိပ္ပံပညာရဲ့ ကမ်းလှမ်းချက်[br]တွေကြောင့် သိပ်ကို အကောင်းမြင်ခဲ့ကြတဲ့ ရာစုပါ၊ 0:00:57.058,0:01:00.785 အားလုံးက အသက်ရှင်ရေးကို အလေးထားခဲ့ကြကာ[br]သေဆုံးမှုဆိုင်ရာ ချဉ်းကပ်မှု 0:01:00.785,0:01:03.190 အကြီးအကျယ် ပြောင်းလဲသွားခဲ့သည့်တိုင်အောင်၊[br]သေဆုံးမှုကို မေ့သွားခဲ့ကြတယ်၊။ 0:01:03.580,0:01:04.783 ဒီမှာရပ်နေတဲ့ ကျွန်မဟာ ဗိသုကာပညာရှင်ပါ၊ 0:01:04.783,0:01:08.025 လွန်ခဲ့တဲ့ နှစ်ခွဲကျော်မှာ ကျွန်ဟာ[br]အဲဒီလို အပြောင်းအလဲတွေကို စောင့်ကြည့်နေကာ 0:01:08.025,0:01:11.179 သေဆုံးခြင်း နဲ့ သေကြေမှုဆိုင်ရာ ဗိသုကာတွေအတွက်[br]၎င်းတို့ရဲ့ အဓိပ္ပါယ်ကို လေ့လာခဲ့ပါတယ်။ 0:01:11.179,0:01:14.412 အခုတော့ ကျွန်မတို့ဟာ ကင်ဆာ ဒါမှမဟုတ်[br]နှလုံးရောဂါကြောင့် သေကြပါတယ်၊ 0:01:14.412,0:01:18.408 တနည်းအားဖြင့် ကျွန်မတို့ထဲက အများစုတို့ဟာ[br]သူတို့ဘဝ အဆုံးပိုင်းမှာ နာတာရှည် 0:01:18.408,0:01:20.382 ရောဂါတွေကို ခံစားကြရမှာကို ဆိုလိုပါတယ်။ 0:01:20.382,0:01:21.495 အဲဒီလို နှစ်များအတွင်းမှာ 0:01:21.495,0:01:26.558 ကျွန်မတို့ဟာ ဆေးရုံတွေ နဲ့ ဘိုးဘွားရိပ်သာ[br]စောင့်ရှောက်ရေး ဌာနမှာ နေထိုင်ဖို့များပါတယ်။ 0:01:26.558,0:01:28.764 ခေတ်ပေါ် ဆေးရုံကို ကျွန်မတို့ အားလုံး[br]ရောက်ခဲ့ဘူးကြပါတယ်။ 0:01:28.764,0:01:32.154 ဓာတ်မီးချောင်းများ နဲ့ အဆုံးအဆမရှိလို့[br]ထင်ရတဲ့ စင်္ကြံလမ်းတွေကို၊ 0:01:32.154,0:01:35.172 ထိုင်ရတာ အဆင်မပြေတဲ့ ကုလားထိုင်[br]အတန်းတွေကို ရှင်တို့ သတိရကြမှာပါ။ 0:01:35.172,0:01:38.934 ဆေးရုံတွေရဲ့ ဗိသုကာ[br]နာမည်ဆိုး ထွက်နေပါတယ်။ 0:01:38.934,0:01:42.091 ဒီနေရာမှာ အံ့အားသင့်စရာ အချက်က[br]အမြဲတမ်း အဲဒီလို မဟုတ်ခဲ့ခြင်းပါပဲ။ 0:01:42.091,0:01:46.425 ဒါကတော့ Brunelleschi က ၁၄၉၁ ခုနှစ်မှာ[br]ဆောက်လုပ်ပေးခဲ့တဲ့ L'Ospedale degli Innocenti ပါ၊ 0:01:46.425,0:01:50.172 သူ့ခေတ်ကာလတုန်းက ဩဇာအကြီးမားဆုံး[br]ဗိသုကာဆရာပါ။ 0:01:50.172,0:01:53.515 ကျွန်မ အဲဒီ အဆောက်အဦကို ကြည့်ပြီးနောက်[br]ဒီနေ့ ဆေးရုံတွေကို စဉ်းစားကြည့်တဲ့ အခါမှာ၊ 0:01:53.515,0:01:56.603 အဆောက်အဦရဲ့ ရည်မှန်းချက်ကို[br]အံ့အားသင့်မိပါတယ်။ 0:01:56.603,0:01:58.252 အဲဒါဟာ တကယ့်ကို ဧရာမ အဆောက်အဦကြီးပါ။ 0:01:58.252,0:02:00.086 အလယ်မှာ ဒီလိုဝင်းခြံတွေ ရှိနေရာ 0:02:00.086,0:02:02.619 အခန်းတွေ အားလုံးဟာ နေရောင်နဲ့[br]လေကောင်းလေသငန့်ကို ရရှိကြပါတယ်၊ 0:02:02.619,0:02:05.032 အခန်းတွေ ကြီးမားကြကာ[br]၎င်းတို့ရဲ့ အမိုးဟာ မြင့်မားပါတယ်၊ 0:02:05.032,0:02:07.516 အဲဒီမှာ နေထိုင်ရတာ ပိုလို့ကို[br]သက်သောင့်သက်သာ ရှိပုံရပါတယ်။ 0:02:07.516,0:02:09.281 ပြီးတော့ ၎င်းဟာ လှပါတယ်။. 0:02:09.281,0:02:13.112 တကယ်တော့၊ ဆေးရုံအတွက်တောင်မှ[br]အဲဒီလို ဖြစ်နိုင်တာကို ကျွန်မတို့ မေ့သွားကြပါပြီ။ 0:02:13.112,0:02:17.135 သေဆုံးဖို့အတွက် အဆောက်အဦတွေကို[br]ပိုကောင်းစေချင်ရင် အဲဒါကို ပြောကြရပါမယ်၊ 0:02:17.135,0:02:19.706 သေဆုံးမှုဆိုင်ရာ အကြောင်းအရာတွေကို[br]ကျွန်မတို့ မပြောဆိုအပ်ဘူးလို့ 0:02:19.706,0:02:21.146 ယူဆထားကြလို့ မပြောကြပါဘူး၊ 0:02:21.146,0:02:24.458 ပြီးတော့ လူ့အဖွဲ့အစည်းမှ သေဆုံးမှုအားချဉ်းကပ်မှု[br]အကြောင်းကိုလည်း မပြောကြပါဘူး။ 0:02:24.458,0:02:27.632 ကျွန်မရဲ့ သုတေသနထဲမှာ[br]ကျွန်ကို အံ့အားသင့်စေခဲ့တဲ့ အချက်က၊ 0:02:27.632,0:02:30.317 ပြောင်းလဲဖို့အတွက် လက်တွေ့ရှိနေကြတဲ့[br]စိတ်နေစိတ်ထားတွေပါပဲ။ 0:02:30.317,0:02:32.709 ဟောဒါက ယူကေထဲက ပထမဦးဆုံး[br]မီးဂြိုဟ်ရုံပါ၊ 0:02:32.709,0:02:35.518 ၁၈၇၀ ပြည့်နှစ်များမှာ စအလုပ်လုပ်လာခဲ့တယ်။ 0:02:35.518,0:02:38.815 ပထမဦးဆုံး ဆောက်လုပ်မှုဆိုတော့၊[br]ဒေသထဲက ရွာထဲတွင် ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ 0:02:38.815,0:02:43.808 မီးရှို့သင်္ဂြိုဟ်မှုကို လူတွေက လက်မခံခဲ့ကြလို့[br]လူ ၉၉.၈ ရာခိုင်နှုန်းအထိကို မြေထဲမြှုပ်နှံခဲ့ကြတယ်။ 0:02:43.808,0:02:47.584 အဲဒီနောက် နှစ်တရာသာရှိသေး၊ ကျွန်မတို့ထဲက[br]လေးပုံတပုံဟာ မီးသင်္ဂြိုဟ်မှုကို လက်ခံလာကြတယ်။ 0:02:47.584,0:02:50.111 လူတွေဟာ၊ အဲဒီအကြောင်းကို[br]ဆွေးနွေးပြောဆိုခွင့်သာ ရကြရင်၊ 0:02:50.111,0:02:52.512 အဲဒီလို အပြောင်းအလဲတွေအတွက်[br]အသင့် ရှိကြပုံရတယ်။ 0:02:52.512,0:02:55.835 ကျွန်မက ကျွန်မရဲ့ ပထမဦးဆုံး[br]ပြပွဲ ဖြစ်ခဲ့တဲ့ "Death in Venice"ကို 0:02:55.835,0:02:58.994 Venice မြို့မှာ ဇွန်လထဲ ခင်းကျင်းခဲ့စဉ်တုန်းက[br]ကျွန်မဟာ သေဆုံးခြင်း နဲ့ ဗိသုကာ အကြောင်းကို 0:02:58.994,0:03:02.220 ဆွေးနွေးမှုကို အစပျိုးပေးရန် [br]ရည်ရွယ်ချက်နဲ့ပါ။ 0:03:02.220,0:03:05.494 အဲဒါဟာ အတော့်ကို ပါဝင်ကစားဖို့[br]လိုအပ်ခဲ့တဲ့ ပြပွဲပါ၊ 0:03:05.494,0:03:07.692 လူတွေဟာ တကယ့်ကို ၎င်းထဲမှာ[br]ပါဝင်ပတ်သက်ရန် လိုအပ်ခဲ့ပါတယ်။ 0:03:07.692,0:03:10.947 ဒါက ကျွန်မတို့ ခင်းကျင်းပြသခဲ့တဲ့ ထဲက[br]တခု ဖြစ်တဲ့ လန်ဒန်မြို့ရဲ့ တန်ပြန်တုံ့ပြန်နိုင်တဲ့ မြေပုံပါ၊ 0:03:10.947,0:03:13.622 မြို့ထဲက ခြံမြေအဆောက်အဦတွေထဲက[br]ဘယ်လောက်ကို 0:03:13.622,0:03:15.501 သေဆုံးမှု နဲ့ သေဆုံးနေရမှုအတွက် သုံးထားတာကို[br]ပြပေးထားကာ 0:03:15.501,0:03:17.870 ရှင်တို့ရဲ့ လက်တွေကို မြေပုံအပေါ်မှ ဝှေ့ယမ်းပြရင် 0:03:17.870,0:03:22.699 အဲဒီလို ခြံမြေအဆောက်အဦ ဒါမှမဟုတ်[br]သင်င်္ချိုင်းရဲ့ အမည်တွေ ပေါ်လာကြပါမယ်။ 0:03:22.699,0:03:25.207 နောက်တခု ကျွန်မတို့ ပြသခဲ့ကြတာက[br]ပို့စ်ကဒ် တတွဲပါ၊ 0:03:25.207,0:03:27.204 လူတွေဟာ ၎င်းတို့ကို[br]ကိုယ့်နဲ့အတူ ယူသွားနိုင်ခဲ့ကြတယ်။ 0:03:27.204,0:03:29.665 အဲဒီထဲမှာ လူတွေရဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊ 0:03:29.665,0:03:32.080 မီးသင်္ဂြိုဟ်ရုံတွေ နဲ့ အအေးတိုက်တွေကို[br]ပြသထားကာ၊ 0:03:32.080,0:03:34.541 သေဆုံးမှုဆိုတဲ့ အရာရဲ့ အဘက်ဘက်မှာ[br]ကျွန်မတို့ ဖြတ်သန်းကြရတဲ့ 0:03:34.541,0:03:37.374 ဘဝခရီး အကြောင်းကို ပြောပြထားပါတယ်။ 0:03:37.374,0:03:39.719 ကျွန်မတို့ သေဆုံးကြရတဲ့ နေရာဟာ 0:03:39.719,0:03:42.970 ကျွန်မတို့ ဘယ်လို သေဆုံးကြရတယ်ဆိုတာရဲ့[br]သော့ချက် ဖြစ်တာကို ကျွန်မတို့ ပြလိုခဲ့ကြတယ်။ 0:03:42.970,0:03:47.753 ဒီနေရာမှာ ပြပွဲလာ ပရိသတ်က[br]တုံ့ပြန်ခဲ့ကြပုံဟာ အထူးဆန်းဆုံး ဖြစ်ခဲ့ပါတယ်၊ 0:03:47.753,0:03:50.121 အထူးသဖြင့် အသံနဲ့အမြင် လုပ်ငန်းတွေမှာပါ။ 0:03:50.121,0:03:53.813 ကျွန်မတို့ဆီမှာ ကနေကြသူတွေ[br]ပြေးခုန်နေကြသူတွေ ရှိခဲ့ကာ 0:03:53.813,0:03:56.808 သူတို့ဟာ ပြပွဲထဲက အရာတွေကို နည်းမျိုးစုံဖြင့်[br]အသက်ဝင်လာအောင် အားထုတ်ခဲ့ကြတယ်၊ 0:03:56.808,0:03:59.252 အဲဒီနောက်မှာ သူတို့ဟာ ရုတ်တရက်[br]ရပ်တန့်လိုက်ကြကာ 0:03:59.252,0:04:01.986 သူတို့ဟာ သေဆုံးမှု အကြောင်း ပြပွဲထဲမှာ[br]ပါဝင်နေကြတာကို သတိရလိုက်ကြသလိုပါပဲ၊ 0:04:01.986,0:04:04.610 လူတချို့တို့ အတွက် အဲဒီလို လှုပ်ရှားမှုဟာ[br]မသင့်လျော်ဘူးလို့ ထင်စရာ ဖြစ်နိုင်ပါတယ်။ 0:04:04.610,0:04:07.257 တကယ်တော့ ကျွန်မ သိချင်လို့[br]မေးလိုတဲ့ မေးခွန်းက 0:04:07.257,0:04:09.532 သေခြင်းနဲ့ ပတ်သက်ပြီး ရှင်တို့ လုပ်ကိုင်လိုကြတာ[br]နောက် တမျိုးများလား၊ 0:04:09.532,0:04:14.083 အဲဒီလို မဟုတ်ဘူးဆိုရင်၊ ကောင်းမွန်တဲ့[br]သေဆုံးခြင်း ဆိုတာကို ရှင်တို့ ဘယ်လို ထင်ပါသလဲ၊ 0:04:14.083,0:04:17.752 ပြီးတော့ ကောင်းမွန်တဲ့ သေဆုံးမှုကို[br]ထောက်ကူပေးနိုင်တဲ့ ဗိသုကာတွေက ဘယ်လိုဟာတွေလဲ၊ 0:04:17.752,0:04:22.480 ခုနက ပြောခဲ့တာတွေနဲ့ နည်းနည်းလေး မတူတာမျိုး၊[br]ပိုပြီး တူချင်တာမျိုးများလား။ 0:04:22.480,0:04:24.694 ကျေးဇူးတင်ပါတယ်။ 0:04:24.694,0:04:26.714 (လက်ခုပ်တီးသံများ)